(Zawgyi / Unicode)
ဆိုရွယ္မီဒီယာေတြအေနနဲ႔ လူမ်ိဳးေရးခြဲျခားမႈကို တိုက္ဖ်က္ေရး ပိုၿပီး အားထုတ္ႀကိဳးပမ္းေပးဖို႔ အဂၤလိပ္ ပရီးမီးယားလိဂ္က တိုက္တြန္းလိုက္ပါတယ္။
ပရီးမီးယားလိဂ္ ေဘာလုံးသမားေတြျဖစ္တဲ့ မန္ခ်က္စတာယူႏုိက္တက္ ကစားသမား Axel Tuanzebe နဲ႔ Anthony Martial၊ West Brom အသင္းက Romaine Sawyers တို႔ ဒီတပတ္တည္း အြန္လိုင္းကေန လူမ်ိဳးေရးခြဲျခားတဲ့ ေရးသားခ်က္ေတြနဲ႔ ေစာ္ကားတိုက္ခိုက္ခံရအၿပီးမွာ အခုလို တိုက္တြန္းလိုက္တာပါ။
Romaine Sawyers ဆီကို လူမ်ိဳးေရးခြဲျခားတဲ့ မက္ေဆ့ခ်္ေတြ ေရာက္လာၿပီးတဲ့ေနာက္မွာ West Brom ေဘာလုံးကလပ္က ရဲကို တိုင္ၾကားခဲ့ပါတယ္။ အဲဒီပြဲမွာ West Brom က မန္းစီးတီးကို ၅ ဂိုး ဂိုးမရွိတဲ့ ႐ႈံးနိမ့္ခဲ့တာပါ။
မန္ခ်က္စတာယူႏုိက္တက္ ေဘာလုံးသမား ႏွစ္ဦးကလည္း ဗုဒၶဟူးေန႔က မေမၽွာ္လင့္ဘဲ ဇယားေအာက္ဆုံးက Sheffield United အသင္းကို ႐ႈံးနိမ့္ၿပီးတဲ့ေနာက္မွာ လူမ်ိဳးေရးခြဲျခားမႈ အေရးအသားေတြနဲ႔ ထိုးႏွက္ တိုက္ခိုက္ခံရတာ ျဖစ္ပါတယ္။
ကစားသမားေတြအေပၚ လူမ်ိဳးေရးခြဲျခား ေစာ္ကားမႈေတြကို ဒီတပတ္တည္း ေတြ႔ျမင္ရတာက ထိတ္လန္႔တုန္လႈပ္စရာ ျဖစ္ေၾကာင္းနဲ႔ အြန္လိုင္းကေန အမုန္းတရားေတြ ျဖန္႔ျဖဴးေနတာကို တိုက္ဖ်က္ဖို႔က ပရီးမီးယားလိဂ္ရဲ႕ ဦးစားေပးရမယ့္ လုပ္ငန္းတာဝန္လို႔ ပရီးမီးယားလိဂ္ အမႈေဆာင္ အရာရွိခ်ဳပ္ Richard Masters က ေသာၾကာေန႔က ေျပာပါတယ္။
လူမႈမီဒီယာ ကုမၸဏီေတြနဲ႔ ပုံမွန္ေဆြးေႏြးေနၿပီး သူတို႔ရဲ႕ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေတြေပၚက လူမ်ိဳးေရး ခြဲျခားမႈေတြကို ပိုၿပီး အေရးယူ တိုက္ဖ်က္ေပးဖို႔ တြန္းအားေပးေနရေၾကာင္းလည္း Richard Masters က ေျပာပါတယ္။
West Brom ကစားသမား Romaine Sawyers ကို လူမ်ိဳးေရး ခြဲျခားတိုက္ခိုက္တာက မန္းစီးတီးရရွိသြားတဲ့ တတိယဂိုးမွာ သူ အမွားလုပ္မိတာေၾကာင့္ ျဖစ္ပုံရပါတယ္။
West Brom အသင္း မန္ေနဂ်ာ Sam Allardyce ကေတာ့ အခုလို ေစာ္ကားတိုက္ခိုက္သူေတြ တာဝန္ခံလာႏုိင္ေအာင္ ဘယ္လို အျပစ္ေပးႏုိင္မလဲ ဆိုတဲ့အေပၚမွာ ေမးခြန္းထုတ္လိုက္ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္ အသင္းကေတာ့ သူတို႔ကစားသမားႏွစ္ဦးကို လူမ်ိဳးခြဲျခား ေစာ္ကားသူေတြဟာ ဦးေႏွာက္မရွိတဲ့ ငတုံးငအေတြဆိုၿပီး ေဝဖန္႐ႈတ္ခ်တဲ့ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။
-------------------------
(Unicode)
လူမှုကွန်ရက်တွေမှာ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ပရီးမီးယားလိဂ် တိုက်တွန်း
