သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ပြည့် အခမ်းအနားကျင်းပ


ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ပြည့် အခမ်းအနားကျင်းပ
please wait

No media source currently available

0:00 0:02:22 0:00

■ ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်နဲ့ ဓနဿဟာယနိုင်ငံတွေမှာ ကျင်းပ နေကြပါတယ်။ ဗြိတိန်မှာ ဇွန်လ ၂ရက် ကြာသပတေးနေ့က စတင်ပြီး အခမ်းအနားတွေကို ၄ ရက်ကြာကျင်းပမှာပါ။

ဗြိတိန်သမိုင်းမှာ နန်းသက်အရှည်ဆုံးဖြစ်တဲ့ သက်တော် ၉၆ နှစ် ရှိပြီဖြစ်တဲ့ ဒုတိယမြောက် အဲလ်လိစဘက်ဘုရင်မကြီးရဲ့ တရားဝင်မွေးနေ့ကို ဂုဏ်ပြုတဲ့ စစ်ရေးပြအခမ်းအနားနဲ့ ဒီနေ့ ဂုဏ်ပြုပွဲတွေကို လန်ဒန်မြို့မှာ စတင်ခဲ့ပါတယ်။ဘာကင်ဟန်နန်းတော်ရှေ့က ပြန်ထွက်သွားတဲ့ မြင်းစီးတပ်တွေကို ဘုရင်မကြီးက နန်းတော် လသာဆောင်ကနေ ထွက်ပြီး ဗိုလ်ရှုခံခဲ့ပါတယ်။ လန်ဒန်မှာလုပ်တဲ့ ဘုရင်မကြီး နန်းသက် ၇၀ ပြည့် ဂျူဘလီအခမ်းအနားအတွက် လန်ဒန်မြို့မှာ လူပေါင်း ထောင်ပေါင်းများစွာလာရောက်ခဲ့ကြပါတယ်။ ၄ ရက်ကြာကျင်းပနေတဲ့ အထိမ်းအမှတ် အခမ်းအနားတွေအတွင်း ဘာကင်ဟန်နန်းတော်ရှေ့ ဂီတဖျော်ဖြေပွဲ၊ လမ်းတွေပေါ်မှာ လူတွေ စုဝေး နေ့လည်စာစားပွဲတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG