သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပစ္ခတ္မႈျဖစ္ပြါးတဲ႔ Texas ျပည္နယ္ကို သမၼတ Biden သြားေရာက္မည္


TEXAS-SHOOTING/

မူလတန္းေက်ာင္းသား ၁၉ ေယာက္နဲ႔ ဆရာ ၂ ေယာက္ ေသဆုံးခဲ့တဲ့ ပစ္ခတ္မႈျဖစ္ခဲ့ရာ အေမရိကန္ ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္ကို မၾကာခင္ သြားေရာက္ဖို႔ရွိေၾကာင္း သမၼတ Joe Biden ကေျပာလိုက္ပါတယ္။ သက္ဆိုင္ရာမိသားစုေတြနဲ႔ ေတြ႕ဆုံအားေပးဖို႔ တကၠဆက္ကို သမၼတကေတာ္နဲ႔အတူ မၾကာခင္သြားမယ့္အေၾကာင္း ေျပာလိုက္တာပါ။

ပစ္ခတ္မႈျဖစ္ပြါးတဲ႔ Texas ျပည္နယ္ကို သမၼတ Biden သြားေရာက္မည္

{{Zawgyi/Unicode}}
မူလတန္းေက်ာင္းသား ၁၉ ေယာက္နဲ႔ ဆရာ ၂ ေယာက္ ေသဆုံးခဲ့တဲ့ ပစ္ခတ္မႈျဖစ္ခဲ့ရာ အေမရိကန္ ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္ကို မၾကာခင္ သြားေရာက္ဖို႔ရွိေၾကာင္း သမၼတ Joe Biden ကေျပာလိုက္ပါတယ္။ သက္ဆိုင္ရာမိသားစုေတြနဲ႔ ေတြ႕ဆုံအားေပးဖို႔ တကၠဆက္ကို သမၼတကေတာ္နဲ႔အတူ မၾကာခင္သြားမယ့္အေၾကာင္း ဗုဒၶဟူးေန႔ အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

မူလတန္းေက်ာင္း ပစ္ခတ္မႈအတြက္ ကုလသမဂၢ အႀကီးအကဲကလည္း ထိတ္လန္႔တုန္လႈပ္ၿပီး ၀မ္းနည္းရေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။ အထူးသျဖင့္ ကေလးေတြ အမ်ားစု ေသဆုံးခဲ့ရတဲ့အတြက္ စိတ္ႏွလုံးထိခိုက္ရေၾကာင္းလည္း အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေျပာဆိုခဲ့ပါတယ္။

ေသနတ္သမားဟာ ပစ္ခတ္မႈ မျဖစ္ခင္မွာပဲ တိုက္ခိုက္မယ့္အေၾကာင္း အြန္လိုင္းကေန ေျပာခဲ့ေၾကာင္း တကၠဆက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးက ဗုဒၶဟူးေန႔မွာပဲ ေျပာခဲ့တာပါ။

Uvalde ၿမိဳ႕က Robb မူလတန္းေက်ာင္းမွာ အဂၤါေန႔က ပစ္ခတ္မႈအတြင္း အသက္ ၁၈ ႏွစ္အရြယ္ ေသနတ္သမား Salvador Ramos ဟာ AR-15 အမ်ဳိးအစား ေသနတ္ကို သုံးခဲ့ေၾကာင္းလည္း ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott က သတင္းစာ ရွင္းလင္းပဲြမွာ ေျပာခဲ့ပါတယ္။

ပစ္ခတ္မႈ မျဖစ္ခင္ နာရီ၀က္ေလာက္ အလိုမွာပဲ အြန္လိုင္းကေန ၃ ႀကိမ္ Message ပို႔ခဲ့တယ္လို႔လည္း ေျပာပါတယ္။ အဖြားျဖစ္သူကို ပစ္သတ္မယ့္အေၾကာင္း အြန္လိုင္းမွာ ေျပာၿပီး သိပ္မၾကာခင္မွာပဲ ပစ္သတ္ခဲ့ၿပီး ေနာက္ပိုင္းမွာ မူလတန္းေက်ာင္းကိုသြားၿပီး ပစ္ခဲ့တာလို႔လည္း အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ေသနတ္သမားဟာ ရာဇ၀တ္ေၾကာင္းနဲ႔ စိတ္ေ၀ဒနာ ခံစားဖူးတဲ့ ေနာက္ေၾကာင္းရာဇ၀င္ မရွိေၾကာင္းလည္း အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

ပစ်ခတ်မှုဖြစ်ပွါးတဲ့ Texas ပြည်နယ်ကို သမ္မတ Biden သွားရောက်မည်

{{Zawgyi/Unicode}}
မူလတန်းကျောင်းသား ၁၉ ယောက်နဲ့ ဆရာ ၂ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ခဲ့ရာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကို မကြာခင် သွားရောက်ဖို့ရှိကြောင်း သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ သက်ဆိုင်ရာမိသားစုတွေနဲ့ တွေ့ဆုံအားပေးဖို့ တက္ကဆက်ကို သမ္မတကတော်နဲ့အတူ မကြာခင်သွားမယ့်အကြောင်း ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

မူလတန်းကျောင်း ပစ်ခတ်မှုအတွက် ကုလသမဂ္ဂ အကြီးအကဲကလည်း ထိတ်လန့်တုန်လှုပ်ပြီး ဝမ်းနည်းရကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ကလေးတွေ အများစု သေဆုံးခဲ့ရတဲ့အတွက် စိတ်နှလုံးထိခိုက်ရကြောင်းလည်း အတွင်းရေးမှူးချုပ် Antonio Guterres ကပြောဆိုခဲ့ပါတယ်။

သေနတ်သမားဟာ ပစ်ခတ်မှု မဖြစ်ခင်မှာပဲ တိုက်ခိုက်မယ့်အကြောင်း အွန်လိုင်းကနေ ပြောခဲ့ကြောင်း တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့မှာပဲ ပြောခဲ့တာပါ။

Uvalde မြို့က Robb မူလတန်းကျောင်းမှာ အင်္ဂါနေ့က ပစ်ခတ်မှုအတွင်း အသက် ၁၈ နှစ်အရွယ် သေနတ်သမား Salvador Ramos ဟာ AR-15 အမျိုးအစား သေနတ်ကို သုံးခဲ့ကြောင်းလည်း ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပစ်ခတ်မှု မဖြစ်ခင် နာရီဝက်လောက် အလိုမှာပဲ အွန်လိုင်းကနေ ၃ ကြိမ် Message ပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ အဖွားဖြစ်သူကို ပစ်သတ်မယ့်အကြောင်း အွန်လိုင်းမှာ ပြောပြီး သိပ်မကြာခင်မှာပဲ ပစ်သတ်ခဲ့ပြီး နောက်ပိုင်းမှာ မူလတန်းကျောင်းကိုသွားပြီး ပစ်ခဲ့တာလို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေနတ်သမားဟာ ရာဇဝတ်ကြောင်းနဲ့ စိတ်ဝေဒနာ ခံစားဖူးတဲ့ နောက်ကြောင်းရာဇဝင် မရှိကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

XS
SM
MD
LG