No media source currently available
အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ်ထဲမှာ မတ်လ ၂၈ရက်နေ့က နှင်းထူထပ်စွာကျဆင်းလို့ လမ်းချော်ပြီး ကားတွေ အရှိန်မထိန်းနိုင်ဘဲ ကားအစီးရေ ၅၀ ကျော်ထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ကုန်တင်ကားအကြီးတွေလည်းပါဝင်တာကြောင့် ထိခိုက်မှုပြင်းထန်ပြီး လူတဒါဇင်ကျော် ဒဏ်ရာရကာ အနည်းဆုံး သုံးဦးသေဆုံးခဲ့ပါတယ်။