သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာလူဦးရေ ၂၀% ကို ဒီနှစ်အတွင်းကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကုလထောက်ပံ့မည်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းအလုပ်အကိုင်များလျော့နည်းလာ၊ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာ ကိုဗစ်သံသယနဲ့သေဆုံးသူများပြားနေ၊ ဖမ်းဆီးခံရတဲ့ ကိုဗစ်ကုသရေးဆရာဝန် ၇ဦး နောက်ဆုံးတွဲသတင်းက မရောမရာဖြစ်နေ၊ မင်းတပ်ကိုပို့လိုက်တဲ့ ကုလအထောက်အပံ့တွေ ဘယ်လိုစီမံနေလဲ၊ NLD ဝါရင့်ခေါင်းဆောင် ဦးဉာဏ်ဝင်း ကိုဗစ်နဲ့ကွယ်လွန်တဲ့ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်းနဲ့ အင်္ဂါနေ့ညစကားဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG