သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု (ဇူလှိုင် ၂၄ရက်၊ ၂၀၂၁)


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။မြန်မာထောင်တွေထဲ အကူအညီပေးနေတဲ့ လုပ်ငန်းတွေပြန်စနိုင်ဖို့ ICRC က မြန်မာတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်း၊ အိမ်ပြင်မထွက်ဖို့ ကန့်သတ်မှုတွေကြားမှာပဲ ရန်ကုန်နဲ့ဒေသတချို့မှာစစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြမှုတွေဆက်ရှိ၊ မြန်မာနယ်ချင်းစပ်တရုတ်ခရိုင်တခုလုံးမှာ ကိုဗစ်ပိုးစစ်ဆေး၊ ထိုင်းက မြန်မာအများစုရှိတဲ့စက်ရုံတခုမှာ ကိုဗစ်ပိုးရှိတဲ့အလုပ်သမားတွေအလုပ်ဆင်းခိုင်းနေလို့ ထိုင်းအာဏာပိုင်တွေစစ်ဆေး စတဲ့ မြန်မာသတင်းတွေအပြင်၊ ကိုဗစ်ကပ်ဘေးကြောင့် ကမ္ဘာ့အမွေအနှစ်နေရာတွေ ဘယ်လို ထိခိုက်၊ တိဗက်ဒေသမှာရှိတဲ့ တရုတ်ပုံစံ စံပြကျေးရွာ၊ အာဖဂန်မှာ အမေရိကန်တပ်တွေရုပ်သိမ်းနေတဲ့တချိန်တည်း တာလီဘန်တွေ နယ်မြေတိုးချဲ့လာနေတဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့လူ့အခွင့်အရေးအကြောင်း ဒို့အသံအစီအစဉ်နဲ့ စနေည စကားဝိုင်းတို့ကို ထုတ်လွှင့်တင်ဆက်ဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG