သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆယ္စုႏွစ္တခုၾကာ ဒုကၡသည္စခန္းအတြင္း ရခိုင္မြတ္ဆလင္မ်ား


ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ေက်ာက္တလံုးဒုကၡသည္စခန္း ျမင္ကြင္းတခု။ (၃ ေအာက္တိုဘာ၊ ၂၀၁၉)

၂၀၁၂ခုႏွစ္ ရခိုင္ျပည္နယ္တြင္း ဘာသာေရးလူမ်ိဳးေရးအေျခခံ ပဋိပကၡေတြေၾကာင့္ ဒုကၡသည္စခန္းေတြမွာ ေရာက္ရွိခဲ့ရတဲ့ ႐ိုဟင္ဂ်ာအမ်ားစုပါတဲ့ မူဆလင္ေတြဟာ ဆယ္စုႏွစ္တခုၾကာလာေပမယ့္ ဒုကၡသည္စခန္းေတြထဲ ေမွ်ာ္လင့္ခ်က္မဲ့ အနာဂတ္မဲ့ ျဖစ္ေနပါတယ္။ ရခိုင္ျပည္နယ္ထဲက မြတ္ဆလင္အမ်ားစုဟာ ျမန္မာႏိုင္ငံတဝန္း သြားလာခြင့္မဆိုထားနဲ႔ ရခိုင္ျပည္နယ္တြင္းနဲ႔ ၿမိဳ႕ေပၚေတြကိုေတာင္ လြတ္လပ္စြာ သြားလာခြင့္မရွိဘဲ ပိတ္ပင္ခံထားၾကရတာပါ။ ၂၀၁၂ကေန ၂၀၂၂ ခုႏွစ္အထိ ဆယ္စုႏွစ္တႏွစ္စာ ပိတ္ေလွာင္ခံထားရတဲ့ ရခိုင္ျပည္နယ္ထဲက IDP မူဆလင္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ ေတာင္းဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး မဆုမြန္က ဆက္သြယ္ေမးျမန္း စုစည္းတင္ျပထားပါတယ္။

လြန္ခဲ့တဲ့ ဆယ္ႏွစ္ ၂၀၁၂ ခုႏွစ္က ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ လူအမ်ားအျပား ေသေၾကခဲ့ရသလို ေနအိမ္ေတြ စီးပြားေရးလုပ္ငန္းေတြပါ အေတာ္မ်ားမ်ား ဖ်က္ဆီးခံခဲ့ရတာပါ။ ႐ိုဟင္ဂ်ာေတြအပါအဝင္ ဌာေနမူဆလင္ေတြကို မူရင္းေနရာေတြကေန IDP ျပည္တြင္းဒုကၡသည္စခန္းေတြမွာ အာဏာပိုင္ေတြက ေနရာခ်ထားေပးခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္အတြင္းမွာ ပဋိပကၡ တေက်ာ့ျပန္ျဖစ္ၿပီးေနာက္ ေဒသခံ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ နယ္စပ္ျဖတ္ေက်ာ္ၿပီး ဘဂၤလာေဒ့ရ္ွႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကရတဲ့ေနာက္ သူတို႔ေတြ ေနရပ္ျပန္ေရး ပိုၿပီးေတာ့မွ အလွမ္းေဝးလာပါတယ္။ အဲဒီေနာက္ ရခိုင္လက္နက္ကိုင္တပ္ AA အဖြဲ႔နဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြနဲ႔ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္အေျခအေနေတြေၾကာင့္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးဟာ ေမွ်ာ္လင့္ခ်က္ ပိုမဲ့လာပါတယ္။

မူဆလင္ဒုကၡသည္ေတြ ခိုလႈံေနထိုင္ရာ စစ္ေတြၿမိဳ႕နယ္ သက္ကယ္ျပင္ဒုကၡသည္စခန္းက ဦးေမာင္ေလးက ၂၀၁၂ ကေန ၂၀၂၂ ခုႏွစ္အထိ ဆယ္စုႏွစ္တႏွစ္စာေတာင္ ပိတ္ေလွာင္ခံထားရတဲ့သူတို႔ရဲ႕ အခက္အခဲစိန္ေခၚမႈေတြက စကားလုံးနဲ႔ ေဖာ္ျပဖို႔ေတာင္ ခက္ပါတယ္လို႔ ဆိုပါတယ္။

“နားလည္ေအာင္ ျပန္ေျပာျပဖို႔ေတာင္ ခက္ပါတယ္ ခင္ဗ်ာ။ အခက္အခဲေတြကေတာ့ေလ အမ်ားႀကီးပါပဲ သြားလာေရး၊ က်န္းမာေရး၊ ပညာေရးေရာ ေနာက္ ၉ ေပ တဲေလးေတြထဲမွာ စုၿပီးေနၾကရတာ ဘယ္လိုမွ အဆင္မေျပဘူး မိသားစုေတြ။ အဓိက အစိုးရက က်ေနာ္တို႔ကို လုပ္ေပးဖို႔ အေရးတႀကီး လိုတာက သြားလာေရး၊ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရး က်ေနာ္တို႔ေတြ ဘာမွကို အဆင္မေျပၾကဘူး။”

မဆုမြန္ ။ ။ ဟုတ္ကဲ့ ဆယ္ႏွစ္ေတာင္ရွိလာၿပီဆိုေတာ့ ႀကဳံရတဲ့အခက္အခဲေတြထဲက အခက္အခဲအျဖစ္ဆုံးဆိုရင္ ဘာလို႔ေျပာလို႔ရမလဲရွင့္။ အျပင္သြားလာခြင့္ကလည္း လုံးဝ ပိတ္ထားတာဆိုေတာ့ေလ။

“အဲ့တာက (သြားလာခြင့္က) အဓိက အေရးႀကီးဆုံးပါပဲခင္ဗ်။ က်ေနာ္တို႔ေတြ မွတ္ပုံတင္ေတြ တင္ထားတာလည္း က်တာက်တယ္ မက်တာမက်ဘူး။ ေနာက္ၿပီးေတာ့ ဟိုဘက္ ဒီဘက္ တၿမိဳ႕နယ္ကေန တၿမိဳ႕နယ္ကို သြားလာတာလည္း ဘယ္လိုမွ အဆင္မေျပဘူး။ လမ္းမွာ အခက္အခဲေတြနဲ႔ အမ်ားႀကီးႀကဳံေနရတယ္။ UNHCR က တာဝန္ယူထားၿပီးေတာ့ တလတႀကိမ္ေလာက္ ေပးထြက္တယ္ အဲ့တာလည္း လုံေလာက္တာမရွိဘူး အမ။ က်ေနာ္တို႔ ဒုကၡေရာက္တယ္။”

ဒီလို IDP စခန္းေတြထဲက မူဆလင္ဒုကၡသည္ေတြအျပင္ ရခိုင္ျပည္နယ္ထဲမွာပဲ ေက်း႐ြာေတြမွာ ေနထိုင္ရတဲ့ မူဆလင္ေတြအတြက္ လြတ္လပ္စြာသြားလာခြင့္မရပဲ သူတို႔ကို ျမန္မာႏိုင္ငံတြင္းနဲ႔ ရခိုင္ျပည္နယ္ထဲမွာေတာင္ အသြားအလာေတြကို ကန႔္သတ္ထားဆဲ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ထဲက မူဆလင္ေက်း႐ြာေတြ၊ ေနာက္ၿပီးေတာ့ မူဆလင္ ဒုကၡသည္စခန္းေတြဆီ သြားတဲ့လမ္းေတြတိုင္းမွာ စစ္ေဆးေရးဂိတ္ေတြ ရွိပါတယ္။

မူဆလင္ေက်း႐ြာ အခ်င္းခ်င္းသြားလို႔ရေပမယ့္ တျခားၿမိဳ႕ေပၚနဲ႔ မြတ္ဆလင္ေတြ အမ်ားစုေနရာထိုင္ရာ မဟုတ္တဲ့ တျခားေက်း႐ြာေတြကို ျဖတ္သန္းသြားလာခြင့္ ပိတ္ပင္ထားတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ သဲေခ်ာင္း- လက္သမားေက်း႐ြာ အကြက္ (၈) မွာ ေနထိုင္တဲ့ မူဆလင္ဦးေမာင္ေမာင္ခိုင္က သူတို႔အတြက္ အလိုလားဆုံးနဲ႔ အျဖစ္ခ်င္ဆုံးဆႏၵကေတာ့ လူသားတေယာက္လို လူ႔အခြင့္အေရးနဲ႔အညီ လြတ္လပ္စြာ လႈပ္ရွားသြားလာခြင့္ပါပဲလို႔ ဆိုပါတယ္။

“လူလို သူမ်ားလိုလြတ္လြတ္လပ္လပ္ သြားခ်င္တာေပါ့ဗ်ာ။ အခုက က်ေနာ္တို႔ သြားရလာရတာ ခရီးလမ္းေတြမွာ အဆင္မေျပဘူးခင္ဗ်။ လမ္းခရီး ဘယ္သြားသြား အဆင္မေျပဘူး။

မဆုမြန္ ။ ။ ဘာျဖစ္လို႔ အဆင္မေျပတာလဲရွင့္။

“မွတ္ပုံတင္လိုမယ္တဲ့ မွတ္ပုံတင္ကဒ္ရွိလို႔မွ သြားလို႔ရမယ္တဲ့။ မွတ္ပုံတင္ကဒ္ မရွိတာေတြကလည္း အမ်ားႀကီးပဲေလ။ ရွိတဲ့ကဒ္ေတြနဲ႔ သြားတာလည္း အဆင္မေျပဘူး မွတ္ပုံတင္ကဒ္ေတြ ေလွ်ာက္တဲ့လူလည္းရွိတယ္ ရတာလည္းရွိတယ္ မရတာေတြလည္း အမ်ားႀကီးပဲ။”

လတ္တေလာမွာေတာ့ ရခိုင္ျပည္နယ္တြင္းမွာ အာဏာပိုင္ေတြဘက္က မူဆလင္ေတြကို ႏိုင္ငံသားျဖစ္မႈကို ေသခ်ာစိစစ္ၿပီး အေထာက္အထား ခိုင္လုံတဲ့သူေတြကို NVC (National Verification Card) အသိအမွတ္ျပဳကဒ္ေတြ ထုတ္ေပးၿပီး သြားလာခြင့္ေပးထားတာေတြ ရွိေပမယ့္ မူဆလင္ေတာ္ေတာ္မ်ားမ်ားကေတာ့ ႏိုင္ငံသားစိစစ္ေရးကဒ္ေတြ မရၾကပါဘူး။ လူ (၁၀၀) ေလွ်ာက္ထားရင္ (၉၅) ေယာက္ေလာက္က အပယ္ခ်ခံေနရတဲ့ အေနအထားျဖစ္ေနတယ္လို႔လည္း သဲေခ်ာင္း လက္သမား႐ြာက ဦးေမာင္ေမာင္ခိုင္က ဆိုပါတယ္။

“ေလွ်ာက္ထားၾကတယ္ ေလွ်ာက္ထားၿပီးေတာ့ အေၾကာင္းၾကားလာရင္ - ေလွ်ာက္ထားတဲ့သူေတြက ရလာတဲ့သူဆိုရင္ ၁၀၀ မွာ ၅ ေယာက္ေလာက္ပဲရတယ္။ ၉၅ ေယာက္က မရတာ။ အဲ့ဒီ့ကဒ္ေလးရရင္ေတာ့ က်ေနာ္တို႔သြားလို႔လာလို႔ ရတယ္ ရန္ကုန္ေတြဘာေတြ သြားလို႔ရတယ္။ ေလွ်ာက္ထားတာေတြက အရင္တုန္းက ၂၀၂၁ ေလာက္ကလည္း ရေသးတယ္ ၂၀၂၁ ေနာက္ပိုင္းမွာ ေလွ်ာက္ထားတဲ့လူေတြက က်လာမလား က်လာမလား ေစာင့္ၾကတယ္။ ေနျပည္ေတာ္က ဆင္းမလာဘူးလို႔ အဲ့ဒီလို႔ေျပာတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့ အဲ့ဒီ့လို သြားဖို႔လာဖို႔ အခက္အခဲအျပင္ေပါ့။ စားဝတ္ေနေရးတို႔ စီးပြားေရးေတြ လုပ္ကိုင္ရတဲ့အခါ လုံၿခဳံမႈရွိလား ဘာအခက္အခဲေတြမ်ား ႀကဳံရလဲရွင္။

“အလုပ္အကိုင္ကလည္း သဲေခ်ာင္းမွာ ဘာတခုမွ အလုပ္မရွိဘူး အလုပ္လုပ္လို႔ မရဘူး။ ပင္လယ္ထြက္သြားၾကၿပီေတာ့ ငါးဖမ္းၾကျပန္ေတာ့လည္း ငါးရတာကတာ နည္းနည္း ရဲကစစ္တာတမ်ိဳး၊ လဝကက စစ္တာတမ်ိဳး၊ စစ္တပ္က စစ္တာတမ်ိဳး။ အဲ့တာက အမ်ားႀကီးပဲ အေရးထဲ ဆီေစ်းက တက္ေသးတယ္။ အဲ့တာကလည္း မကိုက္ဘူး အမေရ။ အခုက အလုပ္ဆိုတာကလည္း ပင္လယ္မွာ ငါးသြားဖမ္းတာပဲ ရွိတယ္။ အဲ့တာလည္း အဆင္မေျပဘူး အမေရ။”

အခုလို ရခိုင္ျပည္နယ္ထဲက မူဆလင္ေတြအျပင္ ဆယ္စုႏွစ္တႏွစ္စာ ဒုကၡသည္စခန္းေတြထဲမွာပဲ အျပင္ထြက္သြားလာခြင့္မရွိဘဲ ေနထိုင္ေနၾကရတဲ့ မူဆလင္ေတြအတြက္ စီးပြားေရးလည္း လုပ္လို႔မရ၊ အနာဂတ္မဲ့ ေမွ်ာ္လင့္ခ်က္ကင္းလာၿပီး သူတို႔ကို ကမ့္ေတြထဲ ပိတ္ထားခံရတဲ့ ႏွစ္ေတြၾကာလာနဲ႔အမွ် သူတို႔ရဲ႕ ေန႔စဥ္ပုံမွန္စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရးနဲ႔ ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာ မြမ္းၾကပ္မႈေတြ ျဖစ္လာေနၾကရပါတယ္။ အရင္တုန္းက ရခိုင္ျပည္နယ္မွာ ဒီလို ဘာသာေရး- လူမ်ိဳးေရးအေျခခံ အဓိက႐ုဏ္းပဋိပကၡေတြ မျဖစ္ခင္ မူဆလင္ေတြ လြတ္လပ္စြာ သြားလာခြင့္ရခဲ့သလို ရခိုင္လူမ်ိဳးေတြနဲ႔ အတူတူ စီးပြားေရးေတြ လုပ္ကိုင္ခဲ့ၾကတာ ျဖစ္ေပမဲ့လို႔ - အခုအခ်ိန္မွာေတာ့ အတူယွဥ္တြဲေနထိုင္ႏိုင္ေရး ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ေနရဆဲ အေျခအေန ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ၂၀၁၆ခုႏွစ္က ဖြဲ႔စည္းေပးခဲ့တဲ့ ကုလအတြင္းေရးမႉးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲ မူဆလင္ IDP ေတြကို သူတို႔ မူလေနထိုင္ေနတဲ့ ေနရာေတြကို ျပန္လည္ေနရာခ်ထားေပးဖို႔ ဒါမွမဟုတ္လို႔ တျခားေနရာသစ္ကို ျပန္လည္ေ႐ႊ႕ေျပာင္းေပးမယ္ဆိုရင္ သူတို႔ရဲ႕ သေဘာဆႏၵအရသာ ေဆာင္႐ြက္ေပးရမယ္၊ လုံၿခဳံမႈ ရွိရမယ္၊ ဒါ့အျပင္ ဂုဏ္သိကၡာနဲ႔ အညီ ေျပာင္းေ႐ႊ႕ႏိုင္ရမယ္ဆိုတဲ့အခ်က္ ပါဝင္ပါတယ္။ ဒါ့အျပင္ သူတို႔ မူလေနထိုင္ရာ ေဒသေတြမွာ ျပန္လည္ေနထိုင္ႏိုင္ဖို႔ ဦးစားေပး ေဆာင္႐ြက္ရမွာျဖစ္ၿပီး၊ အဲ့ဒီလို မလုပ္ႏိုင္ဘူးဆိုရင္ IDP ေတြ ေျပာင္းေ႐ႊ႕လိုတဲ့ ေနရာသစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ေဆာင္႐ြက္ေပးရမယ္လို႔လည္း အႀကံေပးထားပါတယ္။

အဲ့ဒီ့တုန္းက အုပ္ခ်ဳပ္တဲ့ NLD အစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့လဲ ကိုဖီအာနန္ေကာ္မရွင္ အႀကံျပဳခ်က္ေတြအတိုင္း ေဆာင္႐ြက္မယ္ဆိုတာကို ကတိျပဳထားခဲ့တာပါ။ ဒါေပမဲ့လို႔၂၀၂၁ခုႏွစ္မွာ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခံလိုက္ရၿပီးေနာက္ပိုင္း အခုခ်ိန္အထိ ၂၀၁၂ ခုႏွစ္ကတည္းကစ ၂၀၂၂ ခုႏွစ္အထိ ၁၀ ႏွစ္အထိ IDP စခန္းေတြထဲ ေနခဲ့ၾကရတဲ့ မူဆလင္ေတြေရာ ၂၀၁၇ ခုႏွစ္ တိုက္ခိုက္မႈေတြေၾကာင့္ ဘဂၤလားဘက္အထိ တိမ္းေရွာင္သြားရတဲ့ မူဆလင္ဒုကၡသည္ေတြေရာ ေနရပ္ရင္းကို အခုထိ မျပန္ႏိုင္ၾကေသးဘဲ သူတို႔ႏိုင္ငံ သူတို႔ေနရပ္ရင္းေတြကို ျပန္ႏိုင္ၾကဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ အနာဂတ္မဲ့ေနၾကဆဲ ျဖစ္ပါတယ္ရွင္။

===Unicode =====

၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်တွင်း ဘာသာရေးလူမျိုးရေးအခြေခံ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခဲ့ရတဲ့ ရိုဟင်ဂျာအများစုပါတဲ့ မူဆလင်တွေဟာ ဆယ်စုနှစ်တခုကြာလာပေမယ့် ဒုက္ခသည်စခန်းတွေထဲ မျှော်လင့်ချက်မဲ့ အနာဂတ်မဲ့ ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်အများစုဟာ မြန်မာနိုင်ငံတဝန်း သွားလာခွင့်မဆိုထားနဲ့ ရခိုင်ပြည်နယ်တွင်းနဲ့ မြို့ပေါ်တွေကိုတောင် လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ ပိတ်ပင်ခံထားကြရတာပါ။ ၂၀၁၂ကနေ ၂၀၂၂ ခုနှစ်အထိ ဆယ်စုနှစ်တနှစ်စာ ပိတ်လှောင်ခံထားရတဲ့ ရခိုင်ပြည်နယ်ထဲက IDP မူဆလင်တွေရဲ့ မျှော်လင့်ချက် တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မဆုမွန်က ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူအများအပြား သေကြေခဲ့ရသလို နေအိမ်တွေ စီးပွားရေးလုပ်ငန်းတွေပါ အတော်များများ ဖျက်ဆီးခံခဲ့ရတာပါ။ ရိုဟင်ဂျာတွေအပါအဝင် ဌာနေမူဆလင်တွေကို မူရင်းနေရာတွေကနေ IDP ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ အာဏာပိုင်တွေက နေရာချထားပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ပဋိပက္ခ တကျော့ပြန်ဖြစ်ပြီးနောက် ဒေသခံရိုဟင်ဂျာ သိန်းနဲ့ချီ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလာဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတဲ့နောက် သူတို့တွေ နေရပ်ပြန်ရေး ပိုပြီးတော့မှ အလှမ်းဝေးလာပါတယ်။ အဲဒီနောက် ရခိုင်လက်နက်ကိုင်တပ် AA အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်အခြေအနေတွေကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ မျှော်လင့်ချက် ပိုမဲ့လာပါတယ်။

မူဆလင်ဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ စစ်တွေမြို့နယ် သက်ကယ်ပြင်ဒုက္ခသည်စခန်းက ဦးမောင်လေးက ၂၀၁၂ ကနေ ၂၀၂၂ ခုနှစ်အထိ ဆယ်စုနှစ်တနှစ်စာတောင် ပိတ်လှောင်ခံထားရတဲ့သူတို့ရဲ့ အခက်အခဲစိန်ခေါ်မှုတွေက စကားလုံးနဲ့ ဖော်ပြဖို့တောင် ခက်ပါတယ်လို့ ဆိုပါတယ်။

“နားလည်အောင် ပြန်ပြောပြဖို့တောင် ခက်ပါတယ် ခင်ဗျာ။ အခက်အခဲတွေကတော့လေ အများကြီးပါပဲ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေးရော နောက် ၉ ပေ တဲလေးတွေထဲမှာ စုပြီးနေကြရတာ ဘယ်လိုမှ အဆင်မပြေဘူး မိသားစုတွေ။ အဓိက အစိုးရက ကျနော်တို့ကို လုပ်ပေးဖို့ အရေးတကြီး လိုတာက သွားလာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ကျနော်တို့တွေ ဘာမှကို အဆင်မပြေကြဘူး။”

မဆုမွန် ။ ။ ဟုတ်ကဲ့ ဆယ်နှစ်တောင်ရှိလာပြီဆိုတော့ ကြုံရတဲ့အခက်အခဲတွေထဲက အခက်အခဲအဖြစ်ဆုံးဆိုရင် ဘာလို့ပြောလို့ရမလဲရှင့်။ အပြင်သွားလာခွင့်ကလည်း လုံးဝ ပိတ်ထားတာဆိုတော့လေ။

“အဲ့တာက (သွားလာခွင့်က) အဓိက အရေးကြီးဆုံးပါပဲခင်ဗျ။ ကျနော်တို့တွေ မှတ်ပုံတင်တွေ တင်ထားတာလည်း ကျတာကျတယ် မကျတာမကျဘူး။ နောက်ပြီးတော့ ဟိုဘက် ဒီဘက် တမြို့နယ်ကနေ တမြို့နယ်ကို သွားလာတာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ လမ်းမှာ အခက်အခဲတွေနဲ့ အများကြီးကြုံနေရတယ်။ UNHCR က တာဝန်ယူထားပြီးတော့ တလတကြိမ်လောက် ပေးထွက်တယ် အဲ့တာလည်း လုံလောက်တာမရှိဘူး အမ။ ကျနော်တို့ ဒုက္ခရောက်တယ်။”

ဒီလို IDP စခန်းတွေထဲက မူဆလင်ဒုက္ခသည်တွေအပြင် ရခိုင်ပြည်နယ်ထဲမှာပဲ ကျေးရွာတွေမှာ နေထိုင်ရတဲ့ မူဆလင်တွေအတွက် လွတ်လပ်စွာသွားလာခွင့်မရပဲ သူတို့ကို မြန်မာနိုင်ငံတွင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာတောင် အသွားအလာတွေကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက မူဆလင်ကျေးရွာတွေ၊ နောက်ပြီးတော့ မူဆလင် ဒုက္ခသည်စခန်းတွေဆီ သွားတဲ့လမ်းတွေတိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ရှိပါတယ်။

မူဆလင်ကျေးရွာ အချင်းချင်းသွားလို့ရပေမယ့် တခြားမြို့ပေါ်နဲ့ မွတ်ဆလင်တွေ အများစုနေရာထိုင်ရာ မဟုတ်တဲ့ တခြားကျေးရွာတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သဲချောင်း- လက်သမားကျေးရွာ အကွက် (၈) မှာ နေထိုင်တဲ့ မူဆလင်ဦးမောင်မောင်ခိုင်က သူတို့အတွက် အလိုလားဆုံးနဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ လူသားတယောက်လို လူ့အခွင့်အရေးနဲ့အညီ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပါပဲလို့ ဆိုပါတယ်။

“လူလို သူများလိုလွတ်လွတ်လပ်လပ် သွားချင်တာပေါ့ဗျာ။ အခုက ကျနော်တို့ သွားရလာရတာ ခရီးလမ်းတွေမှာ အဆင်မပြေဘူးခင်ဗျ။ လမ်းခရီး ဘယ်သွားသွား အဆင်မပြေဘူး။

မဆုမွန် ။ ။ ဘာဖြစ်လို့ အဆင်မပြေတာလဲရှင့်။

“မှတ်ပုံတင်လိုမယ်တဲ့ မှတ်ပုံတင်ကဒ်ရှိလို့မှ သွားလို့ရမယ်တဲ့။ မှတ်ပုံတင်ကဒ် မရှိတာတွေကလည်း အများကြီးပဲလေ။ ရှိတဲ့ကဒ်တွေနဲ့ သွားတာလည်း အဆင်မပြေဘူး မှတ်ပုံတင်ကဒ်တွေ လျှောက်တဲ့လူလည်းရှိတယ် ရတာလည်းရှိတယ် မရတာတွေလည်း အများကြီးပဲ။”

လတ်တလောမှာတော့ ရခိုင်ပြည်နယ်တွင်းမှာ အာဏာပိုင်တွေဘက်က မူဆလင်တွေကို နိုင်ငံသားဖြစ်မှုကို သေချာစိစစ်ပြီး အထောက်အထား ခိုင်လုံတဲ့သူတွေကို NVC (National Verification Card) အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးပြီး သွားလာခွင့်ပေးထားတာတွေ ရှိပေမယ့် မူဆလင်တော်တော်များများကတော့ နိုင်ငံသားစိစစ်ရေးကဒ်တွေ မရကြပါဘူး။ လူ (၁၀၀) လျှောက်ထားရင် (၉၅) ယောက်လောက်က အပယ်ချခံနေရတဲ့ အနေအထားဖြစ်နေတယ်လို့လည်း သဲချောင်း လက်သမားရွာက ဦးမောင်မောင်ခိုင်က ဆိုပါတယ်။

“လျှောက်ထားကြတယ် လျှောက်ထားပြီးတော့ အကြောင်းကြားလာရင် - လျှောက်ထားတဲ့သူတွေက ရလာတဲ့သူဆိုရင် ၁၀၀ မှာ ၅ ယောက်လောက်ပဲရတယ်။ ၉၅ ယောက်က မရတာ။ အဲ့ဒီ့ကဒ်လေးရရင်တော့ ကျနော်တို့သွားလို့လာလို့ ရတယ် ရန်ကုန်တွေဘာတွေ သွားလို့ရတယ်။ လျှောက်ထားတာတွေက အရင်တုန်းက ၂၀၂၁ လောက်ကလည်း ရသေးတယ် ၂၀၂၁ နောက်ပိုင်းမှာ လျှောက်ထားတဲ့လူတွေက ကျလာမလား ကျလာမလား စောင့်ကြတယ်။ နေပြည်တော်က ဆင်းမလာဘူးလို့ အဲ့ဒီလို့ပြောတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ အဲ့ဒီ့လို သွားဖို့လာဖို့ အခက်အခဲအပြင်ပေါ့။ စားဝတ်နေရေးတို့ စီးပွားရေးတွေ လုပ်ကိုင်ရတဲ့အခါ လုံခြုံမှုရှိလား ဘာအခက်အခဲတွေများ ကြုံရလဲရှင်။

“အလုပ်အကိုင်ကလည်း သဲချောင်းမှာ ဘာတခုမှ အလုပ်မရှိဘူး အလုပ်လုပ်လို့ မရဘူး။ ပင်လယ်ထွက်သွားကြပြီတော့ ငါးဖမ်းကြပြန်တော့လည်း ငါးရတာကတာ နည်းနည်း ရဲကစစ်တာတမျိုး၊ လဝကက စစ်တာတမျိုး၊ စစ်တပ်က စစ်တာတမျိုး။ အဲ့တာက အများကြီးပဲ အရေးထဲ ဆီဈေးက တက်သေးတယ်။ အဲ့တာကလည်း မကိုက်ဘူး အမရေ။ အခုက အလုပ်ဆိုတာကလည်း ပင်လယ်မှာ ငါးသွားဖမ်းတာပဲ ရှိတယ်။ အဲ့တာလည်း အဆင်မပြေဘူး အမရေ။”

အခုလို ရခိုင်ပြည်နယ်ထဲက မူဆလင်တွေအပြင် ဆယ်စုနှစ်တနှစ်စာ ဒုက္ခသည်စခန်းတွေထဲမှာပဲ အပြင်ထွက်သွားလာခွင့်မရှိဘဲ နေထိုင်နေကြရတဲ့ မူဆလင်တွေအတွက် စီးပွားရေးလည်း လုပ်လို့မရ၊ အနာဂတ်မဲ့ မျှော်လင့်ချက်ကင်းလာပြီး သူတို့ကို ကမ့်တွေထဲ ပိတ်ထားခံရတဲ့ နှစ်တွေကြာလာနဲ့အမျှ သူတို့ရဲ့ နေ့စဉ်ပုံမှန်စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မွမ်းကြပ်မှုတွေ ဖြစ်လာနေကြရပါတယ်။ အရင်တုန်းက ရခိုင်ပြည်နယ်မှာ ဒီလို ဘာသာရေး- လူမျိုးရေးအခြေခံ အဓိကရုဏ်းပဋိပက္ခတွေ မဖြစ်ခင် မူဆလင်တွေ လွတ်လပ်စွာ သွားလာခွင့်ရခဲ့သလို ရခိုင်လူမျိုးတွေနဲ့ အတူတူ စီးပွားရေးတွေ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပေမဲ့လို့ - အခုအချိန်မှာတော့ အတူယှဉ်တွဲနေထိုင်နိုင်ရေး ယုံကြည်မှု ပြန်လည်တည်ဆောက်နေရဆဲ အခြေအနေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၆ခုနှစ်က ဖွဲ့စည်းပေးခဲ့တဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲ မူဆလင် IDP တွေကို သူတို့ မူလနေထိုင်နေတဲ့ နေရာတွေကို ပြန်လည်နေရာချထားပေးဖို့ ဒါမှမဟုတ်လို့ တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှု ရှိရမယ်၊ ဒါ့အပြင် ဂုဏ်သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပြီး၊ အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။

အဲ့ဒီ့တုန်းက အုပ်ချုပ်တဲ့ NLD အစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့လဲ ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေအတိုင်း ဆောင်ရွက်မယ်ဆိုတာကို ကတိပြုထားခဲ့တာပါ။ ဒါပေမဲ့လို့၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံလိုက်ရပြီးနောက်ပိုင်း အခုချိန်အထိ ၂၀၁၂ ခုနှစ်ကတည်းကစ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်အထိ IDP စခန်းတွေထဲ နေခဲ့ကြရတဲ့ မူဆလင်တွေရော ၂၀၁၇ ခုနှစ် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဘက်အထိ တိမ်းရှောင်သွားရတဲ့ မူဆလင်ဒုက္ခသည်တွေရော နေရပ်ရင်းကို အခုထိ မပြန်နိုင်ကြသေးဘဲ သူတို့နိုင်ငံ သူတို့နေရပ်ရင်းတွေကို ပြန်နိုင်ကြဖို့ဆိုတဲ့ မျှော်လင့်ချက် အနာဂတ်မဲ့နေကြဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG