သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေဦးတော်လှန်ရေးအလွန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု


Protesters march through the streets during an anti-government demonstration in Mandalay, Myanmar, Dec. 7, 2021. (AP Photo, File)
Protesters march through the streets during an anti-government demonstration in Mandalay, Myanmar, Dec. 7, 2021. (AP Photo, File)

၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပါတယ်။အဲဒီနောက်မှာတော့ စစ်တပ်ကအာဏာ သိမ်းတာကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ကြီးပေါ်ပေါက်လာပါတယ်။ဒီအကြောင်းကို USIP (United State Institute For Peace)ရဲ့ ၂၀၂၁၊နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ဒီမိုကရေ စီအင်အားစုတွေ စုစည်းညီညွတ်ဖို့ရည်မျှော်တဲ့ မြန်မာ့ဖိုရမ်ဆိုတဲ့ လေ့လာသုံးသပ်ချက်မှာ ၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်းကာလမှာ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ခဲ့ ပါတယ်။အဲဒီလို စစ်တပ်ကအာဏာသိမ်းတာကို ခုခံတော်လှန်တဲ့ အင်အားစုတွေမှာ ရည်ရွယ်ချက် နှစ်ခုရှိပါ တယ်။ပထမတစ်ခုကတော့ စစ်ဗိုလ်ချုပ်တွေ နိုင်ငံကို အုပ်ချုပ်လို့ မရအောင်လုပ်ဆောင်ဖို့နဲ့ ဒုတိယ အချက် ကတော့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ မတူညီ ကွဲပြားနေတဲ့ အင်အားစုတွေ ကိုညီညွတ်အောင် စုစည်း ကြဖို့ြ ဖစ်ပါတယ်လို့ လေ့လာသုံးသပ်ချက်အစ မှာဖော်ပြထားပါတယ်။အဲဒီလေ့လာသုံးသပ်ချက်ကို အေးချမ်းနဲ့ Billy Ford တို့နှစ်ဦးကပူးတွဲရေးသားထားပါတယ်။ ဒီလှုပ်ရှားမှုကြီးမှာပါဝင်နေကြတဲ့ အင်အားစု အသီးသီး ဟာအနာဂတ်နိုင်ငံတော်အတွက် သဘောထားအမြင်တွေဖလှယ်ကြမယ်။ဆက်လက်ပြီးတော့လည်း အနာ ဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူတကွလုပ်ဆောင်ကြရင်း ကွဲပြားတဲ့သဘောထားအမြင်တွေကို ညှိနှိုင်းဆောင်ရွက်ကာ ယုံကြည်မှုရရှိအောင်တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်လို့လည်း လေ့လာချက် မှာရေးသားထားပြီး NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီေ ပါ်ပေါက်လာပုံနဲ့ NUCC အတွက် စိန်ခေါ်ချက်တွေ၊ရင်ဆိုင်ဖြေရှင်းရမှာတွေကိုလည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာစစ်တပ်က အာဏာသိမ်းပြီးပါတယ်။ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ၂၀၂၀
ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြောက်ခြင်းခံထားရတဲ့ လွှတ်တော်ကိုယ်စား ၁၇ ဦးနဲ့ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကိုဖွဲ့စည်းခဲ့ပါတယ်။CRPH အနေနဲ့ မတ်လ ၃၁ ရက်နေ့မှာ စစ်တပ်က သူတို့စိတ်ကြိုက်ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်းေ ကြ ညာခဲ့ကာ ဖက်ဒရယ်ပဋိညာဉ်(Federal Charter)တစ်ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဖက်ဒရယ်ပ ဋိညာဉ်ကို ၂၀၂၁၊ မတ်လ ၁ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က မတ်လ ၃၀ ရက်နေ့မှာ အတည်ပြုပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။Federal Charter လို့ခေါ်တဲ့ ဖက်ဒ ရယ်ပဋိညာဉ်ရဲ့အကြောင်းကို NUCC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမိုးသူက အခုလိုပြောပြပါတယ်။

"ဖက်ဒရယ်ပဋိညာဉ်ကိုရေးဆွဲရတဲ့ ရည်ရွယ်ချက်ကတော့ တော်လှန်ရေးကာလတလျှောက်လုံးမှာ အခြေခံပြီး လုပ်ဆောင်သွားနိုင်ဖို့နဲ့တော်လှန်ရေးရဲ့ ကာလအပိုင်းအခြားတွေမှာ အခြေခံသွားနိုင်ဖို့ မူဝါဒတွေ၊ပေါ်လစီတွေ၊မူဘောင်တွေသတ်မှတ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။တော်လှန်ရေးကို အကြမ်းအားဖြင့် အပိုင်း သုံးပိုင်း ပိုင်းထားပါတယ်။ ပထမပိုင်း တော်လှန်ရေးကြားကာလပါ။ စစ်အာဏာရှင်ဖယ်ရှားရေး ကာလ။ ဒုတိယပိုင်းက အသွင်ကူးပြောင်းရေးကာလနဲ့တတိယပိုင်းကတော့ ဖက်ဒရယ်ဒီမိုကေ ရစီပြည်ထောင်စုတည်ဆောက်ရေးကာလဆိုပြီး သုံးပိုင်းပိုင်းထားပါတယ်။လောလောဆယ်ရေးဆွဲထားတဲ့ ဖက်ဒရယ်ပဋိညာဉ်မှာ အပိုင်း ၁ နဲ့အပိုင်း ၂ ဆိုပြီးတော့ ပါပါတယ်။အပိုင်း ၁ ကတော့ ကာလသုံးခုလုံးမှာ လိုက်နာကျင့်သုံးရမယ့် နိုင်ငံရေးလမ်းပြမြေပုံနဲ့ အနာဂတ်မှာပေါ်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခြေခံရမယ့် အဓိက မူတွေကို ထည့်သွင်းထားပါတယ်။အပိုင်း ၂ ကိုတော့ကြားကာလ ဖွဲ့စည်းပုံဆိုင်ရာ အစီအမံလို့ခေါ်ပါတယ်။အထူးသဖြင့်စစ်အာဏာရှင်ဖယ်ရှားရေးအထောက်အထားတစ်ခုပေါ့။ NUCC ၊NUG ဖွဲ့တာတို့ပေါ့နော်။ပြန်ချုပ်ပြောရရင် တော်လှန်ရေးကာလတစ်ခုလုံးရော၊တော်လှန်ရေးကာလရဲ့ ကာလအပိုင်းအခြားတွေမှာရော အခြေခံပြီး လိုက်နာကျင့်သုံးရမယ့် မူတွေ၊ဘောင်တွေ၊
အချက်အလက်တွေပဲဖြစ်ပါတယ်ခင်ဗျား"

ဖက်ဒရယ်ပဋိညာဉ်ဟာ အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မယ်လို့ အတိအလင်းဖော်ပြထားပါတယ်။ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး များကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ခိုင်မာသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့လည်း ရှင်းလင်းစွာဖွင့်ဆိုထား တာတွေ့ရပါ တယ်။ ဒါ့အပြင်ဖက် ဒရယ်ပဋိညာဉ်မှာ ပြည်ထောင်စုရဲ့ မျှော်ရည်ချက်နဲ့ ပြည်ထောင်စုရဲ့ စံတန်ဖိုးတို့ကို လည်း ဖော်ပြထားပါ တယ်။ပြည်ထောင်စု မျှော်ရည်ချက် (Union Vision)မှာ"လွတ်လပ်မှု၊ တရားမျှတမှု၊တန်းတူညီမျှမှုကို အခြေ ခံပြီး ငြိမ်းချမ်းသည့်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မည်"။ပြည်ထောင်စု စံတန်ဖိုး(Union Values)မှာလည်းအခြေခံလူ့အခွင့်ရေး၊ ဒီမိုကရေစီရေး၊ လူနည်းစုအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပါအဝင် ကျား၊မ ခွဲခြားဆက်ဆံခြင်း မရှိစေရေးတွေ အာမခံထားတဲ့ အချက် ၉ ချက်ကိုလည်း ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးဟာ အလယ်အလတ်လူတန်းစား(Middle Class)က ဦးဆောင်နေတာ
ဖြစ်လို့ ထူးခြားတဲ့ အားကောင်းမှုနဲ့ စွမ်းဆောင်ရည်တွေရှိတယ်။ အလယ်အလတ်လူတန်းစားနဲ့အတူ
တိုင်းရင်းသား လူမျိုးစုတွေပါ ပါဝင်ပူးပေါင်းလာတာကိုလည်းတွေ့ရတယ်။ခုဆိုရင် လူထုတစ်ရပ်လုံးပါဝင်တဲ့
နိုင်ငံရေး(Mass Politics)ဖြစ်လာပြီလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ စီးပွားရေးပညာရှင်
ဒေါက်တာမျိုးညွန့်ကသုံးသပ်ပါတယ်။ဒါ့အပြင် ဒေါက်တာမျိုးညွန့်က သူ့ရဲ့အာဖရိက အတွေ့အကြုံအရ
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ သတိပြုသင့်တာ၊စဉ်းစားချိန်ဆသင့်တာတွေကိုလည်း ထောက်ပြ ပါတယ်။ အဲဒါကတော့ တိုင်းရင်းသားလူမျိုးစုများတဲ့နိုင်ငံတွေမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရတာ ခက်ခဲကြောင်း၊လူမျိုးစုအခြေခံတဲ့ ဖက်ဒရယ်(Ethno-Federalism)ပြည်ထောင်စု တည်ဆောက်ရာမှာ ၃၃ ရာနှုန်းသာ အောင်မြင်တာတွေ့ရကြောင်း၊လူမျိုးစုကို တစ်စိတ်တစ်ပိုင်း အခြေခံတဲ့ ဖက်ဒရယ် (Partial Ethno-Federalism)ပြည်ထောင်စုတည်ဆောက်တာက ၉၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာနှုန်းထိအောင်မြင်တာတွေ့ရကြောင်း သူ့ရဲ့ Evidence-based Federalism လေ့လာချက်ကို ကိုးကားပြောဆိုတဲ့အပြင် နိုင်ငံကိုပြန်လည်တည်ဆောက်တဲ့အခါမှာ နိုင်ငံရေးဘောဂဗေဒ(Political Economy)ကို အလေးထား ဆောင်ရွက်ရမယ်လို့လည်းဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့နွေဦးတော်လှန်ရေးအလွန်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ေ ဆာက်မယ်ဆိုတာကိုတော့ တိုင်းရင်းသားညီအကိုတွေ သန္နိဌာန်ချထားပြီးပါပြီ။ဘယ်လိုပုံစံနဲ့ တည်ဆောက် သွားကြမယ် ဆိုတာကတော့ ဖက်ဒရယ်ပဋိညာဉ်ရဲ့ အပိုင်းသုံးမှာ ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG