[[ ZAWGYI ]]
ျမန္မာႏိုင္ငံမွာ ကေလးလုပ္သား တသန္းေက်ာ္ (ILO)
ဆယ္စုႏွစ္ႏွစ္ခုအတြင္းမွာ ကေလးလုပ္သားပေပ်ာက္ဖို႔ ကမာၻ႔ႏိုင္ငံေတြအၾကား လုပ္ေဆာင္မႈေတြ တိုးတက္ခဲ့ေပမဲ့လည္း ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြပိတ္ထားရသလို ပိုမိုဆိုး႐ြားလာတဲ့ စီးပြားေရးနဲ႔က်န္းမာေရး အေျခအေနေတြက ကေလးေတြကို လုပ္ငန္းခြင္ထဲျပန္ေရာက္ေအာင္ တြန္းပို႔ေနပါတယ္။ ဒါေၾကာင့္ ကေလးေတြအတြက္ ရပ္တည္ေပးဖို႔တာဝန္ရွိၿပီး ILO လို ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔က အေရးႀကီးတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက World Day Against Child Labor ေန႔မွာ ေျပာလိုက္ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္ ေျပာျပမွာပါ။
ကိုဗစ္ေၾကာင့္ ဆင္းရဲႏြမ္းပါးမႈနဲ႔ မညီမွ်မႈေတြျဖစ္လာသလို ေက်ာင္းေတြ ပိတ္ထားရတာေၾကာင့္လည္း ကေလးသန္းနဲ႔ခ်ီၿပီး ဆင္းရဲဒုကၡကို ႀကဳံေနရပါတယ္။ အစိုးရေတြက ဒါကိုအေရးတယူ ေျဖရွင္းေပးတာမ်ိဳး မရွိဘူးဆိုရင္ ကမာၻ႔ေပၚမွာ ကေလးလုပ္သားအေရအတြက္က ၉သန္းေလာက္ကေန ၁၆၉ သန္းေလာက္အထိ အခုႏွစ္ထဲမွာ ရွိလာလိမ့္မယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Guy Ryder က ဇြန္လ ၁၂ရက္မွာက်ေရာက္တဲ့ World Day Against Child Labour ေန႔မွာ သတိေပးေျပာလိုက္တာပါ။
ကေလးအားလုံးရႏိုင္မယ့္ လူမႈအသိုင္းအဝိုင္းက အကာအကြယ္ေပးတဲ့ စနစ္ေတြကို မူဝါဒခ်မွတ္တဲ့သူေတြက လုပ္ေဆာင္ေပးဖို႔လိုအပ္ၿပီး အထူးသျဖင့္ ကေလးလုပ္သား ျဖစ္ႏိုင္ေျခမ်ားတဲ့သူေတြအတြက္ ပိုၿပီးလိုအပ္ေနတယ္လို႔ သူကေျပာပါတယ္။ လူႀကီးေတြမွာ ျပည့္စုံေကာင္းမြန္တဲ့ အလုပ္ေတြရွိဖို႔၊ ကေလးေတြက အရည္အေသြးမီတဲ့ ပညာေရးရဖို႔ ဒီလို (Social Protection) စနစ္ေတြကို အစီစဥ္တက် လုပ္ေဆာင္ေပးဖို႔ လိုအပ္တယ္လို႔ ILO ရဲ႕အႀကီးအကဲက အခုလိုေျပာခဲ့တာပါ။
" ဟုတ္ပါတယ္၊ ဒီအတြက္ အရင္းအႏွီးေတာ့ လိုပါလိမ့္မယ္၊ ဒါေပမဲ့ တကယ့္ကို ကြၽမ္းက်င္၊ တတ္ေျမာက္တဲ့ လုပ္အားေတြကေန သူတို႔ အက်ိဳးအျမတ္ရၾကမွာပါ။ အစိုးရေတြရဲ႕ အခုေ႐ြးခ်ယ္မႈက ဒီေန႔ ဒါမွမဟုတ္ အနာဂတ္မွာ ဒီသန္းနဲ႔ခ်ီတဲ့ ကေလးေတြရဲ႕ဘဝေတြကို တည္ေဆာက္မွာလား၊ ဖ်က္စီးမွာလားဆိုတာ အဆုံးအျဖတ္ ျဖစ္ပါလိမ့္မယ္။"
ျမန္မာႏိုင္ငံမွာ ကေလးတသန္းေက်ာ္က ကေလးလုပ္သားအျဖစ္ လုပ္ကိုင္ေနၾကၿပီး ဒီအေရအတြက္ရဲ႕ ထက္ဝက္ေလာက္က အႏၲရာယ္ရွိတဲ့ လုပ္ငန္းခြင္ေတြမွာ ေန႔တိုင္း လုပ္ေနရတယ္လို႔ ILO က ေျပာပါတယ္။ ျပည္တြင္းမွာေတာ့ ကေလးလုပ္သားနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြက အတိအက်မရွိပါဘူး။
အစိုးရပိုင္းမွာ ဒီကိစၥေတြကို ႏိုင္ငံတကာအဖြဲ႕ေတြနဲ႔ ပူးေပါင္းလုပ္တာရွိေပမဲ့ ျဖစ္ျဖစ္ေျမာက္ေျမာက္ တိုးတက္လာတာ မေတြ႕ရဘူးလို႔ ဧရာဝတီတိုင္း ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီက ဦးေအာင္ေဇာ္ဦးက ဗြီအိုေအကိုေျပာပါတယ္။
" ေက်ာင္းနဲ႔ေဝးသြားတာေပါ့ အဲဒီကာလမွာ လုပ္ငန္းခြင္အသီးသီးကို ေရာက္သြားတယ္။ downtown တို႔ traffic area ေတြမွာက် တကယ္ပဲ လုပ္ငန္းခြင္ေတြဆီ ေရာက္သြားၾကတာ မ်ားပါတယ္ မွန္တယ္။ Detail data ကေတာ့ ဘယ္သူကမွလည္း ဘယ္sectorကမွလည္း သီးသန႔္ေကာက္ယူျခင္း မရွိဘူးေလဗ်ာ။ ဒါေပမဲ့သူတို႔ သူတို႔ လမဖတို႔၊ အလရတို႔ဆီမွာေတာ့ ႏိုင္ငံတကာမွာ ခ်ျပလို႔ရေအာင္လို႔ child lobour တို႔ forced labour တို႔ဆိုတာေတြကိုေတာ့ သူတို႔ data တင္တယ္လို႔ က်ေနာ္တို႔ သိရတယ္ team ေတြဖြဲ႕တယ္ေပါ့။ ဒါေပမဲ့ အဲဒါေတြက implementation (ကနဦးလုပ္ငန္းေရးဆြဲတဲ့အဆင့္) လုပ္တဲ့အခါမွာ လုံးဝမရွိသေလာက္ပဲ ရွိပါတယ္။"
ကေလးလုပ္သားအသုံးခ်တာကို ဆန႔္က်င္တဲ့ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးတဲ့ အေစာဆုံးႏိုင္ငံေတြထဲမွာ အေမရိကန္လည္း အပါဝင္ျဖစ္ပါတယ္။ ကေလးလုပ္သား ပေပ်ာက္ဖို႔ အေမရိကန္အစိုးရအေနနဲ႔ ကမာၻအႏွံ႔မွာ ရံပုံေငြေထာက္ပံ့ေပးတာေတြ၊ အစိုးရေတြကို နည္းပညာပံ့ပိုးေပးတာေတြ ရွိပါတယ္။ အေမရိကန္ရဲ႕ ကုန္စည္ကူးသန္း ေရာင္းဝယ္မႈ အဆင့္တိုင္းမွာ ကေလးလုပ္သား အသုံးမျပဳရဆိုတဲ့ ကုန္သြယ္ေရးမူဝါဒကို က်င့္သုံးထားတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။
' က်ေနာ္တို႔ ဒီလိုလုပ္ေဆာင္ေနတာေတြကို ရပ္ပစ္လိုက္မွာ မဟုတ္ပါဘူး၊ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ ကေလးေတြအတြက္ ဒီလိုရင္းႏွီးျမႇဳပ္ႏွံတာက လူတိုင္းအတြက္ ပိုေကာင္းတဲ့အနာဂတ္ကို ဖန္တီးေပးႏိုင္မွာပါ' လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price က World Day Against Child Labor ေန႔အတြက္ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားတာျဖစ္ပါတယ္။
=====================
{{ UNICODE }}
မြန်မာနိုင်ငံမှာ ကလေးလုပ်သား တသန်းကျော် (ILO)
ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ကလေးလုပ်သားပပျောက်ဖို့ ကမ္ဘာ့နိုင်ငံတွေအကြား လုပ်ဆောင်မှုတွေ တိုးတက်ခဲ့ပေမဲ့လည်း ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရသလို ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးနဲ့ကျန်းမာရေး အခြေအနေတွေက ကလေးတွေကို လုပ်ငန်းခွင်ထဲပြန်ရောက်အောင် တွန်းပို့နေပါတယ်။ ဒါကြောင့် ကလေးတွေအတွက် ရပ်တည်ပေးဖို့တာဝန်ရှိပြီး ILO လို နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက World Day Against Child Labor နေ့မှာ ပြောလိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် ပြောပြမှာပါ။
ကိုဗစ်ကြောင့် ဆင်းရဲနွမ်းပါးမှုနဲ့ မညီမျှမှုတွေဖြစ်လာသလို ကျောင်းတွေ ပိတ်ထားရတာကြောင့်လည်း ကလေးသန်းနဲ့ချီပြီး ဆင်းရဲဒုက္ခကို ကြုံနေရပါတယ်။ အစိုးရတွေက ဒါကိုအရေးတယူ ဖြေရှင်းပေးတာမျိုး မရှိဘူးဆိုရင် ကမ္ဘာ့ပေါ်မှာ ကလေးလုပ်သားအရေအတွက်က ၉သန်းလောက်ကနေ ၁၆၉ သန်းလောက်အထိ အခုနှစ်ထဲမှာ ရှိလာလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် Guy Ryder က ဇွန်လ ၁၂ရက်မှာကျရောက်တဲ့ World Day Against Child Labour နေ့မှာ သတိပေးပြောလိုက်တာပါ။
ကလေးအားလုံးရနိုင်မယ့် လူမှုအသိုင်းအဝိုင်းက အကာအကွယ်ပေးတဲ့ စနစ်တွေကို မူဝါဒချမှတ်တဲ့သူတွေက လုပ်ဆောင်ပေးဖို့လိုအပ်ပြီး အထူးသဖြင့် ကလေးလုပ်သား ဖြစ်နိုင်ခြေများတဲ့သူတွေအတွက် ပိုပြီးလိုအပ်နေတယ်လို့ သူကပြောပါတယ်။ လူကြီးတွေမှာ ပြည့်စုံကောင်းမွန်တဲ့ အလုပ်တွေရှိဖို့၊ ကလေးတွေက အရည်အသွေးမီတဲ့ ပညာရေးရဖို့ ဒီလို (Social Protection) စနစ်တွေကို အစီစဉ်တကျ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ILO ရဲ့အကြီးအကဲက အခုလိုပြောခဲ့တာပါ။
" ဟုတ်ပါတယ်၊ ဒီအတွက် အရင်းအနှီးတော့ လိုပါလိမ့်မယ်၊ ဒါပေမဲ့ တကယ့်ကို ကျွမ်းကျင်၊ တတ်မြောက်တဲ့ လုပ်အားတွေကနေ သူတို့ အကျိုးအမြတ်ရကြမှာပါ။ အစိုးရတွေရဲ့ အခုရွေးချယ်မှုက ဒီနေ့ ဒါမှမဟုတ် အနာဂတ်မှာ ဒီသန်းနဲ့ချီတဲ့ ကလေးတွေရဲ့ဘဝတွေကို တည်ဆောက်မှာလား၊ ဖျက်စီးမှာလားဆိုတာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။"
မြန်မာနိုင်ငံမှာ ကလေးတသန်းကျော်က ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေကြပြီး ဒီအရေအတွက်ရဲ့ ထက်ဝက်လောက်က အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ နေ့တိုင်း လုပ်နေရတယ်လို့ ILO က ပြောပါတယ်။ ပြည်တွင်းမှာတော့ ကလေးလုပ်သားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက အတိအကျမရှိပါဘူး။
အစိုးရပိုင်းမှာ ဒီကိစ္စတွေကို နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်တာရှိပေမဲ့ ဖြစ်ဖြစ်မြောက်မြောက် တိုးတက်လာတာ မတွေ့ရဘူးလို့ ဧရာဝတီတိုင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီက ဦးအောင်ဇော်ဦးက ဗွီအိုအေကိုပြောပါတယ်။
" ကျောင်းနဲ့ဝေးသွားတာပေါ့ အဲဒီကာလမှာ လုပ်ငန်းခွင်အသီးသီးကို ရောက်သွားတယ်။ downtown တို့ traffic area တွေမှာကျ တကယ်ပဲ လုပ်ငန်းခွင်တွေဆီ ရောက်သွားကြတာ များပါတယ် မှန်တယ်။ Detail data ကတော့ ဘယ်သူကမှလည်း ဘယ်sectorကမှလည်း သီးသန့်ကောက်ယူခြင်း မရှိဘူးလေဗျာ။ ဒါပေမဲ့သူတို့ သူတို့ လမဖတို့၊ အလရတို့ဆီမှာတော့ နိုင်ငံတကာမှာ ချပြလို့ရအောင်လို့ child lobour တို့ forced labour တို့ဆိုတာတွေကိုတော့ သူတို့ data တင်တယ်လို့ ကျနော်တို့ သိရတယ် team တွေဖွဲ့တယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေက implementation (ကနဦးလုပ်ငန်းရေးဆွဲတဲ့အဆင့်) လုပ်တဲ့အခါမှာ လုံးဝမရှိသလောက်ပဲ ရှိပါတယ်။"
ကလေးလုပ်သားအသုံးချတာကို ဆန့်ကျင်တဲ့ နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အစောဆုံးနိုင်ငံတွေထဲမှာ အမေရိကန်လည်း အပါဝင်ဖြစ်ပါတယ်။ ကလေးလုပ်သား ပပျောက်ဖို့ အမေရိကန်အစိုးရအနေနဲ့ ကမ္ဘာအနှံ့မှာ ရံပုံငွေထောက်ပံ့ပေးတာတွေ၊ အစိုးရတွေကို နည်းပညာပံ့ပိုးပေးတာတွေ ရှိပါတယ်။ အမေရိကန်ရဲ့ ကုန်စည်ကူးသန်း ရောင်းဝယ်မှု အဆင့်တိုင်းမှာ ကလေးလုပ်သား အသုံးမပြုရဆိုတဲ့ ကုန်သွယ်ရေးမူဝါဒကို ကျင့်သုံးထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
' ကျနော်တို့ ဒီလိုလုပ်ဆောင်နေတာတွေကို ရပ်ပစ်လိုက်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ ကလေးတွေအတွက် ဒီလိုရင်းနှီးမြှုပ်နှံတာက လူတိုင်းအတွက် ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်မှာပါ' လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က World Day Against Child Labor နေ့အတွက် ထုတ်ပြန်ချက်ထဲမှာ ပြောထားတာဖြစ်ပါတယ်။