သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ် စီရင်မယ့်ကိစ္စ လူအခွင့်အရေးအဖွဲ့အစည်းပေါင်း ၁၀၀ ကျော် အထူးစိုးရိမ်

ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်
ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်

[[ ZAWGYI / UNICODE ]]

သေဒဏ် စီရင်မယ့်ကိစ္စ လူအခွင့်အရေးအဖွဲ့အစည်းပေါင်း ၁၀၀ ကျော် အထူးစိုးရိမ်

အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို ကွပ်မျက်မယ့် အစီအစဉ်ကို ချက်ခြင်းရပ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်း ၁၀၀ ကျော်က စုပေါင်းတောင်းဆို လိုက်ကြပါတယ်။

မျှတမှုမရှိတဲ့ တရားခွင်တွေကနေ လူ ၄ ဦးကို သေဒဏ်စီရင်ချက် ချမှတ်ခဲ့တဲ့အပေါ် မြန်မာစစ်အာဏာပိုင်တွေက အတည်ပြုထားပြီး ကွပ်မျက်ဖို့ စီစဉ်နေတဲ့အပေါ် စိုးရိမ်ကြောင်း Amnesty International, Human Rights Watch အပါအဝင် နိုင်ငံတကာနဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တွေက ကြာသပတေးနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတာပါ။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့ကို ကွပ်မျက်မယ့် အစီအစဉ်ကို ရပ်တန့်ဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဖိအားပေး တောင်းဆိုနေကြပါတယ်။

မြန်မာစစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဖိအားတွေကြောင့် သေဒဏ်အပြစ်ပေးထားတာကို ပြန်စဉ်းစားမှာ မဟုတ်ကြောင်း တုံ့ပြန်ထားတာပါ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မယ့် အစီအစဉ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ထုံးတမ်းအစဉ်အလာတွေကို ချိုးဖောက်ရာ ရောက်မှာဖြစ်တာကြောင့် ချက်ခြင်းရပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

=======================

{{ UNICODE }}






This item is part of
XS
SM
MD
LG