သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သေႏၶသား ဖ်က္ခ်ခြင့္ဆိုင္ရာ တရားရံုးခ်ဳပ္ဆံုးျဖတ္ခ်က္ ျမန္မာတို႔ အျမင္


Abortion-rights activists protest outside the Supreme Court in Washington, June 25, 2022.

[[ ZAWGYI / UNICODE ]]

သေႏၶသား ဖ်က္ခ်ခြင့္ဆိုင္ရာ တရားရံုးခ်ဳပ္ဆံုးျဖတ္ခ်က္ ျမန္မာတို႔ အျမင္

အေမရိကန္ျပည္ေထာင္စုမွာ သေႏၶဖ်က္ခ်ခြင့္နဲ႔ အေျခခံဥပေဒ ဆက္စပ္မႈဆိုင္ရာ တရားရံုးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ဆန္႔က်င္ကန္႔ကြက္ ဆႏၵျပမႈေတြ ဆက္လက္ေပၚေပါက္ေနသလို ၊ ေထာက္ခံၾကဳိဆိုသူေတြလည္း ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံတြင္း ေနထိုင္ၾကတဲ့ ျမန္မာႏြယ္ဖြား အေမရိကန္ေတြၾကားထဲမွာလည္း ေထာက္ခံသူ ကန္႔ကြက္သူ သေဘာထားအျမင္ အမ်ဳိးမ်ဳိး ရွိေနၾကတာပါ။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။


အေမရိကန္ ျပည္ေထာင္စုမွာ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို အမ်ိဳးသမီးေတြရဲ႕ အေျခခံ ဥပေဒ အခြင့္အေရးအျဖစ္ သတ္မွတ္ထားတဲ႔ ရာစုႏွစ္၀က္ သက္တမ္းရွိ Roe v. Wade စီရင္ထံုးကို တရား႐ုံးခ်ဳပ္က ဇြန္လ(၂၄)ရက္ေန႔မွာ ပယ္ဖ်က္လိုက္တဲ့အေပၚ ဆန္႔က်င္သူေတြ ရွိသလို ေထာက္ခံသူေတြလည္း ရွိေနပါတယ္။ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္အရ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ျပဳသင့္-မျပဳသင့္ဆိုတာကို သက္ဆိုင္ရာ ျပည္နယ္ေတြကပဲ ဆုံးျဖတ္ရေတာ့မွာ ျဖစ္ၿပီး၊ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ တားျမစ္မယ့္ အလားအလာေတြလည္း ရွိေနတာပါ။

အင္ဒီယားနားျပည္နယ္မွာေနတဲ့ ခ်င္းတိုင္းရင္းသား တဦးျဖစ္သူ ေဒါက္တာ ႐ိုဒင္းငါကေတာ့ သေႏၶသားဖ်က္ခ်ခြင့္ ဆိုင္ရာ တရား႐ုံးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို ၾကဳိဆိုေထာက္ခံသူ ျဖစ္ပါတယ္။

" အေမရိကန္ တရားရံုးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို က်ေနာ္ ၾကဳိဆိုပါတယ္။ ခရစ္ယာန္ယုံၾကည္ခ်က္ အရေပါ့ေလ ဒီ သေႏၶသားဆိုတာက သေႏၶတည္ကတည္းက လူျဖစ္လာၿပီေပါ့ေလ ၊ ဒါက ဘုရားကေန ေကာင္းခ်ီးေပးတဲ့အရာျဖစ္တယ္။ အဲဒီဟာကို သေႏၶ ဖ်က္ခ်တယ္ ဆိုတာက သတ္ပစ္လိုက္တဲ့ သေဘာေပါ့ေနာ္။ အဲဒီလို သေႏၶသား ဖ်က္ခ်ခြင့္ကို ပိတ္ပင္တယ္ဆိုတာက ခရစ္ယာန္ စံတန္ဖိုးအရ ေျပာရရင္ ၾကဳိဆိုရမယ့္ဟာ ျဖစ္တယ္ေပါ့။ တဖက္မွာေတာ့ တဦးခ်င္းဆိုင္ရာ အခြင့္အေရးဖက္က ၾကည့္ရင္ ဒါက အျငင္းပြားစရာေတာ့ ရွိႏိုင္တယ္။ ဒါေပမဲ့ က်ေနာ္ထင္တယ္ အေမရိကားေရာက္ က်ေနာ္တို႔ ျမန္မာျပည္သားမ်ား အထူးသျဖင့္ က်ေနာ္တို႔ ခ်င္းလူမ်ဳိး အမ်ားစုကေတာ့ ဒီ Supreme Court ႏိုင္ငံေတာ္တရား႐ုံးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ၾကဳိဆိုၾကမယ္လို႔ ယုံၾကည္ပါတယ္။ "

သေႏၶသားဖ်က္ခ်ခြင့္ ဆိုင္ရာ တရား႐ုံးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို သေဘာမတူတဲ့ သူကေတာ့ နယူးမကၠဆီကို ျပည္နယ္မွာေနထိုင္သူ ပန္းခ်ီအႏုပညာရွင္ မေခ်ာအိသိမ္းပဲ ျဖစ္ပါတယ္။

" က်မကေတာ့ ဖ်က္သိမ္းတာကို သေဘာမတူတ့ဲဘက္မွာ ရွိတာေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့ အမ်ဳိးသမီးေတြက သူတို႔ ခႏၶာကိုယ္ကို သူတို႔ပိုင္တယ္ဆိုေတာ့ သူတို႔မွာ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ ရွိတယ္။ ဘယ္အမ်ဳိးသမီးကမွ ကိုယ္ဝန္လြယ္ရတဲ့ကိစၥကို အလြယ္တကူ ဆုံးျဖတ္ၾကတာ ဘယ္သူမွ မရွိဘူး။ ဆုံးျဖတ္ရတဲ့အခါမွာ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိတယ္။ အဲဒီအေၾကာင္းရင္းေတြကို နားလည္ဖို႔ လိုတယ္။ သူက ဒါႀကီးကို တသက္လုံး ေတာက္ေလွ်ာက္ယူသြားရမယ့္ လူေပါ့ေနာ္။ အဲဒါကို အျပင္လူက ဒါကိုလုပ္ပါ ဒါမလုပ္ပါနဲ႔လို႔ ဝင္ဆုံးျဖတ္တာကို က်မက သေဘာမတူဘူး။ ေနာက္ဆက္တဲြ ဆက္ျဖစ္လာမယ့္ဟာကို တကယ္တန္းရင္ဆိုင္ရမွာက အဲဒီ အမ်ဳိးသမီးပဲေလ၊ အဲဒီလို ရင္ဆိုင္တဲ့အခါက်ေတာ့လည္း ဘယ္သူက ဘယ္ေလာက္ အကူအညီေပးၾကမွာလဲေပါ့။ ကာယကံရွင္ အမ်ဳိးသမီးက ကိုယ္ဝန္ ယူျခင္းမယူျခင္းကို ဆုံးျဖတ္ပိုင္ခြင့္ ေပးသင့္တယ္လို႔ က်မက ယူဆလို႔ ဒီဟာကို ကန္႔ကြက္ေနတာျဖစ္တယ္။ "

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္ကေတာ့ ကိုယ္ဝန္ဖ်က္ခ်ခြင႔္ဆိုင္ရာ တရားရံုးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ရႈတ္ခ်ထားၿပီး၊ ဒီဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ႏိုင္ဖို႔ကိုလည္း တိုက္တြန္းထားတာပါ။ ကေနဒါႏိုင္ငံ Alberta ေဆးေကာလိပ္က ကထိက ေဒါက္တာ ေဒၚခင္ေစာဝင္းကေတာ့ ကိုယ္ဝန္ဖ်က္ခ်ျခင္းရဲ႕ အက်ဳိးအျပစ္ေတြကို ခဲြျခားသုံးသပ္ျပပါတယ္။

" ကိုယ္ဝန္နဲ႔ပတ္သက္လို႔ ကာကြယ္လို႔ ရတာေတြက အရင္ကထက္ကို အမ်ားႀကီး ပိုၿပီးတိုးတက္ေနတယ္ေလ။ တကယ္ကေတာ့ ကိုယ့္ကိုယ္ကို တာဝန္ယူႏိုင္တယ္၊ က်န္းမာေရးအသိစိတ္ဓါတ္ ရွိတယ္.. ေနာက္ၿပီး ကာကြယ္ႏိုင္တဲ့ေဆးေတြကို လက္လွမ္းမီတယ္ဆိုရင္ ကိုယ္ဝန္ကို ဖ်က္ခ်တာထက္ မဖ်က္ခင္က ၾကဳိတင္ကာကြယ္ႏိုင္ရင္ေတာ့ အေကာင္းဆုံးပဲေပါ့။ တကယ္လို႔ ကိုယ္က အဓမၼျပဳက်င့္ခံရတယ္ဆိုတာမ်ဳိး အဆင္မေျပဘူး ကိုယ္ဝန္မယူႏိုင္ဘူး ဆိုရင္ေတာင္ က်ဴးလြန္ၿပီးတဲ့အခ်ိန္မွာ ၂ ရက္အထိေပါ့ေနာ္ Morning after Pill ဆိုတဲ့ ကာကြယ္ေဆးက ၊ မျဖစ္ခင္ ၾကဳိေသာက္တာမ်ဳိး မဟုတ္ပဲနဲ႔ ၊ ျဖစ္ၿပီး လြန္ၿပီးေတာ့မွ ေသာက္လို႔ရတဲ့ေဆးေတြလည္း ရွိပါတယ္။ ဆိုေတာ့ အဲဒီလို လုပ္ႏိုင္ရင္ေတာ့ အေကာင္းဆုံးပဲေပါ့။ "

" အဲဒီလို မဟုတ္ပဲနဲ႔ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ရွိတယ္ဆိုတဲ့အသိ ဝင္ေနရင္ ၊ ျဖစ္ခ်င္ရာျဖစ္ ကိုယ္ဝန္ရွိလာေတာ့မွ ဖ်က္ခ်မယ္ ဆိုလို႔ရွိရင္ကေတာ့ က်န္းမာေရးရႈေထာင့္ဖက္က ၾကည့္ရင္ သိပ္ၿပီးေတာ့ မေကာင္းဘူး။ ဘာလို႔လည္းဆိုေတာ့ အဲဒီလို ဖ်က္ခ်တယ္ဆိုရင္ သူက သားအိမ္ကို ျခစ္ရပါတယ္။ အဲဒီလို သားအိမ္ ျခစ္ရတဲ့အတြက္ တစ္ခါလုပ္တယ္ ႏွစ္ခါေလာက္လုပ္တယ္ ဆိုရင္ေတာ့ ထားလိုက္ေတာ့ေပါ့။ ဒါေပမဲ့ အႀကိမ္ေပါင္းမ်ားစြာ လုပ္တယ္ဆိုရင္ ဒီသားအိမ္နံရံက ပါးသြားတဲ့အတြက္ ေနာက္ပိုင္း ကိုယ္က တကယ္ သားသမီး လိုခ်င္လာတဲ့အခါက်ရင္ အဲဒီအခ်ိန္မွာ ကေလးရဖို႔ ကိုယ္ဝန္က မၿမဲေတာ့တာမ်ဳိး ျဖစ္လာႏိုင္တယ္။ ျပႆနာရွိလာႏိုင္တယ္။ "

သမၼတေဟာင္း Donald Trump ကေတာ့ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ႀကိဳဆိုၿပီး၊ သူ႔လက္ထက္မွာ ခန္႔ခဲ့တဲ့ တရားသူႀကီးတခ်ဳိ႕ရဲ႕ ေထာက္ခံမႈေၾကာင့္ အခုလို ဆုံးျဖတ္ႏိုင္ခဲ့တဲ့အေပၚ ေအာင္ျမင္မႈအျဖစ္ ဂုဏ္ယူေျပာဆိုထားပါတယ္။ အီတလီမွာရွိတဲ့ ဗာတီကန္နန္းေတာ္ကလည္း ဒီဆုံးျဖတ္ကို ေထာက္ခံၾကဳိဆိုေပမဲ့ ၊ ကုလ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet အပါအဝင္၊ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson ၊ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau ၊ ျပင္သစ္သမၼတ Emmanuel Macron ကေတာ့ ဆန္႔က်င္ ရႈတ္ခ် ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက် မြန်မာတို့ အမြင်

အမေရိကန်ပြည်ထောင်စုမှာ သန္ဓေဖျက်ချခွင့်နဲ့ အခြေခံဥပဒေ ဆက်စပ်မှုဆိုင်ရာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်လက်ပေါ်ပေါက်နေသလို ၊ ထောက်ခံကြိုဆိုသူတွေလည်း ရှိနေပါတယ်။ အမေရိကန်နိုင်ငံတွင်း နေထိုင်ကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်တွေကြားထဲမှာလည်း ထောက်ခံသူ ကန့်ကွက်သူ သဘောထားအမြင် အမျိုးမျိုး ရှိနေကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


အမေရိကန် ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို အမျိုးသမီးတွေရဲ့ အခြေခံ ဥပဒေ အခွင့်အရေးအဖြစ် သတ်မှတ်ထားတဲ့ ရာစုနှစ်ဝက် သက်တမ်းရှိ Roe v. Wade စီရင်ထုံးကို တရားရုံးချုပ်က ဇွန်လ(၂၄)ရက်နေ့မှာ ပယ်ဖျက်လိုက်တဲ့အပေါ် ဆန့်ကျင်သူတွေ ရှိသလို ထောက်ခံသူတွေလည်း ရှိနေပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်အရ ကိုယ်ဝန်ဖျက်ချခွင့် ပြုသင့်-မပြုသင့်ဆိုတာကို သက်ဆိုင်ရာ ပြည်နယ်တွေကပဲ ဆုံးဖြတ်ရတော့မှာ ဖြစ်ပြီး၊ ပြည်နယ်တော်တော်များများမှာ တားမြစ်မယ့် အလားအလာတွေလည်း ရှိနေတာပါ။

အင်ဒီယားနားပြည်နယ်မှာနေတဲ့ ချင်းတိုင်းရင်းသား တဦးဖြစ်သူ ဒေါက်တာ ရိုဒင်းငါကတော့ သန္ဓေသားဖျက်ချခွင့် ဆိုင်ရာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံသူ ဖြစ်ပါတယ်။

" အမေရိကန် တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုပါတယ်။ ခရစ်ယာန်ယုံကြည်ချက် အရပေါ့လေ ဒီ သန္ဓေသားဆိုတာက သန္ဓေတည်ကတည်းက လူဖြစ်လာပြီပေါ့လေ ၊ ဒါက ဘုရားကနေ ကောင်းချီးပေးတဲ့အရာဖြစ်တယ်။ အဲဒီဟာကို သန္ဓေ ဖျက်ချတယ် ဆိုတာက သတ်ပစ်လိုက်တဲ့ သဘောပေါ့နော်။ အဲဒီလို သန္ဓေသား ဖျက်ချခွင့်ကို ပိတ်ပင်တယ်ဆိုတာက ခရစ်ယာန် စံတန်ဖိုးအရ ပြောရရင် ကြိုဆိုရမယ့်ဟာ ဖြစ်တယ်ပေါ့။ တဖက်မှာတော့ တဦးချင်းဆိုင်ရာ အခွင့်အရေးဖက်က ကြည့်ရင် ဒါက အငြင်းပွားစရာတော့ ရှိနိုင်တယ်။ ဒါပေမဲ့ ကျနော်ထင်တယ် အမေရိကားရောက် ကျနော်တို့ မြန်မာပြည်သားများ အထူးသဖြင့် ကျနော်တို့ ချင်းလူမျိုး အများစုကတော့ ဒီ Supreme Court နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြမယ်လို့ ယုံကြည်ပါတယ်။ "

သန္ဓေသားဖျက်ချခွင့် ဆိုင်ရာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ သူကတော့ နယူးမက္ကဆီကို ပြည်နယ်မှာနေထိုင်သူ ပန်းချီအနုပညာရှင် မချောအိသိမ်းပဲ ဖြစ်ပါတယ်။

" ကျမကတော့ ဖျက်သိမ်းတာကို သဘောမတူတဲ့ဘက်မှာ ရှိတာပေါ့နော်။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေက သူတို့ ခန္ဓာကိုယ်ကို သူတို့ပိုင်တယ်ဆိုတော့ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဘယ်အမျိုးသမီးကမှ ကိုယ်ဝန်လွယ်ရတဲ့ကိစ္စကို အလွယ်တကူ ဆုံးဖြတ်ကြတာ ဘယ်သူမှ မရှိဘူး။ ဆုံးဖြတ်ရတဲ့အခါမှာ အကြောင်းရင်းတွေ အများကြီးရှိတယ်။ အဲဒီအကြောင်းရင်းတွေကို နားလည်ဖို့ လိုတယ်။ သူက ဒါကြီးကို တသက်လုံး တောက်လျှောက်ယူသွားရမယ့် လူပေါ့နော်။ အဲဒါကို အပြင်လူက ဒါကိုလုပ်ပါ ဒါမလုပ်ပါနဲ့လို့ ဝင်ဆုံးဖြတ်တာကို ကျမက သဘောမတူဘူး။ နောက်ဆက်တွဲ ဆက်ဖြစ်လာမယ့်ဟာကို တကယ်တန်းရင်ဆိုင်ရမှာက အဲဒီ အမျိုးသမီးပဲလေ၊ အဲဒီလို ရင်ဆိုင်တဲ့အခါကျတော့လည်း ဘယ်သူက ဘယ်လောက် အကူအညီပေးကြမှာလဲပေါ့။ ကာယကံရှင် အမျိုးသမီးက ကိုယ်ဝန် ယူခြင်းမယူခြင်းကို ဆုံးဖြတ်ပိုင်ခွင့် ပေးသင့်တယ်လို့ ကျမက ယူဆလို့ ဒီဟာကို ကန့်ကွက်နေတာဖြစ်တယ်။ "

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချထားပြီး၊ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ကိုလည်း တိုက်တွန်းထားတာပါ။ ကနေဒါနိုင်ငံ Alberta ဆေးကောလိပ်က ကထိက ဒေါက်တာ ဒေါ်ခင်စောဝင်းကတော့ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ အကျိုးအပြစ်တွေကို ခွဲခြားသုံးသပ်ပြပါတယ်။

" ကိုယ်ဝန်နဲ့ပတ်သက်လို့ ကာကွယ်လို့ ရတာတွေက အရင်ကထက်ကို အများကြီး ပိုပြီးတိုးတက်နေတယ်လေ။ တကယ်ကတော့ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တယ်၊ ကျန်းမာရေးအသိစိတ်ဓါတ် ရှိတယ်.. နောက်ပြီး ကာကွယ်နိုင်တဲ့ဆေးတွေကို လက်လှမ်းမီတယ်ဆိုရင် ကိုယ်ဝန်ကို ဖျက်ချတာထက် မဖျက်ခင်က ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ တကယ်လို့ ကိုယ်က အဓမ္မပြုကျင့်ခံရတယ်ဆိုတာမျိုး အဆင်မပြေဘူး ကိုယ်ဝန်မယူနိုင်ဘူး ဆိုရင်တောင် ကျူးလွန်ပြီးတဲ့အချိန်မှာ ၂ ရက်အထိပေါ့နော် Morning after Pill ဆိုတဲ့ ကာကွယ်ဆေးက ၊ မဖြစ်ခင် ကြိုသောက်တာမျိုး မဟုတ်ပဲနဲ့ ၊ ဖြစ်ပြီး လွန်ပြီးတော့မှ သောက်လို့ရတဲ့ဆေးတွေလည်း ရှိပါတယ်။ ဆိုတော့ အဲဒီလို လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ "

" အဲဒီလို မဟုတ်ပဲနဲ့ ကိုယ်ဝန်ဖျက်ချခွင့် ရှိတယ်ဆိုတဲ့အသိ ဝင်နေရင် ၊ ဖြစ်ချင်ရာဖြစ် ကိုယ်ဝန်ရှိလာတော့မှ ဖျက်ချမယ် ဆိုလို့ရှိရင်ကတော့ ကျန်းမာရေးရှုထောင့်ဖက်က ကြည့်ရင် သိပ်ပြီးတော့ မကောင်းဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဖျက်ချတယ်ဆိုရင် သူက သားအိမ်ကို ခြစ်ရပါတယ်။ အဲဒီလို သားအိမ် ခြစ်ရတဲ့အတွက် တစ်ခါလုပ်တယ် နှစ်ခါလောက်လုပ်တယ် ဆိုရင်တော့ ထားလိုက်တော့ပေါ့။ ဒါပေမဲ့ အကြိမ်ပေါင်းများစွာ လုပ်တယ်ဆိုရင် ဒီသားအိမ်နံရံက ပါးသွားတဲ့အတွက် နောက်ပိုင်း ကိုယ်က တကယ် သားသမီး လိုချင်လာတဲ့အခါကျရင် အဲဒီအချိန်မှာ ကလေးရဖို့ ကိုယ်ဝန်က မမြဲတော့တာမျိုး ဖြစ်လာနိုင်တယ်။ ပြဿနာရှိလာနိုင်တယ်။ "

သမ္မတဟောင်း Donald Trump ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး၊ သူ့လက်ထက်မှာ ခန့်ခဲ့တဲ့ တရားသူကြီးတချို့ရဲ့ ထောက်ခံမှုကြောင့် အခုလို ဆုံးဖြတ်နိုင်ခဲ့တဲ့အပေါ် အောင်မြင်မှုအဖြစ် ဂုဏ်ယူပြောဆိုထားပါတယ်။ အီတလီမှာရှိတဲ့ ဗာတီကန်နန်းတော်ကလည်း ဒီဆုံးဖြတ်ကို ထောက်ခံကြိုဆိုပေမဲ့ ၊ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet အပါအဝင်၊ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau ၊ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ဆန့်ကျင် ရှုတ်ချ ထားပါတယ်။

XS
SM
MD
LG