သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာ္လဒိုက္မွာ အေမရိကန္သံရံုး ဖြင့္လွစ္မည္


ေမာ္လဒိုက္ႏိုင္ငံ

[[ ZAWGYI / UNICODE ]]

ေမာ္လဒိုက္မွာ အေမရိကန္သံရံုး ဖြင့္လွစ္မည္

တ႐ုတ္ႏိုင္ငံနဲ႔ ပထဝီ၀င္ႏိုင္ငံေရးအရ အားၿပိဳင္မႈေတြ ႀကီးထြားလာေနခ်ိန္မွာပဲ အာရွေဒသက ေမာ္လဒိုက္ႏိုင္ငံမွာ အေမရိကန္က ပထမဆုံးအႀကိမ္အျဖစ္ သံ႐ုံးဖြင့္လွစ္ႏိုင္ေအာင္ အျမန္ဆုံး စီစဥ္ေနေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီးဌာန အႀကီးတန္း အရာရွိတေယာက္က ေျပာပါတယ္။

သံ႐ုံးဖြင့္လွစ္မယ့္အစီအစဥ္ကို ေၾကညာခဲ့တာ ၁ ႏွစ္ခဲြေက်ာ္အၾကာမွာပဲ ေမာ္လ္ဒိုက္ႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး တဦးကို ပထမဆုံးအႀကိမ္အျဖစ္ ခန္႔အပ္ဖို႔ သမၼတ Joe Biden ေၾကညာလိမ့္မယ္လို႔လည္း ခန္႔မွန္းရပါတယ္။ သံတမန္ထားမယ့္ အစီအစဥ္နဲ႔ ပတ္သက္လို႔ မၾကာခင္ ကြန္ဂရက္လႊတ္ေတာ္ကို အေၾကာင္းၾကားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားေၾကာင္းလည္း အာရွေတာင္ပိုင္းနဲ႔ အလယ္ပိုင္းေဒသဆိုင္ရာ လက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီး Donald Lu က ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ဆပ္ေကာ္မတီရဲ႕ ဗုဒၶဟူးေန႔ ၾကားနာပဲြမွာ ေျပာဆိုခဲ့တာပါ။

အစီအစဥ္ ေခ်ာေခ်ာေမြ႕ေမြ႕ ရွိေနၿပီး ေမာ္လ္ဒိုက္အစိုးရရဲ႕ ရင္းႏွီးတဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြ ရရွိထားေၾကာင္းလည္း ေျပာပါတယ္။ အိႏၵိယသမုဒၵရာထဲက ေမာ္လ္ဒိုက္ကၽြန္းႏိုင္ငံမွာ သံ႐ုံးဖြင့္မယ့္ အစီအစဥ္ကိုေတာ့ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း Mike Pompeo ရဲ႕ ၂၀၂၀ ျပည့္ ေအာက္တိုဘာလ ခရီးစဥ္မွာ ေၾကညာခဲ့တာပါ။

ေမာ္လ္ဒိုက္ႏိုင္ငံဟာ အက်ယ္အ၀န္း စတုရန္း ကီလိုမီတာ ၃၀၀ ေတာင္မျပည့္တဲ့ ကၽြန္းႏိုင္ငံျဖစ္ေပမဲ့ ကမာၻ႔ေရေၾကာင္း သယ္ယူပို႔ေဆာင္ရာ လမ္းေၾကာင္းေပၚက စတုရန္းကီလိုမီတာ ၉ ေသာင္းေလာက္နဲ႔ ထိစပ္ေနပါတယ္။ ကၽြန္းငယ္ေပါင္း ၁၈၀ ေလာက္နဲ႔ ဖဲြ႕စည္းထားၿပီး ကမာၻ႔ကုန္သြယ္မႈေတြရဲ႕ ၄၀ ရာခိုင္ႏႈန္းနဲ႔ ကမာၻ႔စြမ္းအင္ေတြရဲ႕ ၆၀ ရာခိုင္ႏႈန္း ျဖတ္သန္းသယ္ေဆာင္ရာ ကမာၻမွာ အေရးပါတဲ့ ဒီေဒသကို တ႐ုတ္ႏိုင္ငံက စစ္အင္အားနဲ႔ တျခားနည္းေတြသုံးၿပီး လႊမ္းမိုးလာမယ္ဆိုရင္ အေမရိကန္နဲ႔ မိတ္ဖက္ေတြရဲ႕ အက်ဳိးစီးပြား ထိခိုက္ႏိုင္ေၾကာင္းလည္း လက္ေထာက္၀န္ႀကီး Lu ကေျပာဆိုထားပါတယ္။

ေမာ္လဒိုက္မွာ အေမရိကန္သံရံုး ဖြင့္လွစ္မည္
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္

===========================

{{ UNICODE }}

မော်လဒိုက်မှာ အမေရိကန်သံရုံး ဖွင့်လှစ်မည်

တရုတ်နိုင်ငံနဲ့ ပထဝီဝင်နိုင်ငံရေးအရ အားပြိုင်မှုတွေ ကြီးထွားလာနေချိန်မှာပဲ အာရှဒေသက မော်လဒိုက်နိုင်ငံမှာ အမေရိကန်က ပထမဆုံးအကြိမ်အဖြစ် သံရုံးဖွင့်လှစ်နိုင်အောင် အမြန်ဆုံး စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။

သံရုံးဖွင့်လှစ်မယ့်အစီအစဉ်ကို ကြေညာခဲ့တာ ၁ နှစ်ခွဲကျော်အကြာမှာပဲ မော်လ်ဒိုက်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး တဦးကို ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်ဖို့ သမ္မတ Joe Biden ကြေညာလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ သံတမန်ထားမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မကြာခင် ကွန်ဂရက်လွှတ်တော်ကို အကြောင်းကြားနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်းလည်း အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donald Lu က အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီရဲ့ ဗုဒ္ဓဟူးနေ့ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။

အစီအစဉ် ချောချောမွေ့မွေ့ ရှိနေပြီး မော်လ်ဒိုက်အစိုးရရဲ့ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိထားကြောင်းလည်း ပြောပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲက မော်လ်ဒိုက်ကျွန်းနိုင်ငံမှာ သံရုံးဖွင့်မယ့် အစီအစဉ်ကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo ရဲ့ ၂၀၂၀ ပြည့် အောက်တိုဘာလ ခရီးစဉ်မှာ ကြေညာခဲ့တာပါ။

မော်လ်ဒိုက်နိုင်ငံဟာ အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၃၀၀ တောင်မပြည့်တဲ့ ကျွန်းနိုင်ငံဖြစ်ပေမဲ့ ကမ္ဘာ့ရေကြောင်း သယ်ယူပို့ဆောင်ရာ လမ်းကြောင်းပေါ်က စတုရန်းကီလိုမီတာ ၉ သောင်းလောက်နဲ့ ထိစပ်နေပါတယ်။ ကျွန်းငယ်ပေါင်း ၁၈၀ လောက်နဲ့ ဖွဲ့စည်းထားပြီး ကမ္ဘာ့ကုန်သွယ်မှုတွေရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့စွမ်းအင်တွေရဲ့ ၆၀ ရာခိုင်နှုန်း ဖြတ်သန်းသယ်ဆောင်ရာ ကမ္ဘာမှာ အရေးပါတဲ့ ဒီဒေသကို တရုတ်နိုင်ငံက စစ်အင်အားနဲ့ တခြားနည်းတွေသုံးပြီး လွှမ်းမိုးလာမယ်ဆိုရင် အမေရိကန်နဲ့ မိတ်ဖက်တွေရဲ့ အကျိုးစီးပွား ထိခိုက်နိုင်ကြောင်းလည်း လက်ထောက်ဝန်ကြီး Lu ကပြောဆိုထားပါတယ်။

XS
SM
MD
LG