VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ် ၂၊ ၂၀၂၁)
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာဖက်က အတည်ပြုပေးဖို့ အင်ဒိုနီးရှားတိုက်တွန်း၊ ဒေါ်အောင်ဆန်းစုကြည်အမှုကြားနာတာတွေကို နောက်တပတ်ချိန်း၊ အိမ်စောင့်အစိုးရနာမည်ပြောင်းမှု သိသာတဲ့အပြောင်းအလဲမဟုတ်ဟု တိုင်းရင်းသားအဖွဲ့တွေယူဆ၊ ကနီတိုက်ပွဲ ဖမ်းခံရသူတွေကို ရုပ်အလောင်းတွေပဲ ထပ်မံရရှိ၊ ဖားကန့်တံတားညီနောင်အနီး မြန်မာတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်၊ ရခိုင်မှာ အောက်ဆီဂျင်ပြတ်လပ်မှုနဲ့ ဒုက္ခသည်တွေစားနပ်ရက္ခာအခက်ကြုံ စတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေ ပြောသမျှအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။