သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



New York City police and other law enforcement officials lead subway shooting suspect Frank R. James, 62, center, away from a police station in New York, April 13, 2022. The man accused of shooting multiple people on a Brooklyn subway train was arrested W


[Zawgyi/Unicode]







တိုက်ရိုက် လင့်ခ်

###

[Unicode]

နယူးယောက် ဘူတာရုံ သေနတ်သမား ကို အကြမ်းဖက်ပြစ်မှုနဲ့ စွဲဆိုဖမ်းဆီး

အင်္ဂါနေ့မနက်ပိုင်းက နယူးယောက်မြို့မြေအောက်ရထားမှာလူဒါဇင်နဲ့ချီဒါဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းက ဖမ်းဆီးမိခဲ့ပြီး၊ အကြမ်းဖက်ဖစ်ခတ်မှုနဲ့အမှု ဖွင့်စွဲဆိုလိုက်ပါတယ်။

အသက် ၆၂ နှစ်အရွယ်ဖရန့်ဂျိမ်း ကိုလူထုကသတင်းပေးတဲ့အတွက် နယူးယောက်မြို့ မဟန်တန် အရှေ့ပိုင်းရပ်ကွက်မှာ ရဲ တွေကသူ့ကိုဖမ်းဆီးမိခဲ့တာလို့ New York Time သတင်းစာမှာဖေါ်ပြထားပါတယ်။

သေနတ်သမားရဲပစ်ခတ်မှုကြောင့်လူ ၁၀ ဦးထိမှန်ခဲ့ပြီး ၅ ဦးဒါဏ်ရာအပြင်းအထန်ရခဲ့ေ ပမယ့်၊ အသက်အန္တရယ်မစိုးရိမ်ရဘူးလို့သိရပါတယ်။

ဘာရည်ရွယ်ချက်နဲ့အခုလိုပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဆိုတာကို မသိရပေမယ့်၊ Online Video တခုမှာ သူ့ကိုအရာရာအတွက်စိတ်ဆိုးဒေါသဖြစ်နေတတ်သူအဖြစ်ပုံဖေါ် ထားပါတယ်။

သူ့ဒေါ်သဖြစ်တဲ့အထဲမှာ လူမျိုးရေးအရခွဲခြားဆက်ဆံတာ၊ လူမဲအသိုင်းအဝိုင်းအကြား အကြမ်းဖက်မှု၊ အိမ်ယာမဲ့ဖြစ်မှု စတာတွေအပြင်၊ နယူးယောက်မြို့တော်ဝန် အဲရစ် အက်ဒမ် ရဲ့မူဝါဒတချို့ကိုမနှစ်မြို့တာစတာတွေပါဝင်ပါတယ်။

XS
SM
MD
LG