သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားမှာ သေနတ်တွေရောင်းကောင်း


လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း အိုဘားမားအစိုးရ လက်ထက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သေနတ်ရောင်းဝယ်မှုဟာ ကောင်းမွန်ခဲ့ပါတယ်။ NSSF သေနတ်ပစ် အားကစား အဖွဲ့ ရဲ့ ၂၀၁၆ အစီရင်ခံစာထဲမှာ သေနတ်လုပ်ငန်းဟာ ၂၀၀၈ ခုနှစ် သမ္မတ Barack Obama တက်လာခဲ့ချိန်က စပြီး ရာနှုန်း ၁၅၀ ကျော် တိုးလာခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အခုလို တိုးလာတာကနေ သေနတ်ပိုင်ဆိုင်မှုအတွက် စိုးရိမ်လာမှုတွေ တိုးလာပြီး သေနတ် ပိုင်ဆိုင်တာ ဒါမှမဟုတ် သေနတ်ပိုင်ဆိုင်မှုကို တရားဝင် အဖြစ် မသတ်မှတ်ဖို့ လက်ယာယိမ်းတဲ့ ကျွမ်းကျင်သူတွေကရော လက်ဝဲယိမ်း ကျွမ်းကျင်သူတွေကပါ အကြံပေးလာကြပါတယ်။

ဒါပေမယ့် အရွေးကောက်ခံ သမ္မတ Donald Trump ကတော့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယ ပြင်ဆင်ချက်ကို သူထောက်ခံ ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီထဲမှာရေးသားထားတာက - စံနစ်တကျ ဖွဲ့စည်းထားတဲ့ အရံတပ်တွေဟာ နိုင်ငံ့လုံခြုံရေးအတွက် လိုအပ်ပြီး နိုင်ငံသားတိုင်း လက်နက်ကိုင် ဆောင်ခွင့်ရှိသလို ဒီရပိုင်ခွင့်ကို မလေးမစား မလုပ်ရဘူးလို့ ပြဌာန်းထားတာပါ။

နိုင်ငံကို တည်ထောင်သူတွေ သိနားလည်ထားပြီး နိုင်ငံတော် တရားရုံးကလည်း လိုက်နာတဲ့ ဒီ ပြဌာန်းချက်ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်အတွက်ရော ကိုယ့်မိသားစု အတွက်ပါ ခုခံပိုင်ခွင့်ကို အာမခံချက် ပေးဖို့ ဖြစ်တယ်လို့လည်း Trump က သူ့ ဝက်ဘ်ဆိုက်မှာ ရေးသား ပြောဆိုပါတယ်။ ဒါဟာ ရိုးရိုး နဲ့ ရှင်းရှင်း ပြောရရင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို သေနတ်ထုတ်လုပ်ရေး လုပ်ငန်း အဆမတန် ကြီးထွားလာတာဟာ အမေရိကန်တွေရဲ့ လက်တွေ့ဘဝထဲ သေနတ်ပိုင်ဆိုင်မှုမရှိအောင် ဥပဒေ ပြဌာန်းချင်တဲ့ ကြောက်နေတဲ့ ဒီမိုကရက်တွေကြောင့် သာ ဖြစ်ခဲ့ရင် အခု Trump ကို ရွေးကောက်တင်မြှောက်လိုက်တာက ဒီစိုးရိမ်မှုကို ကွယ်ပျောက်စေနိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG