သုံးရလွယ်ကူစေသည့် Link များ

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ အမေရိကန်ကို ကုလတိုက်တွန်း


သေနတ်ဆိုင်တခု မြင်ကွင်း

အမေရိကန်ပြည်ထောင်စုအနေနဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်တဲ့ ဥပဒေတွေကို ပိုမို တင်းကျပ်ချမှတ်သွားဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ Zeid Ra'ad al-Hussein က တိုက်တွန်းလိုက်ပါတယ်။

လက်နက်တွေကို အလွယ်တကူ ရယူနိုင်နေတာကြောင့် ပစ်ခတ်ချင်သူတွေ အတွက် စိတ်ထဲမှာပေါ်ရင်ပေါ်သလို ချက်ချင်းထလုပ်စေတာမျိုး စဉ်းစားဆင်ချင်မှု နည်းလာစေတယ်လို့ မစ္စတာ Zeid က ပြောပါတယ်။ သေနတ် ကိုင်ဆောင်ခွင့် ထောက်ခံတဲ့ ၀ါဒဖြန့်ပြောဆိုမှုတွေဟာ တာဝန်မဲ့လွန်းတယ်လို့လည်း အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ Zeid က ဝေဖန်ထားပြီး လွှတ်တော်အမတ်တွေ အနေနဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်တဲ့ဥပဒေ မပြဌာန်းနိုင်ခင် နိုင်ငံတွင်းမှာ လူတွေ အများအပြား သေဆုံးရတဲ့ ပစ်ခတ်မှုတွေ နောက်ထပ် ဘယ်လောက် ထပ်ပြီး ကြုံရဦးမှာလဲလို့ မေးခွန်းထုတ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ သေနတ်ပိုင်ဆိုင်သူဦးရေ အများဆုံးရှိတဲ့ နိုင်ငံဖြစ်သလို၊ သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဦးရေ အများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ သေနတ်ပိုင်ဆိုင်ခွင့်ကို အခြေခံဥပဒေထဲမှာ ပြဌာန်းထားပေမဲ့ နောက်ကြောင်းရာဇ၀င် စစ်ဆေး ခံပြီးတော့မှ သေနတ်ဝယ်ယူခွင့် ရတာမျိုး ကန့်သတ်ချက်တချို့တော့ ရှိပါတယ်။

ပစ်ခတ်မှုတွေတွင်း သေဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေ အနေနဲ့ ပိုမိုခိုင်မာတဲ့ သေနတ်ထိန်းချုပ်ခွင့်တွေကို ခံစားခွင့် ရသင့်တယ်လို့လည်း Zeid က ပြောပါတယ်။

XS
SM
MD
LG