VOA ရဒေီယိုညပိုင်း အောက်တိုဘာ၁၂၊၂၀၂၁
ရာထူးကဆင်းဖို့ ဖိအားပေးခြိမ်းခြောက်ခံခဲ့ရဟု သမ္မတဦးဝင်းမြင့် ဒီကနေ့ တရားရုံးမှာထွက်ဆို၊အာဆီယံကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဖို့ အစီအစဉ်ပျက်၊ ကရင်ပြည်နယ်တွင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်တသိန်းကျော် ရှိလာ၊ ရခိုင်ပြည်နယ်မှာတော့ အသက် ၁၂နှစ်နဲ့အထက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ပြင်ဆင်.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမေရိကန်နိုင်ငံရေးအကြောင်းသတင်းဆောင်းပါးနဲ့ အင်္ဂါညစကားဝိုင်းအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။