သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္း အက်ပ္အတည္းကာလ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြရဲ႕ လားရာ


ႏွစ္ ၃၀ ေက်ာ္ စစ္အစိုးရသိမ္းပိုက္ထားတဲ့ ေသ့ေဘာဘိုးစခန္းကုိ KNLA တပ္၊ KNDO တပ္နဲ႔ PDF တပ္ဖြဲ႕တို႔ ပူးေပါင္းသိမ္းပိုက္ခဲ့ရာမွာ ဖမ္းဆီးရမိတဲ့ စစ္သုံ႔ပန္း ၆ ဦးနဲ႔ လက္နက္ခဲယမ္းမ်ား။

[[ ZAWGYI / UNICODE ]]

အာဏာသိမ္း အက်ပ္အတည္းကာလ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြရဲ႕ လားရာ

ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ပဋိပကၡေတြ ပုိမုိျပင္းထန္လာပါတယ္။ ခုလုိ အခ်ိန္မွာဘဲ အာဏာသိမ္း စစ္ေကာင္စီက ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖုိ႔ ဖိတ္ေခၚတာေတြ တုိင္းရင္းသားအဖဲြ႔တခ်ိဳ႕နဲ႔ေတြ႔တာေတြရွိပါတယ္။ အဲဒီေတာ့ ျမန္မာႏုိင္ငံရဲ႕ အေျခအေနဟာ တကယ္ဘဲ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္သင့္ျမတ္ေရးဘက္ကုိ ဦးတည္လာႏုိင္လား၊ ဒါမွ မဟုတ္ ဆန္႔က်င္ဘက္ေတြအၾကား ကဲြလဲြမႈ ပုိမုိျပင္းထန္လာႏုိင္လား။ ဒီအေျခအေနေတြကုိ ေလ့လာသုံးသပ္သူတခ်ိဳ႕ကို ဆက္သြယ္ၿပီး ကုိေဇာ္မုိးေက်ာ္က တင္ျပထားပါတယ္။


ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လက္နက္ကုိင္ ပဋိပကၡေတြဟာ ပုိမုိ က်ယ္ျပန္႔လာပါတယ္။ အရင္က တုိင္းရင္သားအဖဲြ႔ေတြနဲ႔ ျဖစ္ေနတဲ့ လက္နက္ကုိင္ တုိက္ပဲြေတြကေန ျပည္တြင္း ၿမိဳ႔ရြာေတြမွာ အထိ ေရာက္လာပါတယ္။ စစ္တပ္ကုိ လက္နက္စဲြကုိင္ ေတာ္လွန္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ PDF လုိ လက္နက္ကုိင္ အဖဲြ႔ေပါင္း ၆၀၀ ေက်ာ္ရွိတယ္လုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကုိယ္စားလွယ္က သူ႔ရဲ့အစီရင္ခံစာထဲမွာ ေဖၚျပထားပါတယ္။

ဒီလုိ အေျခအေနမွာ အာဏာသိမ္း စစ္ေကာင္စီက ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္အေရး ေဆြးေႏြးမယ္လုိ႔ ေၾကညာ ခဲ့တဲ့အတြက္ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ေတြအၾကား ေဆြးေႏြးပဲြတက္မယ့္အင္အားစုနဲ႔မတက္ဘူးဆုိတဲ့အင္အားစုႏွစ္ခုျဖစ္လာပါတယ္။ UWSA ၀ တုိ႔၊ MNDAA ကုိးကန္႔အဖဲြ႔တုိ႔လုိ အဖဲြ႔ေတြ အပါအ၀င္တုိင္းရင္းသားလက္နက္ကိုင္ ၁၀ဖဲြ႔ေလာက္က စစ္ေကာင္စီ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြတက္မယ္ ေျပာထားပါတယ္။ ဒါေပမယ့္ KIO ကခ်င္၊ KNU ကရင္၊ AA ရခုိင္၊ KNPP ကရင္နီ၊ CNF ခ်င္း တုိ႔လုိတုိင္း ရင္းသားလက္ႏွက္ကုိင္အဖဲြ႔ေတြကမတက္ဘူးလုိ႔ျငင္းထားပါတယ္။ KNU ကရင္အမ်ိဳး သားအစည္းအရုံးရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ဖဒုိေစာေတာနီက ဇြန္လ ၁၅ ရက္ေန႔မွာ VOA ကုိ ေျပာဆုိခဲ့ပါတယ္။

" သူတို႔က တရားမဝင္ အာဏာသိမ္းထားတဲ့ အဖြဲ႔ျဖစ္တဲ့အတြက္ အဲဒီလို တရားမဝင္အဖြဲ႔နဲ႔ စကားေျပာဖို႔က က်ေနာ္တို႔မွာ အရမ္းခက္သြားၿပီ။ ဒီကေန႔ျဖစ္ေနတဲ့ ႏိုင္ငံေရးအခင္းက်င္းအရ မေျပာပဲနဲ႔ သူတို႔နဲ႔ သြားစကားေျပာရင္လည္း ၂၀၀၈ ဖြဲ႔စည္းပုံေဘာင္ထဲ ျပန္ဝင္ရမယ္ဆိုေတာ့ က်ေနာ္တို႔လည္း မလုပ္ႏိုင္ေတာ့ဘူးေလ။ "

စစ္ေကာင္စီရဲ႔ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ တက္မယ္ဆုိတဲ့ ၀၊ ကုိးကန္႔၊ ပအုိ႔တုိ႔လုိအဖဲြ႔ေတြက ျပည္နယ္သတ္မွတ္ေရးနဲ႔ ကုိယ္ပုိင္အုပ္ခ်ဳပ္ေရး ကိစၥေတြပါတဲ့ အတြက္ ေဆြးေႏြးပဲြတက္လုိတာျဖစ္တယ္လုိ႔ေျပာဆုိပါတယ္။

၁၉၈၈ ေနာက္ပုိင္း KNU ဌာနခ်ဳပ္ မာနယ္ပေလာမွာ ျပည္တြင္း ၈၈ အင္အားစုေတြနဲ႔ တုိင္းရင္းသား အင္အားစုေတြ အေျခစုိုက္ၿပီး စစ္အာဏာရွင္ကုိ ဆန္႔က်င္တိုက္ခုိက္္ေနစဥ္ ေျမာက္ပုိင္း ၀၊ ကုိးကန္႔အဖဲြ႔ေတြ စစ္အစုိးရနဲ႔ အပစ္အခတ္ရပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ စစ္အင္အား ပုိထြက္လာတဲ့ စစ္အစုိးရတပ္ေတြ မာနယ္ပေလာကုိ အျပင္းအထန္ထုိး စစ္ဆင္ခဲ့ဖူးပါတယ္။

အခု စစ္ေကာင္စီက ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးမွာ NUG နဲ႔ PDF ေတြမပါဘူးလုိ႔ စစ္ေကာင္စီ ဘက္ေျပာဆုိထားပါတယ္။ တဘက္မွာၿငိမ္းခ်မ္းေရးေခၚေနစဥ္၊ စစ္ကုိင္း၊ မေကြးလုိ ေနရာ ေတြမွာ စစ္ေကာင္စီက အျပင္းအထန္ထုိးစစ္ဆင္ေနပါတယ္။ ေက်းရြာေတြမီးရိႈ႔ခံတာ၊ အရပ္သားေတြအသတ္ခံရတာေတြရွိပါတယ္။ ဒီေျခအေနေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ျပန္ လည္သင့္ျမတ္ေရးကုိအေထာက္ကူျဖစ္ႏုိင္ပါမလား။ ပုိုမုိနာက်ည္းသြားမလား။

ပုလဲ PDF အဖဲြ႔တဖဲြ႔ျဖစ္တဲ့ ျပည္သူ့အေရးေတာ္ပုံအဖဲြ႔ေခါင္းေဆာင္ ဗုိလ္ေဇယ်ကေတာ့ အခုလိုေျပာပါတယ္။

" ရြာေပါင္း ၁၀ ရြာေက်ာ္မွာ စစ္ေကာင္စီဘက္က လူသတ္တာ ေရာက္တဲ့ရြာတိုင္းမွာပဲ။ သူတို႔ စစ္ေၾကာင္းထိုးတိုင္းမွာ အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္သြားတာက အၿမဲရွိပါတယ္။ သူတို႔က အေၾကာက္တရား သြင္းေနေပမဲ့ က်ေနာ္တို႔ျပည္သူေတြက အေၾကာက္တရား မရတဲ့အျပင္ သူတို႔ကို အၿပီးတိုင္တြန္းလွန္ဖို႔ စိတ္ထဲ ပိုခိုင္မာသြားတယ္။ သူတို႔ အတုအေယာင္ ၿငိမ္းခ်မ္းေရးကလည္း ေအာင္ျမင္မွာ မဟုတ္ပါဘူး။"

ျပည္တြင္းမွာေရြးေကာက္ပဲြလုပ္မယ္လုိ႔စစ္ေကာင္စီေၾကညာထားတဲ့အတြက္ႏုိင္ငံေရး ပါတီေတြအၾကား ေရြးေကာက္ပဲြ၀င္မယ္ မ၀င္ဘူးကဲြလဲြလာျပန္ပါတယ္။ ဒီလုိအေျခေန ေတြမွာျမန္မာႏုိင္ငံအေနနဲ႔ အနိမ့္ဆုံးျဖစ္ႏုိင္ေျခတခ်ိဳ႔ကုိ ISP ျမန္မာရဲ႔ ညြန္ၾကားေရးမွဴး ဦးေအာင္သူၿငိမ္းက အခုလုိ သုံးသပ္ေျပာဆုိပါတယ္။

" စစ္အစိုးရက အခုလာမယ့္ ၂၀၂၃ မွာ ေရြးေကာက္ပဲြ လုပ္မယ္ေၾကညာထားတယ္။ အတိုက္အခံဖက္ကလည္း ဖိအား မေပးႏိုင္ဘူးဆိုရင္ ေရြးေကာက္ပဲြက ျဖစ္သြားဖို႔ ရွိတယ္။ က်ေနာ္ထင္တာေတာ့ ေရြးေကာက္ပဲြ ေၾကာင့္ပဲ ၊ အၾကမ္းဖက္မႈေတြက ပိုမ်ားလာႏိုင္တယ္။ ပါတီေခါင္းေဆာင္ေတြကို လုပ္ၾကံသတ္ျဖတ္တာေတြ မဲ႐ုံေတြ ဗုံးခဲြတာေတြ ဒီလိုအေျခအေနမ်ဳိးေၾကာင့္လည္း ယုံၾကည္မႈ နည္းတဲ့ ေရြးေကာက္ပဲြမ်ဳိး ျဖစ္သြားႏိုင္တယ္လို႔ ထင္တယ္။ ေနာက္တမ်ဳိးက်ေတာ့ စစ္အုပ္ခ်ဳပ္ေရး သက္စိုးရွည္သြားတာမ်ဳိး၊ တပ္ထဲမွာ ေခါင္းမာတဲ့လူေတြ အာဏာရလာတာမ်ဳိးေတြ ျဖစ္လာႏိုင္တယ္။ အဲဒါဆိုရင္ ဒီမိုကေရစီနဲ႔ ေဝးသြားမယ္။"

ေလာေလာဆယ္မွ NUG /PDF ေတြအပါအ၀င္စစ္ေကာင္စီကုိ လက္နက္ကုိင္တုိက္ခုိက္္ ေနတဲ့ အင္အားစုေတြ ဘက္ကလည္း ေအာင္ျမင္မႈရေနတယ္ဆုိၿပီး အျပင္းအထန္ဆက္ လက္တုိက္ခုိက္ဖုိ႔ႀကိဳးပမ္းေနသလုိ၊ စစ္ေကာင္စီဘက္ကလည္းေျခမႈန္းႏုိင္တဲ့အင္အား ဆက္လက္ရွိေနေသးတဲ့အတြက္ ပဋိပကၡေတြဆက္လက္ျပင္းထန္ႏုိင္ပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြဟာ ဘယ္ေလာက္အထိ ေအာင္ျမင္မယ္ မေအာင္ ျမင္ဘူးဆုိတာ ကုိလည္းမခန္႔မွန္းႏိုင္ေသးဘူးလို႔ ဦးေအာင္သူၿငိမ္းကေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

အာဏာသိမ်း အကျပ်အတည်းကာလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ လားရာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပါတယ်။ ခုလို အချိန်မှာဘဲ အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေ တိုင်းရင်းသားအဖွဲ့တချို့နဲ့တွေ့တာတွေရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တကယ်ဘဲ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဘက်ကို ဦးတည်လာနိုင်လား၊ ဒါမှ မဟုတ် ဆန့်ကျင်ဘက်တွေအကြား ကွဲလွဲမှု ပိုမိုပြင်းထန်လာနိုင်လား။ ဒီအခြေအနေတွေကို လေ့လာသုံးသပ်သူတချို့ကို ဆက်သွယ်ပြီး ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေဟာ ပိုမို ကျယ်ပြန့်လာပါတယ်။ အရင်က တိုင်းရင်သားအဖွဲ့တွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကနေ ပြည်တွင်း မြို့ရွာတွေမှာ အထိ ရောက်လာပါတယ်။ စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF လို လက်နက်ကိုင် အဖွဲ့ပေါင်း ၆၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က သူ့ရဲ့အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလို အခြေအနေမှာ အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး ဆွေးနွေးမယ်လို့ ကြေညာ ခဲ့တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဆွေးနွေးပွဲတက်မယ့်အင်အားစုနဲ့မတက်ဘူးဆိုတဲ့အင်အားစုနှစ်ခုဖြစ်လာပါတယ်။ UWSA ၀ တို့၊ MNDAA ကိုးကန့်အဖွဲ့တို့လို အဖွဲ့တွေ အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့လောက်က စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မယ် ပြောထားပါတယ်။ ဒါပေမယ့် KIO ကချင်၊ KNU ကရင်၊ AA ရခိုင်၊ KNPP ကရင်နီ၊ CNF ချင်း တို့လိုတိုင်း ရင်းသားလက်နှက်ကိုင်အဖွဲ့တွေကမတက်ဘူးလို့ငြင်းထားပါတယ်။ KNU ကရင်အမျိုး သားအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီက ဇွန်လ ၁၅ ရက်နေ့မှာ VOA ကို ပြောဆိုခဲ့ပါတယ်။

" သူတို့က တရားမဝင် အာဏာသိမ်းထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အဲဒီလို တရားမဝင်အဖွဲ့နဲ့ စကားပြောဖို့က ကျနော်တို့မှာ အရမ်းခက်သွားပြီ။ ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံရေးအခင်းကျင်းအရ မပြောပဲနဲ့ သူတို့နဲ့ သွားစကားပြောရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲ ပြန်ဝင်ရမယ်ဆိုတော့ ကျနော်တို့လည်း မလုပ်နိုင်တော့ဘူးလေ။ "

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်မယ်ဆိုတဲ့ ဝ၊ ကိုးကန့်၊ ပအို့တို့လိုအဖွဲ့တွေက ပြည်နယ်သတ်မှတ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတွေပါတဲ့ အတွက် ဆွေးနွေးပွဲတက်လိုတာဖြစ်တယ်လို့ပြောဆိုပါတယ်။

၁၉၈၈ နောက်ပိုင်း KNU ဌာနချုပ် မာနယ်ပလောမှာ ပြည်တွင်း ၈၈ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေစဉ် မြောက်ပိုင်း ဝ၊ ကိုးကန့်အဖွဲ့တွေ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်အင်အား ပိုထွက်လာတဲ့ စစ်အစိုးရတပ်တွေ မာနယ်ပလောကို အပြင်းအထန်ထိုး စစ်ဆင်ခဲ့ဖူးပါတယ်။

အခု စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးမှာ NUG နဲ့ PDF တွေမပါဘူးလို့ စစ်ကောင်စီ ဘက်ပြောဆိုထားပါတယ်။ တဘက်မှာငြိမ်းချမ်းရေးခေါ်နေစဉ်၊ စစ်ကိုင်း၊ မကွေးလို နေရာ တွေမှာ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။ ကျေးရွာတွေမီးရှို့ခံတာ၊ အရပ်သားတွေအသတ်ခံရတာတွေရှိပါတယ်။ ဒီခြေအနေတွေဟာ ငြိမ်းချမ်းရေးနဲ့ပြန် လည်သင့်မြတ်ရေးကိုအထောက်ကူဖြစ်နိုင်ပါမလား။ ပိုမိုနာကျည်းသွားမလား။

ပုလဲ PDF အဖွဲ့တဖွဲ့ဖြစ်တဲ့ ပြည်သူ့အရေးတော်ပုံအဖွဲ့ခေါင်းဆောင် ဗိုလ်ဇေယျကတော့ အခုလိုပြောပါတယ်။

" ရွာပေါင်း ၁၀ ရွာကျော်မှာ စစ်ကောင်စီဘက်က လူသတ်တာ ရောက်တဲ့ရွာတိုင်းမှာပဲ။ သူတို့ စစ်ကြောင်းထိုးတိုင်းမှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်သွားတာက အမြဲရှိပါတယ်။ သူတို့က အကြောက်တရား သွင်းနေပေမဲ့ ကျနော်တို့ပြည်သူတွေက အကြောက်တရား မရတဲ့အပြင် သူတို့ကို အပြီးတိုင်တွန်းလှန်ဖို့ စိတ်ထဲ ပိုခိုင်မာသွားတယ်။ သူတို့ အတုအယောင် ငြိမ်းချမ်းရေးကလည်း အောင်မြင်မှာ မဟုတ်ပါဘူး။"

ပြည်တွင်းမှာရွေးကောက်ပွဲလုပ်မယ်လို့စစ်ကောင်စီကြေညာထားတဲ့အတွက်နိုင်ငံရေး ပါတီတွေအကြား ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးကွဲလွဲလာပြန်ပါတယ်။ ဒီလိုအခြေနေ တွေမှာမြန်မာနိုင်ငံအနေနဲ့ အနိမ့်ဆုံးဖြစ်နိုင်ခြေတချို့ကို ISP မြန်မာရဲ့ ညွန်ကြားရေးမှူး ဦးအောင်သူငြိမ်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

" စစ်အစိုးရက အခုလာမယ့် ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်မယ်ကြေညာထားတယ်။ အတိုက်အခံဖက်ကလည်း ဖိအား မပေးနိုင်ဘူးဆိုရင် ရွေးကောက်ပွဲက ဖြစ်သွားဖို့ ရှိတယ်။ ကျနော်ထင်တာတော့ ရွေးကောက်ပွဲ ကြောင့်ပဲ ၊ အကြမ်းဖက်မှုတွေက ပိုများလာနိုင်တယ်။ ပါတီခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တာတွေ မဲရုံတွေ ဗုံးခွဲတာတွေ ဒီလိုအခြေအနေမျိုးကြောင့်လည်း ယုံကြည်မှု နည်းတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်သွားနိုင်တယ်လို့ ထင်တယ်။ နောက်တမျိုးကျတော့ စစ်အုပ်ချုပ်ရေး သက်စိုးရှည်သွားတာမျိုး၊ တပ်ထဲမှာ ခေါင်းမာတဲ့လူတွေ အာဏာရလာတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒါဆိုရင် ဒီမိုကရေစီနဲ့ ဝေးသွားမယ်။"

လောလောဆယ်မှ NUG /PDF တွေအပါအဝင်စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက် နေတဲ့ အင်အားစုတွေ ဘက်ကလည်း အောင်မြင်မှုရနေတယ်ဆိုပြီး အပြင်းအထန်ဆက် လက်တိုက်ခိုက်ဖို့ကြိုးပမ်းနေသလို၊ စစ်ကောင်စီဘက်ကလည်းခြေမှုန်းနိုင်တဲ့အင်အား ဆက်လက်ရှိနေသေးတဲ့အတွက် ပဋိပက္ခတွေဆက်လက်ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ဘယ်လောက်အထိ အောင်မြင်မယ် မအောင် မြင်ဘူးဆိုတာ ကိုလည်းမခန့်မှန်းနိုင်သေးဘူးလို့ ဦးအောင်သူငြိမ်းကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG