သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးေတာင္ပိုင္း စစ္ေရွာင္တခ်ိဳ႕ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါျဖစ္ပြါး


[[ ZAWGYI / UNICODE ]]

ကေလးေတာင္ပိုင္း စစ္ေရွာင္တခ်ိဳ႕ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါျဖစ္ပြါး

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ စစ္ေကာင္စီတပ္နဲ႔ေဒသခံကာကြယ္ေရးPDFတို႔တိုက္ပြဲအတြင္း ေနရပ္ကေနတိမ္းေရွာင္ေနၾကတဲ့ စစ္ေရွာင္႐ြာသားတခ်ိဳ႕ မသန႔္ရွင္းတဲ့ေရကိုေသာက္သုံးမိလို႔ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါျဖစ္ပြါးေနၾကၿပီး ေဒသခံက်န္းမာေရးအဖြဲ႕ကဘဲ ကုသေပးေနတယ္လို႔ က်န္းမာေရးဝန္ထမ္းတဦးကေျပာပါတယ္။ လက္ရွိကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ စစ္ေကာင္စီတပ္က ထိုးစစ္ဆင္ေနဆဲအေျခအေနေၾကာင့္ စစ္ေရွာင္ေတြ ေနရပ္မျပန္ႏိုင္ေသးသလို တိုက္ပြဲအတြင္းမီးရႈိ႕ခံရတဲ့႐ြာေတြ ျပန္လည္ထူေထာင္ေရးမလုပ္ႏိုင္ေသးဘူးလို႔ ေဒသခံေတြ ကေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကသတင္းေပးပို႔ပါတယ္။

တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြါ စစ္ေဘးတိမ္းေရွာင္ေနၾကရတဲ့ ကေလးၿမိဳ႕ေတာင္ပိုင္းက ဒိုးႏြယ္ေက်း႐ြာသား စစ္ေဘးေရွာင္ျပည္သူေတြဟာ မသန႔္ရွင္းေသာေရေသာက္သုံးမိတာေၾကာင့္ ဝမ္းပ်က္ဝမ္းေလ်ာျဖစ္ပြားေနတယ္လို႔ ကေလးၿမိဳ႕နယ္ ေတာင္ပိုင္းဘက္က စစ္ေရွာင္အကူအညီေပးသူက်န္းမာေရးဝန္ထမ္းတဦးကေျပာပါတယ္။

“ ဒိုးႏြယ္မွာေတာ့ဝမ္းေရာဂါျဖစ္ေနတယ္။ (၅၀)ေလာက္ျဖစ္ေနတယ္။ ေႏြရာသီဆိုေတာ့ေလ ေရေၾကာင့္ျဖစ္တာေပါ့ အဓိကက။ ေနပူလိုက္ မိုး႐ြာလိုက္ဆိုေတာ့ ျမစ္ေရကလဲေနာက္တယ္။ စစ္ေဘးဒုကၡသည္ေတြအတြက္ ေနရထိုင္ရတာလဲ သန႔္ရွင္းသပ္ယပ္မႈမရွိဘူးေလ။ စားေသာက္တာကအစေပါ့။ ယင္ေတြကလဲ အခုအခ်ိန္မွာ တအားေပါတာကိုး။ ”

ဒီစစ္ေဘးေရွာင္ေတြဟာ မသန႔္ရွင္းတဲ့ ျမစ္သာျမစ္ေရကို သုံးစြဲမိရာကအစ ဝမ္းေပ်က္ေရာဂါျဖစ္ပြါးတာလို႔ဆိုပါတယ္။ ေရာဂါျဖစ္ပြါးေနတဲ့သူေတြကို အရပ္ဖက္က်န္းမာေရးအဖြဲ႕ေတြကေန ကုသေပးေနတယ္လို႔ ဆက္ေျပာပါတယ္။

“ ေလာေလာဆယ္ေတာ့ကြၽန္ေတာ္တို႔ ဒီဘက္မွာ အဖြဲ႕အစည္းေလးေတြရွိတယ္ဗ်။ ေဆးကုတဲ့အဖြဲ႕အစည္းေလးေတြ။ Medical Clinic ၿပီးရင္ဒီ ေထာက္ပံ့ေရးအဖြဲ႕ေတြ အဲတာေတြက ဝိုင္းဝန္းကူညီၿပီးကုေပးေနပါတယ္။ ”

ဝမ္းေပ်က္ေရာဂါျဖစ္ပြါးေနေပမဲ့ အသက္ဆုံးရႈံးသြားတာေတာ့မရွိဘူးလို႔လဲဆိုပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ ေဒသခံျပည္သူ႔ကာကြယ္ေရးPDFအဖြဲ႕ CDFအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြါးမႈျဖစ္စဥ္အတြင္း ေဒသခံတေသာင္းေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတာပါ။ တိုက္ပြဲကာလအတြင္း အေရွ႕စည္း ရွားဖို ဒိုးႏြယ္ ေရရွင္ေက်း႐ြာေတြ မီးရႈိ႕ခံရပါတယ္။ လက္ရွိမီးေဘးသင့္ေတြရဲ႕အေျခအေနကို ေဒသတြင္း အကူညီေပးသူတဦးကအခုလိုေျပာပါတယ္။

“ အခုေတာ့ေဘးလြတ္ရာမွာ သူတို႔အဆင္ေျပေအာင္ဘဲ အကူညီေပးဖို႔ဘဲ လုပ္လို႔ရဦးမွာ။ ျပန္လည္ထူေထာင္ဖို႔ ကေတာ့ အခ်ိန္ေတြလိုေသးတယ္ဗ်။ ေဘးလြတ္ရာမွာ အဆင္ေျပေအာင္ေနဖို႔ဆိုေတာင္မွေလ လုံေလာက္ေအာင္ လုပ္ေပးႏိုင္တာမရွိေသးဘူး။ ႐ြာတိုင္းလိုလို ႐ြာတိုင္းနီးပါးေပါ့ေနာ္ အိမ္မွာေနတဲ့ဟာလဲမရွိေတာ့ဘူး။ ႐ြာကိုစြန႔္ခြါၿပီး ေတာ့ေလ။ ဒီအတိုင္းဘဲ ေဘးလြတ္ရာမွာေနၾကတာေပါ့။ ”

ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက ႐ြာလုံးကြၽတ္မီးရႈိ႕ခံရတဲ့ ေရရွင္႐ြာသားဦးဖိုးလုံးကေတာ့ သူတို႔ေဒသမွာ စစ္ေကာင္စီတပ္ေတြ အျပင္းအထန္ထိုးစစ္ဆင္ေနဆအေျခအေနေၾကာင့္ အိမ္ျပန္လို႔မရေသးဘူးလို႔ေျပာပါတယ္။

“ အခုကကြၽန္ေတာ္တို႔ ေရရွင္႐ြာကို သူတို႔ျပန္ၿပီးမွ စစ္ေၾကာင္းထိုးေနတယ္ဗ်။ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေပါ့။ ဒီမေကြးတိုင္းနယ္စပ္ကေပါ့။ ေရရွင္႐ြာ တ႐ြာလုံးေျပာင္သြားၿပီးမီးရႈိ႕တာ။ အိမ္ေျခက(၃၀၀)အဲဒီေလာက္ရွိမယ္။ အေျခအ ေနေတြတအားဆိုးေနတယ္ဗ်။ ကြၽန္ေတာ္တို႔ ဒီဘက္ (၂၀)ရက္ေန႔(ဧၿပီ)ကစၿပီး ထိုးေနတဲ့စစ္ေၾကာင္းက အခုထိ မဆုတ္ ဘဲျဖစ္ေနတယ္။ တိုက္ပြဲေတြကမျဖစ္ေတာ့ပါဘူး။ မေန႔ကေရာ ဒီေန႔ေရာ မျဖစ္ေတာ့ဘူး။ တိုက္ပြဲေတြဆုတ္ေပးလိုက္ၿပီး။ ေဒသခံ႐ြာသားေတြကပတ္ခ်ာလည္ၿပီးမွ ေတာေတြေတာင္ေတြမွာ စစ္ေဘးေရွာင္ေနၾကတာ။ အခုဆိုရင္ ႐ြာမျပန္ၾကရေသး ဘူး။ ေတာ္ေတာ္ၾကာေနၾကၿပီး။ ေတာ္ေတာ္ဒုကၡတအားမ်ားေနတယ္အခုက။”

ၿပီးခဲ့တဲ့ဧၿပီလ(၂၀)ရက္ေန႔ကတည္းက စစ္ေကာင္စီတပ္ကနယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနၿပီး ေဒသခံကာကြယ္ေရး အဖြဲ႕ေတြနဲ႔လဲတိုက္ပြဲျဖစ္ပြါးေနတာပါ။

စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြၾကား ေရရွင္႐ြာဘက္မွာ ေမလ ၈ ရက္ ကေန ၁၀ ရက္ေန႔ထိ ၃ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ စစ္တပ္ေတြက ေရရွင္႐ြာက ေနအိမ္ေတြအားလုံး မီးရႈိ႕ဖ်က္စီးသြားခဲ့သလို႔္ ေရရွင္ေက်း႐ြာ လယ္ၾကား၊ ကုကၠိဳ၊ ရွားေတာ၊ ႏြားေက်း႐ြာ စတဲ့ ပတ္ဝန္က်င္းေက်း႐ြာက ေဒသခံ ၅,၀၀၀ ေလာက္ အိုးပစ္အိမ္ပစ္ ေဘးလြတ္ ရာကို တိမ္းေရွာင္ေနၾကရပါတယ္။

ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီရဲ႕ထိုးစစ္ေၾကာင့္ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ တပ္ေနာက္ဆုတ္ေပးလို႔ တိုက္ပြဲၿငိမ္ သက္ ေနေပမဲ့ စစ္ေဘးေရွာင္ေတြကေတာ့ ေနရပ္ျပန္ႏိုင္ျခင္းမရွိေသးပါဘူး။

ဧၿပီလနဲ႔ေမလအတြင္းမွာ ကေလးေတာင္ပိုင္းက တင္သား ရွားဖို အေရွ႕စည္းနဲ႔ ေရရွင္ေက်း႐ြာ(၄)႐ြာ မီးရႈိ႕ခံရၿပီး အိမ္ေျခ(၁၀၀၀)ေလာက္မီးေလာင္ကြၽမ္းတယ္လို႔ ေလ့လာေစာင့္ၾကည့္သူေတြကေျပာပါတယ္။

ေဒသခံေတြကေတာ့ စစ္ေကာင္စီတပ္ကရႈိ႕တာလို႔ ေျပာဆိုေနေပမဲ့တပ္မေတာ္ေျပာခြင့္ရကေတာ့ ေဒသခံကာကြယ္ ေရးအဖြဲ႕ေတြရဲ႕ ေနရာေတြကိုရွင္းလင္းတာလို႔ ျငင္းဆိုခဲ့ပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ စစ္ေရးပဋိပကၡေၾကာင့္ေဒသခံတေသာင္းေက်ာ္ဟာ ျမစ္သာျမစ္အေရွ႕ဘက္ကမ္း ေတာေတာင္ထဲမွာနဲ႔နီးစပ္ရာေဆြမ်ိဳးသားျခင္းနဲ႔ ဘုန္းႀကီးေက်ာင္ေတြမွာခိုလႈံေနရဆဲျဖစ္သလို စားေသာက္ေနထိုင္ေရး မွာအခက္ခဲျဖစ္ေနၾကပါတယ္။

စစ္ေဘးေရွာင္ေတြကို ေဒသခံေတြကေန ကူညီေပးေနတယ္ဆိုေပမဲ့လဲ ေရရွည္ျဖစ္လာၿပီးျဖစ္တဲ့အတြက္ အလႉရွင္ေတြ ရွားပါးလာၿပီးလို႔လဲ စစ္ေရွာင္ကူညီေပးေရးအဖြဲ႕ေတြကေျပာပါတယ္။


=================================

{{ UNICODE }}

ကလေးတောင်ပိုင်း စစ်ရှောင်တချို့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွါး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးPDFတို့တိုက်ပွဲအတွင်း နေရပ်ကနေတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ရွာသားတချို့ မသန့်ရှင်းတဲ့ရေကိုသောက်သုံးမိလို့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွါးနေကြပြီး ဒေသခံကျန်းမာရေးအဖွဲ့ကဘဲ ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။ လက်ရှိကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေဆဲအခြေအနေကြောင့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးသလို တိုက်ပွဲအတွင်းမီးရှို့ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘူးလို့ ဒေသခံတွေ ကပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကသတင်းပေးပို့ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကလေးမြို့တောင်ပိုင်းက ဒိုးနွယ်ကျေးရွာသား စစ်ဘေးရှောင်ပြည်သူတွေဟာ မသန့်ရှင်းသောရေသောက်သုံးမိတာကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေတယ်လို့ ကလေးမြို့နယ် တောင်ပိုင်းဘက်က စစ်ရှောင်အကူအညီပေးသူကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။

“ ဒိုးနွယ်မှာတော့ဝမ်းရောဂါဖြစ်နေတယ်။ (၅၀)လောက်ဖြစ်နေတယ်။ နွေရာသီဆိုတော့လေ ရေကြောင့်ဖြစ်တာပေါ့ အဓိကက။ နေပူလိုက် မိုးရွာလိုက်ဆိုတော့ မြစ်ရေကလဲနောက်တယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် နေရထိုင်ရတာလဲ သန့်ရှင်းသပ်ယပ်မှုမရှိဘူးလေ။ စားသောက်တာကအစပေါ့။ ယင်တွေကလဲ အခုအချိန်မှာ တအားပေါတာကိုး။ ”

ဒီစစ်ဘေးရှောင်တွေဟာ မသန့်ရှင်းတဲ့ မြစ်သာမြစ်ရေကို သုံးစွဲမိရာကအစ ဝမ်းပျေက်ရောဂါဖြစ်ပွါးတာလို့ဆိုပါတယ်။ ရောဂါဖြစ်ပွါးနေတဲ့သူတွေကို အရပ်ဖက်ကျန်းမာရေးအဖွဲ့တွေကနေ ကုသပေးနေတယ်လို့ ဆက်ပြောပါတယ်။

“ လောလောဆယ်တော့ကျွန်တော်တို့ ဒီဘက်မှာ အဖွဲ့အစည်းလေးတွေရှိတယ်ဗျ။ ဆေးကုတဲ့အဖွဲ့အစည်းလေးတွေ။ Medical Clinic ပြီးရင်ဒီ ထောက်ပံ့ရေးအဖွဲ့တွေ အဲတာတွေက ဝိုင်းဝန်းကူညီပြီးကုပေးနေပါတယ်။ ”

ဝမ်းပျေက်ရောဂါဖြစ်ပွါးနေပေမဲ့ အသက်ဆုံးရှုံးသွားတာတော့မရှိဘူးလို့လဲဆိုပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ဒေသခံပြည်သူ့ကာကွယ်ရေးPDFအဖွဲ့ CDFအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွါးမှုဖြစ်စဉ်အတွင်း ဒေသခံတသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတာပါ။ တိုက်ပွဲကာလအတွင်း အရှေ့စည်း ရှားဖို ဒိုးနွယ် ရေရှင်ကျေးရွာတွေ မီးရှို့ခံရပါတယ်။ လက်ရှိမီးဘေးသင့်တွေရဲ့အခြေအနေကို ဒေသတွင်း အကူညီပေးသူတဦးကအခုလိုပြောပါတယ်။

“ အခုတော့ဘေးလွတ်ရာမှာ သူတို့အဆင်ပြေအောင်ဘဲ အကူညီပေးဖို့ဘဲ လုပ်လို့ရဦးမှာ။ ပြန်လည်ထူထောင်ဖို့ ကတော့ အချိန်တွေလိုသေးတယ်ဗျ။ ဘေးလွတ်ရာမှာ အဆင်ပြေအောင်နေဖို့ဆိုတောင်မှလေ လုံလောက်အောင် လုပ်ပေးနိုင်တာမရှိသေးဘူး။ ရွာတိုင်းလိုလို ရွာတိုင်းနီးပါးပေါ့နော် အိမ်မှာနေတဲ့ဟာလဲမရှိတော့ဘူး။ ရွာကိုစွန့်ခွါပြီး တော့လေ။ ဒီအတိုင်းဘဲ ဘေးလွတ်ရာမှာနေကြတာပေါ့။ ”

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရေရှင်ရွာသားဦးဖိုးလုံးကတော့ သူတို့ဒေသမှာ စစ်ကောင်စီတပ်တွေ အပြင်းအထန်ထိုးစစ်ဆင်နေဆအခြေအနေကြောင့် အိမ်ပြန်လို့မရသေးဘူးလို့ပြောပါတယ်။

“ အခုကကျွန်တော်တို့ ရေရှင်ရွာကို သူတို့ပြန်ပြီးမှ စစ်ကြောင်းထိုးနေတယ်ဗျ။ ကလေးမြို့နယ်တောင်ပိုင်းပေါ့။ ဒီမကွေးတိုင်းနယ်စပ်ကပေါ့။ ရေရှင်ရွာ တရွာလုံးပြောင်သွားပြီးမီးရှို့တာ။ အိမ်ခြေက(၃၀၀)အဲဒီလောက်ရှိမယ်။ အခြေအ နေတွေတအားဆိုးနေတယ်ဗျ။ ကျွန်တော်တို့ ဒီဘက် (၂၀)ရက်နေ့(ဧပြီ)ကစပြီး ထိုးနေတဲ့စစ်ကြောင်းက အခုထိ မဆုတ် ဘဲဖြစ်နေတယ်။ တိုက်ပွဲတွေကမဖြစ်တော့ပါဘူး။ မနေ့ကရော ဒီနေ့ရော မဖြစ်တော့ဘူး။ တိုက်ပွဲတွေဆုတ်ပေးလိုက်ပြီး။ ဒေသခံရွာသားတွေကပတ်ချာလည်ပြီးမှ တောတွေတောင်တွေမှာ စစ်ဘေးရှောင်နေကြတာ။ အခုဆိုရင် ရွာမပြန်ကြရသေး ဘူး။ တော်တော်ကြာနေကြပြီး။ တော်တော်ဒုက္ခတအားများနေတယ်အခုက။”

ပြီးခဲ့တဲ့ဧပြီလ(၂၀)ရက်နေ့ကတည်းက စစ်ကောင်စီတပ်ကနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့လဲတိုက်ပွဲဖြစ်ပွါးနေတာပါ။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ရေရှင်ရွာဘက်မှာ မေလ ၈ ရက် ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်တွေက ရေရှင်ရွာက နေအိမ်တွေအားလုံး မီးရှို့ဖျက်စီးသွားခဲ့သလို့် ရေရှင်ကျေးရွာ လယ်ကြား၊ ကုက္ကို၊ ရှားတော၊ နွားကျေးရွာ စတဲ့ ပတ်ဝန်ကျင်းကျေးရွာက ဒေသခံ ၅,၀၀၀ လောက် အိုးပစ်အိမ်ပစ် ဘေးလွတ် ရာကို တိမ်းရှောင်နေကြရပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်ဒေသခံကာကွယ်ရေးအဖွဲ့တွေ တပ်နောက်ဆုတ်ပေးလို့ တိုက်ပွဲငြိမ် သက် နေပေမဲ့ စစ်ဘေးရှောင်တွေကတော့ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ဧပြီလနဲ့မေလအတွင်းမှာ ကလေးတောင်ပိုင်းက တင်သား ရှားဖို အရှေ့စည်းနဲ့ ရေရှင်ကျေးရွာ(၄)ရွာ မီးရှို့ခံရပြီး အိမ်ခြေ(၁၀၀၀)လောက်မီးလောင်ကျွမ်းတယ်လို့ လေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်ကရှို့တာလို့ ပြောဆိုနေပေမဲ့တပ်မတော်ပြောခွင့်ရကတော့ ဒေသခံကာကွယ် ရေးအဖွဲ့တွေရဲ့ နေရာတွေကိုရှင်းလင်းတာလို့ ငြင်းဆိုခဲ့ပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခကြောင့်ဒေသခံတသောင်းကျော်ဟာ မြစ်သာမြစ်အရှေ့ဘက်ကမ်း တောတောင်ထဲမှာနဲ့နီးစပ်ရာဆွေမျိုးသားခြင်းနဲ့ ဘုန်းကြီးကျောင်တွေမှာခိုလှုံနေရဆဲဖြစ်သလို စားသောက်နေထိုင်ရေး မှာအခက်ခဲဖြစ်နေကြပါတယ်။

စစ်ဘေးရှောင်တွေကို ဒေသခံတွေကနေ ကူညီပေးနေတယ်ဆိုပေမဲ့လဲ ရေရှည်ဖြစ်လာပြီးဖြစ်တဲ့အတွက် အလှူရှင်တွေ ရှားပါးလာပြီးလို့လဲ စစ်ရှောင်ကူညီပေးရေးအဖွဲ့တွေကပြောပါတယ်။

XS
SM
MD
LG