သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(ဇူလှိုင်၂၈၊၂၀၂၁)


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းခဲ့တဲ့အပေါ် SNLD နဲ့ ANP တိုင်းရင်းသားပါတီကြီးတွေ ဘယ်လိုတုန့်ပြန်လဲ၊ အောက်မြန်မာပြည်တလွှားမှာ ရေကြီးရေလျှံနေတဲ့အခြေအနေ၊ ရခိုင်ပြည်နယ်တွင်း ကိုဗစ်ရောဂါလူနာတိုးလာလို့ အောက်ဆီဂျင်လိုအပ်ချက်ကြီးလာ၊ ကန်ပက်လက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်၊ မကွေးနဲ့စစ်ကိုင်နယ်ဖက်တွေမှာလည်း တိုက်ပွဲတွေရှိနေတဲ့သတင်းတွေကို နားဆင်ရပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ ကိုရန်နိုင်ရဲ့အားကစားအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG