(Zawgyi / Unicode)
အဂၤလန္ ပရီးမီးယားလိဂ္ ေဘာလုံးပဲြေတြကို ဗုိင္းရပ္စ္ကူးစက္မႈ အႏၱရာယ္ကင္းေ၀းတဲ့ စိတ္ခ်ရတဲ့အခ်ိန္ မေရာက္မခ်င္း၊ သင့္ေတာ္တဲ့အခ်ိန္ မေရာက္မခ်င္း ျပန္စတင္မွာ မဟုတ္ဘူးလို႔ ပရီးမီးယားလိဂ္က ဒီကေန႔ သတင္းထုတ္ျပန္လိုက္ပါတယ္။
ဒါ့အျပင္ ပရီးမီးယားလိဂ္အသင္းေတြ အေနနဲ႔ ကစားသမားေတြကို လစာ ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ယူဖို႔ ေတာင္းဆုိသြားၾကဖို႔ကိုလည္း သေဘာတူလိုက္ပါတယ္။
အလုပ္အကိုင္ေတြကို ကာကြယ္ေပးတဲ့အေနနဲ႔ ေဘာလုံးသမားေတြအေနနဲ႔ လစာ ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ယူဖို႔အတြက္ အသင္းေတြဘက္က ေတာင္းဆုိဖို႔ ဒီကေန႔မွာ သေဘာတူလိုက္ၾကတာ ျဖစ္ပါတယ္။
ၿဗိတိန္ႏုိင္ငံဟာ ကို႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါဆုိးႀကီးကို ရင္ဆုိင္ေနရတဲ့အတြက္ ပရီးမီးယားလိဂ္ ကစားသမားေတြအေနနဲ႔ လစာေလွ်ာ့ယူသင့္တယ္လို႔ ၿဗိတိန္က်န္းမာေရး၀န္ႀကီး Matt Hancock ကလည္း ၾကာသပေတးေန႔က ေျပာၾကားလိုက္ပါတယ္။
အေစာပိုင္းတုန္းကေတာ့ ပရီးမီးယားလိဂ္ ေဘာလုံးပဲြေတြကို ဒီကေန႔မွာ ျပန္စဖို႔ လုပ္ထားေပမယ့္ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ဧၿပီလကုန္ ဒါမွမဟုတ္ ေမလဆန္းမွာ ျပန္စဖို႔ ထပ္ေရႊ႕ဆုိင္းခဲ့ေပမယ့္ အခုအခါမွာေတာ့ ေမလဆန္းမွာ ျပန္စဖို႔လည္း မျဖစ္ႏုိင္ေသးဘူးလို႔ အသင္းေတြဘက္က လက္ခံခဲ့ၾကၿပီး သင့္ေတာ္တဲ့အခ်ိန္မွ ျပန္စသြားဖို႔ တာ၀န္ရွိသူေတြက ဆုံးျဖတ္ခဲ့ၾကပါတယ္။
အသင္းေတြအကုန္လုံးကေတာ့ ဒီေဘာလုံးရာသီကို ၿပီးေအာင္ဆက္ကစားဖို႔ေတာ့ သေဘာတူထားပါတယ္။
--------------------------------
(Unicode)
ပရီးမီးယားလိဂ်ပွဲတွေ COVID-19 အန္တရာယ်ကင်းမှ ပြန်စမယ်
အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကင်းဝေးတဲ့ စိတ်ချရတဲ့အချိန် မရောက်မချင်း၊ သင့်တော်တဲ့အချိန် မရောက်မချင်း ပြန်စတင်မှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေ အနေနဲ့ ကစားသမားတွေကို လစာ ၃၀ ရာခိုင်နှုန်း လျှော့ယူဖို့ တောင်းဆိုသွားကြဖို့ကိုလည်း သဘောတူလိုက်ပါတယ်။
အလုပ်အကိုင်တွေကို ကာကွယ်ပေးတဲ့အနေနဲ့ ဘောလုံးသမားတွေအနေနဲ့ လစာ ၃၀ ရာခိုင်နှုန်း လျှော့ယူဖို့အတွက် အသင်းတွေဘက်က တောင်းဆိုဖို့ ဒီကနေ့မှာ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရတဲ့အတွက် ပရီးမီးယားလိဂ် ကစားသမားတွေအနေနဲ့ လစာလျှော့ယူသင့်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ကလည်း ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
အစောပိုင်းတုန်းကတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဒီကနေ့မှာ ပြန်စဖို့ လုပ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဧပြီလကုန် ဒါမှမဟုတ် မေလဆန်းမှာ ပြန်စဖို့ ထပ်ရွှေ့ဆိုင်းခဲ့ပေမယ့် အခုအခါမှာတော့ မေလဆန်းမှာ ပြန်စဖို့လည်း မဖြစ်နိုင်သေးဘူးလို့ အသင်းတွေဘက်က လက်ခံခဲ့ကြပြီး သင့်တော်တဲ့အချိန်မှ ပြန်စသွားဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
အသင်းတွေအကုန်လုံးကတော့ ဒီဘောလုံးရာသီကို ပြီးအောင်ဆက်ကစားဖို့တော့ သဘောတူထားပါတယ်။