သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ညပိုင်းရေဒီယို ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် အာဆီယံကို အမေရိကန်က ဖိအားပေးတိုက်တွန်း၊ မြန်မာနိုင်ငံက တိုက်ရိုက်လာမယ့်ခရီးသည်တွေကို စင်ကာပူနိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်၊ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းဟာ တရားဝင်ကိန်းဂဏန်းထက်များပြားဖွယ်ရှိ၊ စစ်တပ်သတင်းပေးလို့စွပ်စွဲပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေရှိနေဆဲ၊ တမူးမှာ ညပိုင်းပစ်ခတ်ဖမ်းဆီးလို့ လူငယ်လေးဦးသေဆုံး၊ ရခိုင်မှာ ကိုဗစ်ကပ်ဘေးကြောင့် အရပ်ဖက်အဖွဲ့တွေနဲ့ခရီးသွာလာရေးကို ကန့်သတ်၊ ထိုင်းရောက် မြန်မာတချို့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ သတင်းတွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG