သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သန်းပေါင်း ၁၁၀ က ကင်းလိပ်ချော ကချင်ပြည်နယ် ပယင်းတွင်းမှာတွေ့ရှိ


ကချင်ပြည်နယ်မှာ တွေ့ရသည့် ကင်းလိပ်ချော ရုပ်ကြွင်း ( Photo: Screen Grab of Scientific Reports Journal )
ကချင်ပြည်နယ်မှာ တွေ့ရသည့် ကင်းလိပ်ချော ရုပ်ကြွင်း ( Photo: Screen Grab of Scientific Reports Journal )

[ ZAWGYI]

နှစ်သန်းပေါင်း ၁၁၀ က ကင်းလိပ်ချော ကချင်ပြည်နယ် ပယင်းတွင်းမှာတွေ့ရှိ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ခန္တီးမှာရှိတဲ့ ပယင်းတွင်းကနေ လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၁၀ သက်တမ်းရှိကျောက်ထဲကနေ ကင်းလိပ်ချော မျိုးစိတ်သစ်တမျိုးဖြစ်တဲ့ Retinosaurus hkamtiensis ကို ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

ဒီကင်းလိပ်ချောမျိုးစိတ်သစ်ပါတဲ့ ပယင်းကို ဆွစ်ဇလန် အခြေစိုက် Peretti ပြတိုက်ဖေါင်ဒေးရှင်း PMF နဲ့လက်တွဲဆောင်ရွက်နေတဲ့ မြန်မာကျောက်မျက်ပညာရှင ် ဦးညီညီအောင်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ အခုတွေ့ရတဲ့ ပယင်းထဲက ရုပ်ကြွင်းဟာ မျိုးတုန်းကွယ်ပျောက်ကုန်တဲ့ သတ္တဝါမျိုးစိတ်ကို ရှားရှားပါးပါး အသေးစိတ်လေ့လာနိုင် ခွင့်ပေးတဲ့ ရုပ်ကြွင်းဖြစ်ကြောင်း Comenius တက္ကသိုလ်က ဒေါက်တာ Andrej Čerňanský နဲ့ရုပ်ကြွင်းပညာရှင်တွေက ပြောပါတယ်။

ရုပ်ကြွင်းတွေထဲမှာ ပယင်းထဲက ရုပ်ကြွင်း အကောင်လေးတွေ၊ သူတို့ရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစလေးတွေကိုတော့ သူတို့ရဲ့ ပျော့ပြောင်းတဲ့ တစ်ရှုးစိုင်တွေနဲ့အတူ ၃ ဖက်မြင် ရုပ်လုံးကြွပုံ လေ့လာ နိုင်တာ ဖြစ်ပါတယ်။ အခုတွေ့ခဲ့ရတဲ့ အလျား ၁ လက်မခွဲနီးပါး (၁.၄ လက်မ) ရှည်တဲ့ ကင်းလိပ်လျောမှာ ထင်ရှားတဲ့ အကြေးခွံကိုပါ မပျက်မစီးတွေ့ခဲ့ရတဲ့ အတွက် ဒါဟာ ဦးခေါင်းမှာအကြေးခွံပါပြီး စေးကပ်တဲ့ ဖဝါးတွေရှိတဲ့ တွားသွားသတ္တဝါမျိုး ဖြစ်တယ်လို့လည်းပြောပါတယ်။

ဒိုင်နိုဆောတွေကျက်စားတဲ့ လွန်ခဲ့တဲ့ နှစ် သန်း ၁၁၀ - Cretaceous ဘူမိသက်တမ်းရှိတဲ့ ချီလီ ထင်းရှုးပင်မျိုး Auaucarian ရဲ့ သစ်စေးထဲမှာ တွေ့ခဲ့ရတဲ့ ဒီမျိုးစိတ်သစ်ကို CT scan ရိုက်ပြီး သုံးဖက်မြင် ရုပ်လုံးကြွပုံဖေါ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ အခု တွေ့ရှိတဲ့ ကင်းလိပ်ချောမျိုးစိတ်သစ်ကနေ သတ္တဝါတွေ ရွှေ့ပြောင်းကျက်စားတဲ့ အလေ့ထပေါ်မူတည်ပြီး ကမ္ဘာ့တိုက်ကြီးတွေရဲ့ အနေထားကိုပါ ဆက်စပ်လေ့လာဖို့ သိပ္ပံပညာရှင်တွေ ဆက်လက်ကြိုးစားနေကြောင်း Scientific Report သိပ္ပံဂျာနယ်မှာ ဖေါ်ပြထားပါတယ်။

= = = = = = = =

နှစ်သန်းပေါင်း ၁၁၀ က ကင်းလိပ်ချော ကချင်ပြည်နယ် ပယင်းတွင်းမှာတွေ့ရှိ
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

{ UNICODE }







XS
SM
MD
LG