[[ ZAWGYI ]]
ယူကရိန္းစစ္ေၾကာင္႔ ဖံြ႕ၿဖိဳးဆဲႏိုင္ငံေတြ စီးပါြးေရးအခက္ၾကံဳဖြယ္ ကုလသတိေပး
ရုရွား-ယူကရိန္းစစ္ပဲြေၾကာင့္ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြမွာ ျပင္းထန္တဲ့မုန္တုိင္း တုိက္ခံရသလုိ ထိခုိက္ဆုံးရႈံးၿပီး စီးပြားေရး ပ်က္စီးမယ့္ အႏၱရယ္ေတြ ရွိေနတယ္လုိ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ဗုဒၶဟူးေန႔မွာ ေျပာဆုိလုိက္ပါတယ္။
“လူဦးေရသန္း ၁၇၀၀ ေက်ာ္ဟာ အစားအစာ၊ ေလာင္စာဆီနဲ႔ ေငြေၾကးစနစ္ေတြ မလုံေလာက္မႈ ၊ ထိခုိက္ပ်က္စီးမႈနဲ႔ ႀကဳံရႏုိင္ပါတယ္။ အဲဒီ လူဦးေရရဲ့ ၃ ပုံ ၁ ပုံဟာ ဆင္းရဲမဲြေတမႈ အမွတ္မ်ဥ္းရဲ့ေအာက္မွာ ေရာက္ရွိေနၿပီးသားျဖစ္ပါတယ္။ အခုခါမွာ ပုိၿပီးေတာ့ ဆင္းရဲမႈ၊ ငတ္မြတ္မႈေတြနဲ႔ ႀကဳံရမွာျဖစ္ပါတယ္။” လုိ႔ အတြင္းေရးမွဴးခ်ဳပ္ Antonyo Guterres က ကမၻာ့ပဋိပက တုန္႔ျပန္ေဆာင္ရြက္ေရးအဖဲြ႔ရဲ႕ စီရင္ခံစာ စတင္တဲ့ပဲြမွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။
ကမၻာ့အဆင္းရဲဆုံး ႏိုင္ငံေတြအပါအ၀င္ ႏုိင္ငံေပါင္း ၃၆ ႏုိင္ငံဟာ သူတုိ႔ဂ်ဳံတင္သြင္းမႈရဲ႕ တ၀က္ေက်ာ္ကုိ ရုရွားနဲ႔ ယူကရိန္းကဂ်ဳံကုိမွီခုိအားထားေနရတာ ျဖစ္ပါတယ္။ ဇႏၷ၀ါရီလနဲ႔ ႏႈိင္းစာရင္ အခုအခ်ိန္မွာ ဂ်ဳံ ေစ်းႏႈန္းဟာ ၃၀ ေက်ာ္ တက္သြားၿပီျဖစ္ပါတယ္။
ရုရွားသမၼတ ပူတင္ရဲ႕ စစ္အသုံးစရိတ္ေတြကုိ ျဖတ္ေတာက္ႏုိင္ဖုိ႔ ေလာင္စာဆီ တင္သြင္းမႈေတြကုိ ပိတ္ပင္အေရးယူခဲ့ၿပီးေနာက္ ေလာင္စာဆီ ေစ်းေတြဟာလည္း ၂ ဆ တက္သြားခဲ့ပါတယ္။ ရုရွားဟာ ကမၻာေပၚမွာ ဓာတ္ေျမၾသဇာ အမ်ားဆုံး ထုတ္လုပ္တဲ့ႏုိင္ငံ ျဖစ္တာေၾကာင့္ အခုအခါမွာ ဓာတ္ေျမၾသဇာေစ်းေတြလည္းတက္ကုန္ပါတယ္။
စစ္ပဲြဟာ အေျခအေနဆုိးေနတာေတြကုိ ပုိဆုိးသြားေစပါတယ္။ ကုန္ေစ်းႏႈန္း တက္သြားတဲ့အတြက္၊ ငတ္မြတ္မႈ၊ အဟာရခ်ိဳ႕တဲ့မႈဒဏ္ေတြကုိ ခံၾကရမွာပါ။ အထူးသျဖင့္ေတာ့ ကေလးသူငယ္ေတြ ျဖစ္တယ္လုိ႔ အတြင္းေရးမွဴးခ်ဳပ္ Guterres ကေျပာဆုိခဲ့ပါတယ္။
ဒါ့အျပင္ ကမၻာ့ေငြေၾကးေဖါင္းပြမႈႏႈန္ းတက္လာၿပီး၊ ၀ယ္လုိအားက်ကာ ျပည္တြင္းထုတ္ လုပ္မႈနဲ႔ ဖြံ႔ၿဖိဳးတုိးတက္မႈေတြ က်ဆင္းသြားမွာကုိ စုိးရိမ္ေနၾကပါတယ္။ အထူးသျဖင့္ေတာ့ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြမွာ ေၾကြးၿမီေတြတက္ၿပီး၊ အဆုိးဆုံးဒဏ္ ခံရႏုိင္တယ္လုိ႔ အတြင္းေရးမွဴးခ်ဳပ္ Antonyo Guterres က ရုရွား-ယူကရိန္း စတင္ျဖစ္ပြားခ်ိန္က တာ၀န္ေပးခဲ့တဲ့ Global Crisis Response Group ကမၻာ့ပဋိပကၡ တုန့္ျပန္ေဆာင္ရြက္ေရးအဖဲြ့ရဲ႕ အစီရင္ခံစာ ထုတ္ျပန္တဲ့ပဲြမွာ မွတ္ခ်က္ျပဳ ေျပာဆုိခဲ့တာျဖစ္ပါတယ္။
==================
{{ UNICODE }}
ယူကရိန်းစစ်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ စီးပါွးရေးအခက်ကြုံဖွယ် ကုလသတိပေး
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြင်းထန်တဲ့မုန်တိုင်း တိုက်ခံရသလို ထိခိုက်ဆုံးရှုံးပြီး စီးပွားရေး ပျက်စီးမယ့် အန္တရယ်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
“လူဦးရေသန်း ၁၇၀၀ ကျော်ဟာ အစားအစာ၊ လောင်စာဆီနဲ့ ငွေကြေးစနစ်တွေ မလုံလောက်မှု ၊ ထိခိုက်ပျက်စီးမှုနဲ့ ကြုံရနိုင်ပါတယ်။ အဲဒီ လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ ဆင်းရဲမွဲတေမှု အမှတ်မျဉ်းရဲ့အောက်မှာ ရောက်ရှိနေပြီးသားဖြစ်ပါတယ်။ အခုခါမှာ ပိုပြီးတော့ ဆင်းရဲမှု၊ ငတ်မွတ်မှုတွေနဲ့ ကြုံရမှာဖြစ်ပါတယ်။” လို့ အတွင်းရေးမှူးချုပ် Antonyo Guterres က ကမ္ဘာ့ပဋိပက တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ရဲ့ စီရင်ခံစာ စတင်တဲ့ပွဲမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံဟာ သူတို့ဂျုံတင်သွင်းမှုရဲ့ တဝက်ကျော်ကို ရုရှားနဲ့ ယူကရိန်းကဂျုံကိုမှီခိုအားထားနေရတာ ဖြစ်ပါတယ်။ ဇန္နဝါရီလနဲ့ နှိုင်းစာရင် အခုအချိန်မှာ ဂျုံ ဈေးနှုန်းဟာ ၃၀ ကျော် တက်သွားပြီဖြစ်ပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ စစ်အသုံးစရိတ်တွေကို ဖြတ်တောက်နိုင်ဖို့ လောင်စာဆီ တင်သွင်းမှုတွေကို ပိတ်ပင်အရေးယူခဲ့ပြီးနောက် လောင်စာဆီ ဈေးတွေဟာလည်း ၂ ဆ တက်သွားခဲ့ပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ ဓာတ်မြေသြဇာ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်တာကြောင့် အခုအခါမှာ ဓာတ်မြေသြဇာဈေးတွေလည်းတက်ကုန်ပါတယ်။
စစ်ပွဲဟာ အခြေအနေဆိုးနေတာတွေကို ပိုဆိုးသွားစေပါတယ်။ ကုန်ဈေးနှုန်း တက်သွားတဲ့အတွက်၊ ငတ်မွတ်မှု၊ အဟာရချို့တဲ့မှုဒဏ်တွေကို ခံကြရမှာပါ။ အထူးသဖြင့်တော့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres ကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ငွေကြေးဖေါင်းပွမှုနှုန် းတက်လာပြီး၊ ဝယ်လိုအားကျကာ ပြည်တွင်းထုတ် လုပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ကျဆင်းသွားမှာကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြွေးမြီတွေတက်ပြီး၊ အဆိုးဆုံးဒဏ် ခံရနိုင်တယ်လို့ အတွင်းရေးမှူးချုပ် Antonyo Guterres က ရုရှား-ယူကရိန်း စတင်ဖြစ်ပွားချိန်က တာဝန်ပေးခဲ့တဲ့ Global Crisis Response Group ကမ္ဘာ့ပဋိပက္ခ တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲမှာ မှတ်ချက်ပြု ပြောဆိုခဲ့တာဖြစ်ပါတယ်။