[[ ZAWGYI / UNICODE ]]
စက္သုံးဆီေစ်း ႀကီးျမင့္မႈေၾကာင့္ ယာဥ္လိုင္းလုပ္ငန္းရွင္ေတြ အခက္ေတြ႕
စက္သံုးဆီေစ်းႏႈန္း အဆမတန္ ေစ်းျမင့္တက္ေနတဲ့အတြက္ မြန္ျပည္နယ္က ဆိုင္ကယ္ယာဥ္လိုင္း ေျပးဆြဲသူေတြ အခက္ႀကံဳေနၾကပါတယ္။ ဆီေစ်းႏႈန္းေၾကာင့္ အခေၾကးေငြေတြ တိုးၿပီး ေကာက္ခံလို႔ ခရီးသည္ေတြ ေလ်ာ့နည္း လာေနပါတယ္။ ဆီေစ်းျမင့္တက္လို႔ အရင္ကထက္ ဝင္ေငြ ထက္ဝက္ေလာက္ ေလ်ာ့နည္းလာၿပီး လက္ရွိကုန္ေစ်းႏႈန္းေတြနဲ႔ ေနထုိင္စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနၾကတယ္လို႔ ဆိုင္ကယ္တကၠဆီ ေျပးဆြဲသူေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္း ကိုဉာဏ္ဝင္းေအာင္ ေျပာျပမွာပါ။
စစ္တပ္ အာဏာမသိမ္းခင္ အရင္ပံုမွန္ခ်ိန္တုန္းကဆိုရင္ ေအာ့တိန္း 92 တလီတာကို က်ပ္ ၆၀၀ ေက်ာ္ေလာက္ရွိရာကေန လက္ရွိမွာ ေအာ့တိန္း 92 တလီတာကို က်ပ္ ၂၂၀၀ ေက်ာ္ေပါက္ေစ်း ရွိေနပါတယ္။ စက္သံုးဆီေစ်းႏႈန္း အဆမတန္ ေစ်းျမင့္တက္ေနတဲ့အတြက္ မြန္ျပည္နယ္က ဆိုင္ကယ္တကၠဆီ ေျပးဆြဲသူေတြ အခက္ေတြ႕ေနၾကတာပါ။
မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕မွာ ဆိုင္ကယ္ယာဥ္လိုင္းေျပးဆြဲေနသူ တဦးကေတာ့ ဆီေစ်းျမင့္တက္လို႔ အရင္ကထက္ ဝင္ေငြ ထက္ဝက္ေလာက္ ေလ်ာ့နည္းလာၿပီး လက္ရွိ ကုန္ေစ်းႏႈန္းေတြနဲ႔ ေနထုိင္စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေစတယ္လို႔ ေျပာပါတယ္။
“ဆီက အဆမတန္ေစ်းျမင့္ေတာ့ ခရီးသယ္သမားကို အဆမတန္လည္း က်ေနာ္တို႔ ပိုေတာင္လို႔ အဆင္မေျပဘူး။ အဆင္ေတာ့မေျပဘူးေပ့ါ။ မေျပလည္း ဒီလိုပဲ လုပ္ေနရတယ္။ ဆီဖိုကို ရွာ ဆီဖိုကိုဖယ္ ပိုတာကို စားေနရတာေပါ့။ အရင္ကထက္ေတာ့ ပိုၿပီးေတာ့ ခက္ခဲလာတယ္ေပါ့ဗ်။ က်ေနာ္တို႔ အရင္ကဆိုရင္ တေန႔ကုန္ေမာင္းလို႔ ၁၀,၀၀၀ ေလာက္ရရင္ ဆီဖိုက ၂,၀၀၀ ေလာက္ကုန္ရင္ က်ေနာ္တို႔ ၈၀၀၀ မိသားစုစားရတာေပါ့။ အခု ၁၀,၀၀၀ ေလာက္ဆိုရင္ ဆီဖိုက ၆၀၀၀ ၇၀၀၀ အဲ့လိုမ်ဳိးဖယ္ရတယ္။ က်ေနာ္တို႔ရဲ႕ ဝင္ေငြက ထက္ဝက္ကို က်ဆင္းသြားတာေပါ့။ ကုန္ေစ်းႏႈန္းက ျမင့္တက္ၿပီးေတာ့ ဝင္ေငြက်ေလ်ာ့သြားေတာ့ အဲ့ဒီမွာပိုၿပီးေတာ့ ဒုကၡေရာက္သြားတာ။ အလုပ္မရွိတာနဲ႔ထက္စာရင္ေတာ့ မွိန္းၿပီးေတာ့ လုပ္ အေၾကြေတြယူ ေျပလည္ရင္ ျပန္စပ္အဲ့လိုမ်ဳိးနဲ႔ပဲ လံုခ်ာစားေနရတာေပါ့။”
အရင္ ဆိုင္ကယ္ယာဥ္လိုင္းခ က်ပ္ ၁,၀၀၀ ၊ ၁၅၀၀၊ ၂၀၀၀ ဆိုၿပီး ခရီးအကြာအေဝေပၚမူတည္ကာ ယာဥ္လိုင္းခေတြ သတ္မွတ္ေကာက္ခံေနၾကတာပါ။ လက္ရွိမွာ ဆီေစ်းေတြ အဆမတန္ျမင့္တက္လို႔ က်ပ္ ၅၀၀ ျမွင့္တင္ ေကာက္ခံေနရတာလို႔ ဆိုပါတယ္။
တစ္ရက္ကို ဝင္ေငြ က်ပ္ ၁၀,၀၀၀ ေလာက္ ရရွိတယ္ဆိုရင္ ဆီဖိုးက ၂,၀၀၀ ေလာက္ပဲ အရင္က ကုန္က်ခဲ့ေပမယ့္ လက္ရွိမွာ က်ပ္ ၇,၀၀၀ ကုန္က်ေနတာလို႔ ဆိုင္ကယ္ယာဥ္လိုင္း ေျပးဆြဲသူေတြက ေျပာဆိုၾကပါတယ္။ ဒီအေျခအေနေတြ ၾကာရွည္ ဆက္လက္ျဖစ္ေနမယ္ဆိုရင္ စားဝတ္ေနေရး အေျခအေနေတြ ပိုမိုအခက္ေတြ႔လာမွာလို႔ ေနာက္ထပ္ သံုးဘီးတကၠဆီေျပးဆြဲသူ တဦးက ေျပာပါတယ္။
“ဆိုင္ကယ္လိုင္းေတြ ေျပးဆြဲရတာ ရင္ေမာရတာေပါ့။ ဆြဲလို႔လည္းမေကာင္း၊ ဆီေစ်းကလည္း ဆီေစ်းတက္သြားေတာ့ ကားက ေစ်းတက္မွ ရမွာေပါ့။ ေစ်းတက္ေတာ့ စီးမယ့္ခရီးမ်ားမရွိေတာ့ဘူးေပါ့။ အရင္ တစ္ရက္ကို ၂၅,၀၀၀ ေလာက္ရတယ္။ ဆီက ၅,၀၀၀ ေလာက္ပဲ ထည့္တာ။ အခုတစ္ရက္ကို ၂၅,၀၀၀ ရဖို႔က အႀကိတ္အနည္ပဲ၊ ဆီက ၁၀,၀၀၀ ဖိုေလာက္ထည့္ရတယ္။ ေစ်းဖိုလည္း အနိမ့္ဆံုး ၁၀,၀၀၀ ေပးရတယ္။ ကေလးေက်ာင္းပို႔ဖို႔ရွိေသးတယ္။ က်ဴရွင္လခရွိေသးတယ္။ အိမ္လခ ရွိေသးတယ္။ ေရဖို၊ မီးဖို လင္မယားလည္း ကဲြေတာ့မယ္။ ဒီအေျခအေနက ဒီတိုင္းပဲသြားေတာ့မယ္ က်ေနာ္တို႔လည္း ခြက္ဆြဲရေတာ့မယ္ပံုစံေပါက္သြားၿပီးေပါ့။ အားလံုးအျမန္ဆံုေျပေျပလည္လည္ျဖစ္ၿပီး ၿပီဆံုးသြားရင္ ကုန္ေစ်းႏႈန္းေလးက်ရင္ က်ေနာ္တို႔ဆင္းရဲသားေတြ ေျပေျပလည္လည္နဲ႔ စားႏိုင္ေသာက္ႏိုင္တာေပါ့၊ ဒါပဲဆုေတာင္းပါတယ္။”
လက္ရွိ ျမင့္တက္ေနတဲ့ စက္သံုးဆီေစ်းေတြ က်ဆင္းသြားမွ လက္လုပ္လက္စား လူတန္းစားအတြက္ အဆင္ေျပႏိုင္မယ္လို႔ သံုးဘီးေမာင္းသူ ကိုျမင့္စိုးက ေျပာပါတယ္။
