သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရွာင္တို႔ အတြက္ လာမယ့္ ရာသီ ရိကၡာ အခက္ေတြ႕မယ့္ အေရး အကူအညီေပးသူေတြ စိုးရိမ္


ကရင္ျပည္နယ္က စစ္ေရွာင္ ကေလးငယ္ တဦး။

(Zawgyi/ Unicode)

ကမ ၻာေပၚက လူဦးေရ ၁၉၃ သန္းနီးပါးဟာ ရိကၡာမလံုေလာက္မႈ ဆိုးဆိုးရြားရြား ျဖစ္ေနၿပီး တႏွစ္ အတြင္းမွာ လူေပါင္း သန္း ၄၀ တိုးလာတာျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ အစီရင္ခံစာသစ္က ေဖာ္ျပပါတယ္။ ျမန္မာႏုိင္ငံမွာလည္း စစ္အာဏာသိမ္းၿပီးေနာက္ ႏုိင္ငံတ၀န္း တုိက္ပြဲေတြေၾကာင့္ လာမယ့္ လပိုင္းေတြ အတြင္း စားနပ္ရိကၡာ မလံုေလာက္မယ့္ အေရးကို စိုးရိမ္ေနၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႔ FAO ၊ ကမ ၻာ့စားနပ္ရိကၡာအဖြဲ႔ WFP နဲ႔ ဥေရာပ သမဂၢ EU တို႔ရဲ႕ စားနပ္ရိကၡာ ဆိုင္ရာ အၾကပ္အတည္းမ်ား တိုက္ဖ်က္ေရး ကမ ၻာလံုးဆိုင္ရာ ကြန္ရက္နဲ႔ စားနပ္ရိကၡာ လံုျခံဳေရး သတင္းအခ်က္အလက္ ကြန္ရက္ FSIN တို႔က ကမ ၻာတလႊား စားနပ္ရိကၡာ အၾကပ္အတညး္ဆိုင္ရာ အစီရင္ခံစာကို ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာဘဲ ထုတ္ျပန္လိုက္တာပါ။ ၂၀၂၁ ခုႏွစ္ အတြင္း ႏိုင္ငံ - ပိုင္နက္ နယ္ေျမ ၅၃ ခု အတြင္းက လူေပါင္း ၁၉၃ သန္း နီးပါးဟာ စားနပ္ရိကၡာ မလံုေလာက္မႈနဲ႔ ရင္ဆိုင္ခဲ႔ရေၾကာင္း အစီရင္ခံစာက ေဖာ္ျပပါတယ္။ FAO ရဲ႕ စားနပ္ရိကၡာ အၾကပ္အတည္းဆိုင္ရာ အႀကီးတန္း သံုးသပ္သူ Luca Russo ကေတာ့ အခုလို ေျပာပါတယ္။

“ ကမ ၻာလံုးဆိုင္ရာ အစီရင္ခံစာ အရ စားနပ္ရိကၡာ မလံုေလာက္မႈနဲ႔ ရင္ဆိုင္ေနရသူက ၁၉၃ သန္းရွိပါတယ္။ ဒါက စံခ်ိန္တင္ အေရအတြက္ ျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ ႏွစ္ကထက္ သန္း ၄၀ ပိုတိုးလာတာ ျဖစ္ပါတယ္။ ေနာက္ေၾကာင္းျပန္ၾကည့္မယ္ဆိုရင္ေတာ့ အခု အေရအတြက္ဟာ လြန္ခဲ႔တဲ႔ ၆ ႏွစ္က ရွိခဲ႔တဲ႔ အေရအတြက္ရဲ႕ ၂ ဆ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ၾကံဳေတြ႕ေနရတဲ႔ စားနပ္ရိကၡာ မလံုေလာက္မႈ အေျခအေန အလားအလာဟာ တကယ္ကို စိုးရိမ္စရာ ျဖစ္ေနပါတယ္။ ”

အာဖဂန္နစၥတန္၊ ကြန္ဂို သမၼတ ႏိုင္ငံ၊ အီသီယိုးပီးယား၊ ႏိုင္ဂ်ီးရီးယား၊ ေတာင္ဆူဒန္၊ ဆီးရီးယားနဲ႔ ယီမင္ တို႔လို ပဋိပကၡ ရွည္ၾကာေနဆဲ ႏိုင္ငံေတြမွာ စားနပ္ရိကၡာ မလံုေလာက္မႈ ျပသနာကို အဓိက ၾကံဳေတြ႕ေနရတာပါ။

ကမ ၻာမွာ စားနပ္ရိကၡာ မလံုေလာက္မႈ အဓိက အေၾကာင္းရင္းကေတာ့ ပဋိပကၡေတြ ဆက္ျဖစ္ေနတဲ႔ အခ်က္ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံက လူေပါင္း ၁၃၉ သန္းေလာက္ကို ရိကၡာ မလံုေလာက္မႈ ဆိုးဆိုးရြားရြား ျဖစ္ေစၿပီး အဲဒီေနာက္မွာေတာ့ ပါကစၥတန္နဲ႔ ေဟတီတို႔မွာလို စီးပြားေရး မတည္ၿငိမ္မႈနဲ႔ ရာသီဥတု ေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ အတြင္း အာဖရိက ႏိုင္ငံ ၈ ခုက လူေပါင္း ၂၃ ဒသမ ၅ သန္းတို႔ စားနပ္ရိကၡာမလံုေလာက္မႈရဲ႕ အဓိက အေၾကာင္းရင္းက ရာသီဥတု လြန္ကဲ ေဖာက္ျပန္မႈေတြေၾကာင့္ ျဖစ္ပါတယ္။

အခု ၂၀၂၂ ခုႏွစ္ အတြက္ ခန္႔မွန္းခ်က္မွာေတာ့ ရွည္ၾကာလာတဲ႔ ပဋိပကၡေတြန႔ဲ ဆက္စပ္ အိုးအိမ္စြန္႔ ထြက္ေျပးရမႈေတြ၊ စီးပြားေရး မတည္ၿငိမ္မႈေတြနဲ႔ ရာသီဥတု လြန္ကဲ ေဖာက္ျပန္မႈေတြေၾကာင့္ စားနပ္ရိကၡာ မလံုေလာက္မႈဟာ ပိုၿပီး ျပင္းထန္ ရွည္ၾကာလာမယ္လို႔ ေဖာ္ျပထားပါတယ္။
ယူကရိန္း စစ္ပြဲေၾကာင့္ ယူကရိန္း သန္းခ်ီ အိုးအိမ္စြန္႔ ထြက္ေျပးရမႈ၊ အေျခခံ အေဆာက္အဦးေတြနဲ႔ အသက္ေမြး ၀မ္းေက်ာင္း အလုပ္အကိုင္ေတြ အႀကီးအက်ယ္ ပ်က္စီး ခဲ႔ရမႈေတြေၾကာင့္ ကမ ၻာတလႊား စားနပ္ရိကၡာ မလံုေလာက္မႈကို ဆိုးဆိုးရြားရြား ႐ိုက္ခတ္ သက္ေရာက္လာမယ္လို႔လည္း ခန္႔မွန္းထားပါတယ္။
စားနပ္ရိကၡာ ဆိုင္ရာ အခက္အခဲေတြ ရင္ဆိုင္ေနရတဲ႔ ႏိုင္ငံ အမ်ားအျပားက အထူးသျဖင့္ ဂ်ံဳနဲ႔ ဓာတ္ေျမၾသဇာလို စားနပ္ရိကၡာ ဆိုင္ရာ အဓိက ကုန္စည္ေတြ အတြက္ ယူကရိန္းနဲ႔ ႐ုရွားကို မွီခိုရတာနဲ႔ အတူဘဲ ေဒသတြင္းနဲ႔ ကမ ၻာ့အဆင့္ထိ ျပင္းျပင္းထန္ထန္ ႐ိုက္ခတ္ သက္ေရာက္မယ္လို႔လည္း ခန္႔မွန္းထားၾကပါတယ္။ FAO ရဲ႕ စားနပ္ရိကၡာ အၾကပ္အတည္းဆိုင္ရာ အႀကီးတန္း သံုးသပ္သူ Luca Russo က အခုလို ေျပာပါတယ္။

“ ၂၀၂၁ ခုႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ အေရအတြက္ ပိုၿပီး တိုးလာမယ့္ အေနအထား ရွိပါတယ္။ ”

ျမန္မာႏုိင္ငံမွာေတာ့ ၿပီးခဲ႔တဲ႔ႏွစ္ ေဖေဖာ္၀ါရီလ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာ စိုက္ပ်ိဳးထုတ္လုပ္မႈ က်ဆင္းသလို အိုးအိမ္စြန္႔ထြက္ေျပးရမႈေတြေၾကာင့္ အသက္ေမြး၀မ္းေက်ာင္း လုပ္ငန္းေတြ ဆံုးရံႈးၾကရၿပီး ကုလသမဂၢကရဲ႕ စာရင္းေတြ အရ သိန္းခ်ီရွိတဲ႔ စစ္ေရွာင္ေတြဟာ ရိကၡာ လွဴဒါန္း ေထာက္ပံ႔မႈေတြကို အားထားေနၾကရပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ပြဲေတြ ျပင္းထန္ၿပီး ၿမိဳ႕ေတြ ရြာေတြလည္း မီးရိႈ႕ ဖ်က္စီးခံရတဲ႔ အထဲက ခ်င္းျပည္နယ္တြင္း စစ္ေရွာင္ေနၾကရသူေတြလည္း လွဴဒါန္း ေထာက္ပံ႔မႈေတြကို အားထားေနၾကရပါတယ္။ အကူအညီ ေပးေနတဲ႔ ကေလးေဒသခံ တဦးကေတာ့ ရိကၡာအေရးက ေရရွည္မွာ စိုးရိမ္ဖြယ္ ျဖစ္တယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔မွာ စုေဆာင္းထားတာ နည္းတယ္ေပါ့ဗ်ာ။ တလစာ ၂ လစာ ေလာက္ဘဲ ရွိတယ္။ မိုးရာသီနဲ႔ ေနာက္ပိုင္းေပါ့။ မိုးရာသီနဲ႔ ေနာက္ပိုင္းရယ္။ ေနာက္ၿပီးေတာ့ ဒီႏွစ္ ဆီေစ်း အရ - ဆီေစ်းႀကီးေတာ့ ေတာင္သူေတြ အမ်ားစုက ေရစုပ္စက္နဲ႔ ေရတင္ၿပီး စိုက္တာကိုး လယ္က။ အဲေတာ့ စိုက္ဖို႔ အခက္အခဲ ရွိတယ္။ ဒီ ဆီေစ်းနဲ႔ ဆိုရင္ လယ္ေတြက သိပ္ စိုက္ႏုိင္မယ္ မထင္ဘူး။ အဲဒါဆိုရင္ေတာ့ ေတာ္ေတာ္ ခက္ခက္ခဲခဲ ရွိမယ္။ အခု ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ တလ ၂ လ စာေလာက္ ခ်န္ၿပီး ေရာင္းထားၾကၿပီးၿပီ။ ေတာင္သူေတြ အမ်ားစုထဲမွာေတာ့ စားနပ္ရိကၡာ အပိုအလွ်ံ သိပ္မထားဘူးေပါ့။”

သိဂၤ ီထုိက္။ ။ ဆိုေတာ့ အခု အာဆီယံကလည္း စစ္ေရွာင္ေတြ အပါအ၀င္ လိုအပ္တဲ႔ ေဒသေတြကို လူသားခ်င္း စာနာမႈဆိုေတာ့ ရိကၡာလည္း ပါတာေပါ့ေနာ္။ ဒါေတြ ပို႔ႏုိင္ဖို႔ အတြက္ အေတာ္ေလး တိုက္တိုက္တြန္းတြန္း ေဆြးေႏြးေနတာ ရွိပါတယ္။ လူမႈ ေထာက္ပံ႔ေရး အကူအညီ ဘာေတြ ရပါသလဲ။ စစ္ေကာင္စီ ဘက္ကေရာ တျခား NGO ေတြ ဘက္ကေရာေပါ့။

အကူအညီေပးေနသူ။ ။ က်ေနာ္တို႔မွာ NGO အဖြဲ႔အစည္း ႀကီးႀကီး တခုမွ မရွိဘူး။ စစ္ေကာင္စီ ဘက္ကလည္း မေပးဘူး။ က်ေနာ္တို႔ ဆီက ဘယ္လို ေျပာမလဲ သူတို႔က သူပုန္ နယ္ေျမလို သေဘာထားလိုက္ေတာ့ အခု ၁၅ မိုင္ဘဲ ေ၀းတဲ႔ ကေလး ၿမိဳ႕ေပၚကေန နယ္စပ္ကို ကန္႔သတ္ ကုန္စည္ မဟုတ္ဘဲ ဒန္အိုး တို႔ မိုးကာတို႔ ၀ယ္ရင္ကို သူတို႔က လမ္းမွာ ျပႆနာ မ်ိဳးစံုရွာေတာ့ သယ္မေပးရဲၾကဘူး။ မပို႔ႏုိင္ၾကဘူး။ မပို႔ရဲ ၾကဘူးေပါ့ဗ်ာ။ အဲလို အခက္အခဲ ရွိတယ္။ Hygiene Kit လို႔ ေခၚတဲ႔ ဆပ္ျပာေလးေတြ ေဆးေလးေတြနဲ႔ အထုပ္ကေလးေတြကိုေတာ့ အာရုဏ္ဦး ဆိုတဲ႔ ေခ်းေငြ လုပ္ငန္း ကေတာ့ ေ၀ဖူးတယ္။ ဒါေတာ့ အိမ္ေျခ ၂၀၀၀ စာေလာက္ထိ ေ၀ သြားတယ္ေပါ့ေနာ္။ အဲဒီ တခါဘဲ ႀကီးႀကီးမားမား ရွိပါတယ္။ က်န္တာေတာ့ အေ၀းက လွမ္းပို႔တဲ႔ ေစတနာရွင္ေတြရဲ႕ ေငြပို႔တာေလးေတြ က်ေနာ္တို႔ လုိက္ၿပီး စုၿပီး ဆန္ေတြ ၀ယ္ၿပီး လိုတဲ႔ဆီ ျပန္ေပး အဲလိုဘဲ လုပ္ပါတယ္ ခင္ဗ်။

(Unicode)

စစ်ရှောင်တို့ အတွက် လာမယ့် ရာသီ ရိက္ခာ အခက်တွေ့မယ့် အရေး အကူအညီပေးသူတွေ စိုးရိမ်


ကမ ္ဘာပေါ်က လူဦးရေ ၁၉၃ သန်းနီးပါးဟာ ရိက္ခာမလုံလောက်မှု ဆိုးဆိုးရွားရွား ဖြစ်နေပြီး တနှစ် အတွင်းမှာ လူပေါင်း သန်း ၄၀ တိုးလာတာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် လာမယ့် လပိုင်းတွေ အတွင်း စားနပ်ရိက္ခာ မလုံလောက်မယ့် အရေးကို စိုးရိမ်နေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO ၊ ကမ ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ ဥရောပ သမဂ္ဂ EU တို့ရဲ့ စားနပ်ရိက္ခာ ဆိုင်ရာ အကြပ်အတည်းများ တိုက်ဖျက်ရေး ကမ ္ဘာလုံးဆိုင်ရာ ကွန်ရက်နဲ့ စားနပ်ရိက္ခာ လုံခြုံရေး သတင်းအချက်အလက် ကွန်ရက် FSIN တို့က ကမ ္ဘာတလွှား စားနပ်ရိက္ခာ အကြပ်အတည်းဆိုင်ရာ အစီရင်ခံစာကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ ထုတ်ပြန်လိုက်တာပါ။ ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံ - ပိုင်နက် နယ်မြေ ၅၃ ခု အတွင်းက လူပေါင်း ၁၉၃ သန်း နီးပါးဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။
FAO ရဲ့ စားနပ်ရိက္ခာ အကြပ်အတည်းဆိုင်ရာ အကြီးတန်း သုံးသပ်သူ Luca Russo ကတော့ အခုလို ပြောပါတယ်။
“ ကမ ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ အရ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရသူက ၁၉၃ သန်းရှိပါတယ်။ ဒါက စံချိန်တင် အရေအတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထက် သန်း ၄၀ ပိုတိုးလာတာ ဖြစ်ပါတယ်။ နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်တော့ အခု အရေအတွက်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က ရှိခဲ့တဲ့ အရေအတွက်ရဲ့ ၂ ဆ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာ မလုံလောက်မှု အခြေအနေ အလားအလာဟာ တကယ်ကို စိုးရိမ်စရာ ဖြစ်နေပါတယ်။ ”

အာဖဂန်နစ္စတန်၊ ကွန်ဂို သမ္မတ နိုင်ငံ၊ အီသီယိုးပီးယား၊ နိုင်ဂျီးရီးယား၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် တို့လို ပဋိပက္ခ ရှည်ကြာနေဆဲ နိုင်ငံတွေမှာ စားနပ်ရိက္ခာ မလုံလောက်မှု ပြသနာကို အဓိက ကြုံတွေ့နေရတာပါ။

ကမ ္ဘာမှာ စားနပ်ရိက္ခာ မလုံလောက်မှု အဓိက အကြောင်းရင်းကတော့ ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့ အချက် ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံက လူပေါင်း ၁၃၉ သန်းလောက်ကို ရိက္ခာ မလုံလောက်မှု ဆိုးဆိုးရွားရွား ဖြစ်စေပြီး အဲဒီနောက်မှာတော့ ပါကစ္စတန်နဲ့ ဟေတီတို့မှာလို စီးပွားရေး မတည်ငြိမ်မှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အတွင်း အာဖရိက နိုင်ငံ ၈ ခုက လူပေါင်း ၂၃ ဒသမ ၅ သန်းတို့ စားနပ်ရိက္ခာမလုံလောက်မှုရဲ့ အဓိက အကြောင်းရင်းက ရာသီဥတု လွန်ကဲ ဖောက်ပြန်မှုတွေကြောင့် ဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ် အတွက် ခန့်မှန်းချက်မှာတော့ ရှည်ကြာလာတဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ် အိုးအိမ်စွန့် ထွက်ပြေးရမှုတွေ၊ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ ရာသီဥတု လွန်ကဲ ဖောက်ပြန်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုဟာ ပိုပြီး ပြင်းထန် ရှည်ကြာလာမယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်း စစ်ပွဲကြောင့် ယူကရိန်း သန်းချီ အိုးအိမ်စွန့် ထွက်ပြေးရမှု၊ အခြေခံ အဆောက်အဦးတွေနဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်တွေ အကြီးအကျယ် ပျက်စီး ခဲ့ရမှုတွေကြောင့် ကမ ္ဘာတလွှား စားနပ်ရိက္ခာ မလုံလောက်မှုကို ဆိုးဆိုးရွားရွား ရိုက်ခတ် သက်ရောက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

စားနပ်ရိက္ခာ ဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံ အများအပြားက အထူးသဖြင့် ဂျုံနဲ့ ဓာတ်မြေသြဇာလို စားနပ်ရိက္ခာ ဆိုင်ရာ အဓိက ကုန်စည်တွေ အတွက် ယူကရိန်းနဲ့ ရုရှားကို မှီခိုရတာနဲ့ အတူဘဲ ဒေသတွင်းနဲ့ ကမ ္ဘာ့အဆင့်ထိ ပြင်းပြင်းထန်ထန် ရိုက်ခတ် သက်ရောက်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ FAO ရဲ့ စားနပ်ရိက္ခာ အကြပ်အတည်းဆိုင်ရာ အကြီးတန်း သုံးသပ်သူ Luca Russo က အခုလို ပြောပါတယ်။

“ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အရေအတွက် ပိုပြီး တိုးလာမယ့် အနေအထား ရှိပါတယ်။ ”

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသလို အိုးအိမ်စွန့်ထွက်ပြေးရမှုတွေကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဆုံးရှုံးကြရပြီး ကုလသမဂ္ဂကရဲ့ စာရင်းတွေ အရ သိန်းချီရှိတဲ့ စစ်ရှောင်တွေဟာ ရိက္ခာ လှူဒါန်း ထောက်ပံ့မှုတွေကို အားထားနေကြရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်ပြီး မြို့တွေ ရွာတွေလည်း မီးရှို့ ဖျက်စီးခံရတဲ့ အထဲက ချင်းပြည်နယ်တွင်း စစ်ရှောင်နေကြရသူတွေလည်း လှူဒါန်း ထောက်ပံ့မှုတွေကို အားထားနေကြရပါတယ်။ အကူအညီ ပေးနေတဲ့ ကလေးဒေသခံ တဦးကတော့ ရိက္ခာအရေးက ရေရှည်မှာ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့မှာ စုဆောင်းထားတာ နည်းတယ်ပေါ့ဗျာ။ တလစာ ၂ လစာ လောက်ဘဲ ရှိတယ်။ မိုးရာသီနဲ့ နောက်ပိုင်းပေါ့။ မိုးရာသီနဲ့ နောက်ပိုင်းရယ်။ နောက်ပြီးတော့ ဒီနှစ် ဆီဈေး အရ - ဆီဈေးကြီးတော့ တောင်သူတွေ အများစုက ရေစုပ်စက်နဲ့ ရေတင်ပြီး စိုက်တာကိုး လယ်က။ အဲတော့ စိုက်ဖို့ အခက်အခဲ ရှိတယ်။ ဒီ ဆီဈေးနဲ့ ဆိုရင် လယ်တွေက သိပ် စိုက်နိုင်မယ် မထင်ဘူး။ အဲဒါဆိုရင်တော့ တော်တော် ခက်ခက်ခဲခဲ ရှိမယ်။ အခု လောလောဆယ်တော့ ကျနော်တို့ တလ ၂ လ စာလောက် ချန်ပြီး ရောင်းထားကြပြီးပြီ။ တောင်သူတွေ အများစုထဲမှာတော့ စားနပ်ရိက္ခာ အပိုအလျှံ သိပ်မထားဘူးပေါ့။”

သိင်္ဂ ီထိုက်။ ။ ဆိုတော့ အခု အာဆီယံကလည်း စစ်ရှောင်တွေ အပါအဝင် လိုအပ်တဲ့ ဒေသတွေကို လူသားချင်း စာနာမှုဆိုတော့ ရိက္ခာလည်း ပါတာပေါ့နော်။ ဒါတွေ ပို့နိုင်ဖို့ အတွက် အတော်လေး တိုက်တိုက်တွန်းတွန်း ဆွေးနွေးနေတာ ရှိပါတယ်။ လူမှု ထောက်ပံ့ရေး အကူအညီ ဘာတွေ ရပါသလဲ။ စစ်ကောင်စီ ဘက်ကရော တခြား NGO တွေ ဘက်ကရောပေါ့။

အကူအညီပေးနေသူ။ ။ ကျနော်တို့မှာ NGO အဖွဲ့အစည်း ကြီးကြီး တခုမှ မရှိဘူး။ စစ်ကောင်စီ ဘက်ကလည်း မပေးဘူး။ ကျနော်တို့ ဆီက ဘယ်လို ပြောမလဲ သူတို့က သူပုန် နယ်မြေလို သဘောထားလိုက်တော့ အခု ၁၅ မိုင်ဘဲ ဝေးတဲ့ ကလေး မြို့ပေါ်ကနေ နယ်စပ်ကို ကန့်သတ် ကုန်စည် မဟုတ်ဘဲ ဒန်အိုး တို့ မိုးကာတို့ ဝယ်ရင်ကို သူတို့က လမ်းမှာ ပြဿနာ မျိုးစုံရှာတော့ သယ်မပေးရဲကြဘူး။ မပို့နိုင်ကြဘူး။ မပို့ရဲ ကြဘူးပေါ့ဗျာ။ အဲလို အခက်အခဲ ရှိတယ်။ Hygiene Kit လို့ ခေါ်တဲ့ ဆပ်ပြာလေးတွေ ဆေးလေးတွေနဲ့ အထုပ်ကလေးတွေကိုတော့ အာရုဏ်ဦး ဆိုတဲ့ ချေးငွေ လုပ်ငန်း ကတော့ ဝေဖူးတယ်။ ဒါတော့ အိမ်ခြေ ၂၀၀၀ စာလောက်ထိ ေ၀ သွားတယ်ပေါ့နော်။ အဲဒီ တခါဘဲ ကြီးကြီးမားမား ရှိပါတယ်။ ကျန်တာတော့ အဝေးက လှမ်းပို့တဲ့ စေတနာရှင်တွေရဲ့ ငွေပို့တာလေးတွေ ကျနော်တို့ လိုက်ပြီး စုပြီး ဆန်တွေ ဝယ်ပြီး လိုတဲ့ဆီ ပြန်ပေး အဲလိုဘဲ လုပ်ပါတယ် ခင်ဗျ။

XS
SM
MD
LG