Zawgyi/Unicode
ကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Madeleine Albright စ်ာပန ကမ႓ာ့ေခါင္းေဆာင္မ်ားတက္ေရာက္
စစ္ဒဏ္သင့္ ဥေရာပက ဒုကၡသည္ကေလးငယ္ အျဖစ္ကေန အေမရိကန္မွာ ပထမဆုံး အမ်ဳိးသမီး ႏိုင္ငံျခားေရး၀န္ႀကီး ျဖစ္လာတဲ့ ကြယ္လြန္သူ Madeleine Albright ရဲ႕ ဗုဒၶဟူးေန႔ စ်ာပနအခမ္းအနားကို ကမာၻ႔ေခါင္းေဆာင္ေတြ၊ အေမရိကန္ ႏိုင္ငံေရးနဲ႔ သံတမန္ေရး အသိုင္းအဝိုင္းက ထင္ရွားသူေတြ တက္ေရာက္ၾကပါတယ္။ ႏိုင္ငံျခားေရး ၀န္ႀကီးအျဖစ္ ပထမဆုံး ေရြးခ်ယ္ခန္႔အပ္ တာ၀န္ေပးခဲ့တဲ့ သမၼတေဟာင္း Bill Clinton သမၼတေဟာင္း Barack Obama နဲ႔ သမၼတ Joe Biden တို႔လည္း တက္ေရာက္ဂါရဝျပဳခဲ့ၾကတာပါ။ (Act. President Biden)
“အေမရိကန္ ျဖစ္ရတဲ့အတြက္ က်ေနာ္တို႔အားလုံး ပိုၿပီးဂုဏ္ယူစရာေကာင္းေအာင္ လုပ္ေပးခဲ့တဲ့ ဂုဏ္ယူစရာ အေမရိကန္ စစ္စစ္တေယာက္ကို က်ေနာ္တို႔ ဒီကေန႔ ဂုဏ္ျပဳၾကတာပါ။” လို႔ ဧည့္ပရိတ္သတ္ ၁၄၀၀ ေလာက္ တက္ေရာက္လာတဲ့ ဝါရွင္တန္ၿမိဳ႕ေတာ္က National Cathedral ဘုရားေက်ာင္းက အခမ္းအနားမွာ သမၼတဘိုင္ဒင္ ေျပာၾကားသြားတာပါ။ အသက္ ၈၄ ႏွစ္အရြယ္ ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း Albright ဟာ ၿပီးခဲ့တဲ့လက ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားတဲ့အတြက္ ကမာၻတလႊားက ၀မ္းနည္းစကားပါးခဲ့ၾကသလို၊ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအတြက္ ႀကိဳးပမ္းမႈေတြကိုလည္း ခ်ီးက်ဳးခဲ့ၾကပါတယ္။ ျမန္မာ့အေရး အာ႐ုံစိုက္ ေဆာင္ရြက္ခဲ့သူလည္းျဖစ္တဲ့ ၀န္ႀကီးေဟာင္း Albright ဟာ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးအျဖစ္ ၁၉၉၅ ခုႏွစ္က ျမန္မာႏိုင္ငံကို ေရာက္ရွိခဲ့ဖူးသလို၊၂၀၁၃ ခုႏွစ္က ရန္ကုန္တကၠသုိလ္ စိန္ရတု အခမ္းအနားကုိလည္း တက္ေရာက္ခဲ့ဖူးပါတယ္။
ဝါရွင္တန္က စ်ာပနအခမ္းအနားကိုေတာ့ ေဂ်ာ္ဂ်ီယာ၊ ကိုဆိုဗိုႏိုင္ငံ သမၼတေတြ၊ ကိုလံဘီယာ၊ ေဘာ့စ္နီးယားနဲ႔ ခ်က္သမၼတႏိုင္ငံေတြက အႀကီးတန္း အရာရွိေတြ တက္ေရာက္ခဲ့ၾကတာပါ။
Unicode
ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ဈာပန ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်
စစ်ဒဏ်သင့် ဥရောပက ဒုက္ခသည်ကလေးငယ် အဖြစ်ကနေ အမေရိကန်မှာ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ ကွယ်လွန်သူ Madeleine Albright ရဲ့ ဗုဒ္ဓဟူးနေ့ ဈာပနအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ အမေရိကန် နိုင်ငံရေးနဲ့ သံတမန်ရေး အသိုင်းအဝိုင်းက ထင်ရှားသူတွေ တက်ရောက်ကြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပထမဆုံး ရွေးချယ်ခန့်အပ် တာဝန်ပေးခဲ့တဲ့ သမ္မတဟောင်း Bill Clinton သမ္မတဟောင်း Barack Obama နဲ့ သမ္မတ Joe Biden တို့လည်း တက်ရောက်ဂါရဝပြုခဲ့ကြတာပါ။ (Act. President Biden)
“အမေရိကန် ဖြစ်ရတဲ့အတွက် ကျနော်တို့အားလုံး ပိုပြီးဂုဏ်ယူစရာကောင်းအောင် လုပ်ပေးခဲ့တဲ့ ဂုဏ်ယူစရာ အမေရိကန် စစ်စစ်တယောက်ကို ကျနော်တို့ ဒီကနေ့ ဂုဏ်ပြုကြတာပါ။” လို့ ဧည့်ပရိတ်သတ် ၁၄၀၀ လောက် တက်ရောက်လာတဲ့ ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းက အခမ်းအနားမှာ သမ္မတဘိုင်ဒင် ပြောကြားသွားတာပါ။ အသက် ၈၄ နှစ်အရွယ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Albright ဟာ ပြီးခဲ့တဲ့လက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့အတွက် ကမ္ဘာတလွှားက ဝမ်းနည်းစကားပါးခဲ့ကြသလို၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုတွေကိုလည်း ချီးကျုးခဲ့ကြပါတယ်။ မြန်မာ့အရေး အာရုံစိုက် ဆောင်ရွက်ခဲ့သူလည်းဖြစ်တဲ့ ဝန်ကြီးဟောင်း Albright ဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးသလို၊၂၀၁၃ ခုနှစ်က ရန်ကုန်တက္ကသိုလ် စိန်ရတု အခမ်းအနားကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။
ဝါရှင်တန်က ဈာပနအခမ်းအနားကိုတော့ ဂျော်ဂျီယာ၊ ကိုဆိုဗိုနိုင်ငံ သမ္မတတွေ၊ ကိုလံဘီယာ၊ ဘော့စ်နီးယားနဲ့ ချက်သမ္မတနိုင်ငံတွေက အကြီးတန်း အရာရှိတွေ တက်ရောက်ခဲ့ကြတာပါ။