[Zawgyi/Unicode]
ၿပီးခဲ့တဲ့ ေမလက အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္ Uvalde ၿမိဳ႕မွာ ကေလးငယ္ ၁၉ ဦးနဲ႔ ဆရာဆရာမ ၂ ဦး ေသဆံုးခဲ့ရတဲ့ မူလတန္း ေက်ာင္း၀င္းထဲ ေသနတ္သမား ၀င္ေရာက္ ပစ္ခတ္မႈက လူအမ်ား ထိတ္လန္႔စရာ ျဖစ္ခဲ့သလို၊ ေက်ာင္းေနအရြယ္ ကေလးငယ္ေတြ ရွိၾကတဲ့ မိခင္ေတြအတြက္ စိုးရိမ္စိတ္ေတြ ပို တိုးလာေစပါတယ္။ စာသင္ေက်ာင္းေတြမွာ လံုျခံဳေရး ပိုမို ေကာင္းမြန္ေအာင္ စီစဥ္ ေဆာင္ရြက္ေပးဖို႔ လိုလားတဲ့ မိခင္ေတြရွိသလို၊ ေသနတ္ကိုင္ေဆာင္ခြင့္ အခြင့္အေရး ကန္႔သတ္ ထိန္းခ်ဳပ္သင့္တယ္လို႔ ယူဆသူေတြလည္း ရွိပါတယ္။ အေမရိကန္ျပည္ေထာင္စု တ၀န္း ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြ တေန႔တျခား တိုးလာေနတဲ့အေပၚ အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္ၾကတဲ့ ျမန္မာ မိခင္တခ်ိဳ႕ရဲ႕ အျမင္ေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ ဒီႏွစ္ ၂၀၂၂ ပထမ ၅ လအတြင္းမွာပဲ လူ ၄ ေယာက္နဲ႔အထက္ ထိခိုက္ဒဏ္ရာရ ဒါမွမဟုတ္ ေသဆံုးရတဲ့ ေသနတ္ကိုင္ အၾကမ္းဖက္ တိုက္ခိုက္မႈေပါင္း ၂၀၀ ေက်ာ္ ရွိတယ္လို႔ ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ျပီ သုေသတန စာရင္းျပဳစု ထုတ္ျပန္ေပးေနတဲ့ Gun Violence Archive အဖြဲ႔ စာရင္းမွာ ေဖာ္ျပထားပါတယ္။ ဒီတိုက္ခိုက္မႈေတြအတြင္း ေသဆံုးသူ၊ ဒဏ္ရာ ရသူေတြထဲမွာ ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြ ရာနဲ႔ခ်ီ ပါ၀င္ပါတယ္။
ေမလ ၁၄ ရက္ေန႔က နယူးေယာက္ျပည္နယ္ ဘက္ဖလိုး ျမိဳ႕က ကုန္စံုဆိုင္တခုမွာ ေသနတ္သမားတဦး ၀င္ေရာက္ ပစ္ခတ္တာေၾကာင့္ လူ ၁၀ ဦး ေသဆံုးခဲ့ရျပီး ၁၀ ရက္အၾကာမွာပဲ တကၠဆက္ျပည္နယ္ Uvalde ျမိဳ႕က မူလတန္းေက်ာင္းမွာလည္း ေသနတ္သမားတဦးရဲ႕ ပစ္ခတ္မႈေၾကာင့္ ကေလးငယ္ ၁၉ ဦးနဲ႔ ဆရာမ ၂ ဦး ေသဆံုးခဲ့ရပါတယ္။ ဒီလို ေသနတ္ကိုင္ အၾကမ္းဖက္ ပစ္ခတ္မႈေတြ အေမရိကန္တ၀န္း မၾကာခန ၾကံဳလာေနရတဲ့အတြက္ ကေလး မိခင္ေတြ ပိုျပီး စိုးရိမ္လာၾကပါတယ္။
တကၠဆက္ျပည္နယ္၊ လူ၀စ္ေဗးလ္ျမိဳ႕မွာ ေနထိုင္တဲ့ ကေလး ၄ ေယာက္မိခင္ မျမစႏၵာမာရမ္ ကေတာ့ သူေနထိုင္တဲ့ ျပည္နယ္အတြင္း ခုလို မူလတန္း ကေလးငယ္ေတြ အမ်ားအျပား ေသဆံုးခဲ့ရတဲ့ အတြက္ စိတ္မေကာင္းျဖစ္ရသလို၊ စိုးရိမ္ပူပန္ရတယ္လို႔ ေျပာသလို၊ စာသင္ေက်ာင္းေတြမွာ လံုျခံဳေရး အားနည္းတာေၾကာင့္ ခုလိုျဖစ္ရတာလို႔ ေျပာပါတယ္။
“ခုလိုျဖစ္သြားတဲ့အေပၚမွာ မိခင္တေယာက္ အေနနဲ႔ စိတ္ပူမိတယ္။ ကိုယ့္သားသမီးေတြလည္း ပူတယ္။ သူမ်ား ကေလးေတြ အတြက္လည္း ခုလိုျဖစ္သြားတဲ့အေပၚမွာ စိတ္မေကာင္းျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုျဖစ္သြားတဲ့ ကေလး ေလးေတြဆို အရမ္းငယ္ေသးတယ္။ အဲ့ဒီအေပၚမွာ ပိုျပီး ခံစားရတယ္။ ေနာက္တခုက အခုျဖစ္သြားတဲ့ ျမိဳ႕ေလးက ဆန္တိုနီယို ေအာက္ပိုင္းျမိဳ႕ ၊ နယ္စပ္ျမိဳ႕ေလးဆိုေတာ့ လံုျခံဳမႈပိုင္းမွာ အရမ္း အားနည္းတယ္။ ဒီဘက္ တကၠဆက္တခုလံုးနဲ႔ ျခံဳေျပာမယ္ဆိုရင္ အားနည္းတယ္။ က်မတို႔ေနတဲ့ ျမိဳ႕က်ေတာ့ ေက်ာင္းေတြက အမ်ားၾကီး လံုျခံဳတယ္။ အရင္တေခါက္ ကြန္နက္တစ္ကက္ ျပည္နယ္မွာ ျဖစ္သြားျပီးကတည္းက ေက်ာင္းေတြကို လံုျခံဳေရး တိုးျမွင့္လိုက္တယ္။ ကေလးေတြအခန္း သြားဖို႔ကိုပဲ လံုျခံဳေရး တံခါး ၃ ခုရွိတယ္။ က်မတို႔ မိဘေတြေတာင္ ၀င္ခြင့္မရွိဘူး။ မေပး၀င္ဘူး။ ကေလးကို ကိစၥတခုခုေၾကာင့္ သြားေခၚရင္ေတာင္မွ အျပင္မွာပဲ ေစာင့္ျပီးေနရတယ္။ ကင္မရာကေန သူတို႔ၾကည့္တယ္။ ID (မွတ္ပံုတင္) ကိုစစ္တယ္။ ျပီးမွ ကိုယ့္ကေလး ကိ်န္းေသတယ္ ဆိုမွ သူတို႔က ကိုယ့္ကို ကေလးထုတ္ေပးတယ္။ ၀င္ခြင့္ လံုး၀ မရွိဘူး။ အရင္တုန္းက ဆိုရင္ေတာ့ ကေလးေမြးေန႔ေတြ ဘာေတြဆိုရင္ ၀င္ခြင့္ေပးတယ္။ ဒါေပမဲ့ ကြန္နက္တစ္ကက္ ျဖစ္ျပီး ေနာက္ပိုင္းမွာေတာ့ အထဲကို လံုး၀ မေပး၀င္ေတာ့ဘူး။ အခု ဒီေက်ာင္းမွာ အထဲကို လာပစ္သြားတယ္ ဆိုတာ စဥ္းစားလို႔ေတာင္ မရဘူး။ ဘယ္လို ဒီေကာင္ေလးဟာ ဒီေသနတ္ၾကီး ကိုင္ျပီးေတာ့ ဒီတံခါးေတြကို ျဖတ္ေက်ာ္ ျပီးေတာ့ အခန္းထဲကို သူ ဘယ္လို ၀င္သြားတာလဲ။ အဲ့ဒါကို စဥ္းစားစရာ ျဖစ္တယ္။ လံုျခံဳေရး တအား အားနည္းတယ္။ အခု ျဖစ္သြားတဲ့ ေက်ာင္းက သူတို႔ အရမ္းေပါ့ဆတယ္။။ သူတို႔ေပါ့ဆမႈေၾကာင့္ ကေလးေတြက ခုလို ျဖစ္သြားတာ။”
ျပီးခဲ့တဲ့ ေမလထဲမွာပဲ ေသနတ္ကိုင္ ပစ္ခတ္မႈေၾကာင့္ လူ ၁၀ ဦးေသဆံုးခဲ့ရတဲ့ ဘက္ဖလိုးျမိဳ႕မွာ ေနထိုင္သူ မသီသီေအာင္ ခုလို ရက္ပိုုင္းသာ ျခားျပီး ပစ္ခတ္မႈေတြ ဆက္တိုက္ ၾကံဳရတဲ့အခါ စိုးရိမ္ ထိတ္လန္႔ရသလို၊ ဒီလို စိုးရိမ္စိတ္ေၾကာင့္ပဲ သားနဲ႔သမီးကို ၂ ရက္ေလာက္ ေက်ာင္း မပို႔ႏုိင္ခဲ့ဘူးလို႔ ေျပာပါတယ္။
“ဒီကေလးေတြကို ေသနတ္ပစ္တာနဲ႔ပတ္သက္ျပီးေတာ့ ဒီကေလးေတြအတြက္ မိဘေတြေနရာကေန ၀င္ျပီးေတာ့ ကုိယ္ခ်င္းစာစိတ္နဲ႔ အရမ္း စိတ္မေကာင္းျဖစ္ရသလို၊ ကိုယ့္ကေလးေတြကိုလည္း စိတ္ပူတာေပါ့ေနာ္။ ဒီလိုမ်ိဳးေတြ ေနာက္ထပ္ ျဖစ္မလာႏုိင္ဘူးလို႔ မေျပာႏုိင္ဘူးေလ။ ျပီးခဲ့တဲ့ ပစ္ခတ္မႈကေတာင္ အသုဘေတြ ဒီ အစ္မတို႔ ဘက္ဖလိုးျမိဳ႕မွာ မျပီးေသးဘူးေလ။ အကုန္လံုးက အဲ့ဒီအတြက္ ပူေဆြးေနရတဲ့အခ်ိန္မွာ ဒိုင္းဆို ဒီကေလးေတြကို ပစ္တဲ့ဟာ၀င္လာေတာ့ ေတာ္ေတာ္ကို ရင္ထဲမွာ မြမ္းက်ပ္တယ္ သိလား။ ကိုယ့္ျမန္မာျပည္အေရးမွာလည္းေလ အစ္မတို႔က မြမ္းက်ပ္ေနတဲ့ အခံၾကီးကလည္း ရွိထားေတာ့ေလ။ အခု ဒါ ထပ္ျဖစ္တဲ့အခါက်ေတာ့ ေတာ္ေတာ္ေလး အစ္မတို႔ရင္ထဲမွာ မေကာင္းဘူး။ ေတာ္ေတာ္ ခံစားရပါတယ္။ ကုိယ့္ျမန္မာျပည္ရဲ႕ ဒုကၡေတြကေတာ့ မယွဥ္သာပါဘူး။ ေတာ္ေတာ္ၾကီးကို ၾကီးမားပါတယ္။ ဒါေပမဲ့ ဒီလို ႏုိင္ငံမ်ိဳးမွာ ဘာပဲျဖစ္ျဖစ္ လံုျခံဳစိတ္ခ်ရတယ္။ ဒီမိုကေရစီနဲ႔ လြတ္လပ္တဲ့ ႏုိင္ငံတခုမွာ ဒီလိုၾကီးျဖစ္တယ္ဆုိတဲ့ အခါက်ေတာ့ အစ္မတို႔ေတြ ေတာ္ေတာ္ေလး ခံစားရတယ္။ မြမ္းက်ပ္တာေပါ့။ လံုျခံဳမႈမရွိသလုိ ခံစားရတာေပါ့။”
အေမရိကန္ျပည္ေထာင္စုမွာ ဒီႏွစ္ျဖစ္ပြားခဲ့တဲ့ ေသနတ္ကိုင္ပစ္ခတ္မႈေတြထဲမွာ ၂၇ ၾကိမ္က စာသင္ေက်ာင္းေတြမွာ ၾကံဳခဲ့ရတာျဖစ္တယ္လို႔ ဒီလို အၾကမ္းဖက္မႈေတြကို စာရင္းျပဳစုထားတဲ့ Education Week အဖြဲ႔က ေျပာပါတယ္။ ဒီအဖြဲ႔ရဲ႕ စာရင္းအရ လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၂၀၂၀ ခုႏွစ္က ေက်ာင္းတြင္း ပစ္ခတ္မႈေပါင္း ၁၀ ၾကိမ္ ရွိခဲ့ရာကေန ျပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာေတာ့ ၃၄ ၾကိမ္ အထိ တိုးလာခဲ့ပါတယ္။ ဒါကို ၾကည့္ရင္ျဖင့္ ျပီးခဲ့တဲ့ႏွစ္ပိုင္း ကစလို႔ စာသင္ေက်ာင္းေတြမွာ ေသနတ္ကိုင္ ပစ္ခတ္မႈေတြ သိသိသာသာ ပိုမ်ားလာတာ ျဖစ္ပါတယ္။ ဒီအေျခအေနေတြ ဆက္မျဖစ္ေအာင္ မတားဆီး ႏုိင္တဲ့အေပၚ ေမးခြန္းထုတ္သူကေတာ့ အသက္ ၈ ႏွစ္အရြယ္ သမီးငယ္တေယာက္ရွိတဲ့ နယူးမကၠဆီကို ျပည္နယ္မွာ ေနထိုင္သူ မေခ်ာအိသိန္းပါ။
“ဘာျဖစ္လို႔ ဒီကိစၥၾကီးက ဒီလိုမ်ိဳး ဆက္ျဖစ္ခြင့္ ေပးေနရတာလဲ။ ဆက္ျဖစ္ေနတာကို မတားႏုိင္ရတာလဲ ဆိုတဲ့ဟာက အစ္မအတြက္ ဆိုလို႔ရွိရင္ ေမးခြန္းတခုေပါ့ေနာ္။ ဒါကလည္း ျဖစ္ေနတဲ့ဟာက အေမရိကားမွာပဲ ျဖစ္ေနတာ။ တျခား တုိင္းျပည္မွာ ျဖစ္တယ္လို႔ မၾကားသေလာက္ပဲ။ ရွိရင္လည္း ရွိမယ္။ ကိုယ္မသိတာလည္း ျဖစ္မယ္။ ဒါေပမဲ့ ဒါက ႏွစ္တိုင္း ႏွစ္တိုင္းလိုလို ျဖစ္ေနတယ္။ ေနာက္တခုက အစ္မ သမီးေလး ဆိုရင္ ဘယ္ေလာက္အထိလဲဆုိေတာ့ ေက်ာင္းမွာ ႏွစ္လ တၾကိမ္၊ သံုးလ တၾကိမ္ေလာက္ Drill (အႏၱရာယ္ၾကံဳလာရႏုိင္တဲ့ အေပၚ ၾကိဳတင္ ျပင္ဆင္ေလ့က်င့္မႈ) လုပ္ရတယ္။ ဒီလိုမ်ိဳးေတြသာ ျဖစ္ခဲ့မယ္ဆိုရင္ေပ့ါေလ။ ဒါေတြဟာ ဘယ္လိုေခၚမလဲ ဒီကေလးေတြမွာ ဒါၾကီးကို ေခါင္းထဲ ထည့္ထားျပီး ၾကိဳတင္ ျပင္ဆင္ရတယ္ ဆိုတဲ့ဟာက ျဖစ္ကို မျဖစ္သင့္တဲ့ဟာလို႔ အစ္မကေတာ့ ယူဆတာေပါ့ေနာ္။ မွန္ပါတယ္ ေကာင္းပါတယ္ Drill လုပ္တာက။ အေရးဟဲ့ အေၾကာင္းဟဲ့ ျဖစ္ခဲ့ရင္ ဒါက ဒီလို လုပ္ရတာ ျပင္ဆင္မႈက ေကာင္းပါတယ္။ ဒါေပမဲ့ တကယ္တမ္း ျဖစ္တဲ့အခါမွာ ဒီကေလးေတြဟာ ငယ္ငယ္ေလးေတြကြယ္။ အခုပဲၾကည့္ ဆံုးသြားတဲ့ကေလးေတြဟာ မူလတန္းကေလးေတြ။ ျဖစ္လာရင္လည္း အဲ့ဒီ စာသင္ေက်ာင္းေတြမွာ။ ဘုရားေက်ာင္းေတြမွာ။ ဘာျဖစ္လို႔ ဒီလို အျပစ္မဲ့တဲ့သူေတြဟာ ဒီလိုကိစၥေတြ ၾကံဳရတယ္ဆိုတာ စဥ္းစားလို႔ေတာင္မရဘူး။ အဲ့ဒီေတာ့ ဘာပဲေျပာေျပာ ေသခ်ာတာ တခုက တခုခုေတာ့ လုပ္သင့္ေနျပီ။ အစုိးရ အေနနဲ႔ေရာ၊ သက္ဆိုင္ရာ ျပည္နယ္မွာရွိတဲ့ လူၾကီးေတြေရာ၊ အမတ္ေတြေရာ။ ဒါက လစ္လ်ဴ႐ႈလို႔ မရဘူး။ ေနာက္တခုက ဒါက လူ အမ်ားၾကီးေသတာ။ ဘာျဖစ္လို႔ ဒီလို Assault rifle ေတြ၊ စက္ေသနတ္ေတြပဲ ေျပာၾကပါဆို႔ေနာ္။ ဒါေတြကို ဘာလို႔ခြင့္ျပဳရတာလဲ။ သူက တခုႏွိပ္လိုက္တာနဲ႔ ဒက္.. ဒက္.. ဒက္ နဲ႔ အမ်ားၾကီး ေသေစတဲ့ဟာ။ တကယ္လို႔ သူတို႔က ဖြဲ႔စည္းပံုမွာပါတဲ့ ကိုယ့္ရဲ႕ ရပိုင္ခြင့္ အခြင့္အေရး ဆိုျပီး ေျပာလို႔ရွိရင္လည္း ဒီအခြင့္အေရး ေပၚမွာ ျပန္လည္ျပီးေတာ့ ဘယ္လိုလုပ္ရင္ ပိုေကာင္းမလဲ ဆိုတဲ့ဟာကေတာ့ စဥ္းကို စဥ္းစားသင့္တယ္လို႔ ယူဆတယ္။”
အေမရိကန္ျပည္ေထာင္စုမွာ ေသနတ္ကို လြယ္လြယ္ကူကူ ၀ယ္ယူ သံုးလို႔ရေနတာေတြကို အတိုင္းအတာ တခုအထိ ကန္႔သတ္ရ လိမ့္မယ္လို႔လည္း မေခ်ာအိသိန္းက ေျပာပါတယ္။
“ဒါက ေျဖကို ေျဖရွင္းရမယ့္ကိစၥ။ အဲ့ဒီေတာ့ ျပည္သူကလည္း ေတာင္းဆိုရမယ္။ ဘယ္နည္းလမ္းက အေကာင္းဆံုးလဲ။ ေသနတ္ မစြန္႔လႊတ္ႏုိင္ဘူးဆိုရင္လည္း ဥပမာအားျဖင့္ ဒီလိုမ်ိဳး စကၠန္႔ပိုင္း မိနစ္ပိုင္းအတြင္းမွာ လူအမ်ားၾကီး ေသေစတဲ့ ေသနတ္ေတြကို ၀ယ္ခြင့္ေပးမယ့္အစား တခ်က္ပစ္မွ တေတာင့္ထြက္တဲ့ ဟာမ်ိဳးေလာက္ဆိုရင္လည္း မဆိုးဘူးေပါ့ကြယ္။ တေယာက္ ႏွစ္ေယာက္ ေသတဲ့ဟာဆို ေတာ္ေသးတယ္။ အမ်ားၾကီးပါပဲ လုပ္လို႔ရတာ။ ခုက အြန္လိုင္းက ၀ယ္လို႔ရတယ္။ ဆိုင္မွာ သြား၀ယ္လို႔ရတယ္။ ခုပဲၾကည့္ ပစ္တဲ့ကေလး ဆိုရင္ အသက္ ၁၈ ႏွစ္ျပည့္လို႔ သူ႔ေမြးေန႔မွာ သြား၀ယ္တယ္။ ႏွစ္လက္ေတာင္။ ျပီးလည္းျပီးေရာ တခါတည္း စိတ္ကပစ္ခ်င္တဲ့ အခါက်ေတာ့ ထ ပစ္တဲ့အခါ ဒီကေလးေလးေတြ ေသရတယ္။ အရမ္းခ်စ္စရာေကာင္းတဲ့ ကေလးေလးေတြ။ အစ္မေလ မခံစားႏိုင္ဘူး။ သတင္းေတာင္ မၾကည့္ႏုိင္ဘူးဆို။ မ်က္ရည္က်ရတယ္။ Sunny Hood တုန္းကလည္း အဲ့လိုပဲ။ ဒီမွာလည္း အဲ့လိုပဲ။ ရင္ဘက္မွာ ေအာင္တက္ျပီး ခံစားရတယ္။ ဆိုေတာ့ ဘယ္ေန႔ ကိုယ့္သားသမီးအလွည့္ ၾကံဳမလဲ ဆိုတာပါ စဥ္းစားေနရတဲ့ အေျခအေနမ်ိဳး။ ဒါၾကီးကို မရပ္တန္႔ႏိုင္ရင္ ထပ္ကိုျဖစ္ဦးမွာ။ ဘာမွ အေၾကာင္းျပစရာ မလိုဘဲ ဒါဟာ ေျဖကို ေျဖရွင္း႔ရမယ့္ကိစၥ။ အစုိးရ အေနနဲ႔ေရာ၊ သက္ဆိုင္ရာ ျပည္နယ္အစိုးရေတြ အေနနဲ႔ေရာ လုပ္ကို လုပ္ရမယ့္ကိစၥ။ မလုပ္ရင္ ဘယ္ေန႔ ကိုယ့္သားသမီးအလွည့္ ေရာက္မလဲ ဟုတ္တယ္မလား။ ဆိုေတာ့ အားလံုးမွာ တာ၀န္ရွိတယ္။ ျပည္သူျပည္သားကလည္း ဒီကိစၥကို ေျဖရွင္း ေပးပါလို႔ ေတာင္းကိုေတာင္းဆိုရမယ္။ အစိုးရကလည္း လုပ္ကိုလုပ္ရမယ္။ လုပ္ကိုလုပ္ရမယ္ ဆိုတာမွာမွ တကယ့္ကို အေရးတၾကီးကို လုပ္ကိုလုပ္ရမွာ။”
ေသနတ္ကိုင္ေဆာင္တဲ့ ေနရာမွာ ခုခံကာကြယ္ခြင့္ ဆိုတာကို နားလည္ေပးလို႔ ရေပမဲ့၊ ေသနတ္ကို အလြဲသံုးစားလုပ္ျပီး အပစ္မဲ့သူေတြကို အၾကမ္းဖက္ ပစ္ခတ္ တိုက္ခိုက္တာေတြကိုေတာ့ ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ရလိမ့္မယ္လို႔ မသီသီေအာင္ ကလည္း ေျပာပါတယ္။
“ထိန္းခ်ဳပ္လို႔ရႏုိင္လ်က္နဲ႔ ထိန္းခ်ဳပ္လို႔ မရတဲ့အရာေတြ မျဖစ္ေအာင္ လုပ္ရမွာေပါ့ေနာ္။ တာ၀န္ရွိတဲ့သူေတြ အေနနဲ႔ ဒီလို လက္နက္ကိုင္ျပီး အလြဲသံုးစား လုပ္တာ၊ အသက္ေတြ ထိခိုက္ရေအာင္ လုပ္တဲ့ဟာေတြကို ထိန္းခ်ဳပ္ဖို႔ အမ်ားၾကီး လိုအပ္ပါတယ္။ တဘက္မွာ ခုခံကာကြယ္ခြင့္ ဆိုတာ ရွိေပမဲ့ လိုမ်ိဳး လက္နက္ကို အလြဲသံုးစား လုပ္တာကိုေတာ့ လက္မခံပါဘူး။”
တကၠဆက္ျပည္နယ္၊ ယူဗားလ္ဒီးျမိဳ႕ မူလတန္းေက်ာင္း ပစ္ခတ္မႈေနာက္ပိုင္း ေသနတ္ကိုင္ေဆာင္ခြင့္ဆိုင္ရာ ဥပေဒကို ကန္႔သတ္ ထိန္းခ်ဳပ္တာေတြ လုပ္ဖို႔ ဖိအားေပး ေတာင္းဆိုသံေတြ ပိုမို က်ယ္ေလာင္ လာပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြ ေသဆံုးရတဲ့ အေၾကာင္းရင္းေတြထဲမွာ ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြ ေၾကာင့္ ေသဆံုးမႈက အဓိက အေၾကာင္းတခု ျဖစ္ေနတယ္ဆိုတာကို သုေတသန အစီရင္ခံခ်က္ေတြ ကလည္း သတိေပးေနပါတယ္။ Gun Violence Archive အဖြဲ႔ရဲ႕ စာရင္းအရ ဒီႏွစ္ထဲ ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြေၾကာင့္ ေသဆံုးရတဲ့ ဆယ္ေက်ာ္သက္ ၅၀၀ ၀န္းက်င္ ရွိပါတယ္။ တခ်ိဳ႕က အနီးအနားမွာ အလြယ္တကူ ေတြ႔တဲ့ ေသနတ္ကို ေဆာ့ကစားရင္း မေတာ္တဆ ေသဆံုး ရတာရွိသလို၊ တခ်ိဳ႕ကလည္း တမင္ရည္ရြယ္ခ်က္နဲ႔ ပစ္ခတ္မႈေတြေၾကာင့္ ေသဆံုးရတာပါ။
ဘယ္လိုေၾကာင့္ပဲ ျဖစ္ျဖစ္ အပစ္မဲ့ ကေလးငယ္ေတြ၊ ျပည္သူေတြ မေသသင့္ဘဲ ေသေနရတဲ့ ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ဖို႔ အေရးတၾကီး လိုအပ္ေနတယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။
=====================================================
[Unicode]
ကျောင်းတွင်းပစ်ခတ်မှုတွေ တိုးလာတဲ့အပေါ် မိခင်တွေရဲ့ စိုးရိမ်မှု (အမျိုးသမီးကဏ္ဍ)
ပြီးခဲ့တဲ့ မေလက အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် Uvalde မြို့မှာ ကလေးငယ် ၁၉ ဦးနဲ့ ဆရာဆရာမ ၂ ဦး သေဆုံးခဲ့ရတဲ့ မူလတန်း ကျောင်းဝင်းထဲ သေနတ်သမား ဝင်ရောက် ပစ်ခတ်မှုက လူအများ ထိတ်လန့်စရာ ဖြစ်ခဲ့သလို၊ ကျောင်းနေအရွယ် ကလေးငယ်တွေ ရှိကြတဲ့ မိခင်တွေအတွက် စိုးရိမ်စိတ်တွေ ပို တိုးလာစေပါတယ်။ စာသင်ကျောင်းတွေမှာ လုံခြုံရေး ပိုမို ကောင်းမွန်အောင် စီစဉ် ဆောင်ရွက်ပေးဖို့ လိုလားတဲ့ မိခင်တွေရှိသလို၊ သေနတ်ကိုင်ဆောင်ခွင့် အခွင့်အရေး ကန့်သတ် ထိန်းချုပ်သင့်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု တဝန်း သေနတ်ကိုင် အကြမ်းဖက်မှုတွေ တနေ့တခြား တိုးလာနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာ မိခင်တချို့ရဲ့ အမြင်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ် ၂၀၂၂ ပထမ ၅ လအတွင်းမှာပဲ လူ ၄ ယောက်နဲ့အထက် ထိခိုက်ဒဏ်ရာရ ဒါမှမဟုတ် သေဆုံးရတဲ့ သေနတ်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၂၀၀ ကျော် ရှိတယ်လို့ သေနတ်ကိုင် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီ သုသေတန စာရင်းပြုစု ထုတ်ပြန်ပေးနေတဲ့ Gun Violence Archive အဖွဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ၊ ဒဏ်ရာ ရသူတွေထဲမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ ရာနဲ့ချီ ပါဝင်ပါတယ်။
မေလ ၁၄ ရက်နေ့က နယူးယောက်ပြည်နယ် ဘက်ဖလိုး မြို့က ကုန်စုံဆိုင်တခုမှာ သေနတ်သမားတဦး ဝင်ရောက် ပစ်ခတ်တာကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ရပြီး ၁၀ ရက်အကြာမှာပဲ တက္ကဆက်ပြည်နယ် Uvalde မြို့က မူလတန်းကျောင်းမှာလည်း သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၉ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ရပါတယ်။ ဒီလို သေနတ်ကိုင် အကြမ်းဖက် ပစ်ခတ်မှုတွေ အမေရိကန်တဝန်း မကြာခန ကြုံလာနေရတဲ့အတွက် ကလေး မိခင်တွေ ပိုပြီး စိုးရိမ်လာကြပါတယ်။
တက္ကဆက်ပြည်နယ်၊ လူဝစ်ဗေးလ်မြို့မှာ နေထိုင်တဲ့ ကလေး ၄ ယောက်မိခင် မမြစန္ဒာမာရမ် ကတော့ သူနေထိုင်တဲ့ ပြည်နယ်အတွင်း ခုလို မူလတန်း ကလေးငယ်တွေ အများအပြား သေဆုံးခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ရသလို၊ စိုးရိမ်ပူပန်ရတယ်လို့ ပြောသလို၊ စာသင်ကျောင်းတွေမှာ လုံခြုံရေး အားနည်းတာကြောင့် ခုလိုဖြစ်ရတာလို့ ပြောပါတယ်။
“ခုလိုဖြစ်သွားတဲ့အပေါ်မှာ မိခင်တယောက် အနေနဲ့ စိတ်ပူမိတယ်။ ကိုယ့်သားသမီးတွေလည်း ပူတယ်။ သူများ ကလေးတွေ အတွက်လည်း ခုလိုဖြစ်သွားတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်သွားတဲ့ ကလေး လေးတွေဆို အရမ်းငယ်သေးတယ်။ အဲ့ဒီအပေါ်မှာ ပိုပြီး ခံစားရတယ်။ နောက်တခုက အခုဖြစ်သွားတဲ့ မြို့လေးက ဆန်တိုနီယို အောက်ပိုင်းမြို့ ၊ နယ်စပ်မြို့လေးဆိုတော့ လုံခြုံမှုပိုင်းမှာ အရမ်း အားနည်းတယ်။ ဒီဘက် တက္ကဆက်တခုလုံးနဲ့ ခြုံပြောမယ်ဆိုရင် အားနည်းတယ်။ ကျမတို့နေတဲ့ မြို့ကျတော့ ကျောင်းတွေက အများကြီး လုံခြုံတယ်။ အရင်တခေါက် ကွန်နက်တစ်ကက် ပြည်နယ်မှာ ဖြစ်သွားပြီးကတည်းက ကျောင်းတွေကို လုံခြုံရေး တိုးမြှင့်လိုက်တယ်။ ကလေးတွေအခန်း သွားဖို့ကိုပဲ လုံခြုံရေး တံခါး ၃ ခုရှိတယ်။ ကျမတို့ မိဘတွေတောင် ဝင်ခွင့်မရှိဘူး။ မပေးဝင်ဘူး။ ကလေးကို ကိစ္စတခုခုကြောင့် သွားခေါ်ရင်တောင်မှ အပြင်မှာပဲ စောင့်ပြီးနေရတယ်။ ကင်မရာကနေ သူတို့ကြည့်တယ်။ ID (မှတ်ပုံတင်) ကိုစစ်တယ်။ ပြီးမှ ကိုယ့်ကလေး ကျိန်းသေတယ် ဆိုမှ သူတို့က ကိုယ့်ကို ကလေးထုတ်ပေးတယ်။ ဝင်ခွင့် လုံး၀ မရှိဘူး။ အရင်တုန်းက ဆိုရင်တော့ ကလေးမွေးနေ့တွေ ဘာတွေဆိုရင် ဝင်ခွင့်ပေးတယ်။ ဒါပေမဲ့ ကွန်နက်တစ်ကက် ဖြစ်ပြီး နောက်ပိုင်းမှာတော့ အထဲကို လုံး၀ မပေးဝင်တော့ဘူး။ အခု ဒီကျောင်းမှာ အထဲကို လာပစ်သွားတယ် ဆိုတာ စဉ်းစားလို့တောင် မရဘူး။ ဘယ်လို ဒီကောင်လေးဟာ ဒီသေနတ်ကြီး ကိုင်ပြီးတော့ ဒီတံခါးတွေကို ဖြတ်ကျော် ပြီးတော့ အခန်းထဲကို သူ ဘယ်လို ဝင်သွားတာလဲ။ အဲ့ဒါကို စဉ်းစားစရာ ဖြစ်တယ်။ လုံခြုံရေး တအား အားနည်းတယ်။ အခု ဖြစ်သွားတဲ့ ကျောင်းက သူတို့ အရမ်းပေါ့ဆတယ်။။ သူတို့ပေါ့ဆမှုကြောင့် ကလေးတွေက ခုလို ဖြစ်သွားတာ။”
ပြီးခဲ့တဲ့ မေလထဲမှာပဲ သေနတ်ကိုင် ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ရတဲ့ ဘက်ဖလိုးမြို့မှာ နေထိုင်သူ မသီသီအောင် ခုလို ရက်ပိုင်းသာ ခြားပြီး ပစ်ခတ်မှုတွေ ဆက်တိုက် ကြုံရတဲ့အခါ စိုးရိမ် ထိတ်လန့်ရသလို၊ ဒီလို စိုးရိမ်စိတ်ကြောင့်ပဲ သားနဲ့သမီးကို ၂ ရက်လောက် ကျောင်း မပို့နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
“ဒီကလေးတွေကို သေနတ်ပစ်တာနဲ့ပတ်သက်ပြီးတော့ ဒီကလေးတွေအတွက် မိဘတွေနေရာကနေ ဝင်ပြီးတော့ ကိုယ်ချင်းစာစိတ်နဲ့ အရမ်း စိတ်မကောင်းဖြစ်ရသလို၊ ကိုယ့်ကလေးတွေကိုလည်း စိတ်ပူတာပေါ့နော်။ ဒီလိုမျိုးတွေ နောက်ထပ် ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ ပြီးခဲ့တဲ့ ပစ်ခတ်မှုကတောင် အသုဘတွေ ဒီ အစ်မတို့ ဘက်ဖလိုးမြို့မှာ မပြီးသေးဘူးလေ။ အကုန်လုံးက အဲ့ဒီအတွက် ပူဆွေးနေရတဲ့အချိန်မှာ ဒိုင်းဆို ဒီကလေးတွေကို ပစ်တဲ့ဟာဝင်လာတော့ တော်တော်ကို ရင်ထဲမှာ မွမ်းကျပ်တယ် သိလား။ ကိုယ့်မြန်မာပြည်အရေးမှာလည်းလေ အစ်မတို့က မွမ်းကျပ်နေတဲ့ အခံကြီးကလည်း ရှိထားတော့လေ။ အခု ဒါ ထပ်ဖြစ်တဲ့အခါကျတော့ တော်တော်လေး အစ်မတို့ရင်ထဲမှာ မကောင်းဘူး။ တော်တော် ခံစားရပါတယ်။ ကိုယ့်မြန်မာပြည်ရဲ့ ဒုက္ခတွေကတော့ မယှဉ်သာပါဘူး။ တော်တော်ကြီးကို ကြီးမားပါတယ်။ ဒါပေမဲ့ ဒီလို နိုင်ငံမျိုးမှာ ဘာပဲဖြစ်ဖြစ် လုံခြုံစိတ်ချရတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ နိုင်ငံတခုမှာ ဒီလိုကြီးဖြစ်တယ်ဆိုတဲ့ အခါကျတော့ အစ်မတို့တွေ တော်တော်လေး ခံစားရတယ်။ မွမ်းကျပ်တာပေါ့။ လုံခြုံမှုမရှိသလို ခံစားရတာပေါ့။”
အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ်ဖြစ်ပွားခဲ့တဲ့ သေနတ်ကိုင်ပစ်ခတ်မှုတွေထဲမှာ ၂၇ ကြိမ်က စာသင်ကျောင်းတွေမှာ ကြုံခဲ့ရတာဖြစ်တယ်လို့ ဒီလို အကြမ်းဖက်မှုတွေကို စာရင်းပြုစုထားတဲ့ Education Week အဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ရဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၂၀ ခုနှစ်က ကျောင်းတွင်း ပစ်ခတ်မှုပေါင်း ၁၀ ကြိမ် ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ၃၄ ကြိမ် အထိ တိုးလာခဲ့ပါတယ်။ ဒါကို ကြည့်ရင်ဖြင့် ပြီးခဲ့တဲ့နှစ်ပိုင်း ကစလို့ စာသင်ကျောင်းတွေမှာ သေနတ်ကိုင် ပစ်ခတ်မှုတွေ သိသိသာသာ ပိုများလာတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ ဆက်မဖြစ်အောင် မတားဆီး နိုင်တဲ့အပေါ် မေးခွန်းထုတ်သူကတော့ အသက် ၈ နှစ်အရွယ် သမီးငယ်တယောက်ရှိတဲ့ နယူးမက္ကဆီကို ပြည်နယ်မှာ နေထိုင်သူ မချောအိသိန်းပါ။
“ဘာဖြစ်လို့ ဒီကိစ္စကြီးက ဒီလိုမျိုး ဆက်ဖြစ်ခွင့် ပေးနေရတာလဲ။ ဆက်ဖြစ်နေတာကို မတားနိုင်ရတာလဲ ဆိုတဲ့ဟာက အစ်မအတွက် ဆိုလို့ရှိရင် မေးခွန်းတခုပေါ့နော်။ ဒါကလည်း ဖြစ်နေတဲ့ဟာက အမေရိကားမှာပဲ ဖြစ်နေတာ။ တခြား တိုင်းပြည်မှာ ဖြစ်တယ်လို့ မကြားသလောက်ပဲ။ ရှိရင်လည်း ရှိမယ်။ ကိုယ်မသိတာလည်း ဖြစ်မယ်။ ဒါပေမဲ့ ဒါက နှစ်တိုင်း နှစ်တိုင်းလိုလို ဖြစ်နေတယ်။ နောက်တခုက အစ်မ သမီးလေး ဆိုရင် ဘယ်လောက်အထိလဲဆိုတော့ ကျောင်းမှာ နှစ်လ တကြိမ်၊ သုံးလ တကြိမ်လောက် Drill (အန္တရာယ်ကြုံလာရနိုင်တဲ့ အပေါ် ကြိုတင် ပြင်ဆင်လေ့ကျင့်မှု) လုပ်ရတယ်။ ဒီလိုမျိုးတွေသာ ဖြစ်ခဲ့မယ်ဆိုရင်ပေ့ါလေ။ ဒါတွေဟာ ဘယ်လိုခေါ်မလဲ ဒီကလေးတွေမှာ ဒါကြီးကို ခေါင်းထဲ ထည့်ထားပြီး ကြိုတင် ပြင်ဆင်ရတယ် ဆိုတဲ့ဟာက ဖြစ်ကို မဖြစ်သင့်တဲ့ဟာလို့ အစ်မကတော့ ယူဆတာပေါ့နော်။ မှန်ပါတယ် ကောင်းပါတယ် Drill လုပ်တာက။ အရေးဟဲ့ အကြောင်းဟဲ့ ဖြစ်ခဲ့ရင် ဒါက ဒီလို လုပ်ရတာ ပြင်ဆင်မှုက ကောင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်တဲ့အခါမှာ ဒီကလေးတွေဟာ ငယ်ငယ်လေးတွေကွယ်။ အခုပဲကြည့် ဆုံးသွားတဲ့ကလေးတွေဟာ မူလတန်းကလေးတွေ။ ဖြစ်လာရင်လည်း အဲ့ဒီ စာသင်ကျောင်းတွေမှာ။ ဘုရားကျောင်းတွေမှာ။ ဘာဖြစ်လို့ ဒီလို အပြစ်မဲ့တဲ့သူတွေဟာ ဒီလိုကိစ္စတွေ ကြုံရတယ်ဆိုတာ စဉ်းစားလို့တောင်မရဘူး။ အဲ့ဒီတော့ ဘာပဲပြောပြော သေချာတာ တခုက တခုခုတော့ လုပ်သင့်နေပြီ။ အစိုးရ အနေနဲ့ရော၊ သက်ဆိုင်ရာ ပြည်နယ်မှာရှိတဲ့ လူကြီးတွေရော၊ အမတ်တွေရော။ ဒါက လစ်လျူရှုလို့ မရဘူး။ နောက်တခုက ဒါက လူ အများကြီးသေတာ။ ဘာဖြစ်လို့ ဒီလို Assault rifle တွေ၊ စက်သေနတ်တွေပဲ ပြောကြပါဆို့နော်။ ဒါတွေကို ဘာလို့ခွင့်ပြုရတာလဲ။ သူက တခုနှိပ်လိုက်တာနဲ့ ဒက်.. ဒက်.. ဒက် နဲ့ အများကြီး သေစေတဲ့ဟာ။ တကယ်လို့ သူတို့က ဖွဲ့စည်းပုံမှာပါတဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့် အခွင့်အရေး ဆိုပြီး ပြောလို့ရှိရင်လည်း ဒီအခွင့်အရေး ပေါ်မှာ ပြန်လည်ပြီးတော့ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ ဆိုတဲ့ဟာကတော့ စဉ်းကို စဉ်းစားသင့်တယ်လို့ ယူဆတယ်။”
အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကို လွယ်လွယ်ကူကူ ဝယ်ယူ သုံးလို့ရနေတာတွေကို အတိုင်းအတာ တခုအထိ ကန့်သတ်ရ လိမ့်မယ်လို့လည်း မချောအိသိန်းက ပြောပါတယ်။
“ဒါက ဖြေကို ဖြေရှင်းရမယ့်ကိစ္စ။ အဲ့ဒီတော့ ပြည်သူကလည်း တောင်းဆိုရမယ်။ ဘယ်နည်းလမ်းက အကောင်းဆုံးလဲ။ သေနတ် မစွန့်လွှတ်နိုင်ဘူးဆိုရင်လည်း ဥပမာအားဖြင့် ဒီလိုမျိုး စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်းမှာ လူအများကြီး သေစေတဲ့ သေနတ်တွေကို ဝယ်ခွင့်ပေးမယ့်အစား တချက်ပစ်မှ တတောင့်ထွက်တဲ့ ဟာမျိုးလောက်ဆိုရင်လည်း မဆိုးဘူးပေါ့ကွယ်။ တယောက် နှစ်ယောက် သေတဲ့ဟာဆို တော်သေးတယ်။ အများကြီးပါပဲ လုပ်လို့ရတာ။ ခုက အွန်လိုင်းက ဝယ်လို့ရတယ်။ ဆိုင်မှာ သွားဝယ်လို့ရတယ်။ ခုပဲကြည့် ပစ်တဲ့ကလေး ဆိုရင် အသက် ၁၈ နှစ်ပြည့်လို့ သူ့မွေးနေ့မှာ သွားဝယ်တယ်။ နှစ်လက်တောင်။ ပြီးလည်းပြီးရော တခါတည်း စိတ်ကပစ်ချင်တဲ့ အခါကျတော့ ထ ပစ်တဲ့အခါ ဒီကလေးလေးတွေ သေရတယ်။ အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးတွေ။ အစ်မလေ မခံစားနိုင်ဘူး။ သတင်းတောင် မကြည့်နိုင်ဘူးဆို။ မျက်ရည်ကျရတယ်။ Sunny Hood တုန်းကလည်း အဲ့လိုပဲ။ ဒီမှာလည်း အဲ့လိုပဲ။ ရင်ဘက်မှာ အောင်တက်ပြီး ခံစားရတယ်။ ဆိုတော့ ဘယ်နေ့ ကိုယ့်သားသမီးအလှည့် ကြုံမလဲ ဆိုတာပါ စဉ်းစားနေရတဲ့ အခြေအနေမျိုး။ ဒါကြီးကို မရပ်တန့်နိုင်ရင် ထပ်ကိုဖြစ်ဦးမှာ။ ဘာမှ အကြောင်းပြစရာ မလိုဘဲ ဒါဟာ ဖြေကို ဖြေရှင်း့ရမယ့်ကိစ္စ။ အစိုးရ အနေနဲ့ရော၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ အနေနဲ့ရော လုပ်ကို လုပ်ရမယ့်ကိစ္စ။ မလုပ်ရင် ဘယ်နေ့ ကိုယ့်သားသမီးအလှည့် ရောက်မလဲ ဟုတ်တယ်မလား။ ဆိုတော့ အားလုံးမှာ တာဝန်ရှိတယ်။ ပြည်သူပြည်သားကလည်း ဒီကိစ္စကို ဖြေရှင်း ပေးပါလို့ တောင်းကိုတောင်းဆိုရမယ်။ အစိုးရကလည်း လုပ်ကိုလုပ်ရမယ်။ လုပ်ကိုလုပ်ရမယ် ဆိုတာမှာမှ တကယ့်ကို အရေးတကြီးကို လုပ်ကိုလုပ်ရမှာ။”
သေနတ်ကိုင်ဆောင်တဲ့ နေရာမှာ ခုခံကာကွယ်ခွင့် ဆိုတာကို နားလည်ပေးလို့ ရပေမဲ့၊ သေနတ်ကို အလွဲသုံးစားလုပ်ပြီး အပစ်မဲ့သူတွေကို အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်တာတွေကိုတော့ ထိထိရောက်ရောက် ထိန်းချုပ်ရလိမ့်မယ်လို့ မသီသီအောင် ကလည်း ပြောပါတယ်။
“ထိန်းချုပ်လို့ရနိုင်လျက်နဲ့ ထိန်းချုပ်လို့ မရတဲ့အရာတွေ မဖြစ်အောင် လုပ်ရမှာပေါ့နော်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလို လက်နက်ကိုင်ပြီး အလွဲသုံးစား လုပ်တာ၊ အသက်တွေ ထိခိုက်ရအောင် လုပ်တဲ့ဟာတွေကို ထိန်းချုပ်ဖို့ အများကြီး လိုအပ်ပါတယ်။ တဘက်မှာ ခုခံကာကွယ်ခွင့် ဆိုတာ ရှိပေမဲ့ လိုမျိုး လက်နက်ကို အလွဲသုံးစား လုပ်တာကိုတော့ လက်မခံပါဘူး။”
တက္ကဆက်ပြည်နယ်၊ ယူဗားလ်ဒီးမြို့ မူလတန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်း သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေကို ကန့်သတ် ထိန်းချုပ်တာတွေ လုပ်ဖို့ ဖိအားပေး တောင်းဆိုသံတွေ ပိုမို ကျယ်လောင် လာပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ သေနတ်ကိုင် အကြမ်းဖက်မှုတွေ ကြောင့် သေဆုံးမှုက အဓိက အကြောင်းတခု ဖြစ်နေတယ်ဆိုတာကို သုတေသန အစီရင်ခံချက်တွေ ကလည်း သတိပေးနေပါတယ်။ Gun Violence Archive အဖွဲ့ရဲ့ စာရင်းအရ ဒီနှစ်ထဲ သေနတ်ကိုင် အကြမ်းဖက်မှုတွေကြောင့် သေဆုံးရတဲ့ ဆယ်ကျော်သက် ၅၀၀ ဝန်းကျင် ရှိပါတယ်။ တချို့က အနီးအနားမှာ အလွယ်တကူ တွေ့တဲ့ သေနတ်ကို ဆော့ကစားရင်း မတော်တဆ သေဆုံး ရတာရှိသလို၊ တချို့ကလည်း တမင်ရည်ရွယ်ချက်နဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးရတာပါ။
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် အပစ်မဲ့ ကလေးငယ်တွေ၊ ပြည်သူတွေ မသေသင့်ဘဲ သေနေရတဲ့ သေနတ်ကိုင် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။