“အရင္ကဆိုလို႔ရွိရင္ ျမန္သာယာကေနေခၚတယ္။ ၿမိဳ႕ထဲကေနသြားႀကိဳေပးလို႔ရတယ္။ ဒိုင္းဝန္ကြင္းကေခၚတယ္ ၿမိဳ႕ထဲကေနသြားႀကိဳေပးလို႔ရတယ္။ အခုက ဒိုင္းဝန္ကြင္ကေခၚလို႔ရွိရင္လည္း ၿမိဳ႕ထဲက သြားမႀကိဳႏိုင္ေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီကိုသြားမယ့္ ကုန္က်တဲ့ ဆီေစ်းႏႈန္းကိုမခံႏိုင္ေတာ့လို႔ ေနာက္ၿပီးသူတို႔ကို ပိုေတာ့ေတာင္မယ္ဆိုရင္ သူတို႔မေပးႏိုင္ၾကဘူး။ ဆီေစ်းျမင့္မာလာေတာ့ အေဝးႀကိဳရမယ့္ ေဖာက္သည္ေတြ လမ္းေၾကာင့္မတည့္ရင္သြားမႀကိဳေတာ့ဘူး။ အေဝးႀကိဳရမယ့္ ေဖာက္သည္ေတြကို လံုးဝရပ္နားလိုက္ၿပီး ျမင့္မာတဲ့ဆီေစ်းႏႈန္းေတြက်သြားမယ္ဆိုလို႔ရွိရင္ ကိုျမင့္စိုးတို႔ လက္လုပ္လက္စား အငယ္တန္းေတြေရာ အားလံုးအတြက္ ေတာ္ေတာ္ေလးကို အဆင္ေျပသြားမယ္လို႔ထင္တယ္။”
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းယူၿပီးတဲ့ေနာက္ ေလာင္စာဆီအျပင္ ကုန္ေစ်းႏႈန္းေစ်းေတြလည္း အဆမတန္ ေစ်းျမင့္တက္ေနတာပါ။ ဒါေၾကာင့္ အေျခခံလူတန္းစား အေတာ္မ်ားမ်ား စားဝတ္ေနေရးအတြက္ ပိုမို အခက္ႀကံဳလာၾကပါတယ္။ ဒါေၾကာင့္ တိုင္းျပည္အေျခအေန ပံုမွန္ျပန္ျဖစ္လာမွသာ ေျပေျပလည္လည္နဲ႔ လုပ္ကိုင္စားေသာက္ႏိုင္မယ္လို႔ ဆိုင္ကယ္ယာဥ္လိုင္းေျပးဆြဲေနသူေတြက ေမွ်ာ္ေနလင့္ေနၾကပါတယ္။
===========
{{ UNICODE }}
စက်သုံးဆီဈေး ကြီးမြင့်မှုကြောင့် ယာဉ်လိုင်းလုပ်ငန်းရှင်တွေ အခက်တွေ့
စက်သုံးဆီဈေးနှုန်း အဆမတန် ဈေးမြင့်တက်နေတဲ့အတွက် မွန်ပြည်နယ်က ဆိုင်ကယ်ယာဉ်လိုင်း ပြေးဆွဲသူတွေ အခက်ကြုံနေကြပါတယ်။ ဆီဈေးနှုန်းကြောင့် အခကြေးငွေတွေ တိုးပြီး ကောက်ခံလို့ ခရီးသည်တွေ လျော့နည်း လာနေပါတယ်။ ဆီဈေးမြင့်တက်လို့ အရင်ကထက် ဝင်ငွေ ထက်ဝက်လောက် လျော့နည်းလာပြီး လက်ရှိကုန်ဈေးနှုန်းတွေနဲ့ နေထိုင်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုင်ကယ်တက္ကဆီ ပြေးဆွဲသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်း ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
စစ်တပ် အာဏာမသိမ်းခင် အရင်ပုံမှန်ချိန်တုန်းကဆိုရင် အော့တိန်း 92 တလီတာကို ကျပ် ၆၀၀ ကျော်လောက်ရှိရာကနေ လက်ရှိမှာ အော့တိန်း 92 တလီတာကို ကျပ် ၂၂၀၀ ကျော်ပေါက်ဈေး ရှိနေပါတယ်။ စက်သုံးဆီဈေးနှုန်း အဆမတန် ဈေးမြင့်တက်နေတဲ့အတွက် မွန်ပြည်နယ်က ဆိုင်ကယ်တက္ကဆီ ပြေးဆွဲသူတွေ အခက်တွေ့နေကြတာပါ။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဆိုင်ကယ်ယာဉ်လိုင်းပြေးဆွဲနေသူ တဦးကတော့ ဆီဈေးမြင့်တက်လို့ အရင်ကထက် ဝင်ငွေ ထက်ဝက်လောက် လျော့နည်းလာပြီး လက်ရှိ ကုန်ဈေးနှုန်းတွေနဲ့ နေထိုင်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။
“ဆီက အဆမတန်ဈေးမြင့်တော့ ခရီးသယ်သမားကို အဆမတန်လည်း ကျနော်တို့ ပိုတောင်လို့ အဆင်မပြေဘူး။ အဆင်တော့မပြေဘူးပေ့ါ။ မပြေလည်း ဒီလိုပဲ လုပ်နေရတယ်။ ဆီဖိုကို ရှာ ဆီဖိုကိုဖယ် ပိုတာကို စားနေရတာပေါ့။ အရင်ကထက်တော့ ပိုပြီးတော့ ခက်ခဲလာတယ်ပေါ့ဗျ။ ကျနော်တို့ အရင်ကဆိုရင် တနေ့ကုန်မောင်းလို့ ၁၀,၀၀၀ လောက်ရရင် ဆီဖိုက ၂,၀၀၀ လောက်ကုန်ရင် ကျနော်တို့ ၈၀၀၀ မိသားစုစားရတာပေါ့။ အခု ၁၀,၀၀၀ လောက်ဆိုရင် ဆီဖိုက ၆၀၀၀ ၇၀၀၀ အဲ့လိုမျိုးဖယ်ရတယ်။ ကျနော်တို့ရဲ့ ဝင်ငွေက ထက်ဝက်ကို ကျဆင်းသွားတာပေါ့။ ကုန်ဈေးနှုန်းက မြင့်တက်ပြီးတော့ ဝင်ငွေကျလျော့သွားတော့ အဲ့ဒီမှာပိုပြီးတော့ ဒုက္ခရောက်သွားတာ။ အလုပ်မရှိတာနဲ့ထက်စာရင်တော့ မှိန်းပြီးတော့ လုပ် အကြွေတွေယူ ပြေလည်ရင် ပြန်စပ်အဲ့လိုမျိုးနဲ့ပဲ လုံချာစားနေရတာပေါ့။”
အရင် ဆိုင်ကယ်ယာဉ်လိုင်းခ ကျပ် ၁,၀၀၀ ၊ ၁၅၀၀၊ ၂၀၀၀ ဆိုပြီး ခရီးအကွာအဝေပေါ်မူတည်ကာ ယာဉ်လိုင်းခတွေ သတ်မှတ်ကောက်ခံနေကြတာပါ။ လက်ရှိမှာ ဆီဈေးတွေ အဆမတန်မြင့်တက်လို့ ကျပ် ၅၀၀ မြှင့်တင် ကောက်ခံနေရတာလို့ ဆိုပါတယ်။
တစ်ရက်ကို ဝင်ငွေ ကျပ် ၁၀,၀၀၀ လောက် ရရှိတယ်ဆိုရင် ဆီဖိုးက ၂,၀၀၀ လောက်ပဲ အရင်က ကုန်ကျခဲ့ပေမယ့် လက်ရှိမှာ ကျပ် ၇,၀၀၀ ကုန်ကျနေတာလို့ ဆိုင်ကယ်ယာဉ်လိုင်း ပြေးဆွဲသူတွေက ပြောဆိုကြပါတယ်။ ဒီအခြေအနေတွေ ကြာရှည် ဆက်လက်ဖြစ်နေမယ်ဆိုရင် စားဝတ်နေရေး အခြေအနေတွေ ပိုမိုအခက်တွေ့လာမှာလို့ နောက်ထပ် သုံးဘီးတက္ကဆီပြေးဆွဲသူ တဦးက ပြောပါတယ်။
“ဆိုင်ကယ်လိုင်းတွေ ပြေးဆွဲရတာ ရင်မောရတာပေါ့။ ဆွဲလို့လည်းမကောင်း၊ ဆီဈေးကလည်း ဆီဈေးတက်သွားတော့ ကားက ဈေးတက်မှ ရမှာပေါ့။ ဈေးတက်တော့ စီးမယ့်ခရီးများမရှိတော့ဘူးပေါ့။ အရင် တစ်ရက်ကို ၂၅,၀၀၀ လောက်ရတယ်။ ဆီက ၅,၀၀၀ လောက်ပဲ ထည့်တာ။ အခုတစ်ရက်ကို ၂၅,၀၀၀ ရဖို့က အကြိတ်အနည်ပဲ၊ ဆီက ၁၀,၀၀၀ ဖိုလောက်ထည့်ရတယ်။ ဈေးဖိုလည်း အနိမ့်ဆုံး ၁၀,၀၀၀ ပေးရတယ်။ ကလေးကျောင်းပို့ဖို့ရှိသေးတယ်။ ကျူရှင်လခရှိသေးတယ်။ အိမ်လခ ရှိသေးတယ်။ ရေဖို၊ မီးဖို လင်မယားလည်း ကွဲတော့မယ်။ ဒီအခြေအနေက ဒီတိုင်းပဲသွားတော့မယ် ကျနော်တို့လည်း ခွက်ဆွဲရတော့မယ်ပုံစံပေါက်သွားပြီးပေါ့။ အားလုံးအမြန်ဆုံပြေပြေလည်လည်ဖြစ်ပြီး ပြီဆုံးသွားရင် ကုန်ဈေးနှုန်းလေးကျရင် ကျနော်တို့ဆင်းရဲသားတွေ ပြေပြေလည်လည်နဲ့ စားနိုင်သောက်နိုင်တာပေါ့၊ ဒါပဲဆုတောင်းပါတယ်။”
လက်ရှိ မြင့်တက်နေတဲ့ စက်သုံးဆီဈေးတွေ ကျဆင်းသွားမှ လက်လုပ်လက်စား လူတန်းစားအတွက် အဆင်ပြေနိုင်မယ်လို့ သုံးဘီးမောင်းသူ ကိုမြင့်စိုးက ပြောပါတယ်။
“အရင်ကဆိုလို့ရှိရင် မြန်သာယာကနေခေါ်တယ်။ မြို့ထဲကနေသွားကြိုပေးလို့ရတယ်။ ဒိုင်းဝန်ကွင်းကခေါ်တယ် မြို့ထဲကနေသွားကြိုပေးလို့ရတယ်။ အခုက ဒိုင်းဝန်ကွင်ကခေါ်လို့ရှိရင်လည်း မြို့ထဲက သွားမကြိုနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကိုသွားမယ့် ကုန်ကျတဲ့ ဆီဈေးနှုန်းကိုမခံနိုင်တော့လို့ နောက်ပြီးသူတို့ကို ပိုတော့တောင်မယ်ဆိုရင် သူတို့မပေးနိုင်ကြဘူး။ ဆီဈေးမြင့်မာလာတော့ အဝေးကြိုရမယ့် ဖောက်သည်တွေ လမ်းကြောင့်မတည့်ရင်သွားမကြိုတော့ဘူး။ အဝေးကြိုရမယ့် ဖောက်သည်တွေကို လုံးဝရပ်နားလိုက်ပြီး မြင့်မာတဲ့ဆီဈေးနှုန်းတွေကျသွားမယ်ဆိုလို့ရှိရင် ကိုမြင့်စိုးတို့ လက်လုပ်လက်စား အငယ်တန်းတွေရော အားလုံးအတွက် တော်တော်လေးကို အဆင်ပြေသွားမယ်လို့ထင်တယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးတဲ့နောက် လောင်စာဆီအပြင် ကုန်ဈေးနှုန်းဈေးတွေလည်း အဆမတန် ဈေးမြင့်တက်နေတာပါ။ ဒါကြောင့် အခြေခံလူတန်းစား အတော်များများ စားဝတ်နေရေးအတွက် ပိုမို အခက်ကြုံလာကြပါတယ်။ ဒါကြောင့် တိုင်းပြည်အခြေအနေ ပုံမှန်ပြန်ဖြစ်လာမှသာ ပြေပြေလည်လည်နဲ့ လုပ်ကိုင်စားသောက်နိုင်မယ်လို့ ဆိုင်ကယ်ယာဉ်လိုင်းပြေးဆွဲနေသူတွေက မျှော်နေလင့်နေကြပါတယ်။