သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယူးေယာက္ပစ္ခတ္မႈမွာ ေသဆုံးရသူေတြ မိသားစုနဲ႔ သမၼတသြားေရာက္ေတြ႕ဆုံ 


Biden Buffalo Supermarket Shooting

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ ျပည္နယ္ Buffalo ၿမိဳ႕မွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ကုန္ပိုင္းက ဆယ္ေက်ာ္သက္ လူျဖဴ ေသနတ္သမားက ကုန္စံုဆိုင္တခု အတြင္း ပစ္ခတ္မႈေၾကာင့္ လူမည္း ၁၀ ဦး ေသဆံုးခဲ႔ရမႈဟာ ျပည္တြင္း အၾကမ္းဖက္ ဝါဒ ျဖစ္တယ္လို႔ အေမရိကန္ သမၼတ Joe Biden က အဂၤါေန႔မွာ ေျပာဆိုပါတယ္။

နယူးေယာက္ပစ္ခတ္မႈမွာ ေသဆုံးရသူေတြ မိသားစုနဲ႔ သမၼတသြားေရာက္ေတြ႕ဆုံ

{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ ျပည္နယ္ Buffalo ၿမိဳ႕မွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ကုန္ပိုင္းက ဆယ္ေက်ာ္သက္ လူျဖဴ ေသနတ္သမားက ကုန္စံုဆိုင္တခု အတြင္း ပစ္ခတ္မႈေၾကာင့္ လူမည္း ၁၀ ဦး ေသဆံုးခဲ႔ရမႈဟာ ျပည္တြင္း အၾကမ္းဖက္ ဝါဒ ျဖစ္တယ္လို႔ အေမရိကန္ သမၼတ Joe Biden က အဂၤါေန႔မွာ ေျပာဆိုပါတယ္။

သမၼတ Biden နဲ႔ သမၼတ ကေတာ္ Jill Biden တို႔ဟာ Tops Friendly Market ပစ္ခတ္မႈ အတြင္း ေသဆံုးခဲ႔ရသူေတြရဲ႕ မိသားစု၀င္ေတြ၊ ဒဏ္ရာရသူ ၃ ဦးတို႔နဲ႔ သီးျခား ေတြ႕ဆံုခဲ႔ပါတယ္။

သမၼတ Biden က တိုက္ခိုက္မႈကို ရႈတ္ခ် ေျပာဆိုၿပီး လူျဖဴႀကီးစိုးေရး ဟာ အဆိပ္အေတာက္ ျဖစ္ၿပီး အေမရိကန္မွာ မရွိေစရဘူးလို႔လည္း ေျပာဆိုခဲ႔ပါတယ္။

တိုက္ခိုက္ေရးသံုး လက္နက္ေတြ ထိန္းခ်ဳပ္ေရး ႏွစ္နဲ႔ခ်ီ မေအာင္မျမင္ ျဖစ္ခဲ႔တဲ႔ ဥပေဒျပဳေရးကို လႊတ္ေတာ္က ေဆာင္ရြက္ဖို႔လည္း သမၼတ Biden က ေတာင္းဆိုလိုက္ပါတယ္။

လူမည္း အမ်ားစု ေနထိုင္ရာ ရပ္ကြက္တြင္းက ကုန္စံုဆိုင္ကို အသက္ ၁၈ ႏွစ္ အရြယ္ Payton Gendron က တိုက္ခိုက္ခဲ႔တာ ျဖစ္ၿပီး ပစ္ခတ္ခံရသူ ၁၃ ဦးထဲမွာ ၁၁ ဦးက လူမည္းေတြ ျဖစ္တယ္လို႔လည္း အာဏာပိုင္တို႔က ေျပာပါတယ္။ ဒီတိုက္ခိုက္မႈကိုေတာ့ အမုန္းတရား အေျခခံ တိုက္ခိုက္မႈ အျဖစ္ ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရး ဗ်ဴ႐ို FBI က စစ္ေဆးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................................


နယူးယောက်ပစ်ခတ်မှုမှာ သေဆုံးရသူတွေ မိသားစုနဲ့ သမ္မတသွားရောက်တွေ့ဆုံ

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် Buffalo မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဆယ်ကျော်သက် လူဖြူ သေနတ်သမားက ကုန်စုံဆိုင်တခု အတွင်း ပစ်ခတ်မှုကြောင့် လူမည်း ၁၀ ဦး သေဆုံးခဲ့ရမှုဟာ ပြည်တွင်း အကြမ်းဖက် ဝါဒ ဖြစ်တယ်လို့ အမေရိကန် သမ္မတ Joe Biden က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

သမ္မတ Biden နဲ့ သမ္မတ ကတော် Jill Biden တို့ဟာ Tops Friendly Market ပစ်ခတ်မှု အတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာရသူ ၃ ဦးတို့နဲ့ သီးခြား တွေ့ဆုံခဲ့ပါတယ်။

သမ္မတ Biden က တိုက်ခိုက်မှုကို ရှုတ်ချ ပြောဆိုပြီး လူဖြူကြီးစိုးရေး ဟာ အဆိပ်အတောက် ဖြစ်ပြီး အမေရိကန်မှာ မရှိစေရဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်ရေးသုံး လက်နက်တွေ ထိန်းချုပ်ရေး နှစ်နဲ့ချီ မအောင်မမြင် ဖြစ်ခဲ့တဲ့ ဥပဒေပြုရေးကို လွှတ်တော်က ဆောင်ရွက်ဖို့လည်း သမ္မတ Biden က တောင်းဆိုလိုက်ပါတယ်။

လူမည်း အများစု နေထိုင်ရာ ရပ်ကွက်တွင်းက ကုန်စုံဆိုင်ကို အသက် ၁၈ နှစ် အရွယ် Payton Gendron က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပစ်ခတ်ခံရသူ ၁၃ ဦးထဲမှာ ၁၁ ဦးက လူမည်းတွေ ဖြစ်တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ အမုန်းတရား အခြေခံ တိုက်ခိုက်မှု အဖြစ် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က စစ်ဆေးနေပါတယ်။

XS
SM
MD
LG