သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ငလျင် တုံ့ပြန်ကိုင်တွယ်ရေး ဒေါ်လာသန်း ၁၀၀ ပေးဖို့ ကုလ ပန်ကြား


ငလျင်ဒဏ်ခံရပြီးနောက် တွေ့ရသည့် အာဖဂန်ကလေးငယ်များ (Paktika ပြည်နယ်, Friday June 24, 2022)
ငလျင်ဒဏ်ခံရပြီးနောက် တွေ့ရသည့် အာဖဂန်ကလေးငယ်များ (Paktika ပြည်နယ်, Friday June 24, 2022)

[[ ZAWGYI / UNICODE ]]

အာဖဂန်ငလျင် တုံ့ပြန်ကိုင်တွယ်ရေး ဒေါ်လာသန်း ၁၀၀ ပေးဖို့ ကုလ ပန်ကြား

အာဖဂန်နစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျူရှိတဲ့ ငလျင်ဒဏ်ကြောင့် ကလေး ၁၅၀ အပါအဝင် လူပေါင်း ၁၀၀၀ သေဆုံးခဲ့ရပြီးနောက် ငလျင်ဒဏ်သင့် အာဖဂန် ပြည်သူ ၃၆၀,၀၀၀ ကျော်ကို အသက်ကယ် ကယ်ဆယ်ရေး အတွက် ဒေါ်လာ သန်း ၁၁၀ ကျော် ပေးဖို့ ကုလသမဂ္ဂက တနလာၤနေ့မှာ အရေးပေါ် ပန်ကြားလိုက်ပါတယ်။

သဘာ၀ ဘေးဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို ကူညီရေး၊ အိုးအိမ်တွေ ပြန်လည် တည်ဆောက်ရေး၊ နောက်ထပ် သေဆုံးမှုတွေ မရှိအောင် ကာကွယ်ရေးနဲ့ စာနာမှု အကူအညီတွေ နောက်ထပ် သုံးလ ပေးအပ်နိုင်ရေး အတွက် ရန်ပုံငွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် Paktika နဲ့ Khost ပြည်နယ်တွေ အတွင်းက ခရိုင် အတော်များများမှာ ရာနဲ့ချီတဲ့ အိမ်တွေ ပျက်စီး၊ ပြိုကျ ခဲ့ကြောင်း အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ တာလီဘန် တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ဒဏ်သင့် Paktika ပြည်နယ်တွင်းကို သွားရောက်ခဲ့တဲ့ အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး ဌာနေကိုယ်စားလှယ် Ramiz Alakbarov ကတော့ ဘေးဒုက္ခ ကူညီဖြေရှင်းနိုင်ရေး အတွက် ကမ ္ဘာတလွှားက ထောက်ပံ့ ကူညီကြဖို့နဲ့ ရန်ပုံငွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလှူရှင်တွေက ပေးအပ်မယ်ဆိုရင်တော့ အခု ပန်ကြားထားတဲ့ ရန်ပုံငွေရဲ့ ထက်ဝက် ကျော်ကို အရေးပေါ် ခိုလှုံရေး စခန်းတွေနဲ့ စားနပ်ရိက္ခာ မဟုတ်တဲ့ ပစ္စည်းတွေ အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၅ သန်းလောက်ကိုတော့ အရေးပေါ် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ အတွက် သုံးမှာ ဖြစ်ပါတယ်။

UAE, အီရန်၊ ကာတာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ တရုတ်တို့ အပါအဝင် ဒေသတွင်း နိုင်ငံတွေကတော့ အကူအညီ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ပို့ဆောင်ပြီး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ဘက်ကလည်း ကူညီဖို့ ကတိပြုထားပါတယ်။

အာဖဂန် ငလျင် တုံ့ပြန်ကိုင်တွယ်ရေး ဒေါ်လာ သန်း ၁၀၀ ပေးဖို့ ကုလ ပန်ကြား
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

=============

{{ UNICODE }}







XS
SM
MD
LG