သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တကၠဆက္ျပည္နယ္ မူလတန္းေက်ာင္း ပစ္ခတ္မႈ ကေလး ၁၈ ဦးေသ


(Zawgyi / Unicode)

အေမရိကန္ ျပည္ေထာင္စု တကၠဆက္ ျပည္နယ္က ေက်ာင္းတခုမွာ အဂၤါေန႔က ေသနတ္သမား လက္ခ်က္နဲ႔ ကေလးငယ္ ၁၄ ဦး နဲ႔ ဆရာ တဦးတို႔ ေသဆံုး ခဲ႔ၿပီး အသက္ ၁၈ ႏွစ္ အရြယ္ ေသနတ္သမားလည္း ေသဆံုးေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။
San Antonio ရဲ႕ အေနာက္ပိုင္း ၈၅ မိုင္ အကြာမွာ ရွိတဲ႔ Robb မူလတန္းေက်ာင္းမွာ ေဒသခံ အမ်ိဳးသား

တဦးက ပစ္ခတ္ခဲ႔ေၾကာင္း တကၠဆက္ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott က ေျပာပါတယ္။
ဒီပစ္ခတ္မႈဟာ တကၠဆက္ ျပည္နယ္တြင္း အေသအေပ်ာက္ အမ်ားဆံုး စာသင္ေက်ာင္း ပစ္ခတ္မႈျဖစ္ၿပီး Houston ၀န္းက်င္က Santa Fe အထက္တန္းေက်ာင္းမွာ လူ ၁၀ ဦး ေသဆံုးရတဲ႔ ပစ္ခတ္မႈ ျဖစ္ၿပီး ၄ ႏွစ္ အၾကာမွာ ျဖစ္ခဲ႔တာပါ။

ေသနတ္သမားလည္း ပစ္ခတ္ခံရၿပီး ေသဆံုးခဲ႔ေၾကာင္း၊ ရဲအရာရွိ ၂ ဦး ပစ္ခတ္ခံရမႈေၾကာင့္ ဒဏ္ရာရခဲ႔ၿပီး အသက္အႏၲရာယ္က ကင္းလြတ္ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ေသနတ္သမားက နယ္ခံတဦး ျဖစ္ၿပီး ေျပာင္းတို ေသနတ္အျပင္ ႐ိုင္ဖယ္ တလက္လည္း ပါႏိုင္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး Abbott က ေျပာပါတယ္။

ေသနတ္သမားကိုေတာ့ ရဲတပ္ဖြဲ႔၀င္ေတြက ပစ္ခတ္ခဲ႔မႈေၾကာင့္ ျဖစ္ႏိုင္ေျခ ရွိေၾကာင္းေျပာေပမယ့္လည္း စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။ ေသနတ္သမားက တဦးတည္း လုပ္ခဲ႔တာ ျဖစ္ေၾကာင္း Uvalde ရဲ႕ ရဲခ်ဳပ္ Pete Arredondo က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)


တက္ကဆက်ပြည်နယ် မူလတန်းကျောင်း ပစ်ခတ်မှု ကလေး ၁၈ ဦးသေ

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က ကျောင်းတခုမှာ အင်္ဂါနေ့က သေနတ်သမား လက်ချက်နဲ့ ကလေးငယ် ၁၄ ဦး နဲ့ ဆရာ တဦးတို့ သေဆုံး ခဲ့ပြီး အသက် ၁၈ နှစ် အရွယ် သေနတ်သမားလည်း သေဆုံးကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

San Antonio ရဲ့ အနောက်ပိုင်း ၈၅ မိုင် အကွာမှာ ရှိတဲ့ Robb မူလတန်းကျောင်းမှာ ဒေသခံ အမျိုးသား တဦးက ပစ်ခတ်ခဲ့ကြောင်း တက္ကဆက် အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။
ဒီပစ်ခတ်မှုဟာ တက္ကဆက် ပြည်နယ်တွင်း အသေအပျောက် အများဆုံး စာသင်ကျောင်း ပစ်ခတ်မှုဖြစ်ပြီး Houston ဝန်းကျင်က Santa Fe အထက်တန်းကျောင်းမှာ လူ ၁၀ ဦး သေဆုံးရတဲ့ ပစ်ခတ်မှု ဖြစ်ပြီး ၄ နှစ် အကြာမှာ ဖြစ်ခဲ့တာပါ။

သေနတ်သမားလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ရဲအရာရှိ ၂ ဦး ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်က ကင်းလွတ်ဖို့ မျှော်လင့်ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သေနတ်သမားက နယ်ခံတဦး ဖြစ်ပြီး ပြောင်းတို သေနတ်အပြင် ရိုင်ဖယ် တလက်လည်း ပါနိုင်ကြောင်း အုပ်ချုပ်ရေးမှူး Abbott က ပြောပါတယ်။

သေနတ်သမားကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့မှုကြောင့် ဖြစ်နိုင်ခြေ ရှိကြောင်းပြောပေမယ့်လည်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သေနတ်သမားက တဦးတည်း လုပ်ခဲ့တာ ဖြစ်ကြောင်း Uvalde ရဲ့ ရဲချုပ် Pete Arredondo က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

XS
SM
MD
LG