သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖရိကသမဂၢ အႀကီးအကဲ ရုရွား နဲ႔ ယူကရိန္းကို သြားေရာက္မည္


Senegal's president Macky Sall receives German Chancellor Olaf Scholz at the presidential palace in Dakar

ဆီနီေဂါသမၼတ Macky Sall က သူဟာ အာဖရိကသမဂၢ AU ကိုယ္စား အလွည့္က်ဥကၠဌ အေနနဲ႔ ႐ုရွားနဲ႔ ယူကရိန္းကို မၾကာခင္မွာ သြားေရာက္မွာ ျဖစ္ေၾကာင္း တနဂၤေႏြေန႔က ေျပာပါတယ္။

အာဖရိကသမဂၢ အႀကီးအကဲ ရုရွား နဲ႔ ယူကရိန္းကို သြားေရာက္မည္

{{Zawgyi/Unicode}}
ဆီနီေဂါသမၼတ Macky Sall က သူဟာ အာဖရိကသမဂၢ AU ကိုယ္စား အလွည့္က်ဥကၠဌ အေနနဲ႔ ႐ုရွားနဲ႔ ယူကရိန္းကို မၾကာခင္မွာ သြားေရာက္မွာ ျဖစ္ေၾကာင္း တနဂၤေႏြေန႔က ေျပာပါတယ္။ မူလက ေမ ၁၈ ရက္မွာ သြားဖို႔ စီစဥ္ထားေပမယ့္ အဆင္မေျပေသးလို႔ မသြားျဖစ္ေသးေၾကာင္း ဆီနီေဂါကို ေရာက္ေနတဲ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ Dakar က ပူးတြဲ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

႐ုရွားရဲ႕ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ ေကာက္ႏွံပင္ စားေသာက္ကုန္ ေစ်းေတြတက္ၿပီး ေလာင္စာဆီပါ ျပတ္ကုန္တဲ့ အတြက္ အာဖရိက ေဒသစီးပြါးေရး အထိနာေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အာဖရိကေဒသတြင္း ႏိုင္ငံေတြၾကား ႐ုရွားရဲ႕ယူကရိန္းကို က်ဴးေက်ာ္မႈနဲ႔ ပတ္သက္ၿပီး သေဘာထားကြဲေနၾကတာပါ။

ဂ်ာမနီဝန္ႀကီးခ်ဳပ္ Scholz ကေတာ့ ယူကရိန္းကေန ေကာက္ႏွံတင္ပို႔မႈ ေအာင္ျမင္ေစဖို႔ တက္တက္ႂကြႂကြ ေဆာင္ရြက္မွာ ျဖစ္ေၾကာင္း၊ တကယ္လို႔ ယူကရိန္းက ေကာက္ႏွံေတြမရရင္ ကမာၻ႔ႏိုင္ငံအမ်ားအျပားမွာ သူတို႔ရဲ႕ျပည္သူေတြ စားေသာက္ေရးအတြက္ ႀကီးမားတဲ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိတာေၾကာင့္ တတ္စြမ္းသမွ် ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ပူးတြဲ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္အေနနဲ႔ ပထမဆံုး သြားေရာက္တဲ့ ၃ ရက္ၾကာ အာဖရိက ခရီးစဥ္မွာ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Scholz ဟာ အခု ဆီနီေဂါ ႏိုင္ငံကို ေရာက္ေနတာ ျဖစ္ၿပီး Niger နဲ႔ ေတာင္အာဖရိက ႏိုင္ငံေတြကိုလည္း ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။ ႐ုရွားရဲ႕ ယူကရိန္းကို က်ဴးေက်ာ္မႈေနာက္ပိုင္း ႐ိုက္ခတ္လာေနတဲ့ စြမ္းအင္နဲ႔ စားနပ္ရိကၡာ ျပႆနာ ဆိုင္ရာကို ဒီခရီးစဥ္အတြင္း ဝန္ႀကီးခ်ဳပ္ Scholz က ဦးစားေပးေဆြးေႏြးဖို႔ရွိပါတယ္။

ေခါင္းေဆာင္ ၂ ဦးဟာ ျပန္ျပည့္ၿမဲစြမ္းအင္ ဆိုင္ရာနဲ႔ ဆီနီေဂါရဲ႕ သဘာဝဓါတ္ေငြ႕ သံုးစြဲေရးမွာ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္ေတြကိုပါ ေဆြးေႏြးခဲ့ပါတယ္။ ဆီနီေဂါႏိုင္ငံမွာ ရွိတဲ့ သဘာဝဓါတ္ေငြ႕ သိုက္ဟာ ကုဗမီတာ ဘီလီယံနဲ႔ခ်ီရွိေနတာ ျဖစ္ၿပီး ေဒသတြင္း သဘာဝဓါတ္ေငြ႕ ထုတ္လုပ္တဲ့ အဓိက ႏိုင္ငံတႏိုင္ငံ ျဖစ္လာမယ္လို႔ ခန္႔မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

အာဖရိကသမဂ္ဂ အကြီးအကဲ ရုရှား နဲ့ ယူကရိန်းကို သွားရောက်မည်

{{Zawgyi/Unicode}}
ဆီနီဂေါသမ္မတ Macky Sall က သူဟာ အာဖရိကသမဂ္ဂ AU ကိုယ်စား အလှည့်ကျဥက္ကဌ အနေနဲ့ ရုရှားနဲ့ ယူကရိန်းကို မကြာခင်မှာ သွားရောက်မှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။ မူလက မေ ၁၈ ရက်မှာ သွားဖို့ စီစဉ်ထားပေမယ့် အဆင်မပြေသေးလို့ မသွားဖြစ်သေးကြောင်း ဆီနီဂေါကို ရောက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ Dakar က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ကောက်နှံပင် စားသောက်ကုန် ဈေးတွေတက်ပြီး လောင်စာဆီပါ ပြတ်ကုန်တဲ့ အတွက် အာဖရိက ဒေသစီးပွါးရေး အထိနာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖရိကဒေသတွင်း နိုင်ငံတွေကြား ရုရှားရဲ့ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲနေကြတာပါ။

ဂျာမနီဝန်ကြီးချုပ် Scholz ကတော့ ယူကရိန်းကနေ ကောက်နှံတင်ပို့မှု အောင်မြင်စေဖို့ တက်တက်ကြွကြွ ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ တကယ်လို့ ယူကရိန်းက ကောက်နှံတွေမရရင် ကမ္ဘာ့နိုင်ငံအများအပြားမှာ သူတို့ရဲ့ပြည်သူတွေ စားသောက်ရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ရှိတာကြောင့် တတ်စွမ်းသမျှ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ပထမဆုံး သွားရောက်တဲ့ ၃ ရက်ကြာ အာဖရိက ခရီးစဉ်မှာ ဂျာမနီဝန်ကြီးချုပ် Scholz ဟာ အခု ဆီနီဂေါ နိုင်ငံကို ရောက်နေတာ ဖြစ်ပြီး Niger နဲ့ တောင်အာဖရိက နိုင်ငံတွေကိုလည်း ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း ရိုက်ခတ်လာနေတဲ့ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ပြဿနာ ဆိုင်ရာကို ဒီခရီးစဉ်အတွင်း ဝန်ကြီးချုပ် Scholz က ဦးစားပေးဆွေးနွေးဖို့ရှိပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာနဲ့ ဆီနီဂေါရဲ့ သဘာဝဓါတ်ငွေ့ သုံးစွဲရေးမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ပါတယ်။ ဆီနီဂေါနိုင်ငံမှာ ရှိတဲ့ သဘာဝဓါတ်ငွေ့ သိုက်ဟာ ကုဗမီတာ ဘီလီယံနဲ့ချီရှိနေတာ ဖြစ်ပြီး ဒေသတွင်း သဘာဝဓါတ်ငွေ့ ထုတ်လုပ်တဲ့ အဓိက နိုင်ငံတနိုင်ငံ ဖြစ်လာမယ်လို့ ခန့်မှန်းကြပါတယ်။

XS
SM
MD
LG