သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသား ၂ သန္းေက်ာ္အတြက္ WFP ရိကၡာေထာက္ပံ့ေပး


MYANMAR-COUP-POLITICS-FOOD, FOCUS (ယခင္မွတ္တမ္းဓါတ္ပုံ)


ျမန္မာႏိုင္ငံသား ၂ သန္းေက်ာ္အတြက္ WFP ရိကၡာေထာက္ပံ့ေပး

{{Zawgyi/Unicode}}
ကမ ၻာ့စားနပ္ရိကၡာ အစီအစဥ္ WFP က ၂၀၂၂ ခုႏွစ္ ပထမ ၄ လတာ အတြင္း ျမန္မာ လူဦးေရ ၂ ဒသမ ၁ သန္းကို ရိကၡာနဲ႔ အဟာရ ေထာက္ပန္႔ႏိုင္ခဲ႔ေၾကာင္း ကုလသမဂၢက တနလာၤေန႔မွာ ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီႏွစ္အတြင္း ရိကၡာ မလံုေလာက္မႈ အဆိုးရြားဆံုး ၾကံဳေတြ႕ေနရသူေတြနဲ႔ ေဘးဒဏ္ အသင့္လြယ္ဆံုးသူ အနည္းဆံုး ၄ သန္းေလာက္ကို ေထာက္ပံ့ႏိုင္ဖို႔ WFP က ရည္မွန္းထားၿပီး ဒါဟာ အရင္းအျမစ္ ရရွိႏိုင္မႈနဲ႔ လိုအပ္သူေတြထံ သြားေရာက္ႏိုင္မႈ အေပၚမွာ မူတည္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလာၤေန႔ နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။

ျမန္မာႏိုင္ငံတြင္း ပဋိပကၡေတြ က်ယ္ျပန္႔ေနတဲ႔ ေဒသေတြမွာ တားျမစ္ကန္႔သတ္မႈေတြ ရွိေနဆဲ ျဖစ္ၿပီး အိုးအိမ္စြန္႔ ထြက္ေျပးရသူေတြထံ အတားအဆီးမရွိ သြားေရာက္ခြင့္ရေရး အတြက္လည္း WFP က ေတာင္းဆိုထားပါတယ္။

၂၀၂၁ ခုႏွစ္ ဇူလိုင္လ ေနာက္ပိုင္း ကယား ေဒသကို သြားေရာက္ခြင့္ရဖို႔ ႀကိဳးစားခဲ႔ၿပီးေနာက္ ဒီသီတင္းပတ္ အတြင္းမွာဘဲ ကယားျပည္နယ္တြင္းကို WFP က ရိကၡာနဲ႔ တျခား ေထာက္ပန္႔ပစၥည္းေတြ စတင္ ျဖန္႔ေ၀ဖို႔ ရွိေနေၾကာင္းလည္း ေျပာခြင့္ရက ေျပာပါတယ္။

ကယားျပည္နယ္တြင္း တိုက္ပြဲေတြကေန ထြက္ေျပးလာၾကတဲ႔ မိသားစုေတြနဲ႔ ေဒသတြင္း အိုးအိမ္စြန္႔ ထြက္ေျပးရသူေတြရွိရာ ရွမ္းျပည္နယ္ ေတာင္ပိုင္း ေဒသကိုလည္း WFP က ရိကၡာေတြ ပို႔ေဆာင္ေနေၾကာင္းလည္း သူက ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္အတြင္း စက္သံုးဆီ ေစ်းႏႈန္းက ၂ ဆျဖစ္သြားတာေၾကာင့္ ရိကၡာေစ်းႏႈန္းေတြ ႀကီးျမင့္သြားၿပီး ၿပီးခဲ႔တဲ႔ႏွစ္ ကာလတူနဲ႔ ႏိႈင္းယွဥ္ရင္ အေျခခံ ရိကၡာ ကုန္က်စာရိတ္က ၃၂ ရာခိုင္ႏႈန္း တက္သြားေၾကာင္းလည္း WFP က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................


မြန်မာနိုင်ငံသား ၂ သန်းကျော်အတွက် WFP ရိက္ခာထောက်ပံ့ပေး

{{Zawgyi/Unicode}}
ကမ ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ၂၀၂၂ ခုနှစ် ပထမ ၄ လတာ အတွင်း မြန်မာ လူဦးရေ ၂ ဒသမ ၁ သန်းကို ရိက္ခာနဲ့ အဟာရ ထောက်ပန့်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂက တနလာၤနေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ရိက္ခာ မလုံလောက်မှု အဆိုးရွားဆုံး ကြုံတွေ့နေရသူတွေနဲ့ ဘေးဒဏ် အသင့်လွယ်ဆုံးသူ အနည်းဆုံး ၄ သန်းလောက်ကို ထောက်ပံ့နိုင်ဖို့ WFP က ရည်မှန်းထားပြီး ဒါဟာ အရင်းအမြစ် ရရှိနိုင်မှုနဲ့ လိုအပ်သူတွေထံ သွားရောက်နိုင်မှု အပေါ်မှာ မူတည်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ကျယ်ပြန့်နေတဲ့ ဒေသတွေမှာ တားမြစ်ကန့်သတ်မှုတွေ ရှိနေဆဲ ဖြစ်ပြီး အိုးအိမ်စွန့် ထွက်ပြေးရသူတွေထံ အတားအဆီးမရှိ သွားရောက်ခွင့်ရရေး အတွက်လည်း WFP က တောင်းဆိုထားပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လ နောက်ပိုင်း ကယား ဒေသကို သွားရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပြီးနောက် ဒီသီတင်းပတ် အတွင်းမှာဘဲ ကယားပြည်နယ်တွင်းကို WFP က ရိက္ခာနဲ့ တခြား ထောက်ပန့်ပစ္စည်းတွေ စတင် ဖြန့်ဝေဖို့ ရှိနေကြောင်းလည်း ပြောခွင့်ရက ပြောပါတယ်။

ကယားပြည်နယ်တွင်း တိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ မိသားစုတွေနဲ့ ဒေသတွင်း အိုးအိမ်စွန့် ထွက်ပြေးရသူတွေရှိရာ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသကိုလည်း WFP က ရိက္ခာတွေ ပို့ဆောင်နေကြောင်းလည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း စက်သုံးဆီ ဈေးနှုန်းက ၂ ဆဖြစ်သွားတာကြောင့် ရိက္ခာဈေးနှုန်းတွေ ကြီးမြင့်သွားပြီး ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် အခြေခံ ရိက္ခာ ကုန်ကျစာရိတ်က ၃၂ ရာခိုင်နှုန်း တက်သွားကြောင်းလည်း WFP က ပြောပါတယ်။

XS
SM
MD
LG