သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကိုပြောင်းရွှေ့ခံရမှု ကုလစိုးရိမ်


ဒေါ်အောင်ဆန်းစုကြည် ( မှတ်တမ်းပုံဟောင်း ) ( Photo: National League for Democracy Facebook Page )
ဒေါ်အောင်ဆန်းစုကြည် ( မှတ်တမ်းပုံဟောင်း ) ( Photo: National League for Democracy Facebook Page )

[[ ZAWGYI / UNICODE ]]

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကိုပြောင်းရွှေ့ခံရမှု ကုလစိုးရိမ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲ ပြောင်းရွှေ့လိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ကြပါတယ်။

“အခုနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ အလွန်ပဲစိုးရိမ်မိပါတယ်၊ သူသာမက သမ္မတနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်ပါ။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က ကြာသပတေးနေ့ နယူးယောက်ရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာစစ်ကောင်စီကတော့ တရားရုံးတွေက စီရင်ချက်ချပြီးဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေအရ ထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ထိန်းသိမ်းထားတဲ့ နေရာကနေ နေပြည်တော်မှာရှိတဲ့ ထောင်ကို ပြောင်းရွှေ့လိုက်တဲ့ သတင်းအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေကြားမှာလည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (HRW) ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံသူတွေ အပါအဝင် နိုင်ငံရေးအတိုက်အခံတွေအပေါ် ခြိမ်းခြောက်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် စစ်အာဏာပိုင်တွေကို ဆန့်ကျင်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း HRW အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ သတင်းထွက်တဲ့ နေ့မှာပဲ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု စွဲချက်နဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာ စတင်စစ်ဆေးခဲ့ပါတယ်။ ဒီလထဲမှာပဲ အသက် ၇၇ နှစ် ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထားပြီး၊ အမှုပေါင်း တဒါဇင်ကျော်နဲ့ တရားစွဲဆိုထားသလို၊ အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

=================

{{ UNICODE }}







XS
SM
MD
LG