[Unicode/Zawgyi]
ျဗိတိန္ႏုိင္ငံ လန္ဒန္ျမိဳ႕က House of Fine Art အႏုပညာ ျပတိုက္မွာ အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ ဖန္တီးမႈ လက္ရာေတြကို သီးသန္႔ ခင္းက်င္း ျပသတဲ့ ျပပြဲတရပ္ က်င္းပခဲ့ပါတယ္။ ပန္းခ်ီ အႏုပညာလုပ္ငန္းေတြမွာ အမ်ိဳးသားေတြပဲ အဓိက လႊမ္းမိုးထားျပီး အမ်ိဳးသမီး အႏုပညာရွင္ေတြ နည္းပါးမႈကို မီးေမာင္းထိုးျပဖို႔ ျဖစ္သလို၊ အမ်ိဳးသမီး အႏုပညာရွင္ေတြ ပိုမို ေပၚထြန္းလာေရး အားေပးရာ ေရာက္ဖို႔အတြက္ ဒီျပပြဲကို စီစဥ္ခဲ့ၾကတာပါ။ အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ ဖန္တီးမႈ လက္ရာေတြကိုပဲ သီးသန္႔ခံစားႏုိင္မယ့္ ဒီ အထူးျပပြဲအေၾကာင္း ေအပီသတင္းေဆာင္းပါးကို အေျခခံျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။
ျဗိတိန္ႏုိင္ငံ လန္ဒန္ျမိဳ႕ ၊ Mayfair အရပ္မွာရွိတဲ့ House of Fine Art ၊ HOFA လို႔ အတုိေကာက္ေခၚတဲ့ အႏုပညာ ျပတိုက္မွာ ႏိုင္ငံ ၉ ႏုိင္ငံက နာမည္ၾကီး အမ်ိဳးသမီး အႏုပညာရွင္ ၁၂ ဦးရဲ႕ လက္ရာေတြကို အထူးျပပြဲအျဖစ္ စုစည္း ျပသခဲ့တာပါ။ အမ်ိဳးသမီးေတြကို ဂုဏ္ျပဳတဲ့ သမိုင္း၀င္လ ျဖစ္တဲ့ မတ္လထဲမွာ ဒီျပပြဲကို အထူးစီစဥ္ က်င္းပတာျဖစ္ျပီး မတ္လ ၈ ရက္ ႏုိင္ငံတကာ အမ်ိဳးသမီးမ်ားေန႔မွာ စတင္ ဖြင့္လွစ္ခဲ့တာပါ။
အမ်ိဳးသမီးေတြရဲ႕ အႏုပညာ ဖန္တီးမႈ လက္ရာေတြကိုပဲ သီးသန္႔ ခင္းက်င္းျပသထားတဲ့ ဒီျပပြဲကိုေတာ့ အံ့မခမ္း အႏုပညာ လက္ရာေတြ အျဖစ္ The Divine လို႔ နာမည္ေပးထားပါတယ္။ ပန္းခ်ီ အႏုပညာဖန္တီးမႈ လုပ္ငန္းေတြမွာ အမ်ိဳးသမီးေတြ ပါ၀င္ႏုိင္မႈ ဘယ္ေလာက္ နည္းပါးေနတယ္ဆိုတာကို ဒီျပပြဲက အဓိက မီးေမွာင္းထိုးျပလိုတာ ျဖစ္သလို၊ ဒီအေျခအေန ေျပာင္းလဲႏုိင္ေအာင္ ၾကိဳးပမ္းတဲ့အေနနဲ႔ ရည္ရြယ္က်င္းပတာ ျဖစ္တယ္လို႔ ပြဲစီစဥ္သူေတြက ေျပာပါတယ္။
အြန္လိုင္းအႏုပညာ ေရာင္းခ်မႈလုပ္ငန္း Artsy ရဲ႕ ၂၀၁၉ ခုႏွစ္ စစ္တမ္း အခ်က္အလက္ေတြ အရ ကမၻာတ၀န္း အႏုပညာျပခန္း ၃,၀၅၀ ကို ေလ့လာခဲ့တာမွာ ဒီျပခန္းေတြရဲ႕ ၄၈ % ေလာက္မွာ အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ လက္ရာေတြက ၂၅ နဲ႔ ၂၅ % ေအာက္သာ ပါ၀င္တာ ေတြ႔ရျပီး ျပခန္းေတြရဲ႕ ၁၀ % ေလာက္မွာေတာ့ အမ်ိဳးသမီး အႏုပညာလက္ရာေတြ ျပသထားတာ လံုး၀ကို မရွိတာ ေတြ႔ရပါတယ္။
ဒါေၾကာင့္ အခုလို အထူးျပပြဲမွာ သူ႔ပန္းခ်ီလက္ရာေတြ ျပသခြင့္ရလို႔ ကံေကာင္းတယ္လုိ႔ အိုင္ယာလန္ ပန္းခ်ီအႏုပညာရွင္ Mary Ronayne က ေျပာပါတယ္။
“တျခားသူေတြထက္ က်မ ပို ကံေကာင္းတယ္လို႔ ခံစားရပါတယ္။ က်မ ေလာက္ ကံမေကာင္းၾကတဲ့ တျခား အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ ကိုယ္စား ခုလို ေရွ႕ထြက္ တင္ျပခြင့္ရတာကို ၀မ္းသာရပါတယ္။ အမ်ိဳးသမီး အႏုပညာရွင္ေတြ နည္းပါးလြန္းျပီး ကြာဟလြန္းတဲ့ ဒီအေျခအေန မရွိေတာ့မယ့္ အခ်ိန္ကို တကယ္ပဲ ေတြ႔ျမင္ခ်င္ပါတယ္။ ခုထိေတာ့ က်မတို႔ မေရာက္ေသးပါဘူး။ ဘက္လိုက္မႈေတြ ရွိေနေသးသ၍ က်မတို႔ အမ်ိဳးသမီး အႏုပညာရွင္ေတြ အတြက္ ေရွ႕ထြက္ ေျပာဆိုေနၾကရဦးမွာပါပဲ။”
အခုျပပြဲမွာ Mary Ronayne ရဲ႕ အႏုပညာဖန္တီးမႈလက္ရာ ၄ ခု ပါ၀င္ပါတယ္။ သူ႔လက္ရာေတြထဲမွာ အမ်ိဳးသမီးေတြ ႏွင္းေလ ွ်ာစီးေနတာ၊ ေန႔လည္ခင္း ၀ိုင္းဖြဲ႔ လက္ဖက္ရည္ ေသာက္ေနတာေတြကို ရယ္ေမာ ေပ်ာ္ရႊင္စရာျဖစ္ေအာင္ ေပါ့ေပါ့ပါးပါး ဖန္တီးျပီး ျမင္လုိက္တာနဲ႔ ႏွစ္လိုဖြယ္ ျဖစ္ေအာင္ တမင္ ပံုေဖာ္ခဲ့တယ္လုိ႔ သူက ေျပာျပပါတယ္။
“ဒီျပပြဲမွာ က်မ လက္ရာ ပန္းခ်ီကားၾကီး ၄ ကား ျပထားပါတယ္။ ေၾကြေဆးသံုးျပီး ဆြဲထားတာပါ။ ဒါက တျခား ေဆး ေတြနဲ႔ လံုး၀ မတူပါဘူး။ ပန္းခ်ီ အႏုပညာပစၥည္းေတြ ေရာင္းတဲ့ဆိုင္မွာ ရွာလို႔ရတဲ့ပစၥည္း မဟုတ္ပါဘူး။ B&Q အိမ္သံုးပစၥည္းဆိုင္မ်ိဳးကို သြားရတာပါ။ ဒါက အိမ္သုတ္ေဆး တမ်ိဳးပါ။ က်မရဲ႕ အႏုပညာ လက္ရာေတြကို ရယ္ေမာေပ်ာ္ရႊင္စရာ ျဖစ္ေအာင္လည္း ဖန္တီးထားပါတယ္။ ျမင္လိုက္တာနဲ႔ ႏွစ္လိုဖြယ္ ျဖစ္ျပီး တျဖည္းျဖည္းခ်င္း ဆက္ၾကည့္ရင္းနဲ႔မွ က်မ ဒီမွာ ဘာ ေဖာ္ျပခ်င္တာလဲ ဆုိတာကို ခံစားရေစခ်င္ပါတယ္။ က်မတို႔ ကေလး ဘ၀ ကလိုေပါ့။ အရင္ဆံုး အေရာင္ေတြကို ၾကည့္မယ္။ ျပီးရင္ နည္းနည္းခ်င္း ပိုျမင္လာ ပိုခံစားလာရတာမ်ိဳးေပါ့။”
ကမာၻတ၀န္းက အႏုပညာျပခန္းေတြမွာ အမ်ိဳးသမီးေတြရဲ႕ အႏုပညာ လက္ရာေတြ ကိုယ္စားျပဳပါ၀င္မႈ အားနည္းတာကို HOFA ျပတိုက္ကေတာ့ ေျပာင္းလဲဖို႔ၾကိဳးစားေနပါတယ္။ ဒီႏွစ္ ၂၀၂၂ ခုႏွစ္တြင္း သူတို႔ျပတိုက္မွာ ျပသတဲ့ ျပပြဲေတြမွာ တေယာက္တည္း solo ျပပြဲပဲျဖစ္ျဖစ္၊ အုပ္စု တင္ဆက္မႈပဲ ျဖစ္ျဖစ္ ျပပြဲအားလံုးရဲ႕ ၅၀ % မွာ အမ်ိဳးသမီးလက္ရာေတြ ပါ၀င္ေအာင္ လုပ္သြားမယ္လို႔ HOFA ျပတိုက္က ကတိေပးထားပါတယ္။ ဒါဟာ တကယ့္ကို ၀မ္းသားစရာပါလို႔ Mary Ronayne က ေျပာပါတယ္။
"လက္ရွိမွာ အမ်ိဳးသမီး အႏုပညာရွင္ေတြကို အသားေပး ေဖာ္ျပတဲ့ ျပတိုက္ ဘယ္ႏွစ္ခုမ်ား ရွိလဲ။ HOFA (ဟိုဖာ) ျပတိုက္က ဒါကို ေကာင္းေကာင္း ေထာက္ျပလုိက္တာပါ။ ဒါေၾကာင့္ ခုလို အမ်ိဳးသမီး အႏုပညာရွင္ ၁၂ ဦး ကို္ယ္စား ၀မ္းသာရပါတ္ယ။ ႏွစ္တိုင္း ဒီအခ်ိန္ေရာက္တိုင္း ခုလို ဆက္လုပ္သြားႏုိင္ေအာင္ က်မတုိ႔ လုပ္ရပါမယ္။”
ဒီျပပြဲမွာ ပါ၀င္ ျပသခြင့္ရတဲ့ အႏုပညာရွင္ ေနာက္တဦးကေတာ့ မကၠဆီကို ႏုိင္ငံက Susana Anaya ပါ။ သူကေတာ့ သံုးဘက္ျမင္ အႏုပညာ လက္ရာပံုစံတခု ဖန္တီးထားျပီး သူ႔ရဲ႕ အႏုပညာဖန္တီးမႈ အေတာ္မ်ားမ်ားက တေပါင္းတစည္းတည္း ျဖစ္မႈကို ေဖာ္ျပေလ့ရွိပါတယ္။
“သူ႔ဟာသာ ျဖစ္လာတဲ့ ၀ကၤပါ တခုလို ပံုစံမ်ိဳး ဖန္တီးထားတာပါ။ အလႊာတိုင္းမွာ အထပ္ေပါင္းမ်ားစြာ အထပ္ထပ္ လုပ္ထားပါတယ္။ တခါတရံ သိပ္ေတြးေလ့မရွိတဲ့ ပံုစံမ်ိဳး၊ မျဖစ္ႏုိင္ဘူးလို႔ ထင္ရတဲ့ အရာမ်ိဳး ဖန္တီးထားတာပါ။”
သူ႔ရဲ႕ ဖန္တီးမႈကို အဆင့္ေပါင္းမ်ားစြာ အခ်ိန္ေပး လုပ္ေဆာင္ခဲ့ရေပမဲ့ ေနာက္ဆံုးထြက္လာတဲ့ ရလဒ္ကို အရမ္း ေက်နပ္ခဲ့ရတယ္လုိ႔ Susana Anaya က ေျပာပါတယ္။ ဒီျပပြဲမွာ ပါ၀င္တာနဲ႔ ပတ္သက္လို႔လည္း သူ႔ရဲ႕ အႏုပညာ လက္ရာေတြကို ျပသဖုိ႔ တခုတည္း မဟုတ္ဘဲ၊ ကိုယ့္ရဲ႕အႏုပညာ လက္ရာေတြကို ေဖာ္ျပခြင့္ မရၾကေသးတဲ့ လက္ရွိကာလ အႏုပညာရွင္ အမ်ိဳးသမီးေတြကိုေရာ၊ တခ်ိန္ အတိတ္က အႏုပညာရွင္ အမ်ိဳးသမီးေတြကိုပါ ကို္ယ္စားျပဳႏုိင္ဖို႔အတြက္ ျဖစ္ပါတယ္လို႔ Anaya က ေျပာပါတယ္။
"ကိုယ့္ရဲ႕ အႏုပညာနဲ႔ ခံစားခ်က္ေတြကို ထုတ္ေဖာ္ ျပသခြင့္ မရခဲ့ၾကတဲ့ လူမသိ သူမသိ အမ်ိဳးသမီး အႏုပညာရွင္ အားလံုးကို ဒီေနရာမွာ ကို္ယ္စားျပဳခြင့္ ရတဲ့အတြက္ အရမ္း ၀မ္းသာပါတယ္။ သူတို႔အားလံုးဟာ က်မအတြက္ သူရဲေကာင္းေတြပါ။”
ပန္းခ်ီ အႏုပညာဖန္တီးမႈ လုပ္ငန္းေတြမွာ ေအာင္ျမင္ေက်ာ္ၾကားသူ အမ်ားစုက အမ်ိဳးသားေတြပါ။ အမ်ိဳးသမီးအႏုပညာရွင္ေတြ အမ်ားအျပား ရွိေပမဲ့လို႔ သူတို႔ ေအာင္ျမင္ေက်ာ္ၾကားလာေအာင္ အသိအမွတ္ျပဳ ေျမေတာင္ေျမွာက္ေပးမႈေတြ ကေတာ့ နည္းေနပါေသးတယ္။ ဒါေၾကာင့္ ေခတ္သစ္ ေမာ္ဒန္ အႏုပညာရွင္ အမ်ိဳးသမီးေတြပဲျဖစ္ျဖစ္၊ သမုိင္းမွာ ရွိခဲ့ၾကတဲ့ အႏုပညာရွင္ အမ်ိဳးသမီးေတြပဲျဖစ္ျဖစ္ သူတို႔ရဲ႕လက္ရာေတြကို ခုလုိ ျပတိုက္ေတြမွာ ခင္းက်င္းျပသေပးဖို႔ အင္မတန္ အေရးၾကီးတယ္လို႔ HOFA ျပတိုက္ရဲ႕ အေရာင္းဌာန အၾကီးအကဲ Alex Pirinoli က ေျပာပါတယ္။
"ေခတ္သစ္အျမင္နဲ႔ပဲ ၾကည့္ၾကည့္၊ သမိုင္း အေျခအေနကိုပဲ ျပန္ၾကည့္ၾကည့္ အႏုပညာ ဖန္တီးမႈလုပ္ငန္းေတြမွာ အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈ၊ အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ တည္ရွိမႈေတြက အေရးၾကီးလို႔ က်ေနာ္တို႔ HOFA (ဟိုဖာ) ျပတိုက္က ယံုၾကည္ပါတယ္။ ခုခ်ိန္မွာ အမ်ိဳးသမီး အႏုပညာရွင္ေတြ အင္မတန္ နည္းပါးေနပါေသးတယ္။ ပန္းခ်ီ အႏုပညာ လုပ္ငန္းမွာ လူသိမ်ားတဲ့ အမ်ိဳးသမီး အႏုပညာရွင္လို႔ ေမးရင္ ၅ ေယာက္ေလာက္ပဲ ထင္ထင္ရွားရွား ေျပာႏုိင္ၾကမယ္ ထင္ပါတယ္။ ဒီအထဲမွာ Firda Kahlo ပါေကာင္း ပါ ပါလိမ့္မယ္။ ဒီလို အမ်ိဳးသမီး အႏုပညာရွင္ေတြ နည္းပါးလြန္းတဲ့ အေျခအေနကို လစ္လ်ဴရႈ မထားသင့္ဘူးလုိ႔ ထင္ပါတယ္။ ဒါကို ေျပာင္းလဲပစ္ဖို႔ လို္ပါတယ္။”
HOFA ျပတိုက္ရဲ႕ အခု အထူးျပပြဲမွာေတာ့ ေတာင္ကိုရီးယား၊ အိုင္ယာလန္၊ ၾသစေၾတးလ်၊ ႐ုရွား၊ ဘယ္လ္ဂ်ီယံ၊ အာဂ်င္တီးနား၊ ျပင္သစ္၊ တရုတ္နဲ႔ မကၠဆီကို စတဲ့ ေနရာေဒသစံုက အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ လက္ရာေတြကို စုစည္းထားတာ ျဖစ္ပါတယ္။ ခုလို အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ လက္ရာေတြကိုပဲ သီးသန္႔ စုစည္းေပးထားတဲ့အတြက္ အႏုပညာ လက္ရာေတြ စုေဆာင္းသူေတြ အတြက္လည္း အလြယ္တကူ ခံစားႏုိင္၊ အားေပး ၀ယ္ယူႏုိင္တဲ့ အခြင့္အလမ္း ရေစပါတယ္။ ဒါ့အျပင္ လူေတြရဲ႕ စိတ္ထဲမွာ အမ်ိဳးသား အႏုပညာရွင္ေတြရဲ႕ လက္ရာေတြကိုပဲ ပိုျပီး လုိလားတဲ့ ဘက္လိုက္ အေတြးေတြ ရွိေနတာကို သတိျပဳမိ လာေစတယ္လို႔ အႏုပညာလက္ရာေတြကို စုေဆာင္းသူ Jane Sweet က ေျပာပါတယ္။
“ခုလို တေနရာတည္းမွာ ၾကည့္ခြင့္ရဖို႔က က်မ အတြက္ တကယ္ပဲ အေရးၾကီးပါတယ္။ ၀ယ္သူေတြအတြက္က အႏုပညာလက္ရာေတြကို ၀ယ္ဖို႔ ပဲျဖစ္ျဖစ္၊ ၾကည့္ဖို႔ပဲ ျဖစ္ျဖစ္ ခုလို တစုတစည္းတည္း ေတြ႔ခြင့္ရဖို႔ အေရးၾကီးပါတယ္။ က်မ အေနနဲ႔ ဒီအႏုပညာရွင္မွ၊ ဟို အႏုပညာရွင္မွ ဆိုတာမ်ိဳး မရွိေပမဲ့လို႔ က်မ အရင္က စုေဆာင္းထားတဲ့ အႏုပညာလက္ရာေတြကို ျပန္ၾကည့္ရင္ေတာ့ အမ်ိဳးသားေတြရဲ႕ လက္ရာေတြက ပိုမ်ားေနပါတယ္။ အမ်ိဳးသား အႏုပညာရွင္ေတြရဲ႕ ဖန္တီးမႈေတြကို က်မ ပို သေဘာက်တာ မွန္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြရဲ႕ အႏုပညာ လက္ရာေတြကိုလည္း စုေဆာင္းခ်င္ပါတယ္။ အမ်ိဳးသမီးေတြရဲ႕ အႏုပညာာ ဖန္တီးမႈ လက္ရာေတြကလည္း အံ့မခန္းပါ။ ဒါေတြကို ျမင္ေတြ႔ရဖို႔ပဲ ဒီကို လာခဲ့တာပါ။ အရင္က ရွိခဲ့တဲ့ အမ်ိဳးသမီး အႏုပညာရွင္ေတြ၊ ေနာက္ထပ္ ေပၚထြက္လာဦးမယ့္ သူေတြ၊ အခု ဒီမွာရွိေနၾကတဲ့ အမ်ိဳးသမီး အႏုပညာရွင္ေတြ…ဒီလို အမ်ိဳးသမီးေတြရဲ႕ အံ့မခမ္း အႏုပညာလက္ရာေတြကို ျမင္ရဖို႔က အင့္မတန္ အင္မတန္ကို အေရးၾကီးပါတယ္။
HOFA ျပတိုက္က အမ်ိဳးသမီးအႏုပညာရွင္ေတြရဲ႕ ဒီအထူးျပပြဲကိုေတာ့ မတ္လ ၈ ရက္ေန႔ကေန ၂၂ ေန႔အထိ သီတင္း ၂ ပတ္ၾကာ ခင္းက်င္း ျပသခဲ့တာ ျဖစ္ပါတယ္။ ဒီအထူးျပပြဲ ကေန အမ်ိဳးသမီး အႏုပညာရွင္ေတြရဲ႕ ဖန္တီးမႈလက္ရာေတြကို လူေတြ ပိုမို သတိျပဳ အာ႐ံုစိုက္လာဖို႔သာ မက အမ်ိဳးသမီး အႏုပညာရွင္ေတြ ရွားပါးတဲ့ အေျခအေနကို ေျပာင္လဲပစ္ႏုိင္ဖို႔ ျပပြဲ စီစဥ္သူေတြနဲ႔ အမ်ိဳးသမီး အႏုပညာဖန္တီးသူေတြက ေမ ွ်ာ္လင့္ေနၾကတာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြး ပါရွင္။
===================================
[Unicode]
အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာ အထူးပြပွဲ (အမျိုးသမီးကဏ္ဍ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က House of Fine Art အနုပညာ ပြတိုက်မှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှု လက်ရာတွေကို သီးသန့် ခင်းကျင်း ပြသတဲ့ ပြပွဲတရပ် ကျင်းပခဲ့ပါတယ်။ ပန်းချီ အနုပညာလုပ်ငန်းတွေမှာ အမျိုးသားတွေပဲ အဓိက လွှမ်းမိုးထားပြီး အမျိုးသမီး အနုပညာရှင်တွေ နည်းပါးမှုကို မီးမောင်းထိုးပြဖို့ ဖြစ်သလို၊ အမျိုးသမီး အနုပညာရှင်တွေ ပိုမို ပေါ်ထွန်းလာရေး အားပေးရာ ရောက်ဖို့အတွက် ဒီပြပွဲကို စီစဉ်ခဲ့ကြတာပါ။ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှု လက်ရာတွေကိုပဲ သီးသန့်ခံစားနိုင်မယ့် ဒီ အထူးပြပွဲအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ၊ Mayfair အရပ်မှာရှိတဲ့ House of Fine Art ၊ HOFA လို့ အတိုကောက်ခေါ်တဲ့ အနုပညာ ပြတိုက်မှာ နိုင်ငံ ၉ နိုင်ငံက နာမည်ကြီး အမျိုးသမီး အနုပညာရှင် ၁၂ ဦးရဲ့ လက်ရာတွေကို အထူးပြပွဲအဖြစ် စုစည်း ပြသခဲ့တာပါ။ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ သမိုင်းဝင်လ ဖြစ်တဲ့ မတ်လထဲမှာ ဒီပြပွဲကို အထူးစီစဉ် ကျင်းပတာဖြစ်ပြီး မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။
အမျိုးသမီးတွေရဲ့ အနုပညာ ဖန်တီးမှု လက်ရာတွေကိုပဲ သီးသန့် ခင်းကျင်းပြသထားတဲ့ ဒီပြပွဲကိုတော့ အံ့မခမ်း အနုပညာ လက်ရာတွေ အဖြစ် The Divine လို့ နာမည်ပေးထားပါတယ်။ ပန်းချီ အနုပညာဖန်တီးမှု လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှု ဘယ်လောက် နည်းပါးနေတယ်ဆိုတာကို ဒီပြပွဲက အဓိက မီးမှောင်းထိုးပြလိုတာ ဖြစ်သလို၊ ဒီအခြေအနေ ပြောင်းလဲနိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အွန်လိုင်းအနုပညာ ရောင်းချမှုလုပ်ငန်း Artsy ရဲ့ ၂၀၁၉ ခုနှစ် စစ်တမ်း အချက်အလက်တွေ အရ ကမ္ဘာတဝန်း အနုပညာပြခန်း ၃,၀၅၀ ကို လေ့လာခဲ့တာမှာ ဒီပြခန်းတွေရဲ့ ၄၈ % လောက်မှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ လက်ရာတွေက ၂၅ နဲ့ ၂၅ % အောက်သာ ပါဝင်တာ တွေ့ရပြီး ပြခန်းတွေရဲ့ ၁၀ % လောက်မှာတော့ အမျိုးသမီး အနုပညာလက်ရာတွေ ပြသထားတာ လုံးဝကို မရှိတာ တွေ့ရပါတယ်။
ဒါကြောင့် အခုလို အထူးပြပွဲမှာ သူ့ပန်းချီလက်ရာတွေ ပြသခွင့်ရလို့ ကံကောင်းတယ်လို့ အိုင်ယာလန် ပန်းချီအနုပညာရှင် Mary Ronayne က ပြောပါတယ်။
“တခြားသူတွေထက် ကျမ ပို ကံကောင်းတယ်လို့ ခံစားရပါတယ်။ ကျမ လောက် ကံမကောင်းကြတဲ့ တခြား အမျိုးသမီး အနုပညာရှင်တွေရဲ့ ကိုယ်စား ခုလို ရှေ့ထွက် တင်ပြခွင့်ရတာကို ဝမ်းသာရပါတယ်။ အမျိုးသမီး အနုပညာရှင်တွေ နည်းပါးလွန်းပြီး ကွာဟလွန်းတဲ့ ဒီအခြေအနေ မရှိတော့မယ့် အချိန်ကို တကယ်ပဲ တွေ့မြင်ချင်ပါတယ်။ ခုထိတော့ ကျမတို့ မရောက်သေးပါဘူး။ ဘက်လိုက်မှုတွေ ရှိနေသေးသ၍ ကျမတို့ အမျိုးသမီး အနုပညာရှင်တွေ အတွက် ရှေ့ထွက် ပြောဆိုနေကြရဦးမှာပါပဲ။”
အခုပြပွဲမှာ Mary Ronayne ရဲ့ အနုပညာဖန်တီးမှုလက်ရာ ၄ ခု ပါဝင်ပါတယ်။ သူ့လက်ရာတွေထဲမှာ အမျိုးသမီးတွေ နှင်းလေ ျှာစီးနေတာ၊ နေ့လည်ခင်း ဝိုင်းဖွဲ့ လက်ဖက်ရည် သောက်နေတာတွေကို ရယ်မော ပျော်ရွှင်စရာဖြစ်အောင် ပေါ့ပေါ့ပါးပါး ဖန်တီးပြီး မြင်လိုက်တာနဲ့ နှစ်လိုဖွယ် ဖြစ်အောင် တမင် ပုံဖော်ခဲ့တယ်လို့ သူက ပြောပြပါတယ်။
“ဒီပြပွဲမှာ ကျမ လက်ရာ ပန်းချီကားကြီး ၄ ကား ပြထားပါတယ်။ ကြွေဆေးသုံးပြီး ဆွဲထားတာပါ။ ဒါက တခြား ဆေး တွေနဲ့ လုံး၀ မတူပါဘူး။ ပန်းချီ အနုပညာပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ရှာလို့ရတဲ့ပစ္စည်း မဟုတ်ပါဘူး။ B&Q အိမ်သုံးပစ္စည်းဆိုင်မျိုးကို သွားရတာပါ။ ဒါက အိမ်သုတ်ဆေး တမျိုးပါ။ ကျမရဲ့ အနုပညာ လက်ရာတွေကို ရယ်မောပျော်ရွှင်စရာ ဖြစ်အောင်လည်း ဖန်တီးထားပါတယ်။ မြင်လိုက်တာနဲ့ နှစ်လိုဖွယ် ဖြစ်ပြီး တဖြည်းဖြည်းချင်း ဆက်ကြည့်ရင်းနဲ့မှ ကျမ ဒီမှာ ဘာ ဖော်ပြချင်တာလဲ ဆိုတာကို ခံစားရစေချင်ပါတယ်။ ကျမတို့ ကလေး ဘ၀ ကလိုပေါ့။ အရင်ဆုံး အရောင်တွေကို ကြည့်မယ်။ ပြီးရင် နည်းနည်းချင်း ပိုမြင်လာ ပိုခံစားလာရတာမျိုးပေါ့။”
ကမ္ဘာတဝန်းက အနုပညာပြခန်းတွေမှာ အမျိုးသမီးတွေရဲ့ အနုပညာ လက်ရာတွေ ကိုယ်စားပြုပါဝင်မှု အားနည်းတာကို HOFA ပြတိုက်ကတော့ ပြောင်းလဲဖို့ကြိုးစားနေပါတယ်။ ဒီနှစ် ၂၀၂၂ ခုနှစ်တွင်း သူတို့ပြတိုက်မှာ ပြသတဲ့ ပြပွဲတွေမှာ တယောက်တည်း solo ပြပွဲပဲဖြစ်ဖြစ်၊ အုပ်စု တင်ဆက်မှုပဲ ဖြစ်ဖြစ် ပြပွဲအားလုံးရဲ့ ၅၀ % မှာ အမျိုးသမီးလက်ရာတွေ ပါဝင်အောင် လုပ်သွားမယ်လို့ HOFA ပြတိုက်က ကတိပေးထားပါတယ်။ ဒါဟာ တကယ့်ကို ဝမ်းသားစရာပါလို့ Mary Ronayne က ပြောပါတယ်။
"လက်ရှိမှာ အမျိုးသမီး အနုပညာရှင်တွေကို အသားပေး ဖော်ပြတဲ့ ပြတိုက် ဘယ်နှစ်ခုများ ရှိလဲ။ HOFA (ဟိုဖာ) ပြတိုက်က ဒါကို ကောင်းကောင်း ထောက်ပြလိုက်တာပါ။ ဒါကြောင့် ခုလို အမျိုးသမီး အနုပညာရှင် ၁၂ ဦး ကိုယ်စား ဝမ်းသာရပါတ်ယ။ နှစ်တိုင်း ဒီအချိန်ရောက်တိုင်း ခုလို ဆက်လုပ်သွားနိုင်အောင် ကျမတို့ လုပ်ရပါမယ်။”
ဒီပြပွဲမှာ ပါဝင် ပြသခွင့်ရတဲ့ အနုပညာရှင် နောက်တဦးကတော့ မက္ကဆီကို နိုင်ငံက Susana Anaya ပါ။ သူကတော့ သုံးဘက်မြင် အနုပညာ လက်ရာပုံစံတခု ဖန်တီးထားပြီး သူ့ရဲ့ အနုပညာဖန်တီးမှု အတော်များများက တပေါင်းတစည်းတည်း ဖြစ်မှုကို ဖော်ပြလေ့ရှိပါတယ်။
“သူ့ဟာသာ ဖြစ်လာတဲ့ ဝင်္ကပါ တခုလို ပုံစံမျိုး ဖန်တီးထားတာပါ။ အလွှာတိုင်းမှာ အထပ်ပေါင်းများစွာ အထပ်ထပ် လုပ်ထားပါတယ်။ တခါတရံ သိပ်တွေးလေ့မရှိတဲ့ ပုံစံမျိုး၊ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာမျိုး ဖန်တီးထားတာပါ။”
သူ့ရဲ့ ဖန်တီးမှုကို အဆင့်ပေါင်းများစွာ အချိန်ပေး လုပ်ဆောင်ခဲ့ရပေမဲ့ နောက်ဆုံးထွက်လာတဲ့ ရလဒ်ကို အရမ်း ကျေနပ်ခဲ့ရတယ်လို့ Susana Anaya က ပြောပါတယ်။ ဒီပြပွဲမှာ ပါဝင်တာနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ အနုပညာ လက်ရာတွေကို ပြသဖို့ တခုတည်း မဟုတ်ဘဲ၊ ကိုယ့်ရဲ့အနုပညာ လက်ရာတွေကို ဖော်ပြခွင့် မရကြသေးတဲ့ လက်ရှိကာလ အနုပညာရှင် အမျိုးသမီးတွေကိုရော၊ တချိန် အတိတ်က အနုပညာရှင် အမျိုးသမီးတွေကိုပါ ကိုယ်စားပြုနိုင်ဖို့အတွက် ဖြစ်ပါတယ်လို့ Anaya က ပြောပါတယ်။
"ကိုယ့်ရဲ့ အနုပညာနဲ့ ခံစားချက်တွေကို ထုတ်ဖော် ပြသခွင့် မရခဲ့ကြတဲ့ လူမသိ သူမသိ အမျိုးသမီး အနုပညာရှင် အားလုံးကို ဒီနေရာမှာ ကိုယ်စားပြုခွင့် ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ သူတို့အားလုံးဟာ ကျမအတွက် သူရဲကောင်းတွေပါ။”
ပန်းချီ အနုပညာဖန်တီးမှု လုပ်ငန်းတွေမှာ အောင်မြင်ကျော်ကြားသူ အများစုက အမျိုးသားတွေပါ။ အမျိုးသမီးအနုပညာရှင်တွေ အများအပြား ရှိပေမဲ့လို့ သူတို့ အောင်မြင်ကျော်ကြားလာအောင် အသိအမှတ်ပြု မြေတောင်မြှောက်ပေးမှုတွေ ကတော့ နည်းနေပါသေးတယ်။ ဒါကြောင့် ခေတ်သစ် မော်ဒန် အနုပညာရှင် အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ သမိုင်းမှာ ရှိခဲ့ကြတဲ့ အနုပညာရှင် အမျိုးသမီးတွေပဲဖြစ်ဖြစ် သူတို့ရဲ့လက်ရာတွေကို ခုလို ပြတိုက်တွေမှာ ခင်းကျင်းပြသပေးဖို့ အင်မတန် အရေးကြီးတယ်လို့ HOFA ပြတိုက်ရဲ့ အရောင်းဌာန အကြီးအကဲ Alex Pirinoli က ပြောပါတယ်။
"ခေတ်သစ်အမြင်နဲ့ပဲ ကြည့်ကြည့်၊ သမိုင်း အခြေအနေကိုပဲ ပြန်ကြည့်ကြည့် အနုပညာ ဖန်တီးမှုလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ အမျိုးသမီး အနုပညာရှင်တွေရဲ့ တည်ရှိမှုတွေက အရေးကြီးလို့ ကျနော်တို့ HOFA (ဟိုဖာ) ပြတိုက်က ယုံကြည်ပါတယ်။ ခုချိန်မှာ အမျိုးသမီး အနုပညာရှင်တွေ အင်မတန် နည်းပါးနေပါသေးတယ်။ ပန်းချီ အနုပညာ လုပ်ငန်းမှာ လူသိများတဲ့ အမျိုးသမီး အနုပညာရှင်လို့ မေးရင် ၅ ယောက်လောက်ပဲ ထင်ထင်ရှားရှား ပြောနိုင်ကြမယ် ထင်ပါတယ်။ ဒီအထဲမှာ Firda Kahlo ပါကောင်း ပါ ပါလိမ့်မယ်။ ဒီလို အမျိုးသမီး အနုပညာရှင်တွေ နည်းပါးလွန်းတဲ့ အခြေအနေကို လစ်လျူရှု မထားသင့်ဘူးလို့ ထင်ပါတယ်။ ဒါကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။”
HOFA ပြတိုက်ရဲ့ အခု အထူးပြပွဲမှာတော့ တောင်ကိုရီးယား၊ အိုင်ယာလန်၊ သြစတြေးလျ၊ ရုရှား၊ ဘယ်လ်ဂျီယံ၊ အာဂျင်တီးနား၊ ပြင်သစ်၊ တရုတ်နဲ့ မက္ကဆီကို စတဲ့ နေရာဒေသစုံက အမျိုးသမီး အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ခုလို အမျိုးသမီး အနုပညာရှင်တွေရဲ့ လက်ရာတွေကိုပဲ သီးသန့် စုစည်းပေးထားတဲ့အတွက် အနုပညာ လက်ရာတွေ စုဆောင်းသူတွေ အတွက်လည်း အလွယ်တကူ ခံစားနိုင်၊ အားပေး ဝယ်ယူနိုင်တဲ့ အခွင့်အလမ်း ရစေပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ထဲမှာ အမျိုးသား အနုပညာရှင်တွေရဲ့ လက်ရာတွေကိုပဲ ပိုပြီး လိုလားတဲ့ ဘက်လိုက် အတွေးတွေ ရှိနေတာကို သတိပြုမိ လာစေတယ်လို့ အနုပညာလက်ရာတွေကို စုဆောင်းသူ Jane Sweet က ပြောပါတယ်။
“ခုလို တနေရာတည်းမှာ ကြည့်ခွင့်ရဖို့က ကျမ အတွက် တကယ်ပဲ အရေးကြီးပါတယ်။ ဝယ်သူတွေအတွက်က အနုပညာလက်ရာတွေကို ဝယ်ဖို့ ပဲဖြစ်ဖြစ်၊ ကြည့်ဖို့ပဲ ဖြစ်ဖြစ် ခုလို တစုတစည်းတည်း တွေ့ခွင့်ရဖို့ အရေးကြီးပါတယ်။ ကျမ အနေနဲ့ ဒီအနုပညာရှင်မှ၊ ဟို အနုပညာရှင်မှ ဆိုတာမျိုး မရှိပေမဲ့လို့ ကျမ အရင်က စုဆောင်းထားတဲ့ အနုပညာလက်ရာတွေကို ပြန်ကြည့်ရင်တော့ အမျိုးသားတွေရဲ့ လက်ရာတွေက ပိုများနေပါတယ်။ အမျိုးသား အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ကျမ ပို သဘောကျတာ မှန်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အနုပညာ လက်ရာတွေကိုလည်း စုဆောင်းချင်ပါတယ်။ အမျိုးသမီးတွေရဲ့ အနုပညာာ ဖန်တီးမှု လက်ရာတွေကလည်း အံ့မခန်းပါ။ ဒါတွေကို မြင်တွေ့ရဖို့ပဲ ဒီကို လာခဲ့တာပါ။ အရင်က ရှိခဲ့တဲ့ အမျိုးသမီး အနုပညာရှင်တွေ၊ နောက်ထပ် ပေါ်ထွက်လာဦးမယ့် သူတွေ၊ အခု ဒီမှာရှိနေကြတဲ့ အမျိုးသမီး အနုပညာရှင်တွေ…ဒီလို အမျိုးသမီးတွေရဲ့ အံ့မခမ်း အနုပညာလက်ရာတွေကို မြင်ရဖို့က အင့်မတန် အင်မတန်ကို အရေးကြီးပါတယ်။
HOFA ပြတိုက်က အမျိုးသမီးအနုပညာရှင်တွေရဲ့ ဒီအထူးပြပွဲကိုတော့ မတ်လ ၈ ရက်နေ့ကနေ ၂၂ နေ့အထိ သီတင်း ၂ ပတ်ကြာ ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီအထူးပြပွဲ ကနေ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာတွေကို လူတွေ ပိုမို သတိပြု အာရုံစိုက်လာဖို့သာ မက အမျိုးသမီး အနုပညာရှင်တွေ ရှားပါးတဲ့ အခြေအနေကို ပြောင်လဲပစ်နိုင်ဖို့ ပြပွဲ စီစဉ်သူတွေနဲ့ အမျိုးသမီး အနုပညာဖန်တီးသူတွေက မေ ျှာ်လင့်နေကြတာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။