ဆိုရှယ်မီဒီယာတွေအနေနဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရေး ပိုပြီး အားထုတ်ကြိုးပမ်းပေးဖို့ အင်္ဂလိပ် ပရီးမီးယားလိဂ်က တိုက်တွန်းလိုက်ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးသမားတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကစားသမား Axel Tuanzebe နဲ့ Anthony Martial၊ West Brom အသင်းက Romaine Sawyers တို့ ဒီတပတ်တည်း အွန်လိုင်းကနေ လူမျိုးရေးခွဲခြားတဲ့ ရေးသားချက်တွေနဲ့ စော်ကားတိုက်ခိုက်ခံရအပြီးမှာ အခုလို တိုက်တွန်းလိုက်တာပါ။
Romaine Sawyers ဆီကို လူမျိုးရေးခွဲခြားတဲ့ မက်ဆေ့ချ်တွေ ရောက်လာပြီးတဲ့နောက်မှာ West Brom ဘောလုံးကလပ်က ရဲကို တိုင်ကြားခဲ့ပါတယ်။ အဲဒီပွဲမှာ West Brom က မန်းစီးတီးကို ၅ ဂိုး ဂိုးမရှိတဲ့ ရှုံးနိမ့်ခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် ဘောလုံးသမား နှစ်ဦးကလည်း ဗုဒ္ဓဟူးနေ့က မမျှော်လင့်ဘဲ ဇယားအောက်ဆုံးက Sheffield United အသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ လူမျိုးရေးခွဲခြားမှု အရေးအသားတွေနဲ့ ထိုးနှက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြား စော်ကားမှုတွေကို ဒီတပတ်တည်း တွေ့မြင်ရတာက ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ကြောင်းနဲ့ အွန်လိုင်းကနေ အမုန်းတရားတွေ ဖြန့်ဖြူးနေတာကို တိုက်ဖျက်ဖို့က ပရီးမီးယားလိဂ်ရဲ့ ဦးစားပေးရမယ့် လုပ်ငန်းတာဝန်လို့ ပရီးမီးယားလိဂ် အမှုဆောင် အရာရှိချုပ် Richard Masters က သောကြာနေ့က ပြောပါတယ်။
လူမှုမီဒီယာ ကုမ္ပဏီတွေနဲ့ ပုံမှန်ဆွေးနွေးနေပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်က လူမျိုးရေး ခွဲခြားမှုတွေကို ပိုပြီး အရေးယူ တိုက်ဖျက်ပေးဖို့ တွန်းအားပေးနေရကြောင်းလည်း Richard Masters က ပြောပါတယ်။
West Brom ကစားသမား Romaine Sawyers ကို လူမျိုးရေး ခွဲခြားတိုက်ခိုက်တာက မန်းစီးတီးရရှိသွားတဲ့ တတိယဂိုးမှာ သူ အမှားလုပ်မိတာကြောင့် ဖြစ်ပုံရပါတယ်။
West Brom အသင်း မန်နေဂျာ Sam Allardyce ကတော့ အခုလို စော်ကားတိုက်ခိုက်သူတွေ တာဝန်ခံလာနိုင်အောင် ဘယ်လို အပြစ်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်လိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကတော့ သူတို့ကစားသမားနှစ်ဦးကို လူမျိုးခွဲခြား စော်ကားသူတွေဟာ ဦးနှောက်မရှိတဲ့ ငတုံးငအတွေဆိုပြီး ဝေဖန်ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။