5G ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကို အမေရိကန်ပြည်ထောင်စုတခုလုံးအနှံ့ ကွန်ရက်ဖြန့်မယ့် အဓိက Telecom ဆက်သွယ်ရေးကုမ္ပဏီကြီး ၂ ခုရဲ့ အစီအစဉ်ကို သတ်မှတ်ရက်မှာ အပြည့်အဝအကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။ အမေရိကားမှာ 5G ကွန်ရက်အတွက်သုံးမယ့် Frequency ကြိမ်နှုန်းတွေက လေကြောင်းပျံသန်းမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ သတိပေးမှုတွေကြောင့်ဖြစ်ပါတယ်။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ အပြည့်အစုံရှင်းပြထားပါတယ်။
ပြဿနာဖြစ်နေတဲ့ အမေရိကန် 5G သုံး C-Band ကြိမ်နှုန်းများ
အမေရိကန်ပြည်ထောင်စုမှာ 5G ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်အတွက်သုံးမယ့် C-Band ထဲက Frequency ကြိမ်နှုန်းတွေကြောင့် ပြဿနာဖြစ်နေပါတယ်။ Telecom လုပ်ငန်းကြီး ၂ ခုက တနိုင်ငံလုံး 5G ကွန်ရက်ဖြန့်တဲ့နေ့မှာ တချို့လေဆိပ်တွေနား ချန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာရှင်းပြထားပါတယ်။