သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၉၊၂၀၂၁)


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။လျှပ်တပြတ်ဆန္ဒပြမှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပွား၊ မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြခဲ့သူတွေကို စစ်ဆေးမေးမြန်း၊ AA က ရခိုင်နယ်တချို့မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးလုပ်လာတဲ့နောက် ရခိုင်မှာ မြန်မာစစ်အာဏာပိုင်တွေလုံခြုံရေးတင်းကြပ်လာ၊ ဓါတ်မြေဩဇာဈေးတက်လာလို့ မြန်မာစိုက်ပျိုးရေးလုပ်ငန်းထိခိုက်နိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ချို့ယွင်းတာအပြင် စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုပိုကြုံခဲ့ရ ဆိုတဲ့ သတင်းတွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေပြောသမျှအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG