(Zawgyi / Unicode)
ကယ္လီဖိုးနီးယားျပည္နယ္ Sacramento ၿမိဳ႕မွာ တနဂၤေႏြေန႔မနက္ အ႐ုဏ္မတက္ခင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ၆ ဦးေသဆံုးရသလို ၁၀ ဦးေလာက္ ဒဏ္ရာေတြ ရခဲ့ၾကတယ္လို႔ Sacramento ရဲခ်ဳပ္ Kathy Lester က ေျပာပါတယ္။
မနက္ ၂ နာရီေလာက္ ရဲက ကင္းလွည့္ေနခ်ိန္ ေသနတ္သံၾကားခဲ့ရတဲ့အတြက္ သြားေရာက္ရာမွာ အခင္းျဖစ္ပြားတဲ့ေနရာ လမ္းမေပၚ လူေတြအံုေနတာေတြ႔ရၿပီး ၆ ဦး ေသဆံုးတာ ေတြ႔ရေၾကာင္း ရဲက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ဒဏ္ရာရသူ ၁၀ ေယာက္ကို ေဆး႐ုံေခၚသြားတာျဖစ္ၿပီး အခ်က္အလက္ အေသးစိတ္ကို မထုတ္ျပန္ေသးပါဘူး။
အခင္းျဖစ္ပြားမႈ အေနထားဟာလည္း ႐ႈပ္ေထြးေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။ ဒီပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ပါဝင္ပတ္သက္သူ ဘယ္ႏွစ္ဦးရွိတယ္ဆိုတာ မသိရေသးသလို ပစ္ခတ္တဲ့ ေသနတ္အမ်ိဳးအစားကိုေတာ့ ထုတ္မေျပာေသးပါဘူး။ သံသယရွိသူ ၁ ဦးထက္မနည္းကို ရဲက ရွာေဖြေနတယ္လို႔ ေျပာပါတယ္။
အခင္းျဖစ္ပြားရာေနရာဟာ စားေသာက္ဆိုင္ေတြ၊ အရက္ဘားေတြ အမ်ားအျပားရွိတဲ့ ေနရာျဖစ္ၿပီး အဲဒီေနရာကို မသြားၾကဖို႔ ေဒသခံေတြကို ပန္ၾကားထားတာပါ။
---------------------------
(Unicode)
အမေရိကန် Sacramento မြို့ ပစ်ခတ်မှု ၆ ဦးသေဆုံး
ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့မှာ တနင်္ဂနွေနေ့မနက် အရုဏ်မတက်ခင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးရသလို ၁၀ ဦးလောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ Sacramento ရဲချုပ် Kathy Lester က ပြောပါတယ်။
မနက် ၂ နာရီလောက် ရဲက ကင်းလှည့်နေချိန် သေနတ်သံကြားခဲ့ရတဲ့အတွက် သွားရောက်ရာမှာ အခင်းဖြစ်ပွားတဲ့နေရာ လမ်းမပေါ် လူတွေအုံနေတာတွေ့ရပြီး ၆ ဦး သေဆုံးတာ တွေ့ရကြောင်း ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒဏ်ရာရသူ ၁၀ ယောက်ကို ဆေးရုံခေါ်သွားတာဖြစ်ပြီး အချက်အလက် အသေးစိတ်ကို မထုတ်ပြန်သေးပါဘူး။
အခင်းဖြစ်ပွားမှု အနေထားဟာလည်း ရှုပ်ထွေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ဘယ်နှစ်ဦးရှိတယ်ဆိုတာ မသိရသေးသလို ပစ်ခတ်တဲ့ သေနတ်အမျိုးအစားကိုတော့ ထုတ်မပြောသေးပါဘူး။ သံသယရှိသူ ၁ ဦးထက်မနည်းကို ရဲက ရှာဖွေနေတယ်လို့ ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာဟာ စားသောက်ဆိုင်တွေ၊ အရက်ဘားတွေ အများအပြားရှိတဲ့ နေရာဖြစ်ပြီး အဲဒီနေရာကို မသွားကြဖို့ ဒေသခံတွေကို ပန်ကြားထားတာပါ။