No media source currently available
ယူကရိန်းသမ္မတဇလန်းစကီးဟာ မြို့တော်ကီးယက်ဗ်မှာပဲ သူဆက်လက်ရှိနေတယ်ဆိုတဲ့ အကြောင်း ဗွီဒီယိုကတဆင့် ဖေဖော်ဝါရီလ ၂၅ရက် သောကြာနေ့ညက သတင်းစကားပါးခဲ့ပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ မြို့တော်ကို ပစ်ခဲ့မှုတွေရှိနေတာပါ။