သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပရီးမီးယားလိဂ္ေဘာ္လံုးပဲြ မန္ယူ နဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးတုိ႔ အႏုိင္ရ


အဖြင့္ဂိုး သြင္းၿပီးေနာက္ ေပ်ာ္ရႊင္ေနသည့္ မန္ယူတိုက္စစ္မွဴး Mason Greenwood ( Photo: AFP )

[ Zawgyi ]

အဂၤလန္မွာ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ပရီမီယာလိဂ္ေဘာလုံးပဲြေတြမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္ နဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးတုိ႔ အႏုိင္ရသြားပါတယ္။

Wolves နဲ႔ မန္ခ်က္စတာယူႏုိက္တက္ ပဲြမွာေတာ့ မန္ယူက အိမ္ရွင္ Wolves အသင္းကို ၁ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္သြားပါတယ္။ ဒီပဲြမွာ Wolves ဘက္က ဂိုးသြင္းခြင့္ေတြ အေတာ္မ်ားမ်ားရခဲ့ေပမယ့္၊ ၊ ဂိုးသြင္းမေသခ်ာတာရယ္၊ မန္ယူဂိုးသမား De Gea လက္စြမ္းျပသြားတာေတြေၾကာင့္ ဂုိးမရခဲ့ပဲ၊ မန္ယူအတြက္ တလုံးတည္းေသာ အႏုိင္ဂိုးကိုေတာ့ ပဲြခ်ိန္မိနစ္ ၈၀ မွာ အဂၤလန္တုိက္စစ္မွဴး Greenwood ညာေတာင္ပံကေန ဆဲြလာၿပီးေတာ့ အနိမ့္ေဘာ ကန္သြင္းသြားခဲ့တာပါ။ ဒီပဲြမွာေတာ့ မန္ယူက ဒီႏွစ္မွာ အသစ္၀ယ္ထားတဲ့ အဂၤလန္ေတာင္ပံကစားသမား Jadon Sancho နဲ႔ ျပင္သစ္ေနာက္တန္းလူ Varane တုိ႔ကို ပဲြစကတည္းက ကစားသြားခဲ့ပါတယ္။

လန္ဒန္ၿမိဳ႕မွာ ကစားတဲ့ ေတာ့တင္ဟမ္ေဟာ့စပါး နဲ႔ Watford တုိ႔ပဲြမွာေတာ့ ေတာ့တင္ဟမ္က ၁ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္သြားပါတယ္။ ဒီပဲြမွာေတာ့ Spurs အသင္းမွာ ဒီေဘာလုံးရာသီဆက္ေနဖို႔ သေဘာတူလိုက္တဲ့ တုိက္စစ္မွဴး ဟယ္ရီကိန္းပဲြစကတည္းက ပါခဲ့ေပမယ့္၊ Spurs အတြက္ ဂိုးကိုေတာ့ ေတာင္ကိုရီးယားတုိက္စစ္မွဴး Heung Min Son က ၄၂ မိနစ္မွာ ဖရီးကစ္ကေန တဆင့္သြင္းခဲ့တာပါ။ Watford ဧရိယာ အျပင္ဘက္ ဘယ္ၿခမ္းကေန ဂိုးေရွ႕ကို တင္ေပးလိုက္တဲ့ေဘာလုံးဟာ တေယာက္နဲ႔မွ မထိဘဲ ဂိုးထဲ၀င္သြားလို႔ Spurs အသင္းက ၁ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္သြားခဲ့ပါတယ္။ ဒါေၾကာင့္ Spurs အသင္းဟာ နည္းျပသစ္ Nuno Santo လက္ထက္မွာ အမွတ္ေပးပဲြ ၃ ပဲြစလုံး အႏုိင္ရထားပါတယ္။ အေစာပိုင္းက ကစားတဲ့ပဲြမွာေတာ့ ဘန္ေလ နဲ႔ လိဒ္စ္ယူႏုိက္တက္ တုိ႔ ၁ ဂိုးစီ သေရက်ပါတယ္။

ဒါေၾကာင့္ ၃ ပဲြ ကစားၿပီးတဲ့အခ်ိန္မွာ ေတာ့တင္ဟမ္ ေဟာ့စပါးက ၃ ပဲြ စလုံးႏုိင္ၿပီး ၉ မွတ္ နဲ႔ ဇယားထိပ္မွာရွိေနၿပီး၊ ၀က္စ္ဟမ္း၊ မန္ယူ၊ ခ်ယ္ဆီး၊ လီဗာပူးလ္ နဲ႔ အဲဗာတန္တုိ႔က ၇ မွတ္ စီရထားၿပီး ၊ ေနာက္မွာ အစဥ္လိုက္ရွိေနပါတယ္။

စပိန္ဘက္မွာေတာ့ ဘာစီလိုနာက ဂါတာေဖးကို ၂ ဂိုး ၁ ဂိုး နဲ႔ ႏုိင္ၿပီး၊ Rayo Vallecano က Granada ကို ၄ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္သြားပါတယ္။

[ Unicode ]

ပရီးမီးယားလိဂ်ဘော်လုံးပွဲ မန်ယူ နဲ့ တော့တင်ဟမ် ဟော့စပါးတို့ အနိုင်ရ

အင်္ဂလန်မှာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီမီယာလိဂ်ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါးတို့ အနိုင်ရသွားပါတယ်။

Wolves နဲ့ မန်ချက်စတာယူနိုက်တက် ပွဲမှာတော့ မန်ယူက အိမ်ရှင် Wolves အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ဒီပွဲမှာ Wolves ဘက်က ဂိုးသွင်းခွင့်တွေ အတော်များများရခဲ့ပေမယ့်၊ ၊ ဂိုးသွင်းမသေချာတာရယ်၊ မန်ယူဂိုးသမား De Gea လက်စွမ်းပြသွားတာတွေကြောင့် ဂိုးမရခဲ့ပဲ၊ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန်မိနစ် ၈၀ မှာ အင်္ဂလန်တိုက်စစ်မှူး Greenwood ညာတောင်ပံကနေ ဆွဲလာပြီးတော့ အနိမ့်ဘော ကန်သွင်းသွားခဲ့တာပါ။ ဒီပွဲမှာတော့ မန်ယူက ဒီနှစ်မှာ အသစ်ဝယ်ထားတဲ့ အင်္ဂလန်တောင်ပံကစားသမား Jadon Sancho နဲ့ ပြင်သစ်နောက်တန်းလူ Varane တို့ကို ပွဲစကတည်းက ကစားသွားခဲ့ပါတယ်။

လန်ဒန်မြို့မှာ ကစားတဲ့ တော့တင်ဟမ်ဟော့စပါး နဲ့ Watford တို့ပွဲမှာတော့ တော့တင်ဟမ်က ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ဒီပွဲမှာတော့ Spurs အသင်းမှာ ဒီဘောလုံးရာသီဆက်နေဖို့ သဘောတူလိုက်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းပွဲစကတည်းက ပါခဲ့ပေမယ့်၊ Spurs အတွက် ဂိုးကိုတော့ တောင်ကိုရီးယားတိုက်စစ်မှူး Heung Min Son က ၄၂ မိနစ်မှာ ဖရီးကစ်ကနေ တဆင့်သွင်းခဲ့တာပါ။ Watford ဧရိယာ အပြင်ဘက် ဘယ်ခြမ်းကနေ ဂိုးရှေ့ကို တင်ပေးလိုက်တဲ့ဘောလုံးဟာ တယောက်နဲ့မှ မထိဘဲ ဂိုးထဲဝင်သွားလို့ Spurs အသင်းက ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားခဲ့ပါတယ်။ ဒါကြောင့် Spurs အသင်းဟာ နည်းပြသစ် Nuno Santo လက်ထက်မှာ အမှတ်ပေးပွဲ ၃ ပွဲစလုံး အနိုင်ရထားပါတယ်။ အစောပိုင်းက ကစားတဲ့ပွဲမှာတော့ ဘန်လေ နဲ့ လိဒ်စ်ယူနိုက်တက် တို့ ၁ ဂိုးစီ သရေကျပါတယ်။

ဒါကြောင့် ၃ ပွဲ ကစားပြီးတဲ့အချိန်မှာ တော့တင်ဟမ် ဟော့စပါးက ၃ ပွဲ စလုံးနိုင်ပြီး ၉ မှတ် နဲ့ ဇယားထိပ်မှာရှိနေပြီး၊ ဝက်စ်ဟမ်း၊ မန်ယူ၊ ချယ်ဆီး၊ လီဗာပူးလ် နဲ့ အဲဗာတန်တို့က ၇ မှတ် စီရထားပြီး ၊ နောက်မှာ အစဉ်လိုက်ရှိနေပါတယ်။

စပိန်ဘက်မှာတော့ ဘာစီလိုနာက ဂါတာဖေးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး၊ Rayo Vallecano က Granada ကို ၄ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG