သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြၾကားက ရွင္သန္ေနတဲ့ ျမန္မာမီဒီယာမ်ား


ျမန္မာျပည္မွာ အဖမ္းခံခဲ့ရသည့္ ဂ်ပန္ သတင္းေထာက္ (မွတ္တမ္း ဓါတ္ပုံ)

[[ ZAWGYI / UNICODE ]]

ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြၾကားက ရွင္သန္ေနတဲ့ ျမန္မာမီဒီယာမ်ား

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္းက လြတ္လပ္တဲ့သတင္း မီဒီယာေတြအေနနဲ႔ သတင္းအခ်က္အလက္ မရေအာင္ တားျမစ္ခံေနရသလို ၊ လြတ္လပ္စြာ ေဖာ္ျပေရးသားခြင့္လည္း ကန႔္သတ္မႈနဲ႔ ႀကဳံေနရပါတယ္။ စာနယ္ဇင္းက်င့္ဝတ္နဲ႔အညီ လုပ္ကိုင္ၾကေပမယ့္ အျပစ္ေပး အေရးယူတာေတြနဲ႔ သတင္းသမားေတြ ရင္ဆိုင္ေနၾကရတာပါ။ VOA သတင္းေထာက္ Steve Sandford ေက မးျမန္းတင္ျပထားတာကို နန္းေလာင္ဝ္က ေျပာျပမွာပါ။


စစ္အာဏာသိမ္းမႈအေပၚ လက္နက္စြဲကိုင္ဆန႔္က်င္တဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ ၾကားတိုက္ပြဲေတြ ဆက္လက္ ေပၚေပါက္ေနတာနဲ႔အမွ် အိုးအိမ္စြန႔္ၿပီး ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေနၾကရတဲ့ ျပည္တြင္း ဒုကၡသည္အေရအတြက္လည္း တိုးလာေနပါတယ္။တခ်ိန္ထဲမွာပဲ သတင္းမီဒီယာေတြအေပၚ စစ္ေကာင္စီရဲ႕ကန႔္သတ္မႈေတြ ပိုၿပီးတင္းၾကပ္လာသလို ျပစ္ဒဏ္ေတြပါ တိုးျမႇင့္ ခ်မွတ္လာေနတဲ့အတြက္ ခုဆိုရင္ ျပည္တြင္း သတင္းသမားေတြလည္း နယ္စပ္ေဒသေတြနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ထြက္ေျပးခိုလႈံလာၾကပါတယ္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ယက္ KPSN အဖြဲ႕က Has Moo တို႔လို သတင္းေထာက္ေတြကေတာ့ ထိုင္းႏိုင္ငံမွာ အေျခစိုက္ၿပီး စစ္ေကာင္စီရဲ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို မွတ္တမ္းျပဳစုေနတာပါ။

“ ျမန္မာႏိုင္ငံဖက္ေရာက္ရင္ စစ္ေကာင္စီတပ္က ျမင္ျမင္သမွ် ဗုံးႀကဲ တိုက္ခိုက္တာမ်ိဳးနဲ႔ႀကဳံရပါတယ္။ ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြလည္း က်ေနာ္တို႔ကိုေတြ႕တဲ့အခါ သိပ္ၿပီးဝမ္းသာၾကပါတယ္။ သူတို႔အေပၚ အေလးထားတဲ့လူေတြရွိေသးတယ္ဆိုတာ ဒုကၡသည္ေတြ နားလည္းၾကပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ သတင္းေတြကိုတည္းျဖတ္ေပးေနတဲ့ အယ္ဒီတာ Seng Li လည္း တျခားသတင္းေထာက္ေတြလိုပဲ စစ္တပ္ရဲ႕ဥပေဒေတြကေန လြတ္ကင္းတဲ့ အိမ္နီးခ်င္းႏိုင္ငံထဲကေန အလုပ္လုပ္ေနရတာပါ။ စစ္ေကာင္စီက က်င့္သုံးေနတဲ့ ဥပေဒေတြဟာ စစ္တပ္အေပၚ ေဝဖန္တဲ့သူေတြကို လိုသလို ပစ္မွတ္ထား အေရးယူႏိုင္ေအာင္ ျပဌာန္းထားတဲ့ ဥပေဒေတြျဖစ္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြကေျပာပါတယ္။ ဥပေဒအျဖစ္က်င့္သုံးဖို႔ ရွိေနတဲ့ ဆိုင္ဘာလုံၿခဳံေရး ဥပေဒေၾကာင့္ သတင္းအခ်က္ရရွိေရး ပိုၿပီးခက္ခဲလာႏိုင္တယ္လို႔လည္း သုံးသပ္တာေတြ ရွိပါတယ္။ ဥပေဒသစ္မွာေတာ့ စစ္တပ္က ပိတ္ထားတဲ့ လူမႈကြန္ရက္ေတြကို ၾကားခံသုံးေနတဲ့ VPN ကြန္ယက္ကို ပိတ္ပစ္ဖို႔လည္းပါပါတယ္။ ျမန္မာသတင္းသမား Seng Li ကေတာ့ အခုလိုေျပာပါတယ္။

" ျမန္မာႏိုင္ငံက တျခားႏိုင္ငံေတြနဲ႔မတူပါဘူး။ အရင္တုန္း ကေဆိုရင္ ေဖ့ဘုတ္သုံးစြဲသူ ျပည္သူ ၉၉ %ရွိတဲ့အတြက္ ေဖ့ဘုတ္တိုင္းျပည္ႀကီး လို႔ေတာင္ေခၚပါတယ္။ ဒါေၾကာင့္လည္း စစ္ေကာင္စီက ပိတ္ဖို႔ က်ိဳးစားတာပါ။ ကမာ႐ြတ္မီဒီယာ အယ္ဒီတာ ကိုဟံသာညိန္းတို႔ လိုသတင္းေထာက္ေတြလည္း ႏွစ္ေတြနဲ႔ခ်ီျပစ္ဒဏ္ေပးႏိုင္တဲ့ စြဲဆိုခ်က္ေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔" လည္း Seng Li ကေျပာပါတယ္။

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အဖမ္းခံရတဲ့ ကိုဟံသာညိန္းကို စစ္ေကာင္စီ အထူးတရား႐ုံးက သတင္းမွားျဖန႔္မႈစြဲခ်က္နဲ႔ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ ႏွစ္ ခ်ထားတာျဖစ္ပါတယ္။ ေနာက္ထပ္ ေထာင္ဒဏ္ ၇ ႏွစ္ထိ ခ်မွတ္ႏိုင္တဲ့ အီလက္ထေရာနစ္ဥပေဒနဲ႔ပါ ကိုဟံသာညိန္းကို ထပ္ၿပီး စြဲဆိုထားပါတယ္။ ကိုဟံသာညိန္းနဲ႔ ေတြ႕ခြင့္ မေပးဘူးလို႔ သူ႔မိသားစုကေျပာပါတယ္။ ဟံသာၿငိမ္းရဲ႕ညီမေတာ္သူ မၾကည္သာက ခုလိုေျပာပါတယ္။

"သူတို႔က က်မအကိုနဲ႔ ေတြ႕ခြင့္မေပးပါဘူး။ အခြင့္အေရး ရရင္ေတာ့ ေတြ႕ခ်င္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ သူ႔အေျခအေနကို က်မတို႔ ဘာမွ မသိရဘူးေလ။ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးေရာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးပါ ဘယ္လိုအေျခအေနျဖစ္ေနသလဲဆိုတာ က်မတို႔ဘာမွမသိရပါဘူး။"

ျပည္တြင္းအက်ပ္အတည္းေတြ ပိုၿပီးဆိုး႐ြားလာတဲ့အတြက္ သတင္းသမားေတြကေတာ့ အႏၲရယ္မ်ားလြန္းလွတဲ့ၾကားက သူတို႔အလုပ္ဆက္လုပ္ေနၾကပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ အဆိုအရ ၂၀၂၁ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ အဖမ္ခံရတဲ့သတင္းသမား ၁၂၀ ထက္မနည္းရွိပါတယ္။

ဒါေပမယ့္လည္း သတင္းလြတ္လပ္ခြင့္ဆိုင္ရာအဖြဲ႕ေတြရဲ႕ထုတ္ျပန္ခ်က္အရဆိုရင္ေတာ့ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး စစ္ေကာင္စီကဖမ္းဆီးခဲ့တဲ့ သတင္းသမားေပါင္း အေယာက္ ၂၀၀နီးပါး ရွိခဲ့ၿပီး တခ်ိဳ႕ျပန္လြတ္ခဲ့ေပမယ့္ ဖမ္းဆီးစဥ္ သတင္းသမား ၃ဦးအသက္ေသဆုံးခဲ့တာပါ။ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈ ဥပေဒ ပုဒ္မ ၅၀၅-ကသတင္းသမားေတြအမ်ားဆုံး တရားစြဲခံေနရတာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဆက္သြယ္ေရးဥပေဒပုဒ္မအျပင္ ႏွစ္ရွည္ ေထာင္ခ်ႏိုင္တဲ့ မတရားအသင္း ဆက္သြယ္တဲ့ဥပေဒပုဒ္မ၊ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ ျပဳလုပ္မႈတို႔နဲ႔ပါ တရားစြဲလာတာျဖစ္ပါတယ္။

==============================

{{ UNICODE }}

ဖိနှိပ် ချုပ်ချယ်မှုတွေကြားက ရှင်သန်နေတဲ့ မြန်မာမီဒီယာများ

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတွင်းက လွတ်လပ်တဲ့သတင်း မီဒီယာတွေအနေနဲ့ သတင်းအချက်အလက် မရအောင် တားမြစ်ခံနေရသလို ၊ လွတ်လပ်စွာ ဖော်ပြရေးသားခွင့်လည်း ကန့်သတ်မှုနဲ့ ကြုံနေရပါတယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ကြပေမယ့် အပြစ်ပေး အရေးယူတာတွေနဲ့ သတင်းသမားတွေ ရင်ဆိုင်နေကြရတာပါ။ VOA သတင်းထောက် Steve Sandford ကေ မးမြန်းတင်ပြထားတာကို နန်းလောင်ဝ်က ပြောပြမှာပါ။


စစ်အာဏာသိမ်းမှုအပေါ် လက်နက်စွဲကိုင်ဆန့်ကျင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ကြားတိုက်ပွဲတွေ ဆက်လက် ပေါ်ပေါက်နေတာနဲ့အမျှ အိုးအိမ်စွန့်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတဲ့ ပြည်တွင်း ဒုက္ခသည်အရေအတွက်လည်း တိုးလာနေပါတယ်။တချိန်ထဲမှာပဲ သတင်းမီဒီယာတွေအပေါ် စစ်ကောင်စီရဲ့ကန့်သတ်မှုတွေ ပိုပြီးတင်းကြပ်လာသလို ပြစ်ဒဏ်တွေပါ တိုးမြှင့် ချမှတ်လာနေတဲ့အတွက် ခုဆိုရင် ပြည်တွင်း သတင်းသမားတွေလည်း နယ်စပ်ဒေသတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံလာကြပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN အဖွဲ့က Has Moo တို့လို သတင်းထောက်တွေကတော့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး စစ်ကောင်စီရဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုနေတာပါ။

“ မြန်မာနိုင်ငံဖက်ရောက်ရင် စစ်ကောင်စီတပ်က မြင်မြင်သမျှ ဗုံးကြဲ တိုက်ခိုက်တာမျိုးနဲ့ကြုံရပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေလည်း ကျနော်တို့ကိုတွေ့တဲ့အခါ သိပ်ပြီးဝမ်းသာကြပါတယ်။ သူတို့အပေါ် အလေးထားတဲ့လူတွေရှိသေးတယ်ဆိုတာ ဒုက္ခသည်တွေ နားလည်းကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကိုတည်းဖြတ်ပေးနေတဲ့ အယ်ဒီတာ Seng Li လည်း တခြားသတင်းထောက်တွေလိုပဲ စစ်တပ်ရဲ့ဥပဒေတွေကနေ လွတ်ကင်းတဲ့ အိမ်နီးချင်းနိုင်ငံထဲကနေ အလုပ်လုပ်နေရတာပါ။ စစ်ကောင်စီက ကျင့်သုံးနေတဲ့ ဥပဒေတွေဟာ စစ်တပ်အပေါ် ဝေဖန်တဲ့သူတွေကို လိုသလို ပစ်မှတ်ထား အရေးယူနိုင်အောင် ပြဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။ ဥပဒေအဖြစ်ကျင့်သုံးဖို့ ရှိနေတဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေကြောင့် သတင်းအချက်ရရှိရေး ပိုပြီးခက်ခဲလာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ ဥပဒေသစ်မှာတော့ စစ်တပ်က ပိတ်ထားတဲ့ လူမှုကွန်ရက်တွေကို ကြားခံသုံးနေတဲ့ VPN ကွန်ယက်ကို ပိတ်ပစ်ဖို့လည်းပါပါတယ်။ မြန်မာသတင်းသမား Seng Li ကတော့ အခုလိုပြောပါတယ်။

" မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့မတူပါဘူး။ အရင်တုန်း ကဆေိုရင် ဖေ့ဘုတ်သုံးစွဲသူ ပြည်သူ ၉၉ %ရှိတဲ့အတွက် ဖေ့ဘုတ်တိုင်းပြည်ကြီး လို့တောင်ခေါ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက ပိတ်ဖို့ ကျိုးစားတာပါ။ ကမာရွတ်မီဒီယာ အယ်ဒီတာ ကိုဟံသာညိန်းတို့ လိုသတင်းထောက်တွေလည်း နှစ်တွေနဲ့ချီပြစ်ဒဏ်ပေးနိုင်တဲ့ စွဲဆိုချက်တွေနဲ့ရင်ဆိုင်နေရတယ်လို့" လည်း Seng Li ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရတဲ့ ကိုဟံသာညိန်းကို စစ်ကောင်စီ အထူးတရားရုံးက သတင်းမှားဖြန့်မှုစွဲချက်နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ချထားတာဖြစ်ပါတယ်။ နောက်ထပ် ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်တဲ့ အီလက်ထရောနစ်ဥပဒေနဲ့ပါ ကိုဟံသာညိန်းကို ထပ်ပြီး စွဲဆိုထားပါတယ်။ ကိုဟံသာညိန်းနဲ့ တွေ့ခွင့် မပေးဘူးလို့ သူ့မိသားစုကပြောပါတယ်။ ဟံသာငြိမ်းရဲ့ညီမတော်သူ မကြည်သာက ခုလိုပြောပါတယ်။

"သူတို့က ကျမအကိုနဲ့ တွေ့ခွင့်မပေးပါဘူး။ အခွင့်အရေး ရရင်တော့ တွေ့ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အခြေအနေကို ကျမတို့ ဘာမှ မသိရဘူးလေ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာ ကျမတို့ဘာမှမသိရပါဘူး။"

ပြည်တွင်းအကျပ်အတည်းတွေ ပိုပြီးဆိုးရွားလာတဲ့အတွက် သတင်းသမားတွေကတော့ အန္တရယ်များလွန်းလှတဲ့ကြားက သူတို့အလုပ်ဆက်လုပ်နေကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အဆိုအရ ၂၀၂၁ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အဖမ်ခံရတဲ့သတင်းသမား ၁၂၀ ထက်မနည်းရှိပါတယ်။

ဒါပေမယ့်လည်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ သတင်းသမားပေါင်း အယောက် ၂၀၀နီးပါး ရှိခဲ့ပြီး တချို့ပြန်လွတ်ခဲ့ပေမယ့် ဖမ်းဆီးစဉ် သတင်းသမား ၃ဦးအသက်သေဆုံးခဲ့တာပါ။ တပ်မတော်ကို အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅-ကသတင်းသမားတွေအများဆုံး တရားစွဲခံနေရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆက်သွယ်ရေးဥပဒေပုဒ်မအပြင် နှစ်ရှည် ထောင်ချနိုင်တဲ့ မတရားအသင်း ဆက်သွယ်တဲ့ဥပဒေပုဒ်မ၊နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှုတို့နဲ့ပါ တရားစွဲလာတာဖြစ်ပါတယ်။

XS
SM
MD
LG