သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကၠဆက္ျပည္နယ္ ပစ္ခတ္မႈ အနည္းဆံုး ၃ ဦးေသဆံုး


ပစ္ခတ္ ေသဆုံးမႈေၾကာင့္ ေသနတ္သမားကို ေစာင့္ၾကည့္ရွာေဖြေနတဲ့ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမဳိ႕က ရဲတပ္ဖြဲ႔ ( April 18, 2021 )

[ Zawgyi / Unicode ]

အေမရိကန္ ျပည္ေထာင္စု တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမဳိ႕က တိုက္ခန္းအိမ္ယာဝင္း တခုအတြင္း တနဂၤေႏြ ေန႔က လိုက္လံပစ္ခတ္မႈေၾကာင့္ အခုသတင္းလႊင့္ေနတဲ့ အခ်ိန္ထိ အနည္းဆုံး လူ(၃)ဦး ေသဆုံးသြားတယ္လို႔ ေအာ္စတင္ ရဲတပ္ဖဲြ႔ အရာရွိတဦးက ေျပာပါတယ္။

လူေတြကို လုိက္လံပစ္ခတ္ေနတဲ့ ေသနတ္သမားဟာ လြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။ သူ႔ကို ဖမ္းဆီးရမိ ႏိုင္ေရးအတြက္ FBI အဖြဲ႔ရဲ႕အကူအညီနဲ႔ က်ေနာ္တို႔ အပူတျပင္း စုံစမ္းရွာေဖြေနဆဲ ျဖစ္ပါတယ္။ ခုလို ေသဆုံးသြားရ သူေတြအတြက္ ရဲတပ္ဖြဲ႔တခုလုံးရဲ႕ကိုယ္စား စိတ္မေကာင္းႀကီးစြာ ျဖစ္ရပါတယ္လို႔ ရဲအရာရွိက ေျပာသြားတာပါ။ ေသဆုံးသြားသူေတြဟာ အရြယ္ေရာက္ၿပီးသူေတြ ျဖစ္ၿပီး ၊ ေနရာမွာတင္ ပဲြခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ဒီပစ္ခတ္မႈဟာ အခ်ိန္မေရြး ျပန္ေပၚလာႏိုင္တဲ့ အႏၱရာယ္ရွိဆဲ ပစ္ခတ္မႈမ်ဳိးအျဖစ္ ေအာ္စတင္ၿမဳိ႕ ရဲေတြက သတ္မွတ္ ေစာင့္ၾကည့္ေနတာပါ။

သံသယ တရားခံက လြတ္ေျမာက္ေနဆဲ ျဖစ္တဲ့အတြက္ ေဒသခံျပည္သူေတြ အသက္အႏၱရာယ္ မရွိရေအာင္ ပစ္ခတ္မႈျဖစ္ထားတဲ့ ေနရာနားတဝုိက္ကို မသြားၾကဖုိ႔ ရဲက သတိေပးႏႈိးေဆာ္ထားပါတယ္။ ပစ္ခတ္မႈဟာ တကၠဆက္ျပည္နယ္ရဲ႕ၿမဳိ႕ေတာ္ ေအာ္စတင္ရဲ႕ အေနာက္ေျမာက္ဖက္က လူသိမ်ားတဲ့ ေစ်းဝယ္စင္တာနား စတင္ျဖစ္ပြားခဲ့တာပါ။ ေသနတ္သမား ဘယ္သူ ဘယ္ဝါ ျဖစ္တယ္ဆိုတာ ရဲက သိရွိထားၿပီ ျဖစ္တယ္လို႔ ေအာ္စတင္ၿမဳိ႕ KVUE-TV ရုပ္သံဌာနက ေျပာပါတယ္။

တကၠဆက္ျပည္နယ္ ပစ္ခတ္မႈ အနည္းဆံုး ၃ ဦးေသဆံုး
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


[ Unicode ]

တက္ကဆက်ပြည်နယ် ပစ်ခတ်မှု အနည်းဆုံး ၃ ဦးသေဆုံး

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့က တိုက်ခန်းအိမ်ယာဝင်း တခုအတွင်း တနင်္ဂနွေ နေ့က လိုက်လံပစ်ခတ်မှုကြောင့် အခုသတင်းလွှင့်နေတဲ့ အချိန်ထိ အနည်းဆုံး လူ(၃)ဦး သေဆုံးသွားတယ်လို့ အော်စတင် ရဲတပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။

လူတွေကို လိုက်လံပစ်ခတ်နေတဲ့ သေနတ်သမားဟာ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးရမိ နိုင်ရေးအတွက် FBI အဖွဲ့ရဲ့အကူအညီနဲ့ ကျနော်တို့ အပူတပြင်း စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ ခုလို သေဆုံးသွားရ သူတွေအတွက် ရဲတပ်ဖွဲ့တခုလုံးရဲ့ကိုယ်စား စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်လို့ ရဲအရာရှိက ပြောသွားတာပါ။ သေဆုံးသွားသူတွေဟာ အရွယ်ရောက်ပြီးသူတွေ ဖြစ်ပြီး ၊ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ အချိန်မရွေး ပြန်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိဆဲ ပစ်ခတ်မှုမျိုးအဖြစ် အော်စတင်မြို့ ရဲတွေက သတ်မှတ် စောင့်ကြည့်နေတာပါ။

သံသယ တရားခံက လွတ်မြောက်နေဆဲ ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ အသက်အန္တရာယ် မရှိရအောင် ပစ်ခတ်မှုဖြစ်ထားတဲ့ နေရာနားတဝိုက်ကို မသွားကြဖို့ ရဲက သတိပေးနှိုးဆော်ထားပါတယ်။ ပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ်ရဲ့မြို့တော် အော်စတင်ရဲ့ အနောက်မြောက်ဖက်က လူသိများတဲ့ ဈေးဝယ်စင်တာနား စတင်ဖြစ်ပွားခဲ့တာပါ။ သေနတ်သမား ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ ရဲက သိရှိထားပြီ ဖြစ်တယ်လို့ အော်စတင်မြို့ KVUE-TV ရုပ်သံဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG