သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥပေဒမဲ႔ အသတ္ခံရသူ ၃ ဦး ႐ုပ္အေလာင္းဖားကန္႔မွာေတြ႔


ဖားကန္႔ ေက်ာက္စိမ္းလုပ္ကြက္ ေျမစာၿပိဳက်တဲ့ေနရာမွာ ကယ္ဆယ္ေရးလုပ္ေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္က ေမွာ္စီစာနဲ႔ လုံးခင္းေက်း႐ြာအစပ္နားမွာ လက္ေနာက္ျပန္ႀကိဳးတုတ္ၿပီး ဦးေခါင္းကို ေသနတ္နဲ႔ပစ္သတ္ခံထားရတဲ့ အမ်ိဳးသား ၃ဦး ႐ုပ္အေလာင္းကို ဒီကေန႔ မနက္အေစာပိုင္းမွာ ေတြ႕ရွိခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

[[ ZAWGYI / UNICODE ]

ဥပေဒမဲ႔ အသတ္ခံရသူ ၃ ဦး ႐ုပ္အေလာင္း ဖားကန္႔မွာေတြ႔

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္မွာ ေသနတ္နဲ႔ပစ္သတ္ခံထားရတဲ့ အမ်ိဳးသား ၃ ဦးအေလာင္းကို ဇြန္လ ၂၀ ရက္၊ ဒီကေန႔ မနက္အေစာပိုင္းမွာ ေဒသခံေတြက ေတြ႕ရွိခဲ့ပါတယ္။ ဘာအတြက္ေၾကာင့္ သူတို႔ကို ဘယ္သူ သတ္ျဖတ္ခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ မၾကာခဏဆိုသလို ေသနတ္နဲ႔ သတ္ျဖတ္ခံေနရတဲ့ ဖားကန႔္ၿမိဳ႕နယ္ရဲ႕ ေျမျပင္အေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္ကေပးပို႔ထားတဲ့ သတင္းကို ကိုရဲမြန္ ေျပာျပမွာပါ။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္က ေမွာ္စီစာနဲ႔ လုံးခင္းေက်း႐ြာအစပ္နားမွာ လက္ေနာက္ျပန္ႀကိဳးတုတ္ၿပီး ဦးေခါင္းကို ေသနတ္နဲ႔ပစ္သတ္ခံထားရတဲ့ အမ်ိဳးသား ၃ဦး ႐ုပ္အေလာင္းကို ဒီကေန႔ မနက္အေစာပိုင္းမွာ ေတြ႕ရွိခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"ပစ္သတ္ခံရတဲ့ လူေတြကေတာ့ ေတာေမွာ္ကလည္းပါတယ္။ က်ေနာ္တို႔ ဒီလုံးခင္းအထက္ပိုင္း ဆိုင္းရာ႐ြာသစ္ကလည္းပါတယ္။ ေနာက္တဦးကေတာ့ ဒီလုံးခင္းပတ္လည္ကပဲထင္တယ္။ တဦးက်ေတာ့ အသက္ ၅၀ ဝန္းက်င္၊ ေနာက္တဦးက အသက္ ၃၀ ဝန္းက်င္ေပါ့။ ၂၅ ဝန္းက်င္ - ၃၅ ဝန္းက်င္ေလာက္ေပါ့။ အဲဒီ ေဂါက္ကြင္းေရွ႕ လမ္းၾကားေလးမွာပဲ။ ေလာေလာဆယ္ကေတာ့ အဲဒီအေလာင္းေတြကို ဖားကန႔္ရင္ခြဲ႐ုံမွာ ထားထားတယ္လို႔ၾကားတယ္။"

ေသနတ္နဲ႔ ပစ္သတ္ခံထားရတဲ့ ဒီအမ်ိဳးသား ၃ ဦးဟာ စစ္ေကာင္စီကို သတင္းေပးေနသူေတြျဖစ္တယ္လို႔ စြပ္စြဲေျပာဆိုတာေတြ ရွိေနၿပီး ဒါနဲ႔ပတ္သက္လို႔ အတည္ျပဳႏိုင္တာ မရွိေသးပါဘူး။ ဖားကန႔္ေဒသမွာ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ က်ဴးလြန္သူမေပၚဘဲ အသတ္ခံရတာေတြက ခပ္စိပ္စိပ္ျဖစ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အသတ္ခံရသူအမ်ားစုကိုလည္း စစ္ေကာင္စီသတင္းေပးေနသူေတြလို႔ အတည္မျပဳႏိုင္ဘဲ စြပ္စြဲေျပာဆိုတာေတြ ရွိေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"ဒီဖားကန႔္ေဒသမွာကေတာ့ အာဏာမသိမ္းခင္ကတည္းက လူသတ္မႈကေတာ့ ျဖစ္ေနၾကတာပဲ။ ၿပီးရင္ ဘယ္အဖြဲ႕အစည္းလုပ္တယ္၊ ဘာေၾကာင့္မို႔လုပ္တယ္ ဆိုတာကလည္း က်ေနာ္တို႔ တတ္အပ္မေျပာႏိုင္တဲ့ကိစၥေတြေတာ့ အမ်ားႀကီးရွိတာေပါ့။ စစ္နဲ႔သက္ဆိုင္တာလား၊ လူမႈေရးကိစၥေတြလား အဲဒါေတြရွိတာေပါ့။ အခုေလာေလာဆယ္ကေတာ့ သူ႔အဖြဲ႕ ကိုယ့္အဖြဲ႕မၾကည္ရင္ ဒလန္လို႔ေျပာၾကတာပဲေလ။ တခုခု ထစ္ခနဲဆို ဒီလိုသတ္မယ္ျဖတ္မယ္ဆိုတဲ့ အေနအထားက်ေတာ့လည္း အလုံးစုံပ်က္သုန္းေရး အေနအထားျဖစ္ေနတာေပါ့ေလ။ ျဖစ္ႏိုင္ရင္ေတာ့ တဦးနဲ႔တဦးေျဖရွင္းတာကေတာ့ သတ္တာျဖတ္တာကို တတ္ႏိုင္သေလာက္ ေလွ်ာ့မယ္ဆိုရင္ေတာ့ ဖားကန႔္ေဒသမွမဟုတ္ပါဘူး၊ က်န္တဲ့ေဒသ အေနအထားအရလည္း အဲလိုျဖစ္မယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းတာေပါ့။ အခုလက္ရွိကေတာ့ မေသသင့္ဘဲ ေသတဲ့လူေတြ၊ တခ်ိဳ႕ကေတာ့ နည္းနည္းျဖစ္တာနဲ႔ ဒီေကာင္ ဒလန္ပဲဆိုတာေတြ၊ တခ်ိဳ႕ဆိုရင္ မစုံစမ္း မေမးျမန္းဘဲနဲ႔ သတ္ျဖတ္ခံရတဲ့ဟာေတြလည္း အမ်ားႀကီးရွိတယ္ေလ။"

ဖားကန႔္ၿမိဳ႕နယ္မွာ အခုလို ေသနတ္နဲ႔ ပစ္သတ္တာေတြက မၾကာခဏဆိုသလို ျဖစ္ေနၿပီး ဘယ္အဖြဲ႕က က်ဴးလြန္တယ္ဆိုတာလည္း အတိအက်မသိရဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

"ေလာေလာဆယ္ ဖားကန႔္ေျမျပင္အေနအထားကေတာ့ မေကြးတို႔ စစ္ကိုင္းတို႔ အဲေလာက္ထိေတာ့ မဆိုးေလာက္ဘူးလို႔ ထင္တာပဲ။ ဒီမွာကေတာ့ ျဖစ္တာေတာ့ ျဖစ္ေနတာပါပဲ။ တလမွာ တခါ လူသတ္မႈက ၁ ေလာင္း သို႔မဟုတ္ ၂ ေလာင္း၊ ၃ ေလာင္း အဲလိုေတာ့ျဖစ္ေနတာပဲ။ ျဖစ္ေနတာဆိုတာက အာဏာမသိမ္းခင္က လူသတ္မႈက တႏွစ္မွာမွ ဘယ္ႏွစ္မႈဆိုတာ လက္ခ်ိဳးေရလို႔ရတယ္။ အခုက တလမွာ ဘယ္ေလာက္ဆိုၿပီး ခပ္စိပ္စိပ္ျဖစ္လာေတာ့ နည္းနည္းထူးျခားမႈေတာ့ ရွိတာေပါ့။ လက္နက္ကိုင္တပ္ဖြဲ႕ကလည္း ေလာေလာဆယ္က တဖြဲ႕တည္းရွိတာ မဟုတ္ဘူးေလ။ ၄ ဖြဲ႕၊ ၅ ဖြဲ႕ေလာက္ ရွိေနတဲ့အခါက်ေတာ့ တခုခုလုပ္ရင္ ဒီေဒသက ေသနတ္နဲ႔ပတ္သက္လာရင္ အမႈမွန္ေဖာ္ထုတ္ဖို႔က အရမ္းခဲယဥ္းလြန္းတဲ့ အေနအထားမွာရွိတဲ့ အခါက်ေတာ့ ဘယ္လိုမွတတ္အပ္ေျပာလို႔ မရဘူးေပါ့ေနာ္၊ ဘယ္အဖြဲ႕ကလုပ္တယ္ဆိုတာ ဒီလိုပဲၿပီးသြားတာပါပဲ။"

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ရပ္႐ြာအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ စစ္ေကာင္စီကို သတင္းေပးေနတဲ့ ဒလန္လို႔ စြပ္စြဲခံရတဲ့သူေတြ မၾကာခဏ သတ္ျဖတ္ခံေနရတာပါ။ ဖားကန႔္ၿမိဳ႕နယ္၊ ဆြတ္ေအာင္ေက်း႐ြာအုပ္စုအစြန္မွာ အမ်ိဳးသား ၄ ဦးကို လက္ေနာက္ျပန္ႀကိဳးတုတ္ၿပီး ဦးေခါင္းကို ေသနတ္နဲ႔ ပစ္သတ္ခဲ့တဲ့ျဖစ္စဥ္က အခု ဇြန္လ ၁ ရက္ေန႔ အေစာပိုင္းတုန္းကလည္း ျဖစ္ပြားခဲ့ပါတယ္။ သူတို႔ကို ဘယ္သူက ဘာေၾကာင့္သတ္ျဖတ္ခဲ့တယ္ဆိုတာကိုေတာ့ အခုခ်ိန္ထိ မသိရေသးပါဘူး။

===========

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ဥပဒေမဲ့ အသတ်ခံရသူ ၃ ဦး ရုပ်အလောင်း ဖားကန့်မှာတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ အမျိုးသား ၃ ဦးအလောင်းကို ဇွန်လ ၂၀ ရက်၊ ဒီကနေ့ မနက်အစောပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။ ဘာအတွက်ကြောင့် သူတို့ကို ဘယ်သူ သတ်ဖြတ်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မကြာခဏဆိုသလို သေနတ်နဲ့ သတ်ဖြတ်ခံနေရတဲ့ ဖားကန့်မြို့နယ်ရဲ့ မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုရဲမွန် ပြောပြမှာပါ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာနဲ့ လုံးခင်းကျေးရွာအစပ်နားမှာ လက်နောက်ပြန်ကြိုးတုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ အမျိုးသား ၃ဦး ရုပ်အလောင်းကို ဒီကနေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ပစ်သတ်ခံရတဲ့ လူတွေကတော့ တောမှော်ကလည်းပါတယ်။ ကျနော်တို့ ဒီလုံးခင်းအထက်ပိုင်း ဆိုင်းရာရွာသစ်ကလည်းပါတယ်။ နောက်တဦးကတော့ ဒီလုံးခင်းပတ်လည်ကပဲထင်တယ်။ တဦးကျတော့ အသက် ၅၀ ဝန်းကျင်၊ နောက်တဦးက အသက် ၃၀ ဝန်းကျင်ပေါ့။ ၂၅ ဝန်းကျင် - ၃၅ ဝန်းကျင်လောက်ပေါ့။ အဲဒီ ဂေါက်ကွင်းရှေ့ လမ်းကြားလေးမှာပဲ။ လောလောဆယ်ကတော့ အဲဒီအလောင်းတွေကို ဖားကန့်ရင်ခွဲရုံမှာ ထားထားတယ်လို့ကြားတယ်။"

သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ဒီအမျိုးသား ၃ ဦးဟာ စစ်ကောင်စီကို သတင်းပေးနေသူတွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုတာတွေ ရှိနေပြီး ဒါနဲ့ပတ်သက်လို့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။ ဖားကန့်ဒေသမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျူးလွန်သူမပေါ်ဘဲ အသတ်ခံရတာတွေက ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အသတ်ခံရသူအများစုကိုလည်း စစ်ကောင်စီသတင်းပေးနေသူတွေလို့ အတည်မပြုနိုင်ဘဲ စွပ်စွဲပြောဆိုတာတွေ ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီဖားကန့်ဒေသမှာကတော့ အာဏာမသိမ်းခင်ကတည်းက လူသတ်မှုကတော့ ဖြစ်နေကြတာပဲ။ ပြီးရင် ဘယ်အဖွဲ့အစည်းလုပ်တယ်၊ ဘာကြောင့်မို့လုပ်တယ် ဆိုတာကလည်း ကျနော်တို့ တတ်အပ်မပြောနိုင်တဲ့ကိစ္စတွေတော့ အများကြီးရှိတာပေါ့။ စစ်နဲ့သက်ဆိုင်တာလား၊ လူမှုရေးကိစ္စတွေလား အဲဒါတွေရှိတာပေါ့။ အခုလောလောဆယ်ကတော့ သူ့အဖွဲ့ ကိုယ့်အဖွဲ့မကြည်ရင် ဒလန်လို့ပြောကြတာပဲလေ။ တခုခု ထစ်ခနဲဆို ဒီလိုသတ်မယ်ဖြတ်မယ်ဆိုတဲ့ အနေအထားကျတော့လည်း အလုံးစုံပျက်သုန်းရေး အနေအထားဖြစ်နေတာပေါ့လေ။ ဖြစ်နိုင်ရင်တော့ တဦးနဲ့တဦးဖြေရှင်းတာကတော့ သတ်တာဖြတ်တာကို တတ်နိုင်သလောက် လျှော့မယ်ဆိုရင်တော့ ဖားကန့်ဒေသမှမဟုတ်ပါဘူး၊ ကျန်တဲ့ဒေသ အနေအထားအရလည်း အဲလိုဖြစ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ အခုလက်ရှိကတော့ မသေသင့်ဘဲ သေတဲ့လူတွေ၊ တချို့ကတော့ နည်းနည်းဖြစ်တာနဲ့ ဒီကောင် ဒလန်ပဲဆိုတာတွေ၊ တချို့ဆိုရင် မစုံစမ်း မမေးမြန်းဘဲနဲ့ သတ်ဖြတ်ခံရတဲ့ဟာတွေလည်း အများကြီးရှိတယ်လေ။"

ဖားကန့်မြို့နယ်မှာ အခုလို သေနတ်နဲ့ ပစ်သတ်တာတွေက မကြာခဏဆိုသလို ဖြစ်နေပြီး ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာလည်း အတိအကျမသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"လောလောဆယ် ဖားကန့်မြေပြင်အနေအထားကတော့ မကွေးတို့ စစ်ကိုင်းတို့ အဲလောက်ထိတော့ မဆိုးလောက်ဘူးလို့ ထင်တာပဲ။ ဒီမှာကတော့ ဖြစ်တာတော့ ဖြစ်နေတာပါပဲ။ တလမှာ တခါ လူသတ်မှုက ၁ လောင်း သို့မဟုတ် ၂ လောင်း၊ ၃ လောင်း အဲလိုတော့ဖြစ်နေတာပဲ။ ဖြစ်နေတာဆိုတာက အာဏာမသိမ်းခင်က လူသတ်မှုက တနှစ်မှာမှ ဘယ်နှစ်မှုဆိုတာ လက်ချိုးရေလို့ရတယ်။ အခုက တလမှာ ဘယ်လောက်ဆိုပြီး ခပ်စိပ်စိပ်ဖြစ်လာတော့ နည်းနည်းထူးခြားမှုတော့ ရှိတာပေါ့။ လက်နက်ကိုင်တပ်ဖွဲ့ကလည်း လောလောဆယ်က တဖွဲ့တည်းရှိတာ မဟုတ်ဘူးလေ။ ၄ ဖွဲ့၊ ၅ ဖွဲ့လောက် ရှိနေတဲ့အခါကျတော့ တခုခုလုပ်ရင် ဒီဒေသက သေနတ်နဲ့ပတ်သက်လာရင် အမှုမှန်ဖော်ထုတ်ဖို့က အရမ်းခဲယဉ်းလွန်းတဲ့ အနေအထားမှာရှိတဲ့ အခါကျတော့ ဘယ်လိုမှတတ်အပ်ပြောလို့ မရဘူးပေါ့နော်၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ ဒီလိုပဲပြီးသွားတာပါပဲ။"

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်လို့ စွပ်စွဲခံရတဲ့သူတွေ မကြာခဏ သတ်ဖြတ်ခံနေရတာပါ။ ဖားကန့်မြို့နယ်၊ ဆွတ်အောင်ကျေးရွာအုပ်စုအစွန်မှာ အမျိုးသား ၄ ဦးကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်က အခု ဇွန်လ ၁ ရက်နေ့ အစောပိုင်းတုန်းကလည်း ဖြစ်ပွားခဲ့ပါတယ်။ သူတို့ကို ဘယ်သူက ဘာကြောင့်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ အခုချိန်ထိ မသိရသေးပါဘူး။

XS
SM
MD
LG