မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကို ဖိတ်ကြားခြင်းမပြုမယ့် အလားအလာရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် နိုင်ငံတကာရေးရာဌာနက မြန်မာ့အရေးကျွမ်းကျင်သူ Vikram Nehru က ဗွီအိုအေကိုပြောပါတယ်။
အာဆီယံ အထူးသံတမန်ရဲ့ မြန်မာခရီးစဉ် ရွှေ့ဆိုင်းရတဲ့ အကြောင်းအရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးတာဟာ အဓိကအချက်ဖြစ်နိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။ အာဆီယံအနေနဲ့ နောက်ထပ်ခြေလှမ်းအဖြစ် ဘယ်လို ဆောင်ရွက်လာနိုင်ခြေရှိနေပါသလဲ။
Vikram Nehru ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
-----------------