သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စာနယ္ဇင္းက်င္႔ဝတ္နဲ႔ အညီလုပ္ေပမဲ႔ ဖမ္းဆီးတရားစဲြခံေနရတဲ႔ သတင္းသမားမ်ား


Sithu Aung Myint / Htet Htet Khine ဦးစည္သူေအာင္ျမင့္ မထက္ထက္ခိုင္

ဖမ္းဆီးခံထားရတဲ့ ဦးစည္သူေအာင္ျမင့္က သူ႔အေပၚ စြဲဆိုထားတဲ့အမႈမွာ သူဘက္က သက္ေသလိုက္ေပးဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာနကို တင္ျပထားပါတယ္။ ဥပေဒနဲ႔အညီ တရားဝင္သတင္းလုပ္ငန္းလုပ္ကိုင္ေနသူတဦးဆိုတာကို ေဖာ္ျပဖို႔အတြက္ အခုလို တင္ျပတာလို႔ ေရွ႕ေနေတြက ေျပာပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

စာနယ္ဇင္းက်င္႔ဝတ္နဲ႔ အညီလုပ္ေပမဲ႔ ဖမ္းဆီးတရားစဲြခံေနရတဲ႔ သတင္းသမားမ်ား

{{Zawgyi/Unicode}}

ဖမ္းဆီးခံထားရတဲ့ ဦးစည္သူေအာင္ျမင့္က သူ႔အေပၚ စြဲဆိုထားတဲ့အမႈမွာ သူဘက္က သက္ေသလိုက္ေပးဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာနကို တင္ျပထားပါတယ္။ ဥပေဒနဲ႔အညီ တရားဝင္သတင္းလုပ္ငန္းလုပ္ကိုင္ေနသူတဦးဆိုတာကို ေဖာ္ျပဖို႔အတြက္ အခုလို တင္ျပတာလို႔ ေရွ႕ေနေတြက ေျပာပါတယ္။ ဖမ္းဆီးတရားစြဲဆိုခံေနရတဲ့ သတင္းသမားေတြရဲ႕ ေနာက္ဆုံးအေျခအေန ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ဗြီအိုေအ အပါအဝင္ သတင္းဌာနအခ်ိဳ႕မွာ ေဆာင္းပါးေရးသားသူ သတင္းသမားဦးစည္သူေအာင္ျမင့္ကို ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးက ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ျပဳလုပ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄-က နဲ႔ စြဲခ်က္တင္ထားသလို၊ ပုဇြန္ေတာ္ၿမိဳ႕နယ္ တရား႐ုံးနဲ႔ ဗဟန္းၿမိဳ႕နယ္တရား႐ုံးတို႔ကလည္း တပ္မေတာ္ ၿပိဳကြဲေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ နဲ႔ စြဲခ်က္တင္ထားပါတယ္။ ဒီကေန႔ေတာ့ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးက စြဲဆိုတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄-က အမႈအတြက္ တရားခံသက္ေသတခ်ိဳ႕ စစ္ေဆးေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။ ဒီအမႈအတြက္ သက္ေသလိုက္ေပးဖို႔ ဦးစည္သူေအာင္ျမင့္ဖက္က ျပန္ၾကားေရးဝန္ႀကီး ဌာနဘက္ကို တင္ျပထားတယ္လို႔သူ႔ေရွ႕ေနထံက သိရပါတယ္။

" သူကေျပာခ်င္တာက သူဟာစာနယ္ဇင္း က်င့္ဝတ္နဲ႔အညီ ေရးတယ္ဆိုတာရယ္၊ ေနာက္တခုကေတာ့ ဗြီအိုေအက ျမန္မာျပည္မွာ ႐ုံးခန္းဖြင့္ခြင့္ရထားတယ္ဆိုတာကို သက္ေသျပထားတာရွိတယ္။ အဲ၂ခ်က္အတြက္ကို အဲလူေတြကို သူထည့္တာေပါ့ေနာ္။ သူတို႔လာမလာေတာ့ မသိဘူးေပါ့ေနာ္။ ဒီဘက္အရပ္သက္ေသေတြၿပီးတာနဲ႔ ေခၚဖို႔အမတို႔ႀကိဳတင္ျပင္ထားတာေပါ့။ အမႈအေျခအေနကေတာ့ ဒီတိုင္းဘဲ ကိုယ့္ဘက္က ဟာေတြကိုဘဲ စစ္ေနတာမို႔ ဘာမွေတာ့ ေထြေထြထူးထူးမရွိဘူး။ တရားလိုဘက္ကေတာ့ ၿပီးသြားၿပီေပါ့ေလ။ သူတို႔ဘက္ကေတာ့ အဓိက ၃မႈစလုံးစြပ္စြဲထားတာေပါ့ေနာ္။ ဆရာေရးတဲ့ေဆာင္းပါးေတြေပၚမူတည္စြပ္စြဲထားတာ ေပါ့ေလ "

ဗြီအိုေအ ျမန္မာပိုင္းဌာနမႉး ဦးသန္းလြင္ထြန္း ကေတာ့ ဗြီအိုေအအတြက္ ဦးစည္သူေအာင္ျမင့္ ေရးသား ေပးပို႔တဲ့သတင္းေဆာင္းပါးေတြဟာ အခ်က္အလက္အေျခခံ ေရးသားထားတာေတြပဲျဖစ္ၿပီး ဗြီအိုေအကို သတင္းေဆာင္းပါး ေရးသားေပးပို႔လို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းတယ္ဆိုရင္ေတာ့ သတင္းသမား တေယာက္ကို မတရားဖမ္းဆီးတာပဲ ျဖစ္တဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ ဩဂုတ္လ ၁၅ရက္ေန႔က ဦးစည္သူေအာင္ျမင့္ကို ဖမ္းဆီးစဥ္မွာ BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္တင္ဆက္သူ မထက္ထက္ခိုင္ကိုလည္း အတူဖမ္းဆီးခဲ့တာပါ။ မထက္ထက္ခိုင္ဟာလည္း အခုလက္ရွိ အင္းစိန္အက်ဥ္းေထာင္အတြင္း ဖမ္းဆီးထိမ္းသိမ္းခံေနရပါတယ္။ မထက္ထက္ခိုင္ ကိုေတာ့ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္က ပုဒ္မ ၅၀၅က နဲ႔ ဗဟန္းၿမိဳ႕နယ္က ပုဒ္မ ၁၇/၁ တို႔နဲ႔တရားစြဲ ဆိုထားပါတယ္။ ဒီအမႈအေျခအေနႏု႔ပတ္သတ္လို႔သူမေရွ႕ေနကခုလိုေျပာျပပါတယ္။

" အမႈအေျခအေနက တမႈက ၅၀၅နဲ႔စြဲတယ္။ တမႈက ၁၇/၁နဲ႔စြဲထားတယ္။ ၅၀၅ နဲ႔စြဲထားတာမွာလဲ အဲဒါနဲ႔ပတ္သတ္လို႔အေထာက္အထားျပႏိုင္တာမရွိဘူး။ ၁၇/၁နဲ႔ပတ္သတ္ လို႔ မတရားအသင္းနဲ႔ ခ်ိတ္ဆက္ပါတယ္ဆိုတဲ့ ထင္ရွားေအာင္မျပသႏိုင္တဲ့အျပင္ေပါ့ ၊ သူကသတင္းေထာက္ျဖစ္ေတာ့ သူသတင္းယူတာမွာ ဥပေဒနဲ႔ အညီသတင္းယူတယ္ဆိုတဲ့ပုံစံမ်ိဳးက သုံးသပ္ လို႔ရေနတာေလ။ တရားစြဲအဖြဲ႕က ဒီပုဒ္မနဲ႔စြဲတဲ့အေပၚမွာ ဥပေဒနဲ႔အညီလုပ္တယ္ဆိုတာမ်ိဳးနဲ႔ တရားခြင္မွာအမႈတင္စစ္ေဆးတာေပါ့။ အမႈတြဲမွာ စစ္ေဆးခ်က္အရ ေပၚလြင္မႈမရွိတာဘဲ ေမးခြန္းထုတ္ႏိုင္ၿပီးေတာ့ ထင္ရွားေအာင္ျပသႏိုင္တဲ့ အခြင့္အေရး တရားခံ ဘက္ကရတယ္။ ဒါေပမယ့္ ဘယ္ပုဒ္မမွာ ဘယ္ႏွစ္ႏွစ္က်မယ္ဆိုတာ သုံးသပ္ၿပီးသား ျဖစ္လို႔ က်မတို႔အမႈကအေျခအေနေကာင္းလဲေထာင္က်မွာဘဲ"

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ အဖမ္းအဆီးေတြထဲ သတင္းေတြလည္းပါဝင္ခဲ့ရာမွာ၊ အခုအခ်ိန္အထိဆိုရင္ သတင္းသမား ၇၀ ဝန္းက်င္ ဖမ္းဆီး တရားစြဲဆိုခံေနရဆဲပါ။ သူတို႔ကို ႏွစ္ရွည္ေထာင္ခ်ႏိုင္တဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုထားတယ္လို႔ ေရွေနေတြကေျပာပါတယ္။

မၾကာေသးခင္က ျမ၀တီၿမိဳ႕မွာ ဖမ္းဆီးခံရတဲ့ မဲေခါင္သတင္းဌာန အလြတ္တမ္းသတင္းေထာက္ ေမာင္ေမာင္မ်ိဳး ကိုလည္း ႏွစ္ရွည္ေထာင္ခ်ႏိုင္တဲ့ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒ ၅၂(က)နဲ႔ စစ္ေကာင္စီဘက္က တရားစြဲဖို႔ျပင္ဆင္ေနတယ္လို႔ အဲဒီသတင္းဌာန အယ္ဒီတာ ကိုညဏ္လင္းထက္က ဗြီအိုေအကိုေျပာပါတယ္။

" ၁၀ရက္ေန႔ကဖမ္းတယ္ ၁၁ရက္ေန႔က်ေတာ့ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥေပဒ ၅၂(က)နဲ႔ အမႈဖြင့္တယ္။ ၿပီးခဲ့တဲ့ အပတ္ ၁၆နဲ႔ ၁၇ မွာသူ႔အမ်ိဳးသမီးနဲ႔ အေမသူ႔ကိုသြားေတြ႕ခြင့္ရတယ္။ ဘားအံေထာင္မွာ ၁၇ရက္ေန႔မွာအခ်ဳပ္ကေနေထာငိကိုေ႐ြ႕တယ္ ေမာင္မ်ိဳးကိုေတြ႕တာမွာေတာ့က်န္းမာေရးလည္းေကာင္းတယ္။ ႐ိုက္ႏွက္ခံထားရတာလည္း မရွိဘူး။ ဖတ္ရတဲ့ ရဲရဲ႕ကနဦးေၾကးနန္းစာမွာေတာ့ အမႈဖြင့္ေၾကးနန္းမဟုတ္ဘူး။ ကနဦးေၾကးနန္းမွာေတာ့ သူ႔ဖုန္းမွ ာမဲေခါင္သတင္းဌာနသတင္းရယ္၊ ႏိုင္ငံေရးနဲ႔ပတ္သတ္တာေတြရယ္၊ ေတာ္လွန္ေရးနဲ႔ပတ္သတ္တဲ့ ပိုစ္ေတြရွဲထားတာေတြ႕တယ္။ အဲေတာ့သူက မဲေခါင္ သတင္းဌာနမွာလုပ္တယ္။ ေနာက္ PDF ေတြနဲ႔ဆက္သြယ္တယ္ဆိုတာေျပာတယ္။ ႏိုင္ငံေရးနဲ႔ပတ္သတ္လို႔ မဟုတ္မမွန္ ေရးတယ္ဆိုၿပီး ကနဦးေၾကးနန္းမွာ အဲဒါနဲ႔အမႈဖြင့္ဖို႔ လုပ္ထားတယ္ေပါ့ "

ဒီပုဒ္မအရ ျပစ္မႈထင္ရွား စီရင္ခံရရင္ အနိမ့္ဆုံး ေထာင္ ၇ႏွစ္ခ်ခံရႏိုင္ပါတယ္။ အခုလို သတင္းသမားေတြကို ဖမ္းဆီးတရားစြဲဆိုတာေတြေၾကာင့္ သတင္းေရးသားမႈေတြမွာ ပိုပီး အခက္အခဲျဖစ္လာရတယ္လို႔ ကိုညဏ္လင္းထက္က ေျပာပါတယ္။

" သတင္းသမားေတြ လက္ရွိအေျခအေနေျပာဆိုရင္ေတာ့ အေျခအေန ၂မ်ိဳးေပါ့။ တခ်ိဳ႕ကက် ေတာ့ စစ္ေကာင္စီအႀကိဳက္ ေျပာတဲ့ အတိုင္းခိုင္းတဲ့အတိုင္း ေရးတဲ့သတင္းသမားနဲ႔ မီဒီယာတခ်ိဳ႕ရွိတယ္ ။ သူတို႔ကျပႆနာမရွိဘူး။ ဒါမယ့္ေျမျပင္မွာျဖစ္ေနတာ ျပည္သူသေဘာထားကိုထင္ဟပ္ေစတဲ့ ေရးတာမ်ိဳးေရးတဲ့သူေတြက်ေတာ့ စစ္တပ္ကသိတာနဲ႔ဖမ္းမွာဘဲ။ ဖမ္းရင္လဲအရင္လို ၅၀၅-ကနဲ႔ မဟုတ္ေတာ့ဘူး။ ျပင္းထန္တဲ့ ၅၂(က)လို အၾကမ္းဖက္ဥပေဒနဲ႔တရားစြဲတာေတြ႕ရ တယ္။ သတင္းသမားကေတာ့သတင္းယူရင္ PDF နဲ႔ေကာ ၊ NUG နဲ႔ေကာဆက္သြယ္ရမွာဘဲ ဘက္မွ်ေအာင္ ေမးေရးရတာမို႔ ဒီလိုဆက္သြယ္တာနဲ႔အၾကမ္းဖက္ဥပေဒနဲ႔ စြဲဆိုတာမ်ိဳးေတြလုပ္တယ္ "

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး ဒီေန႔အထိ စစ္ေကာင္စီကဖမ္းဆီးခဲ့တဲ့ သတင္းသမားေပါင္း အေယာက္ ၂၀၀နီးပါး ရွိခဲ့ၿပီး တခ်ိဳ႕ျပန္လြတ္ခဲ့ပါတယ္။ ဖမ္းဆီးစဥ္ သတင္းသမား ၃ဦးအသက္ေသဆုံးခဲ့ရတယ္လို႔ သတင္းလြတ္လပ္ခြင့္အဖြဲ႕ေတြက ထုတ္ျပန္ထားပါတယ္။ သတင္းသမားေတြ အမ်ားဆုံး တရားစြဲခံထားရတာက တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈ ဥပေဒ ပုဒ္မ ၅၀၅-က နဲ႔ျဖစ္ၿပီး ဆက္သြယ္ေရးဥပေဒပုဒ္မအျပင္ ႏွစ္ရွည္ ေထာင္ခ်ႏိုင္တဲ့ မတရားအသင္း ဆက္သြယ္တဲ့ဥပေဒပုဒ္မ၊ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ ျပဳလုပ္မႈတို႔နဲ႔ပါ တရားစြဲဆိုတာေတြ လုပ္လာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................

စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီလုပ်ပေမဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ သတင်းသမားများ

{{Zawgyi/Unicode}}

ဖမ်းဆီးခံထားရတဲ့ ဦးစည်သူအောင်မြင့်က သူ့အပေါ် စွဲဆိုထားတဲ့အမှုမှာ သူဘက်က သက်သေလိုက်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဥပဒေနဲ့အညီ တရားဝင်သတင်းလုပ်ငန်းလုပ်ကိုင်နေသူတဦးဆိုတာကို ဖော်ပြဖို့အတွက် အခုလို တင်ပြတာလို့ ရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ သတင်းသမားတွေရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဗွီအိုအေ အပါအဝင် သတင်းဌာနအချို့မှာ ဆောင်းပါးရေးသားသူ သတင်းသမားဦးစည်သူအောင်မြင့်ကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ စွဲချက်တင်ထားသလို၊ ပုဇွန်တော်မြို့နယ် တရားရုံးနဲ့ ဗဟန်းမြို့နယ်တရားရုံးတို့ကလည်း တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ နဲ့ စွဲချက်တင်ထားပါတယ်။ ဒီကနေ့တော့ အရှေ့ပိုင်းခရိုင် တရားရုံးက စွဲဆိုတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က အမှုအတွက် တရားခံသက်သေတချို့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုအတွက် သက်သေလိုက်ပေးဖို့ ဦးစည်သူအောင်မြင့်ဖက်က ပြန်ကြားရေးဝန်ကြီး ဌာနဘက်ကို တင်ပြထားတယ်လို့သူ့ရှေ့နေထံက သိရပါတယ်။

" သူကပြောချင်တာက သူဟာစာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးတယ်ဆိုတာရယ်၊ နောက်တခုကတော့ ဗွီအိုအေက မြန်မာပြည်မှာ ရုံးခန်းဖွင့်ခွင့်ရထားတယ်ဆိုတာကို သက်သေပြထားတာရှိတယ်။ အဲ၂ချက်အတွက်ကို အဲလူတွေကို သူထည့်တာပေါ့နော်။ သူတို့လာမလာတော့ မသိဘူးပေါ့နော်။ ဒီဘက်အရပ်သက်သေတွေပြီးတာနဲ့ ခေါ်ဖို့အမတို့ကြိုတင်ပြင်ထားတာပေါ့။ အမှုအခြေအနေကတော့ ဒီတိုင်းဘဲ ကိုယ့်ဘက်က ဟာတွေကိုဘဲ စစ်နေတာမို့ ဘာမှတော့ ထွေထွေထူးထူးမရှိဘူး။ တရားလိုဘက်ကတော့ ပြီးသွားပြီပေါ့လေ။ သူတို့ဘက်ကတော့ အဓိက ၃မှုစလုံးစွပ်စွဲထားတာပေါ့နော်။ ဆရာရေးတဲ့ဆောင်းပါးတွေပေါ်မူတည်စွပ်စွဲထားတာ ပေါ့လေ "

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း ကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသား ပေးပို့တဲ့သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမား တယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့က ဦးစည်သူအောင်မြင့်ကို ဖမ်းဆီးစဉ်မှာ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကိုလည်း အတူဖမ်းဆီးခဲ့တာပါ။ မထက်ထက်ခိုင်ဟာလည်း အခုလက်ရှိ အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိမ်းသိမ်းခံနေရပါတယ်။ မထက်ထက်ခိုင် ကိုတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်က ပုဒ်မ ၅၀၅က နဲ့ ဗဟန်းမြို့နယ်က ပုဒ်မ ၁၇/၁ တို့နဲ့တရားစွဲ ဆိုထားပါတယ်။ ဒီအမှုအခြေအနေနု့ပတ်သတ်လို့သူမရှေ့နေကခုလိုပြောပြပါတယ်။

" အမှုအခြေအနေက တမှုက ၅၀၅နဲ့စွဲတယ်။ တမှုက ၁၇/၁နဲ့စွဲထားတယ်။ ၅၀၅ နဲ့စွဲထားတာမှာလဲ အဲဒါနဲ့ပတ်သတ်လို့အထောက်အထားပြနိုင်တာမရှိဘူး။ ၁၇/၁နဲ့ပတ်သတ် လို့ မတရားအသင်းနဲ့ ချိတ်ဆက်ပါတယ်ဆိုတဲ့ ထင်ရှားအောင်မပြသနိုင်တဲ့အပြင်ပေါ့ ၊ သူကသတင်းထောက်ဖြစ်တော့ သူသတင်းယူတာမှာ ဥပဒေနဲ့ အညီသတင်းယူတယ်ဆိုတဲ့ပုံစံမျိုးက သုံးသပ် လို့ရနေတာလေ။ တရားစွဲအဖွဲ့က ဒီပုဒ်မနဲ့စွဲတဲ့အပေါ်မှာ ဥပဒေနဲ့အညီလုပ်တယ်ဆိုတာမျိုးနဲ့ တရားခွင်မှာအမှုတင်စစ်ဆေးတာပေါ့။ အမှုတွဲမှာ စစ်ဆေးချက်အရ ပေါ်လွင်မှုမရှိတာဘဲ မေးခွန်းထုတ်နိုင်ပြီးတော့ ထင်ရှားအောင်ပြသနိုင်တဲ့ အခွင့်အရေး တရားခံ ဘက်ကရတယ်။ ဒါပေမယ့် ဘယ်ပုဒ်မမှာ ဘယ်နှစ်နှစ်ကျမယ်ဆိုတာ သုံးသပ်ပြီးသား ဖြစ်လို့ ကျမတို့အမှုကအခြေအနေကောင်းလဲထောင်ကျမှာဘဲ"

စစ်တပ်ကအာဏာသိမ်းပြီးနောက် အဖမ်းအဆီးတွေထဲ သတင်းတွေလည်းပါဝင်ခဲ့ရာမှာ၊ အခုအချိန်အထိဆိုရင် သတင်းသမား ၇၀ ဝန်းကျင် ဖမ်းဆီး တရားစွဲဆိုခံနေရဆဲပါ။ သူတို့ကို နှစ်ရှည်ထောင်ချနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ရှေနေတွေကပြောပါတယ်။

မကြာသေးခင်က မြဝတီမြို့မှာ ဖမ်းဆီးခံရတဲ့ မဲခေါင်သတင်းဌာန အလွတ်တမ်းသတင်းထောက် မောင်မောင်မျိုး ကိုလည်း နှစ်ရှည်ထောင်ချနိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၂(က)နဲ့ စစ်ကောင်စီဘက်က တရားစွဲဖို့ပြင်ဆင်နေတယ်လို့ အဲဒီသတင်းဌာန အယ်ဒီတာ ကိုညဏ်လင်းထက်က ဗွီအိုအေကိုပြောပါတယ်။

" ၁၀ရက်နေ့ကဖမ်းတယ် ၁၁ရက်နေ့ကျတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပေဒ ၅၂(က)နဲ့ အမှုဖွင့်တယ်။ ပြီးခဲ့တဲ့ အပတ် ၁၆နဲ့ ၁၇ မှာသူ့အမျိုးသမီးနဲ့ အမေသူ့ကိုသွားတွေ့ခွင့်ရတယ်။ ဘားအံထောင်မှာ ၁၇ရက်နေ့မှာအချုပ်ကနေထောငိကိုရွေ့တယ် မောင်မျိုးကိုတွေ့တာမှာတော့ကျန်းမာရေးလည်းကောင်းတယ်။ ရိုက်နှက်ခံထားရတာလည်း မရှိဘူး။ ဖတ်ရတဲ့ ရဲရဲ့ကနဦးကြေးနန်းစာမှာတော့ အမှုဖွင့်ကြေးနန်းမဟုတ်ဘူး။ ကနဦးကြေးနန်းမှာတော့ သူ့ဖုန်းမှ ာမဲခေါင်သတင်းဌာနသတင်းရယ်၊ နိုင်ငံရေးနဲ့ပတ်သတ်တာတွေရယ်၊ တော်လှန်ရေးနဲ့ပတ်သတ်တဲ့ ပိုစ်တွေရှဲထားတာတွေ့တယ်။ အဲတော့သူက မဲခေါင် သတင်းဌာနမှာလုပ်တယ်။ နောက် PDF တွေနဲ့ဆက်သွယ်တယ်ဆိုတာပြောတယ်။ နိုင်ငံရေးနဲ့ပတ်သတ်လို့ မဟုတ်မမှန် ရေးတယ်ဆိုပြီး ကနဦးကြေးနန်းမှာ အဲဒါနဲ့အမှုဖွင့်ဖို့ လုပ်ထားတယ်ပေါ့ "

ဒီပုဒ်မအရ ပြစ်မှုထင်ရှား စီရင်ခံရရင် အနိမ့်ဆုံး ထောင် ၇နှစ်ချခံရနိုင်ပါတယ်။ အခုလို သတင်းသမားတွေကို ဖမ်းဆီးတရားစွဲဆိုတာတွေကြောင့် သတင်းရေးသားမှုတွေမှာ ပိုပီး အခက်အခဲဖြစ်လာရတယ်လို့ ကိုညဏ်လင်းထက်က ပြောပါတယ်။

" သတင်းသမားတွေ လက်ရှိအခြေအနေပြောဆိုရင်တော့ အခြေအနေ ၂မျိုးပေါ့။ တချို့ကကျ တော့ စစ်ကောင်စီအကြိုက် ပြောတဲ့ အတိုင်းခိုင်းတဲ့အတိုင်း ရေးတဲ့သတင်းသမားနဲ့ မီဒီယာတချို့ရှိတယ် ။ သူတို့ကပြဿနာမရှိဘူး။ ဒါမယ့်မြေပြင်မှာဖြစ်နေတာ ပြည်သူသဘောထားကိုထင်ဟပ်စေတဲ့ ရေးတာမျိုးရေးတဲ့သူတွေကျတော့ စစ်တပ်ကသိတာနဲ့ဖမ်းမှာဘဲ။ ဖမ်းရင်လဲအရင်လို ၅၀၅-ကနဲ့ မဟုတ်တော့ဘူး။ ပြင်းထန်တဲ့ ၅၂(က)လို အကြမ်းဖက်ဥပဒေနဲ့တရားစွဲတာတွေ့ရ တယ်။ သတင်းသမားကတော့သတင်းယူရင် PDF နဲ့ကော ၊ NUG နဲ့ကောဆက်သွယ်ရမှာဘဲ ဘက်မျှအောင် မေးရေးရတာမို့ ဒီလိုဆက်သွယ်တာနဲ့အကြမ်းဖက်ဥပဒေနဲ့ စွဲဆိုတာမျိုးတွေလုပ်တယ် "

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ သတင်းသမားပေါင်း အယောက် ၂၀၀နီးပါး ရှိခဲ့ပြီး တချို့ပြန်လွတ်ခဲ့ပါတယ်။ ဖမ်းဆီးစဉ် သတင်းသမား ၃ဦးအသက်သေဆုံးခဲ့ရတယ်လို့ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ သတင်းသမားတွေ အများဆုံး တရားစွဲခံထားရတာက တပ်မတော်ကို အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မအပြင် နှစ်ရှည် ထောင်ချနိုင်တဲ့ မတရားအသင်း ဆက်သွယ်တဲ့ဥပဒေပုဒ်မ၊နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှုတို့နဲ့ပါ တရားစွဲဆိုတာတွေ လုပ်လာခဲ့ပါတယ်။

XS
SM
MD
LG