သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး သမ္မတအိုဘားမားတိုက်တွန်း


မြို့တော်ဝန်တွေရဲ့အစည်းအဝေးအတွင်း သမ္မတအိုဘားမား Obama က သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ ပြောကြားစဉ်။ (ဇွန် ၁၉၊ ၂၀၁၅)
မြို့တော်ဝန်တွေရဲ့အစည်းအဝေးအတွင်း သမ္မတအိုဘားမား Obama က သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ ပြောကြားစဉ်။ (ဇွန် ၁၉၊ ၂၀၁၅)

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတဝှမ်းဆွေးနွေးကြဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ တောင်ကယ်ရိုလိုင်းနားပြည်နယ်က ဘုရားကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီးမကြာခင်မှာပဲ သမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။

အခုလို သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အဖြေရှာနိုင်အောင် ပြောဆိုဆွေးနွေးဖို့ လိုအပ်မယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပနေတဲ့ မြို့တော်ဝန်များ အစည်းအဝေးအတွင်း သမ္မတက ပြောခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အားလုံးအနေနဲ့ ပြောင်းလဲဖို့ လိုအပ်သလို သေနတ်လက်ဝယ်ကိုင်ဆောင်ထားသူတွေနဲ့လည်း ဒီလို ကိုင်ဆောင်ထားမှုနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးဖို့လိုမယ်လို့လည်း သမ္မတက ပြောပါတယ်။

အဆုံးမတော့ လူထုတွေအနေနဲ့ တောင်းဆိုလာတယ်ဆိုရင် အမေရိကန်လွှတ်တော်အနေနဲ့လည်း တာဝန်ယူဆောင်ရွက်ပေးရမှာပါ။ လိင်တူချင်း လက်ထပ်တာလိုမျိုး၊ နောက် ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ အစပျိုးဆောင်ရွက်နေတဲ့ ကိစ္စတွေကိုကြည့်ရင်လူထုရဲ့ဆန္ဒနဲ့ ပြောင်းလဲနိုင်တယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုအပ်ကြောင်းကိုလည်း သမ္မတက အလေးအနက် ပြောကြားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG