သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၎၊၂၀၂၁)


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီး ရွေးချယ်လိုက်တာကို မြန်မာစစ်ကောင်စီဖက်ကသဘောတူ၊ အခုလို အာဆီယံကိုယ်စားလှယ်ခန့်ထားလိုက်တာကြောင့် မြန်မာ့အရေးဘာတွေပြောင်းလဲလာနိုင်မလဲ၊ မြန်မာဘဏ်တွေမှာ နိုင်ငံခြားသားဝန်ထမ်းအရေအတွက်ကန့်သတ်မှုကြောင့် ဘဏ္ဍာရေးလုပ်ငန်းတွေထိခိုက်လာနိုင်၊ ကချင် ဝိုင်းမော်အနီးမှာ တိုက်ပွဲတွေဖြစ်ပွား၊ ဖရူဆိုနဲ့ ဘောလခဲမှာ ကရင်နီကာကွယ်ရေးတပ်နဲ့မြန်မာစစ်တပ်တိုက်ပွဲဖြစ်တယ်ဆိုတဲ့ မြန်မာသတင်းတွေအပြင်၊ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်ဘယ်လိုရောက်လာသလဲဆိုတဲ့ သိပ္ပံဆိုင်ရာသတင်းကိုလည်း နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တို့ကို နားဆင်ရပါမယ်။

XS
SM
MD
LG