သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးငယ္ေတြေသဆံုးရတဲ႔ ပစ္ခတ္မႈေၾကာင္႔ ေသနတ္ကိုင္ေဆာင္မႈ လြတ္လပ္ခြင္႔အေပၚ အျမင္တခ်ိဳ႕


တကၠဆက္ျပည္နယ္ Robb မူလတန္းေက်ာင္း ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့ရသူေတြအတြက္ ဆုေတာင္းေနသူ (May 25, 2022)

[[ ZAWGYI / UNICODE ]]

ကေလးငယ္ေတြေသဆံုးရတဲ႔ ပစ္ခတ္မႈေၾကာင္႔ ေသနတ္ကိုင္ေဆာင္မႈ လြတ္လပ္ခြင္႔အေပၚ အျမင္တခ်ိဳ႕

အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္က အဂၤါေန႔ ပစ္ခတ္ ေသဆုံးမႈနဲ႔ ပတ္သက္လို႔ အဲဒီျပည္နယ္မွာ ေနထိုင္ၾကတဲ့ ျမန္မာအသိုင္းအဝိုင္းၾကား စိုးရိမ္မႈေတြ တိုးပြားေနသလို၊ လက္နက္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရးကို ပိုၿပီး လုပ္သင့္တယ္လို႔ ျမင္သူေတြလည္း ရွိပါတယ္။ မူလတန္းေက်ာင္း ပစ္ခတ္မႈမွာ လူ(၂၀)ေက်ာ္ ေသဆုံးခဲ့ရၿပီးေနာက္ ခုလို ေျပာဆိုလိုက္ၾကတာပါ။ ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ ယူဗားလ္ဒီးၿမိဳ႕(Uvalde)က Robb မူလတန္းေက်ာင္းကိုဝင္ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ လူသတ္သမားက ေမာင္းျပန္ေသနတ္နဲ႔ အဂၤါေန႔က ပစ္ခတ္ခဲ့တဲ့အတြက္ ကေလး ၁၉ ဦးနဲ႔ လူႀကီး ၂ ဦး ေသဆုံးသြားတဲ့အေပၚ သမၼတ ဂ်ဳိးဘိုင္ဒန္က အိမ္ျဖဴေတာ္ကေန အဂၤါေန႔ညမွာ တုံ႔ျပန္ ေျပာဆိုလိုက္ ပါတယ္။

“အသက္ ၁၈ ႏွစ္ဘဲရွိေသးတဲ့ လူငယ္တေယာက္က ေသနတ္ဆိုင္တဲ့၀င္ၿပီး ေမာင္းျပန္ေသနတ္ ၀ယ္လို႔ရတယ္ဆိုတာဟာ မွားယြင္းေနပါတယ္။ လူတေယာက္ေယာက္ကို ပစ္သတ္ဖို႔အတြက္မဟုတ္ဘဲ ေမာင္းျပန္႐ိုင္ဖယ္ကို ဘာေၾကာင့္ ၀ယ္ဖို႔လိုရတာလဲ။ သမင္ကေတာ့ ေတာထဲမွာ က်ည္ကာအက်ႌ၀တ္ၿပီး ဘယ္ေျပးေနပါ့မလဲ။ ေသနတ္ကုမၸဏီေတြဟာ သူတို႔အတြက္ အျမတ္အစြန္းပိုရတဲ့ ဒီေမာင္းျပန္ေသနတ္ေတြကို ဆယ္စုႏွစ္ ၂ ခုေလာက္ တြန္းေရာင္းေနခဲ့ၾကတာပါ။ က်ေနာ္တို႔မွာ ဒီကုမၸဏီေတြကို ရင္ဆိုင္ရဲတဲ့သတၱိ ရွိသင့္ပါတယ္။”

ကေလးငယ္ အမ်ားအျပား ေသဆုံးခဲ့ရတဲ့ ဒီသတင္းေၾကာင့္ တုန္လႈပ္ရသလို၊ မူလတန္းအရြယ္ မိမိရဲ႕ ကေလးငယ္အတြက္ပါ စိုးရိမ္ပူပန္စိတ္ ဝင္လာမိေၾကာင္း တကၠဆက္ျပည္နယ္ Houston ျမဳိ႕ေန မေဘးေဘ က ေျပာပါတယ္။

" အခု ျဖစ္သြားတာက မူလတန္းေက်ာင္းမွာ ျဖစ္သြားတာ ၊ ကေလးေလးေတြလည္း အမ်ားႀကီး ေသသြားတယ္။ ေနာက္ထပ္ သတင္းေတြမွာလည္း ကေလးေတြ ထပ္ေသတာဆိုေတာ့ ပိုၿပီးလည္း စိတ္ပူတယ္ စိတ္မေကာင္းလည္း ျဖစ္မိတယ္၊ ကိုယ့္ကေလး အရြယ္လည္း ျဖစ္တာဆိုေတာ့။ အဲဒီဖက္ ေက်ာင္းေတြကေတာ့ အကုန္လုံး ပိတ္ခ်လိုက္ၿပီ။ မိဘ တေယာက္အေနနဲ႔ ဆိုလို႔ရွိရင္ေတာ့ ပိုၿပီး စိတ္ပူတယ္၊ ေနာက္ လာမယ့္ ေက်ာင္းဖြင့္ခ်ိန္က်ရင္ ေက်ာင္းေတြကို သူတို႔အေနနဲ႔ ပိုၿပီးေတာ့ လုံျခဳံမႈရွိေအာင္ ပိုလုပ္သင့္တယ္လို႔ေတာ့ ျမင္တာေပါ့ ။ ဘာလို႔လည္းဆိုေတာ့ အခုက ကေလးေတြ အမ်ားႀကီး ေသသြားတာဆိုေတာ့ မိဘတေယာက္ အေနနဲ႔ကေတာ့ ေန႔စဥ္နဲ႔အမွ် ရင္ပူရတာေပါ့။ ဘယ္ေနရာမွာမွ လုံျခဳံမႈ မရွိေတာ့ေလ။"

တကၠဆက္ျပည္နယ္ဟာ အေမရိကန္ျပည္ေထာင္စုအတြင္း လြတ္လပ္စြာ ေသနတ္ကိုင္ေဆာင္ခြင့္ရွိတဲ့ ျပည္နယ္တခု ျဖစ္ပါတယ္။ ကားဒ႐ိုင္ဘာ လိုင္စင္ျပႏိုင္ရင္ ေသနတ္မ်ဳိးစုံ ဝယ္ယူလို႔ရတဲ့ေဒသ ျဖစ္တာေၾကာင့္ ဒါကို မထိန္းခ်ဳပ္ႏိုင္ရင္ ဒီလိုမ်ဳိး အလားတူ ျဖစ္ရပ္ဆိုးေတြ ထပ္ၾကဳံရႏိုင္တယ္လို႔ Dallas ျမဳိ႕က ကိုေဇာ္ထြန္းက ေထာက္ျပပါတယ္။

" ေသတဲ့လူေတြက အ႐ုပ္ေလးေတြလိုပဲ ၊ တန္ဖိုးရွိတဲ့ ကေလးေတြဗ်ာ ဘယ္ေလာက္ ရင္နင့္စရာ ေကာင္းလဲ။ ဒီျပည္နယ္မွာေတာ့ လက္နက္က သူကိုင္ကိုယ္ကိုင္ ေပါ့ေလ၊ အဲဒါ Freedom လို ျဖစ္ေနတာဆိုေတာ့ ကိုင္ေဆာင္ခြင့္က အဲလိုကို ျဖစ္ေနတာ။ ဒီအတိုင္းသာဆို ဒီက လူငယ္ေတြကအစ ေသနတ္ကေလး တယားယားနဲ႔ပဲ။ ၿပီးေတာ့ မူးယစ္ေဆးဝါးေတြကလည္း ရေနတာပဲ လုပ္ေနၾကတာပဲ ဆိုေတာ့ ခနခန ပစ္ခတ္မႈျဖစ္ဖို႔ မ်ားတာကေတာ့ ေသခ်ာတယ္။ တိတိက်က် ထိန္းခ်ဳပ္မယ္ဆိုရင္ေတာ့ ကန္႔သတ္ခ်က္ထားၿပီးမွ ကိုင္ေဆာင္ခြင့္ ေပးသင့္တာေပါ့။ လက္နက္ ထိန္းခ်ဳပ္ေရးက လိုလားတဲ့လူေတြ ရွိသလို၊ မလိုလားတဲ့ သူေတြလည္း ရွိတယ္။ လိုတဲ့လူေတြကေတာ့ စည္းကမ္းခ်က္ေတြ ထားေစခ်င္တာေပါ့။ တခ်ဳိ႕ေတြ က်ေတာ့လည္း ဖြင့္ေပးထားၿပီးေတာ့ ကိုင္ေဆာင္ခ်င္တယ္ အဲလိုမ်ဳိးေတြေပ့ါ။ ဒီမွာက တဦးတေယာက္ထဲမွာကို လက္နက္က လက္နက္ေပါင္း မ်ဳိးစုံ ဝယ္ကိုင္ေနၾကတာ။ အဲလိုမ်ဳိးပဲ လက္နက္ ၾကဳိက္ႏွစ္သက္တဲ့ crazy ေတြလည္း အမ်ားႀကီး ရွိၾကတယ္ ဒီ တကၠဆက္ျပည္နယ္ထဲမွာ။ ကိုယ္နဲ႔သိတဲ့ လူေတြက အစေပါ့။ "

တကၠဆက္ျပည္နယ္က ပစ္ခတ္မႈျဖစ္ခဲ့ၿပီးေနာက္ လက္နက္ကိုင္ေဆာင္မႈ ဥပေဒနဲ႔ပတ္သက္လို႔ အဓိပၸါယ္ရွိရွိ ျပဳျပင္ေျပာင္းလဲၾကဖို႔ လႊတ္ေတာ္ အမတ္ေတြကို တြန္းအားေပးသြားမယ္လို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က အေလးအနက္ ကတိျပဳလိုက္ပါတယ္။ အာရွခရီးစဥ္က ေရာက္ေရာက္ျခင္းမွာ ခုလို တုံ႔ျပန္လိုက္တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========================

{{ UNICODE }}

ကလေးငယ်တွေသေဆုံးရတဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကိုင်ဆောင်မှု လွတ်လပ်ခွင့်အပေါ် အမြင်တချို့

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က အင်္ဂါနေ့ ပစ်ခတ် သေဆုံးမှုနဲ့ ပတ်သက်လို့ အဲဒီပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းကြား စိုးရိမ်မှုတွေ တိုးပွားနေသလို၊ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကို ပိုပြီး လုပ်သင့်တယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ မူလတန်းကျောင်း ပစ်ခတ်မှုမှာ လူ(၂၀)ကျော် သေဆုံးခဲ့ရပြီးနောက် ခုလို ပြောဆိုလိုက်ကြတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ယူဗားလ်ဒီးမြို့(Uvalde)က Robb မူလတန်းကျောင်းကိုဝင်ပြီး အသက် ၁၈ နှစ်အရွယ် လူသတ်သမားက မောင်းပြန်သေနတ်နဲ့ အင်္ဂါနေ့က ပစ်ခတ်ခဲ့တဲ့အတွက် ကလေး ၁၉ ဦးနဲ့ လူကြီး ၂ ဦး သေဆုံးသွားတဲ့အပေါ် သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကနေ အင်္ဂါနေ့ညမှာ တုံ့ပြန် ပြောဆိုလိုက် ပါတယ်။

“အသက် ၁၈ နှစ်ဘဲရှိသေးတဲ့ လူငယ်တယောက်က သေနတ်ဆိုင်တဲ့ဝင်ပြီး မောင်းပြန်သေနတ် ဝယ်လို့ရတယ်ဆိုတာဟာ မှားယွင်းနေပါတယ်။ လူတယောက်ယောက်ကို ပစ်သတ်ဖို့အတွက်မဟုတ်ဘဲ မောင်းပြန်ရိုင်ဖယ်ကို ဘာကြောင့် ဝယ်ဖို့လိုရတာလဲ။ သမင်ကတော့ တောထဲမှာ ကျည်ကာအင်္ကျီဝတ်ပြီး ဘယ်ပြေးနေပါ့မလဲ။ သေနတ်ကုမ္ပဏီတွေဟာ သူတို့အတွက် အမြတ်အစွန်းပိုရတဲ့ ဒီမောင်းပြန်သေနတ်တွေကို ဆယ်စုနှစ် ၂ ခုလောက် တွန်းရောင်းနေခဲ့ကြတာပါ။ ကျနော်တို့မှာ ဒီကုမ္ပဏီတွေကို ရင်ဆိုင်ရဲတဲ့သတ္တိ ရှိသင့်ပါတယ်။”

ကလေးငယ် အများအပြား သေဆုံးခဲ့ရတဲ့ ဒီသတင်းကြောင့် တုန်လှုပ်ရသလို၊ မူလတန်းအရွယ် မိမိရဲ့ ကလေးငယ်အတွက်ပါ စိုးရိမ်ပူပန်စိတ် ဝင်လာမိကြောင်း တက္ကဆက်ပြည်နယ် Houston မြို့နေ မဘေးဘေ က ပြောပါတယ်။

" အခု ဖြစ်သွားတာက မူလတန်းကျောင်းမှာ ဖြစ်သွားတာ ၊ ကလေးလေးတွေလည်း အများကြီး သေသွားတယ်။ နောက်ထပ် သတင်းတွေမှာလည်း ကလေးတွေ ထပ်သေတာဆိုတော့ ပိုပြီးလည်း စိတ်ပူတယ် စိတ်မကောင်းလည်း ဖြစ်မိတယ်၊ ကိုယ့်ကလေး အရွယ်လည်း ဖြစ်တာဆိုတော့။ အဲဒီဖက် ကျောင်းတွေကတော့ အကုန်လုံး ပိတ်ချလိုက်ပြီ။ မိဘ တယောက်အနေနဲ့ ဆိုလို့ရှိရင်တော့ ပိုပြီး စိတ်ပူတယ်၊ နောက် လာမယ့် ကျောင်းဖွင့်ချိန်ကျရင် ကျောင်းတွေကို သူတို့အနေနဲ့ ပိုပြီးတော့ လုံခြုံမှုရှိအောင် ပိုလုပ်သင့်တယ်လို့တော့ မြင်တာပေါ့ ။ ဘာလို့လည်းဆိုတော့ အခုက ကလေးတွေ အများကြီး သေသွားတာဆိုတော့ မိဘတယောက် အနေနဲ့ကတော့ နေ့စဉ်နဲ့အမျှ ရင်ပူရတာပေါ့။ ဘယ်နေရာမှာမှ လုံခြုံမှု မရှိတော့လေ။"

တက္ကဆက်ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုအတွင်း လွတ်လပ်စွာ သေနတ်ကိုင်ဆောင်ခွင့်ရှိတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ကားဒရိုင်ဘာ လိုင်စင်ပြနိုင်ရင် သေနတ်မျိုးစုံ ဝယ်ယူလို့ရတဲ့ဒေသ ဖြစ်တာကြောင့် ဒါကို မထိန်းချုပ်နိုင်ရင် ဒီလိုမျိုး အလားတူ ဖြစ်ရပ်ဆိုးတွေ ထပ်ကြုံရနိုင်တယ်လို့ Dallas မြို့က ကိုဇော်ထွန်းက ထောက်ပြပါတယ်။

" သေတဲ့လူတွေက အရုပ်လေးတွေလိုပဲ ၊ တန်ဖိုးရှိတဲ့ ကလေးတွေဗျာ ဘယ်လောက် ရင်နင့်စရာ ကောင်းလဲ။ ဒီပြည်နယ်မှာတော့ လက်နက်က သူကိုင်ကိုယ်ကိုင် ပေါ့လေ၊ အဲဒါ Freedom လို ဖြစ်နေတာဆိုတော့ ကိုင်ဆောင်ခွင့်က အဲလိုကို ဖြစ်နေတာ။ ဒီအတိုင်းသာဆို ဒီက လူငယ်တွေကအစ သေနတ်ကလေး တယားယားနဲ့ပဲ။ ပြီးတော့ မူးယစ်ဆေးဝါးတွေကလည်း ရနေတာပဲ လုပ်နေကြတာပဲ ဆိုတော့ ခနခန ပစ်ခတ်မှုဖြစ်ဖို့ များတာကတော့ သေချာတယ်။ တိတိကျကျ ထိန်းချုပ်မယ်ဆိုရင်တော့ ကန့်သတ်ချက်ထားပြီးမှ ကိုင်ဆောင်ခွင့် ပေးသင့်တာပေါ့။ လက်နက် ထိန်းချုပ်ရေးက လိုလားတဲ့လူတွေ ရှိသလို၊ မလိုလားတဲ့ သူတွေလည်း ရှိတယ်။ လိုတဲ့လူတွေကတော့ စည်းကမ်းချက်တွေ ထားစေချင်တာပေါ့။ တချို့တွေ ကျတော့လည်း ဖွင့်ပေးထားပြီးတော့ ကိုင်ဆောင်ချင်တယ် အဲလိုမျိုးတွေပေ့ါ။ ဒီမှာက တဦးတယောက်ထဲမှာကို လက်နက်က လက်နက်ပေါင်း မျိုးစုံ ဝယ်ကိုင်နေကြတာ။ အဲလိုမျိုးပဲ လက်နက် ကြိုက်နှစ်သက်တဲ့ crazy တွေလည်း အများကြီး ရှိကြတယ် ဒီ တက္ကဆက်ပြည်နယ်ထဲမှာ။ ကိုယ်နဲ့သိတဲ့ လူတွေက အစပေါ့။ "

တက္ကဆက်ပြည်နယ်က ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်ဆောင်မှု ဥပဒေနဲ့ပတ်သက်လို့ အဓိပ္ပါယ်ရှိရှိ ပြုပြင်ပြောင်းလဲကြဖို့ လွှတ်တော် အမတ်တွေကို တွန်းအားပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က အလေးအနက် ကတိပြုလိုက်ပါတယ်။ အာရှခရီးစဉ်က ရောက်ရောက်ခြင်းမှာ ခုလို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG