သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္ ႏွင့္ ႏိုင္ငံေရး က်ားကြက္ေ႐ႊ႕ျခင္း


ကိုဂ်င္မီ နဲ႔ ကိုၿဖဳိးေဇယ်ာေသာ္

ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔အေပၚ စစ္ေကာင္စီက ေသဒဏ္ခ်မွတ္တာဟာ ႏိုင္ငံေရး အက်ိဳးအျမတ္တစုံတရာ ရွိလိမ့္မယ္ထင္လို႔လား။ ေမွ်ာ္မွန္းခ်က္ရွိတယ္ဆိုရင္ေကာ တကယ္ေပါက္ေျမာက္ ႏိုင္ပါ့မလား။ ဒီကိစၥအေပၚ ဥပေဒေၾကာင္းအရေကာ ဘယ္လို ရႈျမင္ႏိုင္ပါသလဲ။ ျမန္မာႏိုင္ငံေရွ႕ေနမ်ားကြန္ရက္ ဥကၠ႒၊ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခု ျမန္မာျပည္မွာ ကိုဂ်င္မီနဲ႔ ၿဖိဳးေဇယ်ာေသာ္တို႔ကို ေသဒဏ္အမိန္႔ ခ်မွတ္ထားပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ ပထမဦးဆံုး သိခ်င္တာက သူတုိ႔နဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေကာင္စီဘက္က အတိအက် ဘယ္လိုေျပာသလဲ။ အဲဒီစကားရဲ ႔ အဓိပၸါယ္ဆိုတာ ဘာလဲဆိုတာကို ဥပေဒရွဳေထာင့္ကေန အက်ဥ္းရံုးေျပာျပေပးပါ။

ေျဖ ။ ။ ဇြန္လ (၇) ရက္ေန႔က တပ္မေတာ္သတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာလာတယ္။ ကိုဂ်င္မီနဲ႔ ေဇယ်ာေသာ္တို႔နဲ႔ တျခားႏွစ္ေယာက္တို႔ရဲ ႔ အသနားခံစာကို ပယ္လိုက္ၿပီ။ ဒါေၾကင့္ သူတုိ႔ေတြကို အမွန္တကယ္ ႀကိဳးေပးကြပ္မ်က္မယ္။ လုပ္ထံုးလုပ္နည္းေတြအရ အက်ဥ္းဦးစီးဌာနကိုလည္း လုပ္ဖို႔အတြက္ ဆြဲထားလိုက္ၿပီလို႔ ဒီလိုထုတ္ျပန္ပါတယ္။ အဲဒီလို မထုတ္ျပန္ခင္ တပတ္မွာ အဲဒီသတင္းေထာက္အမည္ခံ သတင္းေထာက္ဆိုသူက ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္တုိိ႔ကို အမွန္တကယ္ ႀကိဳးေပးမကြပ္မ်က္ေသးဘူးလားဆိုၿပီးေတာ့ ဒီလိုေမးခဲ့တာ ရိွပါတယ္။ အဲဒီမွာေတာ့ သူကေမးတာကို မေျဖဘဲနဲ႔ ေနာက္တပတ္မွာေျဖတယ္။ ဒါေတြက သူတုိ႔ အေပးအယူလုပ္ၿပီးေတာ့ ဒီလိုေမးလာရင္ ဒီလိုေျဖတာမ်ဳိး လုပ္ခ်င္တာရတယ္။ ဒါေပမဲ့ အဲဒီလိုဆိုရင္ ခ်က္ခ်င္းေျပာႏိုင္ရမယ္။ ခ်က္ခ်င္းမေျပာဘဲနဲ႔ အခ်ိန္ယူၿပီးေတာ့ လုပ္တယ္ဆိုတာ ေမးတဲ့လူကိုေတာ့ ေမးခိုင္းထားၿပီး၊ ေျဖရမေျဖရကိုေတာ့ အထက္အမိိန္႔ကို ေစာင့္လိုက္တဲ့သေဘာျဖစ္ၿပီး၊ အတည္ျပဳမွ ဒီလိုေျပာလိုက္ပံု ရပါတယ္။

ေမး ။ ။ သူုတုိ႔ရဲ ႔ ဒီလိုေျပာဆိုခ်က္ကို ဥပေဒသမားတေယာက္အေနနဲ႔ သံုးသပ္ၾကည့္မယ္ဆိုရင္ တကယ္ႀကိဳးေပးစီရင္မယ္ဆိုတဲ့ အဓိပၸါယ္မ်ဳိး ေကာက္ယူလုိ႔ ရပါသလား။ ဥပေဒရွဳေထာင့္ကေန ေျပာရင္။

ေျဖ ။ ။ ဥပေဒရွဳေထာင့္ကဆိုရင္ေတာ့ ႏုိင္ငံေတာ္သမၼတဆီကေန ပယ္လိုက္ၿပီဆိုရင္ တရားလႊတ္ေတာ္ခ်ဳပ္ကေန ေသဒဏ္ႀကိဳးေပးဖို႔အမိန္႔ ထုတ္ေပးရတယ္။ အဲဒီလိုထုတ္ေပးလိုက္ၿပီလို႔ရိွရင္ မ်ားေသာအားျဖင့္ကေတာ့ တစ္လ၊ တစ္လခြဲအတြင္းမွာ ႀကိဳးေပးကြပ္မ်က္တာပဲ။ ဒါက ဟိုတုန္းက ဥပေဒအရေပါ့။ ဒါေပမဲ့ ေသဒဏ္ခ်ထားရံုနဲ႔ေတာ့ ႀကိဳးေပးကြပ္မ်က္တာနဲ႔ မဆိုင္ေသးဘူး။ အဲဒီလို ေသဒဏ္အမိန္႔ေတြကို အဆင့္ဆင့္ၿပီးသြားၿပီ၊ သမၼတက ပယ္လိုက္ၿပီဆိုတဲ့အခါမွာ အမွန္တကယ္ ႀကိဳးေပးကြပ္မ်က္ဖို႔ တစ္လနဲ႔ တစ္လခြဲေလာက္ အခ်ိန္ယူတယ္။ ဒီၾကားထဲမွာ ခႏၶာကိုယ္ တိုင္းတာေတြ၊ လည္ပင္းတိုင္းတာေတြ၊ အေလးခ်ိန္တိုင္းတာေတြ၊ အရပ္အျမင့္ တုိင္းတာေတြ လုပ္တယ္။ လုပ္ထံုးလုပ္နည္းေတြေပါ့။ မိသားစုနဲ႔ ေတြ႔ခြင့္ေပးတယ္။ စားခ်င္တာေတြစား။ ဘယ္သူနဲ႔ ဘာေျပာခ်င္လဲဆိုတဲ့ ေနာက္ဆံုးအခြင့္အေရးေတြကို ေပးၿပီးတဲ့ေနာက္ ကြပ္မ်က္တာေတြကေတာ့ ဟိုတုန္းက ၁၉၈၈ မတုိင္မီက အဲဒီလို လုပ္ထုံးလုပ္နည္းေတြနဲ႔ လုပ္ခဲ့ပါတယ္။

ေမး ။ ။ ဆိုေတာ့ အခု သူတုိ႔ကို ေသဒဏ္ခ်မွတ္လိုက္တဲ့ တရားရံုးရဲ ႔ လြတ္လပ္ခြင့္၊ တရားစီရင္ေရးစနစ္ရဲ ႔ အေျခအေနကို နည္းနည္းေျပာျပေပးပါ။ စစ္ခံုရံုးလား၊ အရပ္ဖက္တရားရံုးလား။ ဘယ္ေလာက္လြတ္လပ္မႈ ရိွတယ္လို႔ အမ်ားက ထင္မိပါသလဲ။

ေျဖ ။ ။ အဲဒါကို ဥပေဒရွဳေထာင့္ကေန ေျပာမယ္ဆိုရင္ေတာ့ ဒါက လံုးဝတရားမွ်တမႈ မရိွပါဘူး။ ဒီလိုေျပာတာ က်ေနာ္တုိ႔က စစ္အစိုးရကို မုန္းလို႔ ေျပာတာမဟုတ္ဘူး။ က်ေနာ္တို႔က လုပ္ထံုးလုပ္နည္းအရဆိုရင္ ေရွ ႔ေန ငွားရမ္းခြင့္ေပးရတယ္။ ဆင္းရဲႏႊမ္းပါးလို႔ မငွားႏုိင္ဘူးဆိုရင္ အစိုးရကေန ငွားေပးရတယ္။ က်ေနာ္တုိ႔ ဟိုးတုန္းကေခတ္တုန္းကဆိုရင္ အစိတ္ေပါ့။ အခုေတာ့ တုိးျမွင့္လိုက္ၿပီ။ အဲဒီလို ေရွ ႔ေနေရွ ႔ရပ္ေတြ ငွားၿပီးေတာ့ ခုခံေခ်ပခြင့္ေတြ ေပးရမယ္။ အဲဒီလိုေပးလိုက္လို႔ စစ္ခံုရံုးကေန ေနာက္ဆံုးမွာ ေသဒဏ္ေပးလိုက္တယ္ဆုိရင္ေတာင္ (၇) ရက္အတြင္းမွာ အယူခံတက္ရတယ္။ (၇) ရက္အတြင္း အယူခံမတက္ဘူးဆိုရင္ေတာ့ ၿပီးၿပီေပါ့။ အခုဟာကေတာ့ မနီလာသိန္းတို႔ ေျပာၾကားခ်က္အရ ကိုဂ်င္မီအတြက္ ဘာမွမလုပ္ဘူး။ သူတုိ႔ ဘာမွလဲ မတက္ဘူး။ ဘယ္သူမွလဲ ဘာမွလာမေျပာဘူး။ အခုမွ ေကာက္ကာငင္ကာ အယူခံကို စစ္ေကာင္စီဥကၠ႒က ပယ္လုိက္ၿပီဆိုၿပီး ေျပာလာတဲ့ဟာက ဒါကေတာ့ ဥပေဒလမ္းေၾကာင္းနဲ႔ေတာ့ ေျဖာင့္ေျဖာင့္ႀကီးကို ဆန္႔က်င္တယ္။ ေနာက္တခုက တရားမွ်တမႈ မရိွဘူးလို႔ က်ေနာ္ ယူဆတယ္။ အဲဒါဘာလဲဆိုေတာ့ ဒါဟာ စစ္သားေတြမဟုတ္ဘူး။ စစ္သားထက္ ကာကြယ္ေရးဦးစီးခ်ဳပ္က အၿပီျပတ္မဟုတ္ဘူး။ ေနာက္ဆံုး သမၼတ ပယ္မွရမွာ။ သမၼတဦးျမင့္ေဆြကလည္း အခုထိ ရိွေနေသးတယ္။ သူတို႔ ခန္႔အပ္ထားတဲ့ အာဏာသိမ္းတဲ့ သမၼတေပါ့။ ဒုသမၼတက သမၼတ တက္လုပ္ေတာ့ သူက အာဏာသိမ္းထားတာေပါ့။ အဲဒီလို သမၼတလည္း ရိွေနေသးတယ္။ အဲဒီလိုကာလႀကီးမွာ သမၼတကို ဖယ္ၿပီးေတာ့ စစ္ေကာင္စီက လုပ္မယ္ဆိုတဲ့ဟာက အက်ဥ္းေထာင္လက္စြဲဥပေဒအရ က်င့္သံုးေနတဲ့၊ ဖြဲ႔စည္းပံုအေျခခံဥပေဒအရေကာ မကိုက္ဘူးဆိုတာကို က်ေနာ္တို႔ သြားၿပီးေတာ့ ေတြ႔ရပါတယ္။

ေမး ။ ။ ဆိုေတာ့ သူတုိ႔ကို ေသဒဏ္ေပးတယ္လို႔ တကယ္စီရင္တယ္ဆုိတာ အပထား။ စစ္ေကာင္စီရဲ ႔ စိတ္ထဲမွာ ဘာရည္ရြယ္ခ်က္နဲ႔ လုပ္သလဲ။ မ်ားေသာအားျဖင့္ေတာ့ ႏိုင္ငံေရးအတြက္ အသံုးခ်တယ္။ Politicize လုပ္တယ္။ Death Penalty ကို။ ႏိုင္ငံတကာမွာေတာ့ အဲဒီလို သံုးသပ္မႈေတြ ရိွပါတယ္။ အဲဒီေတာ့ အခုျမန္မာႏုိင္ငံမွာ ဒီႏွစ္ေယာက္ကို ေသဒဏ္ခ်မွတ္တာလဲ၊ သူတုိ႔ဟာ ႏုိင္ငံေရးရည္ရြယ္ခ်က္တခုခုနဲ႔ဆိုရင္ မွန္ပါသလား။

ေျဖ ။ ။ ၁၉၈၈ ေနာက္ပိုင္းကစၿပီးေတာ့ ေသဒဏ္ေတြကို တကယ္က်င့္သံုးၿပီးေတာ့ ကြပ္မ်က္တာေတြ လံုးဝမရိွခဲ့တာ၊ ဒီေန႔အထိေပါ့။ ဦးသိန္းစိန္လက္ထက္မွာ ဂ်ီနီဗာမွာ လက္မွတ္တခု ထုိးထားခဲ့တယ္။ အဲဒါက ေသဒဏ္ကေတာ့ ေပးမယ္။ မဖယ္ဖ်က္ဘူး။ ဒါေပမဲ့ တကယ္မသတ္ဘူး။ ႀကိဳးေပးကြပ္မ်က္တာေတြ မလုပ္ဘူးလို႔ အဲဒီလို ကတိေပးထားတယ္။ ရွင္းရွင္းေျပာရင္ ဦးသန္းေရႊဆိုရင္ (၂၂) နွစ္ အုပ္ခ်ဳပ္သြားတာ။ ျပည္တြင္းျပည္ပအျမင္မွာ အင္မတန္ရက္စက္တယ္ဆိုတဲ့ အျမင္မ်ဳိးကို သူမခံသြားရဘူး။ အဲဒါမ်ဳိးေတြ သူတို႔ မလုပ္သြားဘူး။ ဒါေၾကာင့္ သူတုိ႔ကာလၾကာရွည္တာ။ ႏွစ္ေပါင္း (၂၂) ႏွစ္ေတာင္ အုပ္ခ်ဳပ္သြားႏိုင္တယ္ဆိုတာ အဲဒီအခ်က္ေတြလဲ ပါတယ္။ အဲဒါဆို ဘာျဖစ္လုိ႔ အခုလုပ္တာလဲဆိုၿပီး ေမးလာတယ္ဆိုရင္ေတာ့ စိတ္ဓါတ္က်ေနတဲ့ စစ္တပ္ေထာက္ခံသူေတြ အားတက္လာေအာင္ လုပ္ခ်င္ပံုရတယ္။ ဒါကတြက္ၾကည့္တာ။ တကယ္လုပ္မယ္ဆိုရင္ ျပည္တြင္းျပည္ပ သေဘာထားကိုလည္း တီးေခါက္ၾကည့္တာလဲ ျဖစ္ႏုိင္တယ္။ လိုအပ္လို႔ လုပ္လိုက္မယ္ဆိုရင္လဲ ဘာေတြျဖစ္လာႏိုင္မလဲဆိုတာကို ေသြးတိုးစမ္းတယ္လို႔ က်ေနာ္အေနနဲ႔ ယူဆပါတယ္။

ေမး ။ ။ သူတို႔ကို ေထာက္ခံေနတဲ့သူေတြ စိတ္ဓါတ္မက်ေအာင္ဆိုလို႔ ဒီႏွစ္ေယာက္ကို ေသဒဏ္စီရင္လိုက္လို႔ သတ္ျပလိုက္လို႔ သူတုိ႔စိတ္ဓါတ္ ပိုတက္ၾကြလာမလား။ သို႔တည္းမဟုတ္ ႏုိင္ငံတကာရဲ ႔ အထင္အျမင္ကို ေသြးတုိးစမ္းဖို႔ အခုအခ်ိန္အထိ လိုေသးသလား။ ဒီလိုလုပ္လိုက္ရင္ ပိုဆုိးသြားမယ္ဆုိတာကို သူတို႔ မတြက္ဘူးလား။ သူတို႔ အခုလုပ္ေနတဲ့ လုပ္ရပ္ဟာ သူတုိ႔ေမွ်ာ္မွန္းထားတဲ့ ရလဒ္ထက္ Back Fire မေကာင္းတဲ့ဘက္ကိုသာ ျဖစ္ထြန္းေစမယ္လုိ႔ လူေတြက တြက္ၾကတယ္။ ဦးႀကီးျမင့္ ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ အေသအခ်ာပါပဲ။ အဲဒီလို လုပ္လိုက္မယ္ဆိုရင္ ေသခ်ာတာတခုကေတာ့ NUG က အခုအခါမွာ ထိန္းထိန္းသိမ္းသိမ္း လုပ္ေနတယ္။ သံတမန္နည္းလမ္းကို တခ်ဳိ ႔ေစာင္းေပးၿပီး လုပ္ေနတယ္။ တခ်ဳိ ႔ activists ေတြ ၾကားထဲမွာေတာင္ တမ်ဳိးေဝဖန္ေနၾကတာ ရိွတယ္။ သံတမန္ေတြပဲ လုပ္ေနတယ္။ စစ္ေရးကို မလုပ္ဘူးဆိုတာမ်ဳိးေတြ။ တကယ္လို႔ အဲဒီလို လုပ္လိုက္မယ္ဆိုရင္ NUG ကို စစ္ေရးကို ပိုဦးစားေပးလုပ္ဖုိ႔ ျပည္သူေတြက ဖိအားေပးလာလိမ့္မယ္။ ဒါ့အျပင္လဲ ျပည္သူလူထုရဲ ႔ စိတ္ထဲမွာ စကစ စစ္ေကာင္စီကို စစ္ေရးနဲ႔ တံု႔ျပန္မွ ရမယ္ဆိုတာကို အျမင္မ်ဳိး ဆြဲသြားမယ္။ ပိုၿပီးစိမ္းသြားမယ္ဆိုရင္ေတာ့ အဲဒါ သူတုိ႔အတြက္ေတာ့ အႀကီးအက်ယ္ဆံုး ဆံုးရွံဳးမႈႀကီးတခု ျဖစ္လိမ့္မယ္။ ေနာက္တခုက ကမာၻႀကီးက ဒီလူေတြက ၿငိမ္းခ်မ္းေရးအတြက္ ပါးစပ္ကေျပာေနတယ္။ ကမာၻႀကီးကလည္း ၿငိမ္းခ်မ္းဖုိ႔၊ ေစ့စပ္ေဆြးေႏြးဖို႔ ေျပာမယ္ၾကားထဲက။ အဲဒါထက္ ဆန္႔က်င္ဘက္ေတြ ဒီလိုလုပ္ေနတယ္။ ေနာက္ထပ္ေသဒဏ္ခ်ထားတဲ့ လူေပါင္းမ်ားစြာကိုလည္း သတ္လာလိမ့္မယ္လို႔ ကမာၻႀကီးရဲ ႔ စိုးရိမ္မႈ၊ ျပည္သူေတြရဲ ႔ စိုးရိမ္မႈက ျမင့္တက္လာၿပီးေတာ့ အဲဒီဟာေတြ တံု႔ျပန္သက္ေရာက္မႈအေနနဲ႔ ပိုၿပီးေတာ့ မီးေတာက္ႀကီးက ပိုႀကီးလာလိမ့္မယ္လို႔ က်ေနာ္ကေတာ့ အခိုင္အမာ ေျပာႏိုင္ပါတယ္။

ေမး ။ ။ ဥပေဒေၾကာင္းကို ျပန္ေမးခ်င္တဲ့တခုကေတာ့ အယူခံကိုလဲ သမၼတက ပယ္ခ်လိုက္ၿပီးၿပီဆိုတဲ့လူကို ေသဒဏ္ကို ႏွစ္ (၂၀) နဲ႔ လဲတယ္လို႔၊ တသက္တကၽြန္းအျဖစ္ ေျပာင္းလဲထားလိုက္တာတုိိ႔လဲ ရိွပါတယ္။ အဲဒီလို ျဖစ္သြားႏိုင္တဲ့ အေျခအေနက ဘယ္လိုရိွလဲ။

ေျဖ ။ ။ အဲဒါက ရာခိုင္ႏႈန္း အရမ္းနည္းသြားၿပီ။ သို႔ေသာ္ ဒါက ႏုိင္ငံေရးမူေတြ ျဖစ္တာေၾကာင့္မို႔ ႏုိင္ငံေရးအရ ပယ္ဖ်က္တာေတြ၊ ႏိုင္ငံေရးအရ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးတာေတြ၊ အဲဒါေတြကေတာ့ ျဖစ္ႏုိင္စရာေတာ့ ရိွပါတယ္။ ဒါက ႏုိုင္ငံေရးေပါ့။ သို႔ေသာ္လဲပဲ ရာႏႈန္းကေတာ့ အရမ္းနည္းသြားတယ္ဆုိတာမ်ဳိးေတာ့ ဥပေဒအရ ေတြ႔ရတယ္။

ေမး ။ ။ ဆိုေတာ့ အခုကိစၥမွာေတာ့ ဦးႀကီးျမင့္ေျပာသလိုပါပဲ ႏုိင္ငံေတာ္သမၼတအထိေတာ့ မေရာက္ေသးဘူးေပါ့။ ဗိုုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ၿပီသြားတယ္။ ႏုိ္င္ငံေတာ္သမၼတဦးျမင္ေဆြဆီက တစံုတရာ မၾကားရေသးဘူးဆိုတာ နည္းနည္းထပ္ေျပာပါအံုး။ ဦးျမင့္ေဆြဆီကို သူတို႔ရဲ ႔ အယူခံ မေရာက္ေသးဘူးဆိုတဲ့ သေဘာလား။

ေျဖ ။ ။ ဥပေဒအျငင္းပြားေနတာ တခုေတာ့ ရိွတယ္။ အဲဒါက ဘာလဲဆိုေတာ့ ဦးျမင့္ေဆြကေန သူက သမၼတရာထူးကို တက္ယူလိုက္တယ္။ တနည္းအားျဖင့္ ဦးဝင္းျမင့္ဆီက အာဏာကို သူက လုလိုက္တဲ့သေဘာ။ လုၿပီးေတာ့ သူက သမၼတ တက္လုပ္တာ။ သမၼတ တက္လုပ္ၿပီးေတာ့ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္ကို ကဲ ခင္မ်ားကေတာ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ ဥပေဒျပဳေရးဆိုတဲ့ အာဏာသံုးရပ္က ၂၀၀၈ အေျခခံဥပေဒအရ ေပးလိုက္အပ္လိုက္တယ္ဆုိၿပီးေျပာတယ္။ တကယ္ေတာ့ ၂၀၀၈ အေျခခံဥပေဒနဲ႔အညီ ျဖစ္တာမဟုတ္ဘူး။ အဲဒီလို ေပးတာကိုက ဦးျမင့္ေဆြက ေပးခြင့္မရိွဘူး။ အခုေတာ့ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္ကေန သူကေန အကုန္္လံုး ဥပေဒ (၃) ရပ္လံုးကို ကိုင္ထားတယ္ဆိုေတာ့ ငါက ေသဒဏ္ေတြလည္း အတည္ျပဳႏိုင္တယ္ဆိုတာေတြကို ဆြဲယူသြားမယ္ဆိုရင္ေတာ့ ဒါက ဥပေဒနဲ႔မညီဘူး။ အဲဒါေၾကာင့္မို႔ သမၼတဆီကိုေတာ့ ေရာက္ကိုေရာက္ရမယ္။ မေရာက္ခဲ့ဘဲ ေသဒဏ္ကို အတည္ျပဳႏိုင္ေလာက္တဲ့ အာဏာ ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္မွာ မရိွဘူးလို႔ က်ေနာ္တုိ႔ကေတာ့ ဒီအတိုင္းျမင္တယ္။ တခ်ဳိ ႔ကေတာ့ ရိွတယ္။ သူကို အာဏာေပးထားတယ္လို႔ ဒီလိုေျပာၾကတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္ ေနာက္ဆံုးေမးခ်င္တာက ဦးႀကီးျမင့္ရဲ ႔ ေနာက္ဆံုးခန္႔မွန္းခ်က္ကို ေျပာပါ။ တကယ္ ေသဒဏ္စီရင္မွာလား။ ေနာက္တနည္းနည္းနဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးမလား စသည္ျဖင့္ေပါ့။ ဘယ္လိုအဆံုးသတ္ၾကမယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ သူတို႔က ဘာမဆို လုပ္ရဲတယ္ဆိုတဲ့ ေၾကြးေၾကာ္ထားတဲ့ လူေတြျဖစ္တဲ့အတြက္ေၾကာင့္ မလုပ္ဘူးလို႔ေတာ့ တစ္ရာရာခိုင္ႏႈန္း မေျပာႏုိင္ေသာ္လဲ မလုပ္ပါေစနဲ႔ မလုပ္ျဖစ္ပါေစနဲ႔ ဆိုတာကိုေတာ့ တစ္ရာရာခိုင္ႏႈန္း ဆုေတာင္းတယ္ေပါ့။ က်ေနာ္ ပုဂၢိဳလ္တေယာက္ခ်င္းအေနနဲ႔ အျမင္ကို ထပ္ေျပာပါအံုးဆိုရင္ေတာ့ က်ေနာ္ကေတာ့ မလုပ္တန္ေကာင္းဘူးလို႔ ဒီလိုလဲ ယူဆေနပါတယ္။

===== Unicode ==========

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပေါ် စစ်ကောင်စီက သေဒဏ်ချမှတ်တာဟာ နိုင်ငံရေး အကျိုးအမြတ်တစုံတရာ ရှိလိမ့်မယ်ထင်လို့လား။ မျှော်မှန်းချက်ရှိတယ်ဆိုရင်ကော တကယ်ပေါက်မြောက် နိုင်ပါ့မလား။ ဒီကိစ္စအပေါ် ဥပဒေကြောင်းအရကော ဘယ်လို ရှုမြင်နိုင်ပါသလဲ။ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု မြန်မာပြည်မှာ ကိုဂျင်မီနဲ့ ဖြိုးဇေယျာသော်တို့ကို သေဒဏ်အမိန့် ချမှတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် ပထမဦးဆုံး သိချင်တာက သူတို့နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က အတိအကျ ဘယ်လိုပြောသလဲ။ အဲဒီစကားရဲ့ အဓိပ္ပါယ်ဆိုတာ ဘာလဲဆိုတာကို ဥပဒေရှုထောင့်ကနေ အကျဉ်းရုံးပြောပြပေးပါ။

ဖြေ ။ ။ ဇွန်လ (၇) ရက်နေ့က တပ်မတော်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာတယ်။ ကိုဂျင်မီနဲ့ ဇေယျာသော်တို့နဲ့ တခြားနှစ်ယောက်တို့ရဲ့ အသနားခံစာကို ပယ်လိုက်ပြီ။ ဒါကြေင့် သူတို့တွေကို အမှန်တကယ် ကြိုးပေးကွပ်မျက်မယ်။ လုပ်ထုံးလုပ်နည်းတွေအရ အကျဉ်းဦးစီးဌာနကိုလည်း လုပ်ဖို့အတွက် ဆွဲထားလိုက်ပြီလို့ ဒီလိုထုတ်ပြန်ပါတယ်။ အဲဒီလို မထုတ်ပြန်ခင် တပတ်မှာ အဲဒီသတင်းထောက်အမည်ခံ သတင်းထောက်ဆိုသူက ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို အမှန်တကယ် ကြိုးပေးမကွပ်မျက်သေးဘူးလားဆိုပြီးတော့ ဒီလိုမေးခဲ့တာ ရှိပါတယ်။ အဲဒီမှာတော့ သူကမေးတာကို မဖြေဘဲနဲ့ နောက်တပတ်မှာဖြေတယ်။ ဒါတွေက သူတို့ အပေးအယူလုပ်ပြီးတော့ ဒီလိုမေးလာရင် ဒီလိုဖြေတာမျိုး လုပ်ချင်တာရတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင် ချက်ချင်းပြောနိုင်ရမယ်။ ချက်ချင်းမပြောဘဲနဲ့ အချိန်ယူပြီးတော့ လုပ်တယ်ဆိုတာ မေးတဲ့လူကိုတော့ မေးခိုင်းထားပြီး၊ ဖြေရမဖြေရကိုတော့ အထက်အမိန့်ကို စောင့်လိုက်တဲ့သဘောဖြစ်ပြီး၊ အတည်ပြုမှ ဒီလိုပြောလိုက်ပုံ ရပါတယ်။

မေး ။ ။ သူုတို့ရဲ့ ဒီလိုပြောဆိုချက်ကို ဥပဒေသမားတယောက်အနေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် တကယ်ကြိုးပေးစီရင်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ကောက်ယူလို့ ရပါသလား။ ဥပဒေရှုထောင့်ကနေ ပြောရင်။

ဖြေ ။ ။ ဥပဒေရှုထောင့်ကဆိုရင်တော့ နိုင်ငံတော်သမ္မတဆီကနေ ပယ်လိုက်ပြီဆိုရင် တရားလွှတ်တော်ချုပ်ကနေ သေဒဏ်ကြိုးပေးဖို့အမိန့် ထုတ်ပေးရတယ်။ အဲဒီလိုထုတ်ပေးလိုက်ပြီလို့ရှိရင် များသောအားဖြင့်ကတော့ တစ်လ၊ တစ်လခွဲအတွင်းမှာ ကြိုးပေးကွပ်မျက်တာပဲ။ ဒါက ဟိုတုန်းက ဥပဒေအရပေါ့။ ဒါပေမဲ့ သေဒဏ်ချထားရုံနဲ့တော့ ကြိုးပေးကွပ်မျက်တာနဲ့ မဆိုင်သေးဘူး။ အဲဒီလို သေဒဏ်အမိန့်တွေကို အဆင့်ဆင့်ပြီးသွားပြီ၊ သမ္မတက ပယ်လိုက်ပြီဆိုတဲ့အခါမှာ အမှန်တကယ် ကြိုးပေးကွပ်မျက်ဖို့ တစ်လနဲ့ တစ်လခွဲလောက် အချိန်ယူတယ်။ ဒီကြားထဲမှာ ခန္ဓာကိုယ် တိုင်းတာတွေ၊ လည်ပင်းတိုင်းတာတွေ၊ အလေးချိန်တိုင်းတာတွေ၊ အရပ်အမြင့် တိုင်းတာတွေ လုပ်တယ်။ လုပ်ထုံးလုပ်နည်းတွေပေါ့။ မိသားစုနဲ့ တွေ့ခွင့်ပေးတယ်။ စားချင်တာတွေစား။ ဘယ်သူနဲ့ ဘာပြောချင်လဲဆိုတဲ့ နောက်ဆုံးအခွင့်အရေးတွေကို ပေးပြီးတဲ့နောက် ကွပ်မျက်တာတွေကတော့ ဟိုတုန်းက ၁၉၈၈ မတိုင်မီက အဲဒီလို လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ခဲ့ပါတယ်။

မေး ။ ။ ဆိုတော့ အခု သူတို့ကို သေဒဏ်ချမှတ်လိုက်တဲ့ တရားရုံးရဲ့ လွတ်လပ်ခွင့်၊ တရားစီရင်ရေးစနစ်ရဲ့ အခြေအနေကို နည်းနည်းပြောပြပေးပါ။ စစ်ခုံရုံးလား၊ အရပ်ဖက်တရားရုံးလား။ ဘယ်လောက်လွတ်လပ်မှု ရှိတယ်လို့ အများက ထင်မိပါသလဲ။

ဖြေ ။ ။ အဲဒါကို ဥပဒေရှုထောင့်ကနေ ပြောမယ်ဆိုရင်တော့ ဒါက လုံးဝတရားမျှတမှု မရှိပါဘူး။ ဒီလိုပြောတာ ကျနော်တို့က စစ်အစိုးရကို မုန်းလို့ ပြောတာမဟုတ်ဘူး။ ကျနော်တို့က လုပ်ထုံးလုပ်နည်းအရဆိုရင် ရှေ့နေ ငှားရမ်းခွင့်ပေးရတယ်။ ဆင်းရဲနွှမ်းပါးလို့ မငှားနိုင်ဘူးဆိုရင် အစိုးရကနေ ငှားပေးရတယ်။ ကျနော်တို့ ဟိုးတုန်းကခေတ်တုန်းကဆိုရင် အစိတ်ပေါ့။ အခုတော့ တိုးမြှင့်လိုက်ပြီ။ အဲဒီလို ရှေ့နေရှေ့ရပ်တွေ ငှားပြီးတော့ ခုခံချေပခွင့်တွေ ပေးရမယ်။ အဲဒီလိုပေးလိုက်လို့ စစ်ခုံရုံးကနေ နောက်ဆုံးမှာ သေဒဏ်ပေးလိုက်တယ်ဆိုရင်တောင် (၇) ရက်အတွင်းမှာ အယူခံတက်ရတယ်။ (၇) ရက်အတွင်း အယူခံမတက်ဘူးဆိုရင်တော့ ပြီးပြီပေါ့။ အခုဟာကတော့ မနီလာသိန်းတို့ ပြောကြားချက်အရ ကိုဂျင်မီအတွက် ဘာမှမလုပ်ဘူး။ သူတို့ ဘာမှလဲ မတက်ဘူး။ ဘယ်သူမှလဲ ဘာမှလာမပြောဘူး။ အခုမှ ကောက်ကာငင်ကာ အယူခံကို စစ်ကောင်စီဥက္ကဋ္ဌက ပယ်လိုက်ပြီဆိုပြီး ပြောလာတဲ့ဟာက ဒါကတော့ ဥပဒေလမ်းကြောင်းနဲ့တော့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်တယ်။ နောက်တခုက တရားမျှတမှု မရှိဘူးလို့ ကျနော် ယူဆတယ်။ အဲဒါဘာလဲဆိုတော့ ဒါဟာ စစ်သားတွေမဟုတ်ဘူး။ စစ်သားထက် ကာကွယ်ရေးဦးစီးချုပ်က အပြီပြတ်မဟုတ်ဘူး။ နောက်ဆုံး သမ္မတ ပယ်မှရမှာ။ သမ္မတဦးမြင့်ဆွေကလည်း အခုထိ ရှိနေသေးတယ်။ သူတို့ ခန့်အပ်ထားတဲ့ အာဏာသိမ်းတဲ့ သမ္မတပေါ့။ ဒုသမ္မတက သမ္မတ တက်လုပ်တော့ သူက အာဏာသိမ်းထားတာပေါ့။ အဲဒီလို သမ္မတလည်း ရှိနေသေးတယ်။ အဲဒီလိုကာလကြီးမှာ သမ္မတကို ဖယ်ပြီးတော့ စစ်ကောင်စီက လုပ်မယ်ဆိုတဲ့ဟာက အကျဉ်းထောင်လက်စွဲဥပဒေအရ ကျင့်သုံးနေတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရကော မကိုက်ဘူးဆိုတာကို ကျနော်တို့ သွားပြီးတော့ တွေ့ရပါတယ်။

မေး ။ ။ ဆိုတော့ သူတို့ကို သေဒဏ်ပေးတယ်လို့ တကယ်စီရင်တယ်ဆိုတာ အပထား။ စစ်ကောင်စီရဲ့ စိတ်ထဲမှာ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ။ များသောအားဖြင့်တော့ နိုင်ငံရေးအတွက် အသုံးချတယ်။ Politicize လုပ်တယ်။ Death Penalty ကို။ နိုင်ငံတကာမှာတော့ အဲဒီလို သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒီတော့ အခုမြန်မာနိုင်ငံမှာ ဒီနှစ်ယောက်ကို သေဒဏ်ချမှတ်တာလဲ၊ သူတို့ဟာ နိုင်ငံရေးရည်ရွယ်ချက်တခုခုနဲ့ဆိုရင် မှန်ပါသလား။

ဖြေ ။ ။ ၁၉၈၈ နောက်ပိုင်းကစပြီးတော့ သေဒဏ်တွေကို တကယ်ကျင့်သုံးပြီးတော့ ကွပ်မျက်တာတွေ လုံးဝမရှိခဲ့တာ၊ ဒီနေ့အထိပေါ့။ ဦးသိန်းစိန်လက်ထက်မှာ ဂျီနီဗာမှာ လက်မှတ်တခု ထိုးထားခဲ့တယ်။ အဲဒါက သေဒဏ်ကတော့ ပေးမယ်။ မဖယ်ဖျက်ဘူး။ ဒါပေမဲ့ တကယ်မသတ်ဘူး။ ကြိုးပေးကွပ်မျက်တာတွေ မလုပ်ဘူးလို့ အဲဒီလို ကတိပေးထားတယ်။ ရှင်းရှင်းပြောရင် ဦးသန်းရွှေဆိုရင် (၂၂) နှစ် အုပ်ချုပ်သွားတာ။ ပြည်တွင်းပြည်ပအမြင်မှာ အင်မတန်ရက်စက်တယ်ဆိုတဲ့ အမြင်မျိုးကို သူမခံသွားရဘူး။ အဲဒါမျိုးတွေ သူတို့ မလုပ်သွားဘူး။ ဒါကြောင့် သူတို့ကာလကြာရှည်တာ။ နှစ်ပေါင်း (၂၂) နှစ်တောင် အုပ်ချုပ်သွားနိုင်တယ်ဆိုတာ အဲဒီအချက်တွေလဲ ပါတယ်။ အဲဒါဆို ဘာဖြစ်လို့ အခုလုပ်တာလဲဆိုပြီး မေးလာတယ်ဆိုရင်တော့ စိတ်ဓါတ်ကျနေတဲ့ စစ်တပ်ထောက်ခံသူတွေ အားတက်လာအောင် လုပ်ချင်ပုံရတယ်။ ဒါကတွက်ကြည့်တာ။ တကယ်လုပ်မယ်ဆိုရင် ပြည်တွင်းပြည်ပ သဘောထားကိုလည်း တီးခေါက်ကြည့်တာလဲ ဖြစ်နိုင်တယ်။ လိုအပ်လို့ လုပ်လိုက်မယ်ဆိုရင်လဲ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သွေးတိုးစမ်းတယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။

မေး ။ ။ သူတို့ကို ထောက်ခံနေတဲ့သူတွေ စိတ်ဓါတ်မကျအောင်ဆိုလို့ ဒီနှစ်ယောက်ကို သေဒဏ်စီရင်လိုက်လို့ သတ်ပြလိုက်လို့ သူတို့စိတ်ဓါတ် ပိုတက်ကြွလာမလား။ သို့တည်းမဟုတ် နိုင်ငံတကာရဲ့ အထင်အမြင်ကို သွေးတိုးစမ်းဖို့ အခုအချိန်အထိ လိုသေးသလား။ ဒီလိုလုပ်လိုက်ရင် ပိုဆိုးသွားမယ်ဆိုတာကို သူတို့ မတွက်ဘူးလား။ သူတို့ အခုလုပ်နေတဲ့ လုပ်ရပ်ဟာ သူတို့မျှော်မှန်းထားတဲ့ ရလဒ်ထက် Back Fire မကောင်းတဲ့ဘက်ကိုသာ ဖြစ်ထွန်းစေမယ်လို့ လူတွေက တွက်ကြတယ်။ ဦးကြီးမြင့် ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ အသေအချာပါပဲ။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် သေချာတာတခုကတော့ NUG က အခုအခါမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်။ သံတမန်နည်းလမ်းကို တချို့စောင်းပေးပြီး လုပ်နေတယ်။ တချို့ activists တွေ ကြားထဲမှာတောင် တမျိုးဝေဖန်နေကြတာ ရှိတယ်။ သံတမန်တွေပဲ လုပ်နေတယ်။ စစ်ရေးကို မလုပ်ဘူးဆိုတာမျိုးတွေ။ တကယ်လို့ အဲဒီလို လုပ်လိုက်မယ်ဆိုရင် NUG ကို စစ်ရေးကို ပိုဦးစားပေးလုပ်ဖို့ ပြည်သူတွေက ဖိအားပေးလာလိမ့်မယ်။ ဒါ့အပြင်လဲ ပြည်သူလူထုရဲ့ စိတ်ထဲမှာ စကစ စစ်ကောင်စီကို စစ်ရေးနဲ့ တုံ့ပြန်မှ ရမယ်ဆိုတာကို အမြင်မျိုး ဆွဲသွားမယ်။ ပိုပြီးစိမ်းသွားမယ်ဆိုရင်တော့ အဲဒါ သူတို့အတွက်တော့ အကြီးအကျယ်ဆုံး ဆုံးရှုံးမှုကြီးတခု ဖြစ်လိမ့်မယ်။ နောက်တခုက ကမ္ဘာကြီးက ဒီလူတွေက ငြိမ်းချမ်းရေးအတွက် ပါးစပ်ကပြောနေတယ်။ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းဖို့၊ စေ့စပ်ဆွေးနွေးဖို့ ပြောမယ်ကြားထဲက။ အဲဒါထက် ဆန့်ကျင်ဘက်တွေ ဒီလိုလုပ်နေတယ်။ နောက်ထပ်သေဒဏ်ချထားတဲ့ လူပေါင်းများစွာကိုလည်း သတ်လာလိမ့်မယ်လို့ ကမ္ဘာကြီးရဲ့ စိုးရိမ်မှု၊ ပြည်သူတွေရဲ့ စိုးရိမ်မှုက မြင့်တက်လာပြီးတော့ အဲဒီဟာတွေ တုံ့ပြန်သက်ရောက်မှုအနေနဲ့ ပိုပြီးတော့ မီးတောက်ကြီးက ပိုကြီးလာလိမ့်မယ်လို့ ကျနော်ကတော့ အခိုင်အမာ ပြောနိုင်ပါတယ်။

မေး ။ ။ ဥပဒေကြောင်းကို ပြန်မေးချင်တဲ့တခုကတော့ အယူခံကိုလဲ သမ္မတက ပယ်ချလိုက်ပြီးပြီဆိုတဲ့လူကို သေဒဏ်ကို နှစ် (၂၀) နဲ့ လဲတယ်လို့၊ တသက်တကျွန်းအဖြစ် ပြောင်းလဲထားလိုက်တာတို့လဲ ရှိပါတယ်။ အဲဒီလို ဖြစ်သွားနိုင်တဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဲဒါက ရာခိုင်နှုန်း အရမ်းနည်းသွားပြီ။ သို့သော် ဒါက နိုင်ငံရေးမူတွေ ဖြစ်တာကြောင့်မို့ နိုင်ငံရေးအရ ပယ်ဖျက်တာတွေ၊ နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေ၊ အဲဒါတွေကတော့ ဖြစ်နိုင်စရာတော့ ရှိပါတယ်။ ဒါက နိုင်ငံရေးပေါ့။ သို့သော်လဲပဲ ရာနှုန်းကတော့ အရမ်းနည်းသွားတယ်ဆိုတာမျိုးတော့ ဥပဒေအရ တွေ့ရတယ်။

မေး ။ ။ ဆိုတော့ အခုကိစ္စမှာတော့ ဦးကြီးမြင့်ပြောသလိုပါပဲ နိုင်ငံတော်သမ္မတအထိတော့ မရောက်သေးဘူးပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီသွားတယ်။ နိုင်ငံတော်သမ္မတဦးမြင်ဆွေဆီက တစုံတရာ မကြားရသေးဘူးဆိုတာ နည်းနည်းထပ်ပြောပါအုံး။ ဦးမြင့်ဆွေဆီကို သူတို့ရဲ့ အယူခံ မရောက်သေးဘူးဆိုတဲ့ သဘောလား။

ဖြေ ။ ။ ဥပဒေအငြင်းပွားနေတာ တခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဦးမြင့်ဆွေကနေ သူက သမ္မတရာထူးကို တက်ယူလိုက်တယ်။ တနည်းအားဖြင့် ဦးဝင်းမြင့်ဆီက အာဏာကို သူက လုလိုက်တဲ့သဘော။ လုပြီးတော့ သူက သမ္မတ တက်လုပ်တာ။ သမ္မတ တက်လုပ်ပြီးတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ကဲ ခင်များကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ အာဏာသုံးရပ်က ၂၀၀၈ အခြေခံဥပဒေအရ ပေးလိုက်အပ်လိုက်တယ်ဆိုပြီးပြောတယ်။ တကယ်တော့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ဖြစ်တာမဟုတ်ဘူး။ အဲဒီလို ပေးတာကိုက ဦးမြင့်ဆွေက ပေးခွင့်မရှိဘူး။ အခုတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကနေ သူကနေ အကုန်လုံး ဥပဒေ (၃) ရပ်လုံးကို ကိုင်ထားတယ်ဆိုတော့ ငါက သေဒဏ်တွေလည်း အတည်ပြုနိုင်တယ်ဆိုတာတွေကို ဆွဲယူသွားမယ်ဆိုရင်တော့ ဒါက ဥပဒေနဲ့မညီဘူး။ အဲဒါကြောင့်မို့ သမ္မတဆီကိုတော့ ရောက်ကိုရောက်ရမယ်။ မရောက်ခဲ့ဘဲ သေဒဏ်ကို အတည်ပြုနိုင်လောက်တဲ့ အာဏာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှာ မရှိဘူးလို့ ကျနော်တို့ကတော့ ဒီအတိုင်းမြင်တယ်။ တချို့ကတော့ ရှိတယ်။ သူကို အာဏာပေးထားတယ်လို့ ဒီလိုပြောကြတယ်။

မေး ။ ။ အဲဒီတော့ ကျနော် နောက်ဆုံးမေးချင်တာက ဦးကြီးမြင့်ရဲ့ နောက်ဆုံးခန့်မှန်းချက်ကို ပြောပါ။ တကယ် သေဒဏ်စီရင်မှာလား။ နောက်တနည်းနည်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား စသည်ဖြင့်ပေါ့။ ဘယ်လိုအဆုံးသတ်ကြမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ သူတို့က ဘာမဆို လုပ်ရဲတယ်ဆိုတဲ့ ကြွေးကြော်ထားတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် မလုပ်ဘူးလို့တော့ တစ်ရာရာခိုင်နှုန်း မပြောနိုင်သော်လဲ မလုပ်ပါစေနဲ့ မလုပ်ဖြစ်ပါစေနဲ့ ဆိုတာကိုတော့ တစ်ရာရာခိုင်နှုန်း ဆုတောင်းတယ်ပေါ့။ ကျနော် ပုဂ္ဂိုလ်တယောက်ချင်းအနေနဲ့ အမြင်ကို ထပ်ပြောပါအုံးဆိုရင်တော့ ကျနော်ကတော့ မလုပ်တန်ကောင်းဘူးလို့ ဒီလိုလဲ ယူဆနေပါတယ်။

XS
SM
MD
LG