သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝါရွင္တန္ဒီစီက ျမန္မာအမ်ိဳးသမီး ေဆးဝန္ထမ္းတဦးရဲ႕ ကိုဗစ္ကာလ အေတြ႕အႀကဳံ


အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကူးစက္မႈ ေလ်ာ့က်လာေနၿပီမို႔ တခ်ိန္က ကိုဗစ္လူနာေတြနဲ႔ မႏိုင္မနင္းျဖစ္ခဲ့တဲ့ ေဆး႐ုံေဆးခန္းေတြမွာ ပုံမွန္ အလုပ္ခြင္ အေျခအေန ျပန္ေရာက္ပါၿပီလား။ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ အလုပ္လုပ္ေနတဲ့ သူနာျပဳဆရာမ မထားထားယုရဲ႕ အေတြ႕အႀကဳံတခ်ိဳ႕ကို မခင္ျဖဴေထြးက ေမးျမန္းထားပါတယ္။

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကူးစက္မႈနဲ႔ ေသဆုံးမႈေတြ တျဖည္းျဖည္း ျပန္က်လာၿပီလို႔ က်န္းမာေရးဌာန စာရင္းေတြမွာ ေဖာ္ျပၾကသလို၊ ေရာဂါ ထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြလည္း ေနရာအေတာ္မ်ားမ်ားမွာ ျပန္လည္ ေလွ်ာ့ေပါ့ ေပးလာေနပါၿပီ။ အရင္ ကူးစက္မႈ မ်ားခဲ့ခ်ိန္က ကိုဗစ္လူနာေတြ မႏိုင္မနင္းနဲ႔ ပင္ပန္းခဲ့ၾကရတဲ့ ေဆးဝန္ထမ္းေတြေရာ အခုခ်ိန္မွာ ပုံမွန္ အလုပ္ခြင္ အေျခအေန ျပန္ေရာက္ပါၿပီလား။ ဒါမွမဟုတ္ အခက္အခဲေတြ ဆက္ရွိေနေသးလား။ ဘယ္လို အခက္အခဲေတြ အဓိက ရွိေနပါလဲ။ အေမရိကန္ျပည္ေထာင္စု၊ ၿမိဳ႕ေတာ္ ဝါရွင္တန္က Medstar ေဆး႐ုံမွာ အလုပ္ လုပ္ေနတဲ့ ျမန္မာအမ်ိဳးသမီး သူနာျပဳဆရာမ မထားထားယုရဲ႕ အေတြ႕အႀကဳံ တခ်ိဳ႕ကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက ဆက္သြယ္ ေမးျမန္း တင္ဆက္ထားပါတယ္။

ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံး ရွိေနတဲ့ အေမရိကန္ ျပည္ေထာင္စုမွာ အခုဆိုရင္ ကူးစက္မႈႏႈန္းေရာ၊ ေသဆုံးမႈႏႈန္းပါ တျဖည္းျဖည္း ျပန္က်လာေနတာကို ထုတ္ျပန္ စာရင္းေတြမွာ ေတြ႕ရပါတယ္။ ေဆး႐ုံေဆးခန္းေတြမွာလည္း ကိုဗစ္ လူနာေတြ အရင္လို မႏိုင္မနင္း အေျခအေန မဟုတ္ေတာ့ဘူးလို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာတာရွိပါတယ္။ ဆိုေတာ့ အရင္ ကူးစက္မႈေတြ မ်ားခဲ့ခ်ိန္တုန္းက ကိုဗစ္လူနာေတြနဲ႔ မႏိုင္မနင္းျဖစ္ၿပီး ကိုယ္ေရာစိတ္ပါ ပင္ပန္းခဲ့ၾကတဲ့ ေဆးဝန္ထမ္းေတြ အခုခ်ိန္မွာ ပုံမွန္ အလုပ္ခြင္ အေျခအေန ျပန္ေရာက္ၿပီလို႔ ေျပာႏိုင္ပါၿပီလား။ လက္ရွိ ေဆးဝန္ထမ္း တေယာက္ အေနနဲ႔ ဘယ္လိုမ်ား ထင္ပါလဲ။

“ဟုတ္ကဲ့ရွင့္။ က်မတို႔ ေဆး႐ုံကေတာ့ လက္ရွိမွာေတာ့ ကိုဗစ္ေရာဂါနဲ႔တက္ေနတဲ့ လူနာေတြလည္း ေလ်ာ့က်သြားတယ္။ ကူးစက္ႏႈန္းလည္း ေလ်ာ့က်သြားတယ္။ ဆိုေတာ့ ကိုဗစ္ေရာဂါေတာ့ ေလ်ာ့လာတယ္လို႔ ေျပာလို႔ရတာေပါ့။ ဒါေပမဲ့လည္း ဒီေရာဂါသည္ ေရွ႕ဆက္လည္း ရွိေနမွာျဖစ္တယ္။ မ်ိဳးပြားေတြလည္း ရွိလာေနတဲ့အတြက္ ပုံမွန္ ျဖစ္လာဖို႔ဆိုတာကေတာ့ က်မတို႔ အခ်ိန္ယူရမွာျဖစ္တယ္။ က်မတို႔ေတြ အကုန္လုံး ကေတာ့ သတိထားၿပီးေတာ့ ေနၾကရမယ္။ ကိုယ့္ကိုယ္ကိုေရာ၊ ပတ္ဝန္းက်င္တိုင္းမွာေတာ့ သတိထားၿပီးေတာ့ ေရွ႕ဆက္ လွမ္းၾကရမွာေပါ့ေလ။”

ဆိုေတာ့ လက္ရွိမွာေရာ မထားထားယု တို႔လို ေဆးဝန္ထမ္းေတြ အတြက္ အခက္အခဲေတြ ဆက္ရွိေနတယ္လို႔ ေျပာလို႔ရလား။ ဘယ္လို အခက္အခဲေတြ အဓိက ရွိေနပါလဲ။

“ဟုတ္ကဲ့ရွင့္။ လူနာေတြကေတာ့ ရွိဆဲပါ။ နည္းသြားတာပဲရွိတာေပါ့။ အဲ့ဒီအေပၚမွာ အခက္အခဲေတြ ကေတာ့ အမ်ားႀကီး ရွိတုန္းပဲ။ ဥပမာေျပာရရင္ က်မတို႔ေဆး႐ုံကို လာတက္တဲ့လူနာေတြသည္ အၿမဲတမ္း ကိုဗစ္ေရာဂါ လကၡဏာ ျပၿပီးေတာ့၊ ရွိၿပီးေတာ့ တက္လာၾကတာမ်ိဳး မဟုတ္ဘူးရွင့္။ က်မတို႔က သူတို႔ကို ႏွစ္ပတ္ သုံးပတ္ေလာက္ ကုသ ျပဳစုၿပီးေတာ့မွ လကၡဏာျပတဲ့သူေတြ ရွိတယ္ရွင့္။ အဲ့ဒီအခ်ိန္ဆိုရင္ က်မတို႔ ေဆးဝန္ထမ္းေတြေရာ၊ ေဆးဝန္ထမ္းေတြရဲ႕ ဝန္းက်င္မွာ ကူးစက္မႈေတြ ရွိတာေပါ့။ အဲ့ဒီလို အခက္အခဲ ရွိတယ္။ က်မ ဆိုလို႔ရွိရင္ လူနာကေနတဆင့္ ေရာဂါ ကူးစက္ ခံခဲ့ရတယ္။ အဲ့ဒီေတာ့ ကြာရမ္တင္း တပတ္ ဝင္ရတယ္။ က်မက ေရာဂါရွိေပမဲ့ ျပင္းျပင္းထန္ထန္ မျဖစ္ခဲ့ဘူး။ မဖ်ားခဲ့ဘူး။ မနာခဲ့ဘူး။ က်မရဲ႕ အဆုတ္ကလည္း ရွင္းတယ္။ အဲ့ဒီေတာ့ က်မက တပတ္ ကြာရမ္တင္း ဝင္ၿပီးေတာ့ အလုပ္ ျပန္ဆင္းရတယ္။ အလုပ္ဆင္းၿပီး ႏွစ္ပတ္ေလာက္ ၾကာေတာ့ ေခ်ာင္း စဆိုးတယ္။ ေခ်ာင္းက ဆိုးေနတယ္ဆိုေတာ့ အလုပ္ကေန က်မကို အိမ္ျပန္ခိုင္းတယ္။ ဆရာဝန္နဲ႔ ခ်က္ခ်င္း သြားေတြ႕ရတယ္။ ဓာတ္မွန္ ႐ိုက္ရတယ္။ အဆုတ္က ေရာဂါရွိလား။ ေနာက္ၿပီးေတာ့ ေသြးထုတ္တယ္ စစ္တယ္။ ဆိုေတာ့ လိုက္လုပ္ရတဲ့ process က နည္းတာမဟုတ္ဘူး။ ၿပီးေတာ့ အလုပ္ကလည္း က်မ ေနာက္ထပ္ ေလးပတ္ ထပ္ ပ်က္တယ္။ က်မ ဘာမွ မဖ်ားမနာဘူးေနာ္။ ဒါေပမဲ့ ေခ်ာင္းဆိုးေနတဲ့အတြက္ က်မ အလုပ္ဆင္းလို႔ မရတာ။

“အလုပ္ ဆင္းမရေတာ့ ဝင္ေငြမရွိဘူး။ ခုနက က်မ ေျပာတဲ့ process ေတြ လုပ္ရတယ္။ ၿပီးေတာ့ က်မကို sick leave ေပါ့။ ဖ်ားနာလို႔ အလုပ္မဆင္းႏိုင္ေပမဲ့ ပိုက္ဆံေပးတဲ့ဟာ ရေအာင္ ေလ ွ်ာက္ခိုင္းတယ္။ ဒါေပမဲ့ က်မ ကိုယ္တိုင္က ဒီေဆး႐ုံမွာ အလုပ္ လုပ္တာ ၇ လေလာက္ပဲ ရွိေသးတယ္ ဆိုေတာ့ အဲ့ဒီ ခံစားခြင့္ကို က်မက မရေသးဘူး။ တခ်ိဳ႕ က်မရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ ဆိုရင္ ကိုဗစ္မရွိဘဲ ေခ်ာင္းနည္းနည္း ဆိုးေနတယ္ဆိုရင္ သူတို႔က သူမ်ား မၾကားေအာင္ ေခ်ာင္းေဆးေပ်ာက္ေဆး ငုံၿပီး ေအာင့္အီးၿပီးေတာ့ အလုပ္ လုပ္ၾကတယ္။ ဆိုေတာ့ အဲဒီလို အခက္အခဲေတြေတာ့ က်မတို႔မွာ ရွိတယ္ရွင့္။ pressure မ်ားတယ္ရွင့္။

ဆိုလိုတာက ေရာဂါ မရွိေပမဲ့လည္း ေခ်ာင္းဆိုးရင္ အလုပ္ သြားလို႔ မရဘူး။ အလုပ္ မသြားရင္ ဝင္ေငြ မရွိဘူးဆိုတဲ့ အေျခအေန ႀကဳံရတာေပါ့။

“ဟုတ္ကဲ့ရွင့္။ ေခ်ာင္းဆိုးရင္လည္း အလုပ္သြားလို႔ မရဘူး။ ကိုဗစ္ေရာဂါ ရွိသည္ ျဖစ္ေစ မရွိသည္ ျဖစ္ေစ။ ေခ်ာင္းဆိုးရင္ အလုပ္သြားလို႔ မရဘူးရွင့္။

အဲ့ဒါက ကိုယ္တေယာက္တည္း ႀကဳံရတာလား။ တျခား ေဆးဝန္ထမ္းေတြေရာ အဲ့ဒီလို ႀကဳံရတာ အေတာ္မ်ားမ်ား ရွိသလား။

“ရွိတယ္ရွင့္။ ခုနက က်မ ေျပာသလို တခ်ိဳ႕ေတြဆိုလို႔ရွိရင္လည္း sick leave ေပါ့။ ဖ်ားနာရင္ ယူတဲ့အခ်ိန္က သူတို႔ တျခား ျပႆနာတခုနဲ႔ ယူခဲ့ၿပီးၿပီဆိုရင္ ဒီျပႆနာနဲ႔ သူတို႔ ထပ္ယူလို႔ မရဘူးေလ။ အဲ့ဒီလိုဆိုေတာ့ ေခ်ာင္းဆိုးေနရင္၊ ဖ်ားနာေနရင္ေတာင္မွ ကိုယ့္အခ်င္းခ်င္းေတာ့ သိၾကတယ္။ အထက္လူကို သြားမေျပာျပဘူး ဆိုတဲ့သူေတြ ရွိတယ္ရွင့္။ ဆိုေတာ့ ဒီလို အခက္အခဲကို က်မတို႔ သူနာျပဳတိုင္း လိုလိုက ကိုယ့္အတြင္းမွာေတာ့ ခက္ခက္ခဲခဲ ျဖတ္သန္းၾကရတယ္ေပါ့ေနာ္။”

မထားထားယု ဆိုရင္ လူနာဆီ ကတဆင့္ ကူးစက္ခံခဲ့ရတယ္။ သူနာျပဳေတြ ဆိုတာက ဆရာဝန္ေတြထက္ ပိုၿပီးေတာ့ လူနာေတြကို အနီးကပ္ ထိေတြ႕ ဆက္ဆံ၊ ျပဳစုေစာင့္ေရွာက္ရတဲ့ သူေတြ ျဖစ္တဲ့အခါက်ေတာ့ ကူးစက္ဖို႔လည္း ပိုျမန္မယ္လို႔ထင္ပါတယ္။ ဆိုေတာ့ ဒီလို ကူးစက္ ျမန္ၿပီး လူကိုေသေစႏိုင္တဲ့ အထိ ေရာဂါေတြ ကူးစက္ ပ်ံ႕ႏွံ႔ေနတဲ့အခ်ိန္မွာ ဒီအလုပ္ကို ဘာေၾကာင့္ ဆက္ၿပီး လုပ္ျဖစ္ေနတာပါလဲ။

“က်မက က်မရဲ႕ ဒီ နာ့စ္မ အလုပ္ကို အရမ္း ျမတ္ႏိုးတယ္။ က်မ ဘဝမွာ က်မ မေသခင္ ကမာၻႀကီးအတြက္ ေမတၱာေပးၿပီးေတာ့ အသက္ ေသမယ္လို႔ က်မက ဆုံးျဖတ္ထားတယ္။ ဒီအလုပ္ကို က်မ စ လုပ္ကတည္းက ေမတၱာ ေပးရမယ့္ေနရာတခု၊ ေမတၱာ အလိုအပ္ဆုံး အလုပ္တခုလို႔ က်မ သိရွိခဲ့ရတယ္။ လူနာေတြက ေဆး႐ုံလာတယ္ဆိုရင္ နာက်င္မႈေပါင္း မ်ားစြာနဲ႔ လာၾကတာ။ တခ်ိဳ႕ေတြဆိုရင္ အခုတက္လာတယ္။ မနက္ျဖန္က်ရင္ အသက္ဆုံးသြားၾကတယ္။ တခ်ိဳ႕ေတြ ဆိုရင္လည္း တစာစာ ေအာ္ငိုေနရတယ္။ အဲ့ဒီအခ်ိန္မွာမွ ကိုယ္က သြားျပဳစုလိုက္ရတဲ့အတြက္ ကိုယ့္ရဲ႕ အသံေၾကာင့္ပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ ျပဳစုမႈေၾကာင္ပဲျဖစ္ျဖစ္၊ ကိုယ့္ေပးလိုက္တဲ့ ေမတၱာေၾကာင့္ပဲ ျဖစ္ျဖစ္ သူတို႔ေတြ ေကာင္းသြားတာပဲ ျဖစ္ျဖစ္။ တခနတာေလး ေပ်ာ္႐ႊင္မႈျဖစ္သြားတာပဲ ျဖစ္ျဖစ္။ အဲ့ဒီလို ေမတၱာေပးရတဲ့ အလုပ္ကို က်မက အရမ္းႏွစ္သက္တယ္။ အရမ္း မြန္ျမတ္တယ္လို႔လည္း က်မ ထင္တယ္။ အဲ့ဒါေၾကာင့္ ဒီ အလုပ္ကို က်မ အရမ္း ျမတ္ႏိုးတယ္ရွင့္။ အဲ့ဒါေၾကာင့္ လုပ္ေနတာျဖစ္တယ္ရွင့္။”

ဒါေပမဲ့ တဘက္မွာက်ေတာ့လည္း ခုလို ကိုဗစ္ကပ္ေဘးႀကီး ရင္ဆိုင္ရတဲ့အခါမွာ ဒီေရာဂါႀကီးက သူ႔ရဲ႕ ေရရွည္ဆိုးက်ိဳး ဘယ္ေလာက္အထိ ဘာေတြျဖစ္လာမလဲ ဆိုတာ ဘယ္သူမွ ေသခ်ာမသိေသးပါဘူး။ ကြၽမ္းက်င္ ပညာရွင္ေတြေတာင္ ေလ့လာ ဆန္းစစ္ သုေတသန လုပ္ေနၾကတုန္းပါပဲ။ ဆိုေတာ့ ဒီလို အေျခအေနမ်ိဳးမွာေရာ ကိုယ္က မစိုးရိမ္ဘူးလား။ ကိုယ္တိုင္လည္း အကူး ခံထားရၿပီးၿပီ။ ေနာက္ထပ္လည္း ကူးစက္ေကာင္း ကူးစက္ခံရႏိုင္တယ္။ အဲ့ဒီအတြက္ေရာ မစိုးရိမ္ဘူးလား။

“စိုးရိမ္တယ္ရွင့္။ ႐ိုးသားစြာ ေျပာမယ္ဆိုရင္ က်မ စိုးရိမ္ပါတယ္။ တကယ္ေတာ့ ေဆး႐ုံ ေဆးခန္း ဆိုတာ ကိုဗစ္မွမဟုတ္ဘူး။ တျခား ေရာဂါေတြနဲ႔လာတဲ့ လူနာေတြလည္း အမ်ားႀကီးပဲ။ ကူးစက္ႏိုင္တဲ့ ေရာဂါေတြေပါ့။ က်မ အစိုးရိမ္ဆုံးကေတာ့ တကယ္လို႔မ်ား က်မမွာလည္း ေရာဂါ အခံေတြ ရွိတယ္ေလ။ အခုဆိုရင္ ကိုဗစ္လည္း ရွိခဲ့ၿပီးၿပီေလေနာ္။ တကယ္လို႔ ေနာက္ထပ္ ေရာဂါ ခပ္ႀကီးႀကီးတခုမ်ား က်မ ခႏၶာကိုယ္ထဲကို ဝင္လာမယ္ဆိုရင္ က်မရဲ႕ ခႏၶာကိုယ္က တိုက္ထုတ္တဲ့စနစ္ immune system က တိုက္ထုတ္ႏိုင္ပါဦးမလားေပါ့။ အဲ့ဒါကို က်မ ေန႔တိုင္းလိုလို စိုးရိမ္တယ္။ ဒါေပမဲ့လည္း စိုးရိမ္စိတ္ ဆိုတာကေတာ့ - ေဆး႐ုံေဆးခန္းမွာပဲလုပ္လုပ္၊ အျပင္မွာပဲလုပ္လုပ္ ဒီေရာဂါေတြက လူေတြကသာ မသိၾကတာပါ။ ေန႔တိုင္း ဒီေရာဂါေတြနဲ႔ ထိေတြ႕ေနၾကတာပါ။ ေဆး႐ုံ ကေတာ့ ေရာဂါသည္ေတြ စုထားတဲ့ေနရာ ျဖစ္ေနတယ္ဆိုေတာ့ ပိုၿပီးေတာ့ စိုးရိမ္ရတာေပါ့။”

စိုးရိမ္စိတ္လည္း ရွိတယ္။ အခက္အခဲေတြလည္း ႀကဳံရတာ ရွိတယ္ဆိုေတာ့၊ အဲ့ဒီလို ႀကဳံရတဲ့အခါ က်ရင္ေရာ ဘယ္လို စိတ္ခြန္အားေတြနဲ႔ ေက်ာ္ျဖတ္ပါသလဲ။

“ေက်ာ္ျဖတ္တဲ့နည္းလမ္းေတြ ကေတာ့ သူ႔ပုံစံနဲ႔သူ ရွိၾကတာေပါ့ေနာ္။ က်မ ကေတာ့ ေျပးတာကို ဝါသနာ ပါတယ္။ တခါတေလ တအား စိတ္ဖိစီးတဲ့ေန႔ေတြ ဆိုရင္ က်မ ၁၀ မိုင္ေလာက္၊ မာရသြန္ တခုေလာက္လည္း ေျပးတတ္တယ္။ အဲ့ဒီလို ေျပးတယ္ဆိုရင္ စိတ္ေပါ့သြားတယ္။ ၿပီးေတာ့ က်မ တရားထိုင္တယ္။ တရားထိုင္တယ္ဆိုရင္ က်မပြားခ်င္တဲ့ ခ်စ္ျခင္းေမတၱာကို က်မ ပိုၿပီးေတာ့ ပြားႏိုင္တယ္။ ၿပီးေတာ့ ခုနကေျပာသလို က်မရဲ႕ ခံယူခ်က္ေပါ့။ ေၾသာ္…လူ႔ဘဝဆိုတာ ေမတၱာေပးရမယ္။ လူ႔ဘဝဆိုတာ မတည္ၿမဲဘူး။ ဗုဒၶဘာသာ တေယာက္ အေနနဲ႔ ဘဝဟာ မတည္ၿမဲဘူး။ မတည္ၿမဲတဲ့ဟာေတြကို ေန႔တိုင္း ႀကဳံေနရတယ္။ အဲ့ေတာ့ အဲ့ဒီလိုမ်ိဳး ပိုၿပီးေတာ့ သေဘာေပါက္လာတယ္။ တရားသေဘာေပါ့။ ဆိုေတာ့ က်မ အခက္အခဲေတြကို ေက်ာ္လႊားတဲ့နည္းလမ္း ကေတာ့ တျခားသူေတြနဲ႔ေတာ့ တူခ်င္မွတူမယ္။ ဒါေပမဲ့ က်မ အတြက္ေတာ့ တကယ္ အေထာက္အကူ ျဖစ္တယ္။ ေျပးတာရယ္။ တရားထိုင္တာရယ္။ ၿပီးေတာ့ ကိုယ္ျမတ္ႏိုးတဲ့ အလုပ္ကို လုပ္ရတဲ့အတြက္ ခြန္အားက ထပ္ ထပ္ ျဖစ္သလို ျဖစ္ပါတယ္။ ဆိုေတာ့ အဲ့ဒီလိုနည္းလမ္းနဲ႔ က်မ ျဖတ္သန္းပါတယ္။”

အခုလို အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူး အမ်ားႀကီး တင္ပါတယ္။

“ဟုတ္ကဲ့။ ေက်းဇူး အမ်ားႀကီး တင္ပါတယ္ရွင့္။”

==========================================

[Unicode]

ဝါရှင်တန်ဒီစီက မြန်မာအမျိုးသမီး ဆေးဝန်ထမ်းတဦးရဲ့ ကိုဗစ်ကာလ အတွေ့အကြုံ (အမျိုးသမီးကဏ္ဍ)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ တဖြည်းဖြည်း ပြန်ကျလာပြီလို့ ကျန်းမာရေးဌာန စာရင်းတွေမှာ ဖော်ပြကြသလို၊ ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေလည်း နေရာအတော်များများမှာ ပြန်လည် လျှော့ပေါ့ ပေးလာနေပါပြီ။ အရင် ကူးစက်မှု များခဲ့ချိန်က ကိုဗစ်လူနာတွေ မနိုင်မနင်းနဲ့ ပင်ပန်းခဲ့ကြရတဲ့ ဆေးဝန်ထမ်းတွေရော အခုချိန်မှာ ပုံမှန် အလုပ်ခွင် အခြေအနေ ပြန်ရောက်ပါပြီလား။ ဒါမှမဟုတ် အခက်အခဲတွေ ဆက်ရှိနေသေးလား။ ဘယ်လို အခက်အခဲတွေ အဓိက ရှိနေပါလဲ။ အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်က Medstar ဆေးရုံမှာ အလုပ် လုပ်နေတဲ့ မြန်မာအမျိုးသမီး သူနာပြုဆရာမ မထားထားယုရဲ့ အတွေ့အကြုံ တချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်း တင်ဆက်ထားပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အခုဆိုရင် ကူးစက်မှုနှုန်းရော၊ သေဆုံးမှုနှုန်းပါ တဖြည်းဖြည်း ပြန်ကျလာနေတာကို ထုတ်ပြန် စာရင်းတွေမှာ တွေ့ရပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ကိုဗစ် လူနာတွေ အရင်လို မနိုင်မနင်း အခြေအနေ မဟုတ်တော့ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောတာရှိပါတယ်။ ဆိုတော့ အရင် ကူးစက်မှုတွေ များခဲ့ချိန်တုန်းက ကိုဗစ်လူနာတွေနဲ့ မနိုင်မနင်းဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းခဲ့ကြတဲ့ ဆေးဝန်ထမ်းတွေ အခုချိန်မှာ ပုံမှန် အလုပ်ခွင် အခြေအနေ ပြန်ရောက်ပြီလို့ ပြောနိုင်ပါပြီလား။ လက်ရှိ ဆေးဝန်ထမ်း တယောက် အနေနဲ့ ဘယ်လိုများ ထင်ပါလဲ။

“ဟုတ်ကဲ့ရှင့်။ ကျမတို့ ဆေးရုံကတော့ လက်ရှိမှာတော့ ကိုဗစ်ရောဂါနဲ့တက်နေတဲ့ လူနာတွေလည်း လျော့ကျသွားတယ်။ ကူးစက်နှုန်းလည်း လျော့ကျသွားတယ်။ ဆိုတော့ ကိုဗစ်ရောဂါတော့ လျော့လာတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့လည်း ဒီရောဂါသည် ရှေ့ဆက်လည်း ရှိနေမှာဖြစ်တယ်။ မျိုးပွားတွေလည်း ရှိလာနေတဲ့အတွက် ပုံမှန် ဖြစ်လာဖို့ဆိုတာကတော့ ကျမတို့ အချိန်ယူရမှာဖြစ်တယ်။ ကျမတို့တွေ အကုန်လုံး ကတော့ သတိထားပြီးတော့ နေကြရမယ်။ ကိုယ့်ကိုယ်ကိုရော၊ ပတ်ဝန်းကျင်တိုင်းမှာတော့ သတိထားပြီးတော့ ရှေ့ဆက် လှမ်းကြရမှာပေါ့လေ။”

ဆိုတော့ လက်ရှိမှာရော မထားထားယု တို့လို ဆေးဝန်ထမ်းတွေ အတွက် အခက်အခဲတွေ ဆက်ရှိနေတယ်လို့ ပြောလို့ရလား။ ဘယ်လို အခက်အခဲတွေ အဓိက ရှိနေပါလဲ။

“ဟုတ်ကဲ့ရှင့်။ လူနာတွေကတော့ ရှိဆဲပါ။ နည်းသွားတာပဲရှိတာပေါ့။ အဲ့ဒီအပေါ်မှာ အခက်အခဲတွေ ကတော့ အများကြီး ရှိတုန်းပဲ။ ဥပမာပြောရရင် ကျမတို့ဆေးရုံကို လာတက်တဲ့လူနာတွေသည် အမြဲတမ်း ကိုဗစ်ရောဂါ လက္ခဏာ ပြပြီးတော့၊ ရှိပြီးတော့ တက်လာကြတာမျိုး မဟုတ်ဘူးရှင့်။ ကျမတို့က သူတို့ကို နှစ်ပတ် သုံးပတ်လောက် ကုသ ပြုစုပြီးတော့မှ လက္ခဏာပြတဲ့သူတွေ ရှိတယ်ရှင့်။ အဲ့ဒီအချိန်ဆိုရင် ကျမတို့ ဆေးဝန်ထမ်းတွေရော၊ ဆေးဝန်ထမ်းတွေရဲ့ ဝန်းကျင်မှာ ကူးစက်မှုတွေ ရှိတာပေါ့။ အဲ့ဒီလို အခက်အခဲ ရှိတယ်။ ကျမ ဆိုလို့ရှိရင် လူနာကနေတဆင့် ရောဂါ ကူးစက် ခံခဲ့ရတယ်။ အဲ့ဒီတော့ ကွာရမ်တင်း တပတ် ဝင်ရတယ်။ ကျမက ရောဂါရှိပေမဲ့ ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ဘူး။ မဖျားခဲ့ဘူး။ မနာခဲ့ဘူး။ ကျမရဲ့ အဆုတ်ကလည်း ရှင်းတယ်။ အဲ့ဒီတော့ ကျမက တပတ် ကွာရမ်တင်း ဝင်ပြီးတော့ အလုပ် ပြန်ဆင်းရတယ်။ အလုပ်ဆင်းပြီး နှစ်ပတ်လောက် ကြာတော့ ချောင်း စဆိုးတယ်။ ချောင်းက ဆိုးနေတယ်ဆိုတော့ အလုပ်ကနေ ကျမကို အိမ်ပြန်ခိုင်းတယ်။ ဆရာဝန်နဲ့ ချက်ချင်း သွားတွေ့ရတယ်။ ဓာတ်မှန် ရိုက်ရတယ်။ အဆုတ်က ရောဂါရှိလား။ နောက်ပြီးတော့ သွေးထုတ်တယ် စစ်တယ်။ ဆိုတော့ လိုက်လုပ်ရတဲ့ process က နည်းတာမဟုတ်ဘူး။ ပြီးတော့ အလုပ်ကလည်း ကျမ နောက်ထပ် လေးပတ် ထပ် ပျက်တယ်။ ကျမ ဘာမှ မဖျားမနာဘူးနော်။ ဒါပေမဲ့ ချောင်းဆိုးနေတဲ့အတွက် ကျမ အလုပ်ဆင်းလို့ မရတာ။

“အလုပ် ဆင်းမရတော့ ဝင်ငွေမရှိဘူး။ ခုနက ကျမ ပြောတဲ့ process တွေ လုပ်ရတယ်။ ပြီးတော့ ကျမကို sick leave ပေါ့။ ဖျားနာလို့ အလုပ်မဆင်းနိုင်ပေမဲ့ ပိုက်ဆံပေးတဲ့ဟာ ရအောင် လေ ျှာက်ခိုင်းတယ်။ ဒါပေမဲ့ ကျမ ကိုယ်တိုင်က ဒီဆေးရုံမှာ အလုပ် လုပ်တာ ၇ လလောက်ပဲ ရှိသေးတယ် ဆိုတော့ အဲ့ဒီ ခံစားခွင့်ကို ကျမက မရသေးဘူး။ တချို့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆိုရင် ကိုဗစ်မရှိဘဲ ချောင်းနည်းနည်း ဆိုးနေတယ်ဆိုရင် သူတို့က သူများ မကြားအောင် ချောင်းဆေးပျောက်ဆေး ငုံပြီး အောင့်အီးပြီးတော့ အလုပ် လုပ်ကြတယ်။ ဆိုတော့ အဲဒီလို အခက်အခဲတွေတော့ ကျမတို့မှာ ရှိတယ်ရှင့်။ pressure များတယ်ရှင့်။

ဆိုလိုတာက ရောဂါ မရှိပေမဲ့လည်း ချောင်းဆိုးရင် အလုပ် သွားလို့ မရဘူး။ အလုပ် မသွားရင် ဝင်ငွေ မရှိဘူးဆိုတဲ့ အခြေအနေ ကြုံရတာပေါ့။

“ဟုတ်ကဲ့ရှင့်။ ချောင်းဆိုးရင်လည်း အလုပ်သွားလို့ မရဘူး။ ကိုဗစ်ရောဂါ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ။ ချောင်းဆိုးရင် အလုပ်သွားလို့ မရဘူးရှင့်။

အဲ့ဒါက ကိုယ်တယောက်တည်း ကြုံရတာလား။ တခြား ဆေးဝန်ထမ်းတွေရော အဲ့ဒီလို ကြုံရတာ အတော်များများ ရှိသလား။

“ရှိတယ်ရှင့်။ ခုနက ကျမ ပြောသလို တချို့တွေဆိုလို့ရှိရင်လည်း sick leave ပေါ့။ ဖျားနာရင် ယူတဲ့အချိန်က သူတို့ တခြား ပြဿနာတခုနဲ့ ယူခဲ့ပြီးပြီဆိုရင် ဒီပြဿနာနဲ့ သူတို့ ထပ်ယူလို့ မရဘူးလေ။ အဲ့ဒီလိုဆိုတော့ ချောင်းဆိုးနေရင်၊ ဖျားနာနေရင်တောင်မှ ကိုယ့်အချင်းချင်းတော့ သိကြတယ်။ အထက်လူကို သွားမပြောပြဘူး ဆိုတဲ့သူတွေ ရှိတယ်ရှင့်။ ဆိုတော့ ဒီလို အခက်အခဲကို ကျမတို့ သူနာပြုတိုင်း လိုလိုက ကိုယ့်အတွင်းမှာတော့ ခက်ခက်ခဲခဲ ဖြတ်သန်းကြရတယ်ပေါ့နော်။”

မထားထားယု ဆိုရင် လူနာဆီ ကတဆင့် ကူးစက်ခံခဲ့ရတယ်။ သူနာပြုတွေ ဆိုတာက ဆရာဝန်တွေထက် ပိုပြီးတော့ လူနာတွေကို အနီးကပ် ထိတွေ့ ဆက်ဆံ၊ ပြုစုစောင့်ရှောက်ရတဲ့ သူတွေ ဖြစ်တဲ့အခါကျတော့ ကူးစက်ဖို့လည်း ပိုမြန်မယ်လို့ထင်ပါတယ်။ ဆိုတော့ ဒီလို ကူးစက် မြန်ပြီး လူကိုသေစေနိုင်တဲ့ အထိ ရောဂါတွေ ကူးစက် ပျံ့နှံ့နေတဲ့အချိန်မှာ ဒီအလုပ်ကို ဘာကြောင့် ဆက်ပြီး လုပ်ဖြစ်နေတာပါလဲ။

“ကျမက ကျမရဲ့ ဒီ နာ့စ်မ အလုပ်ကို အရမ်း မြတ်နိုးတယ်။ ကျမ ဘဝမှာ ကျမ မသေခင် ကမ္ဘာကြီးအတွက် မေတ္တာပေးပြီးတော့ အသက် သေမယ်လို့ ကျမက ဆုံးဖြတ်ထားတယ်။ ဒီအလုပ်ကို ကျမ စ လုပ်ကတည်းက မေတ္တာ ပေးရမယ့်နေရာတခု၊ မေတ္တာ အလိုအပ်ဆုံး အလုပ်တခုလို့ ကျမ သိရှိခဲ့ရတယ်။ လူနာတွေက ဆေးရုံလာတယ်ဆိုရင် နာကျင်မှုပေါင်း များစွာနဲ့ လာကြတာ။ တချို့တွေဆိုရင် အခုတက်လာတယ်။ မနက်ဖြန်ကျရင် အသက်ဆုံးသွားကြတယ်။ တချို့တွေ ဆိုရင်လည်း တစာစာ အော်ငိုနေရတယ်။ အဲ့ဒီအချိန်မှာမှ ကိုယ်က သွားပြုစုလိုက်ရတဲ့အတွက် ကိုယ့်ရဲ့ အသံကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပြုစုမှုကြောင်ပဲဖြစ်ဖြစ်၊ ကိုယ့်ပေးလိုက်တဲ့ မေတ္တာကြောင့်ပဲ ဖြစ်ဖြစ် သူတို့တွေ ကောင်းသွားတာပဲ ဖြစ်ဖြစ်။ တခနတာလေး ပျော်ရွှင်မှုဖြစ်သွားတာပဲ ဖြစ်ဖြစ်။ အဲ့ဒီလို မေတ္တာပေးရတဲ့ အလုပ်ကို ကျမက အရမ်းနှစ်သက်တယ်။ အရမ်း မွန်မြတ်တယ်လို့လည်း ကျမ ထင်တယ်။ အဲ့ဒါကြောင့် ဒီ အလုပ်ကို ကျမ အရမ်း မြတ်နိုးတယ်ရှင့်။ အဲ့ဒါကြောင့် လုပ်နေတာဖြစ်တယ်ရှင့်။”

ဒါပေမဲ့ တဘက်မှာကျတော့လည်း ခုလို ကိုဗစ်ကပ်ဘေးကြီး ရင်ဆိုင်ရတဲ့အခါမှာ ဒီရောဂါကြီးက သူ့ရဲ့ ရေရှည်ဆိုးကျိုး ဘယ်လောက်အထိ ဘာတွေဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ သေချာမသိသေးပါဘူး။ ကျွမ်းကျင် ပညာရှင်တွေတောင် လေ့လာ ဆန်းစစ် သုတေသန လုပ်နေကြတုန်းပါပဲ။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာရော ကိုယ်က မစိုးရိမ်ဘူးလား။ ကိုယ်တိုင်လည်း အကူး ခံထားရပြီးပြီ။ နောက်ထပ်လည်း ကူးစက်ကောင်း ကူးစက်ခံရနိုင်တယ်။ အဲ့ဒီအတွက်ရော မစိုးရိမ်ဘူးလား။

“စိုးရိမ်တယ်ရှင့်။ ရိုးသားစွာ ပြောမယ်ဆိုရင် ကျမ စိုးရိမ်ပါတယ်။ တကယ်တော့ ဆေးရုံ ဆေးခန်း ဆိုတာ ကိုဗစ်မှမဟုတ်ဘူး။ တခြား ရောဂါတွေနဲ့လာတဲ့ လူနာတွေလည်း အများကြီးပဲ။ ကူးစက်နိုင်တဲ့ ရောဂါတွေပေါ့။ ကျမ အစိုးရိမ်ဆုံးကတော့ တကယ်လို့များ ကျမမှာလည်း ရောဂါ အခံတွေ ရှိတယ်လေ။ အခုဆိုရင် ကိုဗစ်လည်း ရှိခဲ့ပြီးပြီလေနော်။ တကယ်လို့ နောက်ထပ် ရောဂါ ခပ်ကြီးကြီးတခုများ ကျမ ခန္ဓာကိုယ်ထဲကို ဝင်လာမယ်ဆိုရင် ကျမရဲ့ ခန္ဓာကိုယ်က တိုက်ထုတ်တဲ့စနစ် immune system က တိုက်ထုတ်နိုင်ပါဦးမလားပေါ့။ အဲ့ဒါကို ကျမ နေ့တိုင်းလိုလို စိုးရိမ်တယ်။ ဒါပေမဲ့လည်း စိုးရိမ်စိတ် ဆိုတာကတော့ - ဆေးရုံဆေးခန်းမှာပဲလုပ်လုပ်၊ အပြင်မှာပဲလုပ်လုပ် ဒီရောဂါတွေက လူတွေကသာ မသိကြတာပါ။ နေ့တိုင်း ဒီရောဂါတွေနဲ့ ထိတွေ့နေကြတာပါ။ ဆေးရုံ ကတော့ ရောဂါသည်တွေ စုထားတဲ့နေရာ ဖြစ်နေတယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတာပေါ့။”

စိုးရိမ်စိတ်လည်း ရှိတယ်။ အခက်အခဲတွေလည်း ကြုံရတာ ရှိတယ်ဆိုတော့၊ အဲ့ဒီလို ကြုံရတဲ့အခါ ကျရင်ရော ဘယ်လို စိတ်ခွန်အားတွေနဲ့ ကျော်ဖြတ်ပါသလဲ။

“ကျော်ဖြတ်တဲ့နည်းလမ်းတွေ ကတော့ သူ့ပုံစံနဲ့သူ ရှိကြတာပေါ့နော်။ ကျမ ကတော့ ပြေးတာကို ဝါသနာ ပါတယ်။ တခါတလေ တအား စိတ်ဖိစီးတဲ့နေ့တွေ ဆိုရင် ကျမ ၁၀ မိုင်လောက်၊ မာရသွန် တခုလောက်လည်း ပြေးတတ်တယ်။ အဲ့ဒီလို ပြေးတယ်ဆိုရင် စိတ်ပေါ့သွားတယ်။ ပြီးတော့ ကျမ တရားထိုင်တယ်။ တရားထိုင်တယ်ဆိုရင် ကျမပွားချင်တဲ့ ချစ်ခြင်းမေတ္တာကို ကျမ ပိုပြီးတော့ ပွားနိုင်တယ်။ ပြီးတော့ ခုနကပြောသလို ကျမရဲ့ ခံယူချက်ပေါ့။ သြော်…လူ့ဘဝဆိုတာ မေတ္တာပေးရမယ်။ လူ့ဘဝဆိုတာ မတည်မြဲဘူး။ ဗုဒ္ဓဘာသာ တယောက် အနေနဲ့ ဘဝဟာ မတည်မြဲဘူး။ မတည်မြဲတဲ့ဟာတွေကို နေ့တိုင်း ကြုံနေရတယ်။ အဲ့တော့ အဲ့ဒီလိုမျိုး ပိုပြီးတော့ သဘောပေါက်လာတယ်။ တရားသဘောပေါ့။ ဆိုတော့ ကျမ အခက်အခဲတွေကို ကျော်လွှားတဲ့နည်းလမ်း ကတော့ တခြားသူတွေနဲ့တော့ တူချင်မှတူမယ်။ ဒါပေမဲ့ ကျမ အတွက်တော့ တကယ် အထောက်အကူ ဖြစ်တယ်။ ပြေးတာရယ်။ တရားထိုင်တာရယ်။ ပြီးတော့ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို လုပ်ရတဲ့အတွက် ခွန်အားက ထပ် ထပ် ဖြစ်သလို ဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီလိုနည်းလမ်းနဲ့ ကျမ ဖြတ်သန်းပါတယ်။”

အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။

“ဟုတ်ကဲ့။ ကျေးဇူး အများကြီး တင်ပါတယ်ရှင့်။”

XS
SM
MD
